← Chapters

(အထိနာစေသော)

Vol. 17 Ch. 308

(အထိနာစေသော)

Vol. 17 Ch. 308

ရှဲ့ချောင်မှာ ဆက်လက်ငြင်းဆန်နေဆဲဖြစ်သည်ကို တွေ့သောအခါ အဖွားအိုမှာ အနည်းငယ်ဂနာမငြိမ်ဖြစ်လာခဲ့သည်။

"အဲ့ဒီသခင်မလေးရှားက လုပ်နိုင်မှာ မဟုတ်ဘူး!"

အဖွားအိုက အမြန်အော်ပြောလိုက်သည်။ သူမ၏ ဝိဥာဥ်သည်လည်း အနည်းငယ် ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

"အဲ့ဒီသခင်မလေးရှား.. သူမက လူကောင်းလေးပါ ကျွန်မတို့ကိုလည်း ပစ္စည်းတွေ အလကားပေးခဲ့တယ် ဒါပေမယ့်.. သူမက ကျွန်မတို့လို ကပ်ဘေးရှောင်ဒုက္ခသည်တွေကို လုံးဝဂရုမစိုက်ဘူးဆိုတာကို ခံစားမိတယ် ဆရာသခင်ကိုယ်တိုင်လည်း သူမက စာမေးပွဲအကဲဖြတ်စစ်ဆေးမှုအတွက် လုပ်နေတာလို့ ပြောခဲ့တယ်လေ သူမသာ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီးသွားရင် ကျွန်မရဲ့မြေးလေးကို ဆက်ပြီး ဂရုစိုက်နေအုံးမယ်တဲ့လား..?"

"ကျွန်မကိုယ်တိုင်လည်း အကဲဖြတ်စစ်ဆေးမှုအတွက် လုပ်ခဲ့တာပဲလေ ဒါ့အပြင် ရှင့်မြေးရဲ့ ကျန်ဘဝတစ်လျှောက်လုံးအတွက် အခြားသူတွေက အစီအစဥ်ချပေးဖို့ မျှော်လင့်နေတယ်လို့တော့ ကျွန်မကို မပြောနဲ့နော်?" ရှဲ့ချောင်က ခပ်ဖျော့

ဖျော့လေး ရယ်မောလိုက်သည်။

အဖွားအိုက ခေါင်းကို ခါယမ်းပြလိုက်သည်။

သူမ ထိုကဲ့သို့ ဆိုလိုခြင်းမဟုတ်ချေ။

ထိုသခင်မလေးရှားမှာ သူမရှေ့တွင်ရှိနေသော ဤဆရာသခင်လောက် မကောင်းလောက်ဟု သူမ ခံစားမိရုံသာ။

ဆရာသခင်မလေးရှဲ့မှာ သူမပြောသည်များကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးပြီး ထိုဓားပြများဆီသို့ တရားမျှတမှုကို ဆောင်ကြဥ်းပေးခဲ့သည်။ ဒါ့အပြင် သူမ ခုနလေးတင်ကတည်းက တိတ်တိတ်လေး စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူမလေးမှာ သနားဖို့ကောင်းလှသော တစ္ဆေများ

စွာကို ခေါ်ယူထားပြီး သူတို့ကို လွှတ်ပေးရန် ပြန်လည်ဝင်စားခွင့်ရရန် လုပ်ပေးချင်နေသည်။

သူမမှာ ထိုကဲ့သို့သော သာမန်တစ္ဆေလေးများကိုပင် လျစ်လျူရှုမထားခဲ့ပေ။ သူမသာ သူမမြေးလေးနှင့်ပတ်သတ်သည့်ကိစ္စအတွက် သဘောတူညီခဲ့လျှင် သေချာပေါက် ထို့ထက်ပိုပြီး ဂရုစိုက်ပေးလိမ့်မည်။

"ဆရာသခင် ကျွန်မ အဲ့ဒီသခင်မလေးရှားနဲ့ပတ်သတ်ပြီး စိုးရိမ်နေမိတယ်.." အဖွားအိုမှာ အလွန်တရာပင် သနားဖို့ကောင်းလှပေသည်။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

လက်တွေ့တွင် သူမ ထိုအဖွားအို ဘာတွေတွေးနေလဲဆိုတာကို နားလည်ပေသည်။

"ရှင့်ဆန္ဒက သူ ကြီးမြတ်တဲ့အမြင့်တစ်ခုရောက်အောင် ကျွန်မကို ကူညီစေချင်တာဆိုရင်တော့ ကျွန်မ မလုပ်ပေးနိုင်ဘူး ဘာကြောင့်ဆို လူတိုင်းရဲ့ ကံကြမ္မာက သူတို့ကိုယ်ပိုင်လက်ထဲမှာပဲ ရှိတာ ဒါမျိုးက ကျွန်မလို အပြင်လူ ဝင်ပြီးပြောင်းလဲပေးနိုင်တာမျိုး မဟုတ်ဘူး ကျွန်မအဖေနဲ့ အစ်ကိုကလည်း စစ်တပ်ကအရာရှိတွေဖြစ်ရုံလောက်ပါပဲ အကယ်၍သာ ရှင် ကျွန်မကို ကူညီပေးဖို့ ဆက်တောင်းဆိုနေအုံးမယ်ဆိုရင် ရှင့်မြေးကို စစ်တပ်စခန်းရဲ့ လူသစ်စုဆောင်းရေးမှာ သွင်းပေးရုံလောက်ပဲ တတ်နိုင်မယ် ကျွန်မအဖေက သူ့ကို ဂရုစိုက်ပေးပြီး တစ်ခုနှစ်ခုလောက်တော့ သင်ကြားပေးလိမ့်မယ် ဒါပေမယ့် သူ အတော်လေးဆက်ပြီး ဒုက္ခခံရအုံးမှာပဲ စစ်တပ်မှာက ရာထူးတိုးဖိုု့ဆိုတာ ကိုယ့်ကိုယ်ပိုင်စွမ်းရည်ပေါ်မှာပဲ မူတည်တာ

"သူ ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး စစ်စခန်းမှာပဲ

အလုပ်ဆက်လုပ်သွားရမှာလည်း ဖြစ်နိုင်တယ် သူ ရှင့်အသက်အရွယ်ရောက်လာတဲ့အခါမှာ ဒဏ်ရာတွေနဲ့ အနားယူသွားလိမ့်မယ် ဒါတင်မကဘူး ကြားထဲမှာ သူ့အသက်ဆုံးရှုံးသွားရတာလည်း ဖြစ်နိုင်တယ် ဒီတော့ သေချာတွေးတောကြည့်ပါ"

အဖွားအို၏ ဝိဥာဥ်မှာ တုန်လှုပ်သွားခဲ့သည်။

သူ တွန့်ဆုတ်နေမိ၏။

“ရှင်…” ရှဲ့ချောင်က သူမကို ခေါင်းစ ခြေဆုံး တစ်ချက်အကြည့်ပေးလိုက်ပြီး “ရှင် လူတွေရဲ့ အိပ်မက်ထဲကို ဝင်နိုင်တယ်မလား? ရှင့်မြေးရဲ့ သဘောထားကို သွားမေးကြည့်လိုက်ရင်ရော?"

အဖွားအိုရဲ့ စိတ်ပိုင်းဖြတ်မှုက အတော်ပင် ခိုင်မာ

သည်ဖြစ်ရာ အိပ်မက်ထဲတွင် သတင်းစကားပို့ဆောင်နိုင်ချေ အတော်မြင့်လှသည်။

သို့သော် အချို့အချို့သော ရှေးရိုးစွဲတစ္ဆေများမှာ ၎င်းတို့ မျိုးဆက်များ၏ အိပ်မက်ထဲသို့ ဝင်ရမည်အား မနှစ်သက်ကြချေ။ အကြောင်းမှာ ၎င်းမျိုးဆက်သစ်များကို ထိခိုက်မည်အား စိုးရိမ်ခြင်းကြောင့်ပင်။

အတန်ငယ်မျှ နားချပြီးနောက် အဖွားအိုအား ပြန်လွှတ်လိုက်သည်။

သူမ၏ ဆန္ဒမှာ ကြီးမားလွန်းသောကြောင့် ရှဲ့ချောင် လွယ်လွယ်နဲ့ သဘောမတူနိုင်ဖြစ်နေရသည်။

ထိုအချိန်တွင် စားသောက်ဆိုင်၌ ရှားယာ့ယွင်မှာ

အောက်ထပ်စားပွဲများ၌ ထိုင်နေကြသော လူငယ်ငါးဆယ်အား ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိ၏။

“သူတို့ကြည့်ရတာ ဒီဟင်းလျာတွေကို သိပ်ကြိုက်ပုံမရကြဘူး ဆိုင်ရှင် ဒါ ရှင်တို့စားဖိုမှူးချက်တဲ့ ဟင်းလျာတွေက မကောင်းလို့လား?” ရှားယာ့ယွင်မှာ စိတ်အလိုမကျ ဖြစ်နေမိသည်။

ယခု သူမမှာ ဆိုင်အပေါ်ထပ်တွင် ထိုင်ရင်း အောက်ဘက်ရှိမြင်ကွင်းများကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ဆိုင်ရှင်မှာ မတရားစွပ်စွဲခံရတာပါဟု စိတ်ထဲတွင် တိတ်တဆိတ်ငိုကြွေးနေသော်လည်း အပြင်သို့ ထုတ်မပြောရဲချေ။

“ဖြစ်နိုင်တာက… သူတို့ သူတို့ ဒါတွေကို အရင်က တစ်ခါမှ မမြင်ဖူးတာကြောင့် ဖြည်းဖြည်းချင်း အရသာခံချင်လို့ နေ..မှာ..ပေါ့” ဆိုင်ရှင်က တွန့်ဆုတ်စွာ ပြန်လည်ဖြေကြားလိုက်၏။

"မှန်တယ် ရုတ်တရက် ဒီလိုနေရာမျိုးကို ရောက်လာတော့ လိုက်လျောညီထွေဖြစ်အောင်နေဖို့ သူတို့အတွက်လည်း ခက်ခဲမှာပဲ" ရှားယာ့ယွင်က ခေတ္တမျှတွေးတောပြီးနောက် ပြောလိုက်သည်။

ဆိုင်ရှင်မှာ စိတ်ဆင်းရဲစွာ မျက်ဆံလှန်လိုက်မိ၏။

ချမ်းသာတဲ့မိသားစုက သခင်မလေးတွေက သာမန်လူတွေရဲ့ အခက်အခဲတွေကို မသိဘူးဆိုတာ တကယ်မှန်တာပဲ!

အောက်ထပ်မှာ ရှိနေကြတဲ့ လူငယ်လေးတွေထဲမှာ အငယ်ဆုံးက ခြောက်နှစ် ခုနစ်နှစ်နဲ့ အသက်အကြီးဆုံးက ၁၅ ၁၆ ၁၇ လောက်ရှိတယ်။ သူတို့ရဲ့ အဝတ်အစားတွေနဲ့ ဆံပင်တွေကြည့်ရတာ နည်းနည်းညစ်ပတ်နေပေမယ့် သူတို့လေးတွေရဲ့ မျက်နှာအများစုက ကြည်လင်ရှင်းသန့်နေတုန်းပဲ လက်တွေဆိုလည်း အဲ့လောက်ထိ ကြမ်းတမ်းတဲ့ပုံမပေါက်ဘူး ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီကပ်ဘေးမတိုင်ခင်မှာ သူတို့က ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိသာတယ်၏။

သခင်မလေးရှားရဲ့ လုပ်ရပ်က ရိုးရိုးရှင်းရှင်းနဲ့ကို အထိနာစေတာပဲ..

သို့သော် သူမက သူ့ဆိုင်၏ အရေးကြီးဖောက်သည်တစ်ဦးဖြစ်နေသည်။ သူ့အိတ်ကပ်ထဲကို ပိုက်ဆံဝင်လာသ၍ ပြီးနေပြီပဲ ဘာလို့များ ဒါတွေကို လိုက်ဂရုစိုက်နေရမှာတဲ့လဲ?

ရှားယာ့ယွင်သည် ရှဲ့ချောင်အကြောင်းကို ထပ်မံတွေးမိသွားပြီး ခေတ္တမျှစဥ်းစားပြီးနောက် သူမဘေးနားရှိ အစေခံမိန်းကလေးအား ခေါ်လိုက်ကာ "အပြင်ဘက်မှာ .. သူတောင်းစားနည်းနည်းလောက် သွားရှာ... ပြီးရင် ငါလုပ်ခဲ့တာတွေအတွက် ချီးမွမ်းခိုင်းလိုက် သေချာပေါက် ရှဲ့ချောင်ရဲ့ ဂုဏ်သတင်းထက် ပိုသာပါစေ လူတိုင်းရဲ့ အတွေးထဲမှာ ငါက ရှဲ့ချောင်ထက် ပိုကောင်းပြီး ပိုကြင်နာနေစေရမယ်!"

••••••

All Chapters