ငါ ပိုလိုချင်လောက်တယ်
Vol. 17 Ch. 311
လုလင်း သရော်လိုက်သည်။
“ ငါက တိရစ္ဆာန်တစ်ကောင် မဖြစ်ချင်ရုံပါ။ လု
လင်း၏ မျက်ဝန်းများမှာ မှိုင်းဖျော့နေလေသည်။
“ ဆရာတွေက သူ့တို့ရဲ့အလုပ်သင်ဖြစ်လာရင်တောင် သူတို့တွေကို ကောင်းကောင်း မဆက်ဆံလောက်ဘူး။ ဆုံးဖြတ်ချက်တစ်ခုခုချဖို့အတွက် သခင်မလေးရှားကို သူတို့ လိုက်ရှာကြလိမ့်မယ်။ သူက ငါတို့ကို တစ်သက်လုံးကူညီနေမှာ မဟုတ်ဘူးလေ။ ငါ အဆုံးမှာ…လောဘကြီးတဲ့လူ မဖြစ်ချင်ဘူး”
“ ပြောရရင် သခင်မလေးရှားက…ငါတို့ကို အတော်လေးကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် ငါ သူ့ကို ကျေးဇူးမတင်နိုင်ရုံလေးပါ။ ဖြစ်နိုင်တာက…ငါက ကျေးဇူးမသိတတ်တဲ့လူမျိုးထင်ပါရဲ့” သူ့နံဘေးမှ ကလေးသည် ခါးသီးစွာ ပြုံးလိုက်လေ၏။
“ သခင်မလေးရှားက အဆင့်သတ်မှတ်မှုတချို့အတွက် ငါတို့အပေါ် သဘောကောင်းနေတာလို့
လူတွေပြောနေကြတာကို ငါ ဒီနေ့ ကြားခဲ့တယ်” တစ်စုံတစ်ယောက်မှ ထပ်ဖြည့်ပြောလိုက်လေသည်။
တစ်စုံတစ်ယောက် ပြေးလာချိန်တွင် အနည်းငယ်သော လူငယ်လေးများသည် အတူတကွစုဝေးနေကြကာ စကားပြောနေကြလေသည်။
“ လုလင်း! လှည့်ကင်းတွေက မင်းအဘွားရဲ့ခန္ဓာကိုယ်ကို ရှာတွေ့သွားကြပြီး မြှုပ်ပစ်ကြတော့မှာ! မြန်မြန်လာပြီး သူ့ကို ပို့လိုက်!”
ထိုစကားလုံးများထွက်ကျလာချိန်တွင် လုလင်း၏ မျက်နှာမှာ ဖြူဖျော့သွားလေတော့သည်။
သူ မြို့ထဲမှ ဒယိမ်းဒယိုင်ထွက်လာခဲ့၏။
သို့သော်လည်း သူ ရောက်ရှိသွားချိန်၌ သူ့အဘွားမှာ ကောက်ရိုးဖျာထဲတွင် ရစ်ပတ်ခံရပြီးဖြစ်ကာ တစ်စုံတစ်ယောက်မှ တရွတ်တိုက်ဆွဲသွားခြင်းအား ခံရပြီးဖြစ်လေသည်။
သူ အံကြိတ်လိုက်၏။ သူ့နံဘေးတွင်မူ အမျိုးသမီးအိုကြီး၏ ဝိညာဥ်မှာ လိုက်ပါနေလေသည်။
ထိုသူများအား သူ မရပ်တန့်နိုင်မှန်းသိ၏။ မြို့ပြင်တွင် လူအမြောက်အမြားရှိသည်ဖြစ်ပြီး တစ်စုံတစ်ယောက်မှာ အမှန်တကယ်ပင် သေဆုံးသွားနိုင်လေသည်။ အကယ်၍ အလောင်းများအား မမြှုပ်နှံခဲ့ပါက ဆောင်းတွင်း၌တွင်ပင် ၎င်းတို့သည် အပုပ်နံ့ထွက်လာမည်ဖြစ်၏။
သူ အဘွားကို နောက်ထပ်နှစ်ရက်လောက် ထပ်နေ
စေချင်ရုံပါ…
သူ့အဘွားသာ မြှုပ်နှံခံလိုက်ရရင် နောက်ထပ်မိသားစုဝင်ကို သူ ဘယ်တော့မှ မတွေ့ရလောက်တော့ဘူး!
ထိုအချိန်၌ လုလင်းသည် နာခံကျိုးနွံစွာဖြင့် လိုက်ပါလာခဲ့လေသည်။ အရာရှိမှာ သူသည် ငယ်ရွယ်ကာ အတော်လေးသနားချင့်စဖွယ်ဖြစ်သည်ဟု မြင်သောကြောင့် အလောင်းအား ဝှက်ထားခြင်းအတွက် သူ့အား မအော်ငေါက်ခဲ့ပေ။ သူသည် အလောင်းအား အနီးအနား၌ရှိသော သုဿာန်ဆီသို့ ရွေ့ပြောင်းကာ မြေပြင်တွင် တွင်းတစ်ခု တူးလိုက်၏။
လုလင်းသည် အိပ်ပျော်မသွားမီအထိ သင်္ချိုင်းမြေပုံရှေ့တွင် ထိုင်နေခဲ့လေသည်။
သူ၏ အိပ်မက်ထဲတွင် သူ့အဘွားအား တွေ့မြင်ခဲ့ရလေ၏။
သူ၏အဘွားမှ သူမသည် ဆွေကြီးမျိုးကြီးတစ်ယောက်နှင့် တွေ့ခဲ့ရကာ ထိုသူသည် သူ့အား စစ်တပ်စခန်းသို့ ပို့ပေးနိုင်ကြောင်း ပြောခဲ့လေသည်။ သူ တပ်သားတစ်ယောက်ဖြစ်လာချိန်တွင် လစာရရှိမည်ဖြစ်ကာ သူ ဆန္ဒရှိမရှိအား မေးလာခဲ့လေသည်။
သူ့အဘွားဖြစ်သူအား ခေါင်းညိတ်ပြလိုက်ကာ သူ ကိုယ်ခံပညာအား ကောင်းကောင်းသင်ယူမည်ဖြစ်ကြောင်းနှင့် အဆင့်မြန်မြန်တက်နိုင်ရန် အလုပ်ကြိုးစားမည်ဖြစ်ကြောင်းအား ပြောလိုက်၏။ သူသည် ဘယ်သောအခါမှ အခြားသူများ၏ အထင်သေးသည့်အကြည့်များအား ခံယူမည်မဟုတ်ကာ သရေစာအပိုင်းအစလေးတစ်ခုကြောင့်နှင့်လည်း ဘယ်တော့မှ အနိုင်ကျင့်ခံ
တော့မည် မဟုတ်ပေ။
သူသည် ခက်ခဲသည့်အလုပ်များအား မကြောက်ရွံ့ခဲ့သလို အရိုက်ခံရမည်အားလည်း ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သူ၏ဘဝမှာ ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ထက် ပိုဆိုးမည်ကိုသာ သူ ကြောက်ရွံ့ပေသည်။
သူ မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် ထိုအခြင်းအရာသည် အိပ်မက်တစ်ခုသာဖြစ်ကြောင်းအား သိရှိလိုက်ရလေသည်။
မတတ်နိုင်ပဲ သူ့ကိုယ်သူ နောက်တစ်ဖန်ရယ်လိုက်မိ၏။
မနေ့ကကျ သခင်မလေးရှားရဲ့ စေတနာကောင်းတွေကို ငြင်းပယ်ခဲ့တယ်။ ညကျတော့ စစ်တပ်
စခန်းကို သွားရဖို့အတွက် တစ်ယောက်ယောက်အပေါ်ကို မှီခိုနေတဲ့ အိပ်မက်ကိုမက်တယ်။
အမှန်တွင်တော့ အခြားသူများသည်လည်း အတူတူပင်။ သူတို့လည်း…တစ်ယောက်ယောက်က သူတို့ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပဲလေ၊ ဟုတ်တယ်မလား?
ဤအိပ်မက်အား ဘေးသို့ဖယ်ထားလိုက်ကာ လုလင်း ကျိုးနွံစွာ အလုပ်သို့ သွားခဲ့လေသည်။
မွန်းတည့်ချိန်တွင် လူတစ်ယောက် သူ့ရှေ့သို့ ရုတ်တရက်လာရပ်ကာ “ မင်းက လုလင်းဟုတ်တယ်မလား? ငါတို့ရဲ့ ပထမသခင်မလေးက မင်းကို ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ”
ပထမသခင်မလေး? သခင်မလေးရှားက သူ့
အပေါ် လက်မလျှော့သေးဘူးလား? တခြားတစ်ယောက်ကို ရွေးချယ်လိုက်ပြီမဟုတ်ဘူးလား?
လုလင်းမှာ ပဟေဠိဖြစ်နေသော်လည်း လိမ္မာပါးနပ်စွာဖြင့် နာနာခံခံ လိုက်သွားခဲ့လေသည်။
မြို့တော်ဂိတ်တံခါးရှိ ရထားလုံးဆီသို့ သူတို့ရောက်ရှိသောအခါ လိုက်ကာစမှာ မတင်ခံလိုက်ရ၏။ ထိုသည်မှာ သူ တစ်ကြိမ်ဆုံခဲ့ဖူးသော သခင်မလေးဖြစ်၏။
“ မင်းက အနိုင်ကျင့်တဲ့သူတွေကို ဖမ်းခဲ့တဲ့ ရှဲ့သခင်မလေးပဲ…” လုလင်း အံ့ဩသွားသည်။
ထိုနေ့က သူ လူအုပ်ထဲ၌ တိတ်တဆိတ်ပုန်းကွယ်
ကာ ကြည့်နေခဲ့သောကြောင့် ဤသခင်မလေးအား သူသိပေသည်။
“ မင်း အဲ့တာကို စဥ်းစားကြည့်ဖူးလား? စစ်တပ်စခန်းကိုသွားပြီး တပ်သားသစ်တစ်ယောက် ဖြစ်ချင်လား?” ရှဲ့ချောင် တိုက်ရိုက်ပင် ပြောလိုက်၏။ “ အဲ့တာက အရမ်းခက်ခဲတယ်၊ ပြီးတော့ ကျွန်မအဖေက တော်တော်လေးကြမ်းကြုတ်ခက်ထန်တယ်။ မင်းကို ဂရုစိုက်ပေးဖို့ ကျွန်မ သူ့ကို ပြောပေးလို့ရပြီးတော့ မင်း ကျရှုံးနိုင်ပြီး ထိခိုက်နိုင်တယ်။ မင်းက တခြားသူတွေထက် ပိုပြီး…သန်သန်မာမာနဲ့ ကြီးပြင်းလာရလိမ့်မယ်”
စစ်တပ်စခန်းကိုတဲ့လား?!
လုလင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။ “ မင်း ဘယ်-ဘယ်လိုလုပ်ပြီး သိတာလဲ…”
မနေ့ညက သူ မက်ခဲ့တဲ့အိပ်မက်?!
“ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက ပေါက်ကြားစေလို့ မရဘူး။ ကျွန်မ ဘယ်လိုသိလဲဆိုတာကို ဂရုစိုက်စရာမလိုပါဘူး။ မင်းဆုံးဖြတ်ချက်ကိုသာ ကျွန်မကို ပြောရုံပဲ” ရှဲ့ချောင် ထပ်ဖြည့်ပြောလိုက်၏။
လုလင်း ကြက်သေသေသွားခဲ့သည်။ “ မင်းလည်း သခင်မလေးရှားနဲ့ အတူတူပဲ။ ဒါကလည်း…အဆင့်အကဲဖြတ်မှုတချို့အတွက်ပဲလား?”
“ အနည်းနဲ့အများပေါ့။ ကျွန်မ နည်းနည်းတော့ ပိုလိုချင်လောက်တယ်” ရှဲ့ချောင် အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။
အဆင့် အကဲဖြတ်မှုအပြင် သူမ ကောင်းသောကံများကိုလည်း စုဆောင်းရမည်လေ။
•••••••