← Chapters

(အလုပ်သင်တပည့်)

Vol. 17 Ch. 309

(အလုပ်သင်တပည့်)

Vol. 17 Ch. 309

ရှားယာ့ယွင် အမိန့်ပေးပြီးနောက် အစေခံများထဲမှ တစ်ယောက်မှ သူမပြောသည့်အတိုင်း သွားလုပ်ဆောင်လေသည်။

အခြားအစေခံတစ်ယောက်က အကြံပေးလာ၏။ "သခင်မလေး သူတို့ဆီကို ဒီအတိုင်း အစားအစာတွေ ပို့ပေးလိုက်ကာ ကျွန်မတို့အတွက် မကောင်းဘူးလားလို့? သူတို့ ငွေစုဆောင်းလို့ရအောင် အလုပ်ရှာပေးလိုက်ရင်ရော? ဒီလိုနည်းနဲ့ သခင်မလေးလည်း ငွေပဲစေ့တွေ သက်သာသွားသလို အဲ့လူတွေလည်း သခင်မလေးရဲ့ ကြင်နာမှုကို အမြဲမှတ်မိနေကြလိမ့်မယ်"

ရှားယာ့ယွင်မှာ ထိုစကားကို ကြားပြီးနောက် အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိ၏။

"ငါတို့အိမ်တော်မှာ တောက်တိုမယ်ရလုပ်ဖို့ သူတို့ကို ငှားလိုက်သင့်သလား? လူတွေအများကြီးတော့ မလိုဘူး ဒါ့အပြင် ဟိုအောက်က ခြောက်နှစ် ခုနစ်နှစ်ကလေးတွေကိုပဲ ကြည့်အုံး သူတို့က ဘာလုပ်နိုင်မှာတဲ့လဲ" ရှားယာ့ယွင်က မျက်မှောင်ကြုံ့ရင်း အထင်သေးစွာ ပြောလိုက်သည်။

ဒီလူတွေက ကျွမ်းကျင်မှုလည်းမရှိ၊ သေချာလည်း လေ့ကျင့်ခံထားရတာလည်း မဟုတ်၊ ဒီလိုဆိုမှတော့ သိမ်မွေ့ညင်သာတဲ့အလုပ်မျိုးကို သူတို့ ဘယ်လို ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်မှာလဲ။

"သခင်မလေး ကျွန်မထင်တာတော့ သူတို့ကို အိမ်မခေါ်သွားတာ ပိုကောင်းမယ်ထင်တယ်နော် ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆယ်ကျော်သက်လေးတွေလေ ဒါက သခင်မလေးရဲ့ ဂုဏ်သတင်းအတွက် သိပ်မကောင်းလောက်ဘူး ကျွန်မအမြင်တော့ သူတို့ကို မြို့ထဲက အချို့ဆိုင်ခန်းတွေမှာ အလုပ်သင်အနေနဲ့ မိတ်ဆတ်ပေးလိုက်မယ် ဟုတ်တယ် အလုပ်မှာ ပညာသင်အနေနဲ့ စခိုင်းလိုက်တာ ပိုကောင်းမယ် လက်မှုပညာဆိုတာ ငွေစထက် ပိုအရေးကြီးတယ်လေ!" အစေခံကောင်မလေးက ထပ်ပေါင်းပြောလိုက်သည်။

ရှားယာ့ယွင်လည်း တွေးကြည့်ရင်း အကြံဉာဏ်ကောင်းဖြစ်သည်ဟု ယူဆမိလိုက်၏။

သူမ လက်သမားတွေ၊ ပန်းပဲဆရာတွေ၊ သမားတော်တွေကို ရှာလိုက်မယ်၊ ပြီးရင် လက်ဆောင်အချို့ပို့ပေးလိုက်ပြီး ပညာသင်တပည့်အချို့ လက်ခံခိုင်းလိုက်မယ်ဆိုရင် သူတို့ သူမရဲ့ တောင်းဆိုမှုကိုတော့ ငြင်းပယ်မှာ မဟုတ်လောက်ဘူး။

သူမ ဒီလိုပေးကမ်းစွန့်ကြဲနေတာ ရက်အနည်းငယ်လောက်သာ ရှိသေးတယ်ဆိုပေမယ့် ငွေစသုံးထောင်ထက်မနည်း သုံးထားရတာ... ဒါသိပ်များလွန်းတယ်။

သူမ တကယ်ကို နည်းလမ်းပြောင်းမှ ရတော့မယ်။

ယခု ရှားယာ့ယွင်မှာ နည်းလမ်းသစ်ကို တွေးမိပြီးဖြစ်တာကြောင့် သေချာပေါက် သတင်းကောင်းတို့ကို မျှဝေရမည်ဟု တွေးလိုက်သည်။

သူမ အစေခံတို့ကို အောက်ထပ်သို့ ဆင်းသွားစေကာ သတင်းတို့ကို ကြေညာစေလိုက်သည်။

အမှန်တကယ်ပင် သက်ရောက်မှုရှိသည်ဟု ဆိုရပေမည်။

အများစုမှာ ဝမ်းသာပျော်ရွှင်နေကြသည်။

သို့သော် ၎င်းတို့အထဲမှ အချို့သောလူငယ်လေးများမှာ ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားကြသူများဖြစ်သော်လည်း လောဘကြီးသော အချို့သူများလည်း ရှိသည်။

ပထမက သခင်မလေးရှား၏ သူတို့အပေါ်ပေးကမ်းသည့် ကြင်နာမှုက အနည်းငယ်ထူးဆန်းသည်ဟု အားလုံးတွေးခဲ့မိကြသည်။ ယခုသတင်းကို ကြားသောအခါ ခေါင်းကိုမော့၍ အပေါ်ထပ်ကာ ကြည့်ကာ မဝံ့မရဲမေးလိုက်ကြ၏။

"ကျွန်တော်တို့ တကယ် ပညာသင်တပည့်တွေ ဖြစ်လာနိုင်တာလား? သခင်မလေးရှား ဒီစားသောက်ဆိုင်က ဟင်းလျာတွေက တကယ်ကောင်းတယ် ဒါတွေကို နေ့တိုင်းစားနိုင်ရင် သိပ်ကောင်းမှာပဲ ကျွန်တော့်ကိုလေ ဒီစားဖိုမှူးရဲ့ ပညာသင်တပည့်အဖြစ် စီစဉ်ပေးလို့ရမလား?"

ရှားယာ့ယွင်က မျက်မှောင်ကြုံလိုက်ပြီး ဆိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

ဆိုင်ရှင်၏ အမူအရာမှာ တမဟုတ်ချည်း

ပြောင်းလဲသွား၏။ "သခင်မလေးရှား ကျုပ်တို့က ဒီစားဖိုမှူးကို ငွေအများကြီးအကုန်ခံပြီး ငှားထားရတာပါ သူ့ရဲ့ ကျွမ်းကျင်မှုတွေကလည်း သားမြေးမြစ်အစဉ်အဆက်ကိုပဲ လက်ဆင့်ကမ်းပေးမှာ ဖြစ်တာကြောင့် အပြင်လူကို သင်ပေးဖို့ လုံးဝမဖြစ်နိုင်ပါဘူး!"

အကယ်၍ စားဖိုမှူးသာ အပြင်လူတွေကို သင်ပေးချင်တယ်ဆို သူ သူ့သားသမီးတွေ၊ တူသားတွေကို သွားသင်ခိုင်းမှာပေါ့ ဘယ်လိုလုပ် အခြားသူအလှည့်ဆိုတာ ရှိလာမှာလဲ?

ရှားယာ့ယွင်က မျက်မှောင်ကြုံလိုက်သည်။ "ဒါ ဟင်းလျာလေး နည်းနည်းပဲလေ ဘာလို့ သူ့ဆီက သင်လို့မရရမှာလဲ အကယ်၍ လူတိုင်းသာ သူတို့ကျွမ်းကျင်တဲ့အရာတွေကို လက်ထဲမှာပဲ ဆုပ်ကိုင်ထားပြီး အပြင်လူတွေကို လက်ဆင့်မကမ်းဘူးဆို အချို့စားကောင်းသောက်ဖွယ်တွေ အလွယ်တကူ ဆုံးရှုံးပျောက်ကွယ်သွားမှာ မဟုတ်ဘူးလား?"

သူမ မိသားစုရဲ့ စားဖိုမှူးတွေဆိုလည်း နေရာစုံမှာ သူတို့ရဲ့ စွမ်းရည်တွေကို လိုက်လံသင်ယူခဲ့ကြတာပဲ မဟုတ်ဘူးလား?

ဆိုင်ရှင်မှာ အခက်တွေ့နေပုံပေါ်သည်။ "ဒါ တကယ့်ကို မဖြစ်နိုင်လို့ပါ.."

ဒီချက်ပြုတ်နည်းများ၏ အမွေဆက်ခံမှုက အလွန်အမင်းတန်ဖိုးရှိလှသည်။

အပြင်လူက လာတပည့်ခံခြင်းဟူသည်က မကြားဖူးချေ။ သို့သော် ပုံမှန်အခြေအနေမျိုး၌ ဆက်ခံသူမရှိသည့် စားဖိုမှူးများက သူတို့မိသားစုပိုင်ဟင်းလျာများကို အမြင့်တစ်ခုဆီ တွန်းတင်ပေးနိုင်သည့် အရည်အချင်းရှိ မျိုးဆက်သစ်လေးများကို တွေ့မှသာ တပည့်လက်ခံကြခြင်းဖြစ်၏။

တပည့်တစ်ယောက်ကို ဘယ်လိုလုပ် သာမန်ကာလျှံကာ လက်ခံလို့ရမှာလဲ!

"စားဖိုမှူးကို လာခိုင်းလိုက် ကျွန်မကိုယ်တိုင် သူ့ကို ပြောမယ်" ရှားယာ့ယွင်က ထိုကဲ့သို့ တဲ့တိုးပြောလာတော့ ဆိုင်ရှင်မှာ ဆက်၍ပင် မပြုံးနိုင်တော့ချေ။

သို့သော်လည်း သူ မငြင်းပယ်နိုင်။ ထို့ကြောင့် စားပွဲထိုးကိုသာ စေခိုင်း၍ ခေါ်လာစေလိုက်သည်။

စားပွဲထိုးမှာ စားဖိုမှူးအား ကိစ္စအားလုံးကို ကြိုတင်ပြောပြထားလိုက်သည်။ ဖြစ်ပျက်သမျှအားလုံးကို သိပြီးသည်နှင့် စားဖိုမှူးမှာ ဒေါသခိုးတို့ ဆူဝေလာတော့၏။

"ကိုယ့်ဘာသာ တိတ်တိတ်လေးဒေါသထွက်တာက အဆင်ပြေတယ် ဒါပေမယ့် သခင်မလေးရှားရှေ့မှာတော့ ဒီလိုသွားမပြုမူမိစေနဲ့နော် ကျွန်တော်ကြားတာတော့ သူ အခြားတစ်စုံတစ်ယောက်နဲ့ အလောင်းအစားလုပ်ထားတယ်ဆိုပဲ ဒါ့ကြောင့် အဲ့လူငယ်လေး အယောက်ငါးဆယ် သူမအပေါ် ကျေးဇူးတင်လာအောင် လုပ်ရမှာတဲ့ ကျွန်တော်မြင်တာတော့ အဲ့ကောင်လေးတွေ တစ်ယောက်မှ အခြေခံတောင်ရှိတာမဟုတ်ဘူး အဆိုးဆုံးမှ အံကြိတ်ပြီး သဘောတူလိုက်ရုံပေါ့ အလုပ်သင်တပည့်လေးနည်းနည်း လက်ခံပေးလိုက် ပြီးရင် အခြေခံလုပ်နည်းကိုင်နည်းလေးနည်းနည်းသင်ပေးပြီး မီးဖိုချောင်ထဲမှာ တောက်တိုမယ်ရခိုင်းလိုက်လည်း ရတာပဲ! သခင်မလေးရှားကလည်း သူတို့ကို သိပ်မကြာခင်မှာ လျစ်လျူရှုလိုက်မှာပဲလေ အဲ့အခါကျမှ သူတို့ကို နှင်ထုတ်လိုက်ကြတာပေါ့!" စားပွဲထိုးက အဆောတလျင်အကြံပေးလာသည်။

စားဖိုမှူးလည်း သွားကြိတ်ကာ ဤသို့လုပ်ခြင်းက သူရဲဘောကြောင်လှသည်ဟု တွေးလိုက်မိ၏။

သို့သော်လည်း စားပွဲထိုးပြောသွားသည်များက မှန်ကန်သည်။ အခြေခံ အောက်ခြေသိမ်းအလုပ်တွေကနေ စမလုပ်ရတဲ့ ပညာသင်တပည့် ဘယ်မှာရှိလို့တုန်း?

စစသင်ရုံရှိသေး ချက်ချင်းပဲ တတ်မြောက်ချင်တာမျိုးလား? လုံးဝကို မဖြစ်နိုင်ဘူး!

•••••

All Chapters