← Chapters

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမကောင်းဆိုးဝါးဝိညာဥ်

Vol. 17 Ch. 313

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမကောင်းဆိုးဝါးဝိညာဥ်

Vol. 17 Ch. 313

သို့သော်လည်း ယနေ့ ရှဲ့ချောင် ကြမ္မာဥယျာဥ်သို့ ရောက်ရှိသည့်အခါ သူမ၏အကြီးဆုံးအစ်ကို ထိုင်နေသည်အား မြင်လိုက်ရ၏။

ရှဲ့ဖင်းကန်း၏ နှလုံးသားတင်းကျပ်သွားလေသည်။

ယနေ့ သူမ အပြင်ထွက်ခဲ့စဥ်က အဝတ်အစားများအား မလဲရသေးသောကြောင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြချိန်၌ သူမ

အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူမ ယခုလေးတင် ကောင်းသောအရာများကိုသာ ပြုလုပ်လာသည်အားတွေးကာ သူမကျောကို မတ်လိုက်ပြီး ရှေ့သို့ဆက်လျှောက်သွားခဲ့၏။ “ အစ်ကိုကြီး၊ ဒီကို ပစ္စည်းတွေဝယ်ဖို့လာတာလား?”

ရှဲ့ဖင်းကန်း နှာမှုတ်လိုက်သည်။ “ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ”

ရှဲ့ချောင် လုပ်ရယ်လိုက်ကာ “ အစ်ကိုကြီး ဘာဝယ်မှာလဲ? ညီမလေးက ဒီနေရာနဲ့ အတော်လေးကို ရင်းနှီးတယ်”

သူ့အိပ်ထောင်ထဲမှ အချစ်ရေးအဆောင်တစ်ခုအား ရှဲ့ဖင်းကန်း ဆွဲထုတ်လိုက်ကာ ရှဲ့ချောင်လက်ထဲသို့ ထိုးထည့်လိုက်လေသည်။ “ မင်းရဲ့ အစ်ကိုအကြီးဆုံးအနေနဲ့ ဆုအဖြစ် လက်ဆောင်နည်းနည်းလောက် ပေးသင့်တာပေါ့။ ကောက်ကိုင်

လိုက်၊ ရွေးလိုက်လုပ်ကြည့်ပြီးတော့ အဲဒီအဝတ်အစားတွေနဲ့ ရတနာတွေက အသုံးမဝင်ဘူးလို့ ငါတွေးလိုက်မိတယ်။ အခု မင်းလိုအပ်နေတာက… ဒီဟာလေးပဲ”

ရှဲ့ချောင်၏အပြုံး ပျောက်ကွယ်သွားလေသည်။

အဲဒီအဆောင်တွေကို သူမဘာသာသူမ ရေးဆွဲခဲ့တာကို သူမအပေါ်မှာ သုံးရမယ်?

တခြားအဆောင်တစ်ချို့က မကောင်းဆိုးဝါးဝိညာဥ်ကို တားဆီးကာကွယ်ဖို့နဲ့ မကောင်းဆိုးဝါးနှင်တဲ့နေရာမှာ သုံးလို့ရပေမယ့် ဒီအချစ်ရေးအဆောင်က… သူမအတွက် အသုံးမဝင်ဘူး၊ ဟုတ်ပြီလား?!

အဲ့တာအပြင်ကို အဝတ်အစားနဲ့ ရတနာတွေက ပိုပြီးဈေးကြီးနေလို့မဟုတ်ဘူးဆိုတာ သူ သေချာရဲ့

လား?!

ရှဲ့ချောင် တုံ့ဆိုင်းနေကာ ထိုအရာအား လက်ခံလိုက်၏။

ကနဦးတွင်တော့ ရှဲ့ဖင်းကန်းမှာ ပစ္စည်းအချို့အား ဝယ်ချင်ခဲ့ရုံသာဖြစ်သော်လည်း ဆိုင်ရှင်ထံမှ လတ်တလောတွင် ဤနေရာသို့ သူ့ညီမ မကြာခဏလာတတ်ကြောင်းအား ကြားခဲ့သောကြောင့် သူ ဤနေရာတွင်ထိုင်ကာ စောင့်နေခဲ့သည်။ သူမနှင့် ကံအားလျော်စွာ ဆုံမိခြင်းဖြစ်နိုင်သော်လည်း ထိုကဲ့သို့သော တိုက်ဆိုင်မှုရှိရန် သူ မမျှော်လင့်ခဲ့ပေ။

ရှဲ့ဖင်းကန်းမှ ရှဲ့ချောင်အား ထူးဆန်းသည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်လေပြီး ထိုသည်မှာ ရှဲ့ချောင်၏ဦးရေပြားအား စပ်ဖျဥ်းဖျဥ်းဖြစ်သွားစေခဲ့၏။

“ ညီမလေး အစောပိုင်းတုန်းက တော်တော်လေး စိတ်လိုက်မာန်ပါဖြစ်သွားခဲ့တယ်။ ဖင်းဟွိုက် အရိုက်ခံရအောင် ညီမ ခွင့်မပြုခဲ့သင့်ဘူး” ရှဲ့ချောင် တစ်ခဏမျှတွေးပြီးနောက် သူမအမှားအား ဝန်ခံလိုက်သည်။

“ သူက အရိုက်ခံရဖို့တန်တယ်။ အရိုက်ခံရပြီးနောက်ပိုင်းမှာ သူ တိုးတက်လာနိုင်တာက ကောင်းတာပဲလေ” ရှဲ့ဖင်းကန်း သူမအား အပြစ်မတင်ပါချေ။

ရှဲ့ချောင် သူမနှုတ်ခမ်းအား ကိုက်လိုက်သည်။

ရှဲ့ဖင်းဟွိုက်ကြောင့် မဟုတ်ဘူးလား? ဒါဆို ဘာကြောင့်များလဲ? သူ့ကို အဲဒီလို လာစိုက်ကြည့်နေတာက နည်းနည်းကြောက်ဖို့ကောင်းတယ်နော်!

“ အဟွတ် အဟွတ် အဟွတ်…” ရှဲ့ချောင် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် သူမကိုယ်သူမ အလျင်အမြန်ပင် ပြန်တည်ငြိမ်စေလိုက်သည်။

သူမ ခေါင်းအား သနားချင့်စဖွယ် မော့လိုက်လေ၏။

ရှဲ့ဖင်းကန်း ချီတုံချတုံဖြစ်သွားကာ သူ၏အိပ်ထောင်ထဲမှ စာတစ်စောင်အား ထုတ်ယူလိုက်သည်။ “ အိမ်ရှေ့မင်းသားက မင်းကို ပေးလိုက်တာ”

ရှဲ့ချောင် သူ့အား အံ့အားသင့်စွာကြည့်လိုက်ပြီးနောက် ထိုအရာအား အမြန်ယူလိုက်၏။

နန်းတွင်းအဝတ်အစားနဲ့ အမျိုးသမီးဝိညာဥ်ရဲ့ အထောက်အထားကို စုံစမ်းစစ်ဆေးနေပြီ!

ရှဲ့ဖင်းကန်း၏ မျက်လုံးများမှာ အေးစက်နေကာ “ တော်ဝင်မိသားစုက ကြင်ရာတော်မင်းသမီးရွေးနေတဲ့အချိန်မှာ မင်းက မင်းရဲ့ဂုဏ်သတင်းကို မြှင့်တင်နေတာပဲ။ မင်းမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်?”

ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်စွန်း တွန့်လှုပ်သွားလေသည်။

“ ငါတို့အဖေရဲ့ လူနေမှုအဆင့်အတန်းက နောက်တစ်ဆင့်ကို အမြှင့်မခံရသရွေ့ ဒီဂုဏ်သတင်းနည်းနည်းလေးက မလုံလောက်မှာကို ငါ စိုးရိမ်မိတယ်။ ဒီတော့ ငါ တူညီတဲ့အရာကိုပဲ ပြောမယ်။

အဲဒီအကြံကို မင်း လက်လျှော့လိုက်သင့်တယ်။ ပြီးတော့ ငါ အိမ်ရှေ့စံဆီက စာကို ယူလာပေးတာက ဒီမှာ အရေးကြီးတာ ဘာမှမရှိဘူးလို့ ပြောခဲ့လို့ပဲ။ ငါ ဒါကို ဖတ်ကြည့်ပြီးမှပဲ လက်တိုလက်တောင်းလုပ်ပေးဖို့ ဆန္ဒရှိခဲ့တာ၊ နားလည်လား?” ရှဲ့ဖင်းကန်း ထပ်ပြောလိုက်၏။

ရှဲ့ချောင် အနည်းငယ် ပြောစရာမဲ့သွားလေသည်။

သူမ ရှဲ့ဖင်းကန်းရှေ့တွင်ပင် စာအားဖွင့်လိုက်ကာ တစ်ချက်ကြည့်လိုက်၏။

ထိုအပေါ်တွင် ရေးထားသည့် စကားလုံးများမှာ အလွန်အမင်း ရိုးရှင်းလှပေသည်။

နန်းတွင်းဝတ်စုံနှင့် မိန်းကလေး၏ ပုံပန်းသဏ္ဍာန်မှာ လွန်ခဲ့သည့်အနှစ် ၂၀ က ဆုံးပါးသွားသည့်

မင်းသမီး ရှင်းမော့ နှင့် အတိအကျပင် တူနေလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမ၏ ခန္ဓာကိုယ်ထက်မှ အဝတ်အစားများနှင့် လက်ဝတ်လက်စားများသည် မင်းသမီး ရှင်းမော့ ၏ နန်းတွင်းအပျိုတော်နှင့် သက်ဆိုင်နေခြင်းပင်။

သူသည် မင်းသမီးရှင်းမော့ ၏ ဘဝအကြောင်းကိုပါ ရေးသားခဲ့၏။

ကြင်ရာတော်မိဖုရားဟောင်းကျန်း၏ အကြီးဆုံးသမီး၊ မင်းသမီးရှင်းမော့

ကြင်ရာတော်မိဖုရားဟောင်းကျန်းသည် အထူးအာဏာပေးခြင်း ခံထားရလေ၏။ သူမသည် မြို့တော်ရှိ အမျိုးသမီးကျောင်းတော်များ၏ ထင်ပေါ်ကျော်ကြားမှုအတွက် တာဝန်ရှိလေသည်။

ကြင်ရာတော်မိဖုရားဟောင်းကျန်း ၏ ဘိုးဘေးဘီဘင်များမှာ ပုံမှန်ထက်ထူးကဲသောလူအချို့ ဖြစ်ပေသည်။ သူမအား သူမ၏ ဘိုးဘေးဘီဘင်များနှင့် အဆင်တူဆုံးတစ်ယောက်ဟု ပြောနိုင်လေသည်ပင်။ ဧကရာဇ်ဟောင်းအား လက်ထပ်ပြီးနောက်ပိုင်းတွင် ဖြစ်ထွန်းစည်ပင်သော ခေတ်တစ်ခုအား သူမ တည်ဆောက်ခဲ့လေသည်…

ကြင်ရာတော်မိဖုရားဟောင်းကျန်း သည် အင်ပါယာနန်းတော်တွင်းသို့ အသက် ၁၈ နှစ်တွင် ဝင်ရောက်ခဲ့လေ၏။ သူမ အသက် ၂၀ တွင် မင်းသမီး ရှင်းမော့ အား မွေးဖွားခဲ့လေသည်။ ထိုသည်မှာ လက်ရှိဧကရာဇ် မမွေးဖွားမီ ၅ နှစ်အလိုတွင် ဖြစ်ပေ၏။

စာထဲတွင် မင်းသမီး ကြင်ရာတော်မိဖုရားဟောင်းကျန်း သည် အသက် ၁၇ နှစ်တွင် ရုတ်တရက်ပျောက်သွားကာ သူမ၏ သတင်းများလည်း မရှိခဲ့ပေ။ ၇ နှစ်၊ ၈ နှစ်ခန့်ကြာပြီးနောက် ၎င်းတို့မှာ

ရွေးချယ်စရာမရှိသော်လည်း လူထုအား မင်းသမီးသည် ရုတ်တရက်ဖျားနာမှုကြောင့် သေဆုံးသွားသည်ဟု ကြေညာလိုက်ရလေတော့သည်။

စာထဲမှ အကြောင်းအရာများအား မြင်လိုက်ချိန်၌ ရှဲ့ချောင် ထိတ်လန့်အံ့ဩသွားခဲ့သည်။

ဒါဆို…

ဒီမကောင်းဆိုးဝါးဝိညာဥ်က ပထမမင်းသမီးဖြစ်ပြီးတော့ နန်းတွင်းအပျိုတော်ရဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မင်းသမီး ရှင်းမော့?

ထို့အပြင် စာ၏ အဓိပ္ပာယ်အရ ပထမမင်းသမီး၏ အရိုးများအား ရှာမတွေ့သေးချေ။

••••

All Chapters