← Chapters

တစ်ခါလောက်တော့ ကြိုးစားကြည့်ဖို့ ဆန္ဒရှိတယ်

Vol. 17 Ch. 312

တစ်ခါလောက်တော့ ကြိုးစားကြည့်ဖို့ ဆန္ဒရှိတယ်

Vol. 17 Ch. 312

ရှက်ရွံ့မှုနှင့် ဒေါသအရိပ်အယောင်တစ်ခု လုလင်း၏ မျက်နှာထက်တွင် ဖြတ်ပြေးသွား၏။

“ တခြားသူတွေရဲ့ နာကျင်မှုဒုက္ခကို အခွင့်အရေးယူတာ။ အဲ့လိုမျိုး ကောင်းတဲ့အရာတစ်ခုကို လုပ်ရတာ မင်းအတွက် အလွယ်လေးပဲလို့ ခံစားရလား?!”

ရုတ်ခြည်းပင် သူ မာဆတ်ဆတ်ပြောလိုက်လေသည်။

ရှဲ့ချောင် သူမ၏ မျက်ဝန်းများအား အနည်းငယ် နှိမ့်ချလိုက်သည်။

“ ငါတို့ရဲ့ အသက်တွေက အရမ်းနိမ့်ကျတယ်လို့ မင်းထင်နေတာလား? မင်းဆန္ဒရှိသလို ငါတို့အတွက် စီစဥ်နေရအောင်လေ? အဲဒီလို စီစဥ်ပေးပြီးတဲ့အခါကျ မင်းကိုစိတ်ကျေနပ်စေဖို့ ငါတို့က ကျေးဇူးတင်မှုတွေနဲ့ မျက်ရည်တွေကျပြီး ခွေးတစ်ကောင်လို ငါတို့ရဲ့အမြှီးတွေကို လှုပ်ယမ်းပြနေရဦးမှာလား?!” လုလင်း ဒေါသထွက်စွာဖြင့် နောက်တစ်ဖန် ပြောလိုက်ပြန်သည်။

ဒါက မတရားဘူး၊ ဒီလောကကြီးက အရမ်းကို မတရားဘူး!

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

“ သခင်မ၊ ကျေးဇူးပြုပြီး ကျွန်မမြေးလေးနဲ့ မငြင်းခုံပါနဲ့နော်။ သူက အရမ်းကို ခေါင်းမာပြီး ပေကတ်ကတ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လက သူ့မိဘတွေလည်း ဆုံးပါးသွားပြီးတော့ ကျွန်မကလည်း သူ့ဘေးနားမှာ ရှိနေမပေးနိုင်တော့ဘူး။ သူ ဒီရိုက်ခတ်မှုကို တောင့်မခံနိုင်လို့ ဒီလိုမျိုး ဖြစ်နေရတာပါ…” အမျိုးသမီးအိုကြီး၏ ဝိညာဥ်မှာ အနည်းငယ် စိုးရိမ်သောကရောက်ကာ လှည့်ပတ်ယိမ်းထိုးနေလေသည်။ ထိုသည်မှာ ပုံပျက်နေလေ၏။

ရှဲ့ချောင် ဒေါသထွက်နေခြင်း မဟုတ်ပေ။ သူမ၏ မျက်နှာမှာ တည်ငြိမ်နေလေသည်။

လုလင်းအား တစ်ခဏမျှ ကြည့်နေပြီးနောက် သူ

အနည်းငယ် စိတ်ငြိမ်သွားသည့်အခါမှသာ သူမ စကားပြောလိုက်၏။ “ စစ်တပ်စခန်းကိုသွားရတာက အလဟဿအရာတစ်ခု မဟုတ်ပါဘူး၊ ပြီးတော့ လူတိုင်း ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ မင်း အဲဒီကို ရောက်သွားပြီးရင် သင့်တော်တဲ့လုပ်ထုံးလုပ်နည်းတွေကို ကျော်ဖြတ်ရမှာ။ စစ်မှုထမ်းဟောင်းတွေက မင်းရဲ့ခန္ဓာကိုယ်ကို စစ်ဆေးလိမ့်မယ်။ မသန်စွမ်းတဲ့သူတွေနဲ့ အားနည်းတဲ့သူတွေကို သူတို့လက်ခံမှာ မဟုတ်ဘူး။ တကယ်လို့ မင်းအောင်သွားရင် အနိမ့်ဆုံးအဆင့်ကနေ စရလိမ့်မယ်။ တပ်သားသစ်တွေက ဒုက္ခတွေခံစားရမှာဖြစ်ပြီးတော့ လစာကလည်း အရမ်းမများဘူး။ မင်း ကောင်းကောင်းမလုပ်ရင် အချိန်မရွေး ကန်ထုတ်ခံရမှာ။ အကယ်၍ မင်း အမှားကြီးတစ်ခုလုပ်မိရင် တပ်ဥပဒေအရ အပြစ်ပေးခံရနိုင်ပြီးတော့ သေတဲ့အထိတောင် အရိုက်ခံရနိုင်တယ်”

“ မင်း သွားမယ်ဆိုရင်တော့ ကျွန်မဆီကနေ အကူအညီတစ်ခု အကြွေးတင်သွားပြီ။ အကူအညီ

ကို ပြန်ပေးဆပ်လို့ရတယ်။ ငါးနှစ်အတွင်းမှာ မင်းလစာရဲ့တစ်ဝက်ကို ကျွန်မနာမည်နဲ့ တာအိုဘုရားကျောင်းဆီ လှူရလိမ့်မယ်” ရှဲ့ချောင် ထပ်ဖြည့်ပြောလိုက်သည်။

တာအိုဘုရားကျောင်း၏ ရရှိသည့် အမွှေးနံ့သာဖိုးတစ်စိတ်တပိုင်းမှာ ထိန်းသိမ်းစောင့်ရှောက်စရိတ်များဖြစ်ကာ အခြားတစ်ပိုင်းမှာ ကောင်းမှုများပြုလုပ်ရန်နှင့် လူများအား အကျိုးပြုရန်ဖြစ်သည်ပင်။

လုလင်းသည် အရိုက်ခံရတော့မည်ဟု ထင်ခဲ့သော်လည်း ရှဲ့ချောင် ထိုစကားအား ပြောမည်ဟုတော့ မမျှော်လင့်ခဲ့ချေ။

သူ ဆွဲဆောင်ခံလိုက်ရကြောင်းကိုတော့ ဝန်ခံရမည်ပင်။

မည်သို့ပင်ဖြစ်စေ သူ ဦးမညွတ်ချင်ပေ။

“ မိုးကောင်းကင်ကနေကျလာတဲ့ ဘေးဒုက္ခကို ဘယ်သူကမှ မတားဆီးနိုင်ဘူး။ မင်းကိုယ်မင်း အထင်သေးနေမယ်ဆိုရင် လောကကြီးမှာရှိတဲ့လူအားလုံးက မင်းကို အထင်သေးကြတယ်လို့ မင်းတွေးမိလိမ့်မယ်။ မင်းက လုပ်နိုင်စွမ်းရှိတယ်လို့ မင်းကိုယ်မင်းတွေးမယ်ဆိုရင် မင်းရှေ့မှောက်မှာရှိနေတဲ့ အထောက်အပံ့က အခွင့်အလမ်းတစ်ခုပဲ။ မင်း အဲ့တာကို ဘယ်လိုမြင်သလဲဆိုတာအပေါ်ပဲ မူတည်တယ်” ရှဲ့ချောင် အားနည်းစွာပြောလိုက်၏။

လုလင်း လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

သခင်မလေးရှဲ့ မှန်ကြောင်း သူသိ၏။

ရှားသခင်မလေး၏ ကောင်းမှုများလုပ်ခြင်းတွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်ရှိနေသော်လည်း သူမ၏ အကူအညီမှာ အသုံးဝင်သည်ဟု သူ ဝန်ခံရပေလိမ့်မည်။

သူမအား ၎င်းတို့၏သခင်အဖြစ် သတ်မှတ်လိုက်သူတို့တွင်လည်း ၎င်းတို့၏ ဘဝများအား ပြောင်းလဲရန် အနည်းဆုံးတော့ အခွင့်အရေးလေးတစ်ခုရှိသည်ပင်!

ထို့အပြင် ရှဲ့သခင်မလေးပေးသည့် အခွင့်အလမ်းအား ထောက်ပံ့ပေးကမ်းခြင်းဟု ယူဆ၍ မရနိုင်ချေ။

စစ်တပ်စခန်း၌ နှစ်စဥ်နှစ်တိုင်း လူသစ်စုဆောင်းမှုရှိကာ လူများစွာသွား၍ရနိုင်၏။ ယခုအချိန်မှာ လူ

သစ်စုဆောင်းသည့်အချိန် မဟုတ်ရုံလေးသာ ဖြစ်ပေသည်။

ထို့ထက် စစ်တပ်စခန်း၌ အမှန်တကယ်ပင် ခက်ခဲလေ၏။ လူသစ်စုဆောင်းမှုသတ်မှတ်ချက်များမှာလည်း မြင့်မားပေ၏။ သခင်မလေးရှဲ့မှ မည်သည်ကိုမျှ မပြောလျှင်ပင် အချိန်တစ်ခုမျှကြာပြီးနောက် သူ့ကိုယ်သူ စာရင်းသွားသွင်းမည်ပင်။ သို့သော်လည်း ထိုအချိန်ကျလျှင် အခက်ခဲဆုံးအချိန်အား သူ ကျော်ဖြတ်ပြီးဖြစ်သင့်လေသည်။ သူ့ထံတွင် ယခုရှိနေသည့် မလိုလားမှု ရှိမနေလောက်မည် ဖြစ်နိုင်လေ၏။

မနေ့ညက အိပ်မက်မှာ သူ့အဘွားက သူ့ကို ကောင်းကောင်းသိတာမလို့ မေးခဲ့တယ်…ဆွေကြီးမျိုးကြီးတစ်ယောက် လာမယ်ဆိုတာလေ၊ ဟုတ်တယ်မလား?

“ ကျွန်တော်…တစ်ခါလောက် ကြိုးစားကြည့်ဖို့ ဆန္ဒရှိပါတယ်” နောက်ဆုံးတွင် လုလင်း ပြောလိုက်၏။

ရှဲ့ချောင် ခပ်ဖွဖွပြုံးလိုက်ကာ “ မနက်ဖြန်ကျ မင်းကို အဲ့ဆီခေါ်သွားပေးဖို့ တစ်ယောက်ယောက်လာလိမ့်မယ်။ နှစ်သစ်မတိုင်ခင်မှာ သူတို့ မင်းကို တော်ဝင်ကျောင်းတော်ကို ဖိတ်လိမ့်မယ်။ ကြယ်ငါးပွင့်သုံးသပ်ချက်ပေးဖို့ သတိရနော်”

ထိုသည်အား ရှဲ့ချောင် ပြောပြီးသည်နှင့် လူများအား ချက်ချင်းပင် (ဝေါယာဥ်အား) အဝေးသို့ဆက်သွားစေလိုက်၏။

လုလင်းမှာ ပြောစရာစကားမဲ့နေလေ၏။ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။

ဒီရှဲ့သခင်မလေးရဲ့ သဘောထားက ရှားသခင်မလေးနဲ့ တော်တော်လေးကို ကွာခြားနေတာပဲ၊ မဟုတ်ဘူးများလား?!

ရှားသခင်မလေးသည် သူတို့အား စောင့်ကြည့်နေဆဲဖြစ်ကာ သူတို့ထံတွင် ပစ္စည်းများ မလုံလောက်ပါက ပို့ပေးနေဆဲဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤရှဲ့သခင်မလေးသည်… သူ့အား အကျိုးအမြတ်တစ်ချို့ပေးခဲ့သော်လည်း သူမသည် အလွန်ပင် စိတ်ဝင်စားမှု မရှိချေ။ သူမ၏ မျက်ဝန်းများထဲမှ ထိုအကြည့်…

သူမသည် သူ့အား အထင်မသေးခဲ့သလို အထင်လည်းမကြီးခဲ့ပေ။ ထိုသည်မှာ သူမသည် ဤနေရာသို့ သူ့ထံ ပုံမှန်အရေးကိစ္စတစ်ခုအား သတင်းပေးရန် ရောက်လာခဲ့သလိုသာဖြစ်ကာ

သူမ၏ မျက်ဝန်းများအတွင်း၌ လှိုင်းထမှုတစ်ခုကလေးပင် ရှိမနေခဲ့ချေ!

ဘယ်လို လူထူးလူဆန်းမျိုးလဲ။

မည်သို့ပင်ဖြစ်စေ ဤရှဲ့သခင်မလေးသည် အေးစက်သော်လည်း သူမ၏ အကူအညီမှာ သူ့အား အမှန်ပင် အနည်းငယ်ပို၍ ငြိမ်းငြိမ်းချမ်းချမ်း ခံစားရအောင် လုပ်ခဲ့သည်ပင်။

လုလင်း ခေါင်းညိတ်လိုက်ပြီး ရှဲ့ချောင်သည် အမျိုးသမီးအိုကြီး၏ဝိညာဥ်အား သိမ်းဆည်းလိုက်လေသည်။

လွန်ခဲ့သောနှစ်ရက်ခန့်က သူမ လွှတ်ပေးချင်သည့် ဝိညာဥ်တော်တော်များများအား စုဆောင်းခဲ့ကာ ယခုအချိန်တွင် ၎င်းတို့အားလုံးမှာ ကြမ္မာဥ

ယျာဥ်သို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်လေ၏။

••••••••

All Chapters