(ချွင်းချက်)
Vol. 17 Ch. 310
သို့သော်လည်း စားဖိုမှူးမှာ မကျေမနပ်ခံစားနေရဆဲဖြစ်၏။
ဒီသခင်မလေးရှားက အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလှသည်။ သူမလုပ်ရပ်က စည်းကျော်နေ၏။ သူမက သူ့ကို အခုချက်ချင်း တပည့်လက်ခံစေချင်တယ်တဲ့လေ!
ကံကောင်းစွာနဲ့ သူ တပည့်တစ်ယောက် လက်ခံလိုက်လျှင်တောင် သူဘယ်လိုပဲ သင်ကြားပေးပါစေ၊ အရာအားလုံးက သူကိုယ်တိုင်အပေါ်တွင်သာ မူတည်နေသည်မဟုတ်လား။ အချိန်ရောက်လာလို့ အဲ့လူငယ်လေးတွေ ကန့်ကွက်ချင်တယ်ဆိုရင်တောင် သူတို့ ဘာလုပ်နိုင်မှာလဲ?
အဲ့သခင်မလေးက သူ သူ့တပည့်ကို ဘယ်လိုဘယ်ပုံသင်ပေးရမယ်ဆိုတာအထိတော့ လိုက်ပြီး ပြောနေမှာ မဟုတ်လောက်ဘူးမလား?
စားဖိုမှူး အရှေ့ဘက်ဟောခန်းသို့ ရောက်လာသည့်အခါ ရှားယာ့ယွင်မှာ တကယ့်ကိုပင် သူမ၏ တောင်းဆိုချက်ကို ပြောလာသည်။
"တပည့်လက်ခံတာကတော့ ရပါတယ် ဒါပေမယ့် သခင်မလေးရယ် မီးဖိုချောင်ထဲက အလုပ်တွေဆိုတာ လွယ်ကူတာမဟုတ်ဘူး ကျုပ်စိုးရိမ်မိတာက သူတို့ ဒဏ်မခံနိုင်မှာကိုပဲ ဒါ့အပြင် အလုပ်သင်တပည့်စဖြစ်ကာစ လူတွေက လခတစ်ပြားတစ်ချပ်မှ မရဘူးလေ..." စားဖိုမှူးက အပြုံးလေးနှင့်ပြောလာသည်။
"ရှင်လုပ်ရမှာက သူတို့ကို သင်ပေးဖို့ တစ်ခုတည်းပဲ"
သူတို့သာ ချက်ပြုတ်နည်းသင်နိုင်ပါက သူတို့လခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အတူတူပဲဖြစ်သည်။
ထို့နောက် အစေခံအား လူမည်မျှလောက် ချက်ပြုတ်ရန် သင်ယူလိုသည်ကို သွားမေးရန် စေခိုင်းလိုက်သည်။
ရှစ်ယောက် ကိုးယောက်လောက် ရလာခဲ့၏။
ထိုသို့ လူအများကြီးဆိုပါက မီးဖိုချောင်တစ်ခုလုံး ရှုပ်ပွကုန်လိမ့်မည်။ ထို့ကြောင့် စားဖိုမှူးမှာ ရူးကြောင်ကြောင်အပြုံးတစ်ခုနှင့်သာ "သခင်မလေးရှား ကျုပ်တို့ မီးဖိုချောင်က အရမ်းကြီးမကျယ်ဘဲ ကျုပ်အပြင် အရံဟင်းလျာတွေကို ကူညီချက်ပြုတ်ပေးတဲ့ အရံသုံးလေးယောက်လောက်ကလည်း ရှိနေသေးတယ် ကျုပ်အနေနဲ့ နောက်ထပ် နှစ်ယောက်လောက်ပဲ ထပ်ခေါ်လို့ ရလိမ့်မယ် အရမ်းများမယ်ဆို နေရာချပေးဖို့လည်း ခက်ခဲလိမ့်မယ် ဒီတော့ အခြားစားသောက်ဆိုင်တွေမှာလည်း သွားမေးကြည့်လိုက်ပါလား"
ရှားယာ့ယွင်က သူမဟာ အကျိုးသင့်အကြောင်းသင့်သူတစ်ယောက်ဟု ယုံကြည်သည်။
ထို့ကြောင့် သဘောတူခေါင်းငြိမ့်လိုက်၏။
နောက်ထပ် လမ်းအတွင်းမှ အခြားစားသောက်ဆိုင်သုံးလေးဆိုင်ကလည်း သူမ၏ တောင်းဆိုမှုအား လက်ခံကြသည်။
စားသောက်ဆိုင်များအပြင် ရှားယာ့ယွင်သည် အိမ်တော်မှ အစေခံများကို စေခိုင်းကာ ဆေးဆိုင်တစ်ဆိုင်အားရှာ၍ လူဆယ်ယောက်ထက် မနည်း ထိုးထည့်ထားခိုင်းလိုက်သည်။
အချို့သောလူငယ်များက ထိုအရာမှာ မသင့်တော်ဟု တွေးကာ အလုပ်ကြမ်းလုပ်ဖို့အတွက် တောင်းဆိုကြသည်။ သို့သော် ရှားယာ့ယွင်က လက်မခံလိုပေ။
အလုပ်ကြမ်းလုပ်ရတာ ဘယ်လောက်ပင်ပန်းလိုက်သလဲ။ ဒါ့အပြင် အဲ့အလုပ်က သူမရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင့်နေတယ်။ အကယ်၍သာ သူတို့က သူမ လုံလုံလောက်လောက်မကြင်နာတတ်ဘူးလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။
သူမ သူတို့ကို ဖျောင်းဖျရန် ကြိုးစားခဲ့သည်။
သူမ၏ ဖျောင်းဖျမှုကြောင့် လူငယ်ငါးဆယ်တွင် ခုနစ်ယောက်ကသာ အစိုးရ၏ စီစဉ်မှုအတိုင်း အလုပ်ကြမ်းလုပ်မည်ဟု မလျှော့တမ်း တောင်းဆိုနေဆဲဖြစ်၏။
ကျန်သူများမှာ အလုပ်သင်တပည့်များဖြစ်လာကြသည်။ အချို့မှာ ရက်ကန်းယက်ခြင်းနှင့် ဆေးဆိုးခြင်းကို သင်ယူကြပြီး အချို့ကျ ဟင်းခတ်များနှင့် အလှကုန်ပစ္စည်းများလုပ်နည်းကို သင်ယူကြသည်။ ထို့အပြင် ဆေးဆိုင်၊ သစ်သား၊ မြေထည်၊ သံထည်ဆိုင်များတွင် အလုပ်လုပ်ကြသူများလည်း ရှိကြသည်။ အတော်လေးပြီးမြောက်သွားပြီဖြစ်၏။
ထိုအလုပ်ကြမ်းလုပ်ချင်သည့် လူငယ်ခုနစ်ယောက်အတွက်ကတော့...
ရှားယာ့ယွင်မှာ သူမ၏ စိတ်ရှည်သည်းခံမှုတို့ ကုန်ဆုံးလုနီးပါးဖြစ်နေသည်။
သူမ သူတို့အား မောင်းထုတ်ပစ်ချင်မိ၏။
ထိုအလုပ်ကြမ်းမှ ရလဒ်ကောင်းထွက်မလာပါက အဆုံးတွင် သူမကိုသာ အပြစ်တင်ကြမှာ သေချာသည်။
လုလင်းသည် ထိုခုနစ်ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူ့ပုံစံမှာ စကားသိပ်မပြောဘဲ စိတ်ဓာတ်ကျနေဟန်ရသည်။ ကျန်ခြောက်ယောက်သည်လည်း ထိုနည်းအတိုင်းပင်။
"ရှင်တို့ သေချာတွေးပြီးကြပြီလား ရှင်တို့သာ အလုပ်သင်တွေ ဖြစ်လာမယ်ဆို မြို့တော်မှာလည်း နေလို့ရလိမ့်မယ် သူတို့က အစားအစာနဲ့ နေရာထိုင်ခင်းကိုလည်း ထောက်ပံ့ပေးမှာ နှစ်အနည်းငယ်လောက် အလုပ်သင်အဖြစ် သင်ယူပြီးရင် နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်ရမှာ သေချာတယ် ဥပမာဆိုရင် စားဖိုမှူးတစ်ယောက်က တစ်လကို ငွေစဆယ်ဂဏန်းထက်မနည်း လစာရတာ
နော်" ရှားယာ့ယွင်က ပြောလိုက်သည်။
"သခင်မလေးရှား ကူညီပေးခဲ့တာတွေအားလုံးအတွက် ကျွန်တော်တို့ တကယ်ကျေးဇူးတင်ပါတယ် ဒါက ဒီအတိုင်း... အခုလက်ရှိ အလုပ်ကြမ်းလုပ်ရတာ ပိုကောင်းမယ်ထင်လို့" သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။
"ရှင်တို့က အလုပ်ကြမ်းလုပ်ရင် လခရလို့ အလုပ်သင်အနေနဲ့ သွားနေရမှာကို အထင်သေးကြတာလား?" ရှားယာ့ယွင်မှာ တွေးရင်း မကျေမနပ်ဖြစ်လာသည်။ ဒီလူတွေ အရမ်းကို အမြင်မရှိတာပဲ! ရေရှည်ကို မကြည့်ကြဘူး!
"ရှင်တို့ မလုပ်ချင်ကြဘူးဆိုမှတော့ ကျွန်မ ရှင်တို့ကို လူငါးဆယ်စာရင်းကနေ ဖယ်ထုတ်ရတော့မှာပဲ အနာဂတ်မှာ ကောင်းကောင်းမနေရရင် ရှင်တို့ဘာသာ ရှင်တို့ပဲ အပြစ်တင်ပေတော့!" ရှားယာ့ယွ
င်မှာ ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့သည်။
မြို့ပြင်မှာ ကပ်ဘေးဒုက္ခသည်တွေ အများကြီးရှိတာ လူနည်းနည်းလောက်သွားရှာဖြည့်လိုက်တာနဲ့ လွယ်ကူနေတာပဲမဟုတ်ဘူးလား။
လုလင်းက လှောင်ရယ်လိုက်သည်။
သေချာပေါက်ကို သခင်မလေးရှားက သူတို့ကို အရုပ်တွေလို ဆက်ဆံနေတာပဲ။
ဘယ်သူကရော ပညာသင်တပည့်မဖြစ်ချင်မှာတဲ့လဲ။
သို့သော် သူက အရူးမဟုတ်ပေ။ အလုပ်သင်လက်ခံကြပါသော ထိုဆရာသမားများမှာ
အတင်းအကြပ်တွန်းအားပေးခံရခြင်းဖြစ်၏။ အခုလက်ရှိ သူတို့လိုချင်တာကို ရနိုင်မည်ဆိုလျှင်တောင် အနာဂတ်တွင် မောင်းထုတ်ခံရမှာ သေချာသည်။
ဆက်ပြီးသင်ကြားပေးနိုင်ချေကတော့ ... ရှိကောင်းနိုင်သော်လည်း ရာခိုင်နှုန်းနည်းလွန်းသည်။
ထို့အပြင် သူ သခင်မလေးရှား၏ ပေးကမ်းစွန့်ကြဲမှုကို လက်မခံလိုခြင်းသာဖြစ်၏။
သူမ၏ အကြည့်က စူးရှပြီး မနာခံတတ်သော တိရစ္ဆာန်တစ်ကောင်ကို ကြည့်နေသည့်အလား။ ပြုံးနေသော်လည်း နွေးထွေးမှုတို့ လုံးဝမပါရှိပေ။
"လုလင်း မင်းက အရမ်းဉာဏ်ကောင်းတာ
အလုပ်သင်အနေနဲ့ နေခဲ့သင့်တယ် ကိစ္စတွေဖြစ်လာရင်တောင် မင်းအလုပ်သင်အနေနဲ့ ဆက်နေခွင့်ရမှာ သေချာတယ် အဲ့နေခဲ့တဲ့သူတွေလည်း အဲ့လိုတွေးကြတာပဲ" သူ့ဘေးရှိ လူငယ်က ပြောလာသည်။
ဘယ်သူက ချွင်းချက်ဖြစ်လာဖို့ ဆန္ဒမရှိဘဲနေမလဲ? ဒါမှမဟုတ် သူတို့... သဘောထားပြည့်ဝတဲ့ ဆရာတစ်ယောက်ယောက်နဲ့ တွေ့ခွင့်ရတဲ့အထိ ကံကောင်းမယ်ဆိုရင်ရော?
••••••