← Chapters

သူ ငါ့ကို သတ်ခဲ့တာ

Vol. 17 Ch. 314

သူ ငါ့ကို သတ်ခဲ့တာ

Vol. 17 Ch. 314

မင်းသမီး ရှင်းမော့ ပျောက်ဆုံးသွားချိန်၌ အိမ်ရှေ့စံမင်းသားမှာ ဖွားမြင်ပြီးကာစသာဖြစ်သေးသောကြောင့် ထိုအရာအား ပထမဆုံးလက်ခံရရှိခဲ့ချိန်က ပန်းချီကားထဲမှလူအား သူ မသိသည်မှာ ပုံမှန်ပင် ဖြစ်လေသည်။ ထို့အပြင် ပန်းချီကားချပ်ထဲမှ မိန်းမသည် နန်းတွင်းအပျိုတော်ဝတ်စုံအား ဝတ်ဆင်ထားလေ၏။

“ အိမ်ရှေ့စံက မင်းကို မင်းသမီး ရှင်းမော့ အတွက် ပိဋကတ်ကျမ်းကူးပေးဖို့ ပြောလိုက်သည်။ မင်းမှာ အချိန်ရှိရဲ့လား? တကယ်လို့ မင်း ပင်ပန်းတယ်ဆိုရင် ငါ မင်းအတွက် သူ့ကို ငြင်းပေးမယ်လေ” ရှဲ့ဖင်းကန်းမှာ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။

အိမ်ရှေ့မင်းသားမှ သူ၏ညီမဖြစ်သူသည် သက္ကတဘာသာစကား၌ တော်သည်ဟု ပြောလိုက်လေ၏။

မည်သို့ပင်ဖြစ်စေ သူ့ညီမမှာ…တာအိုဘုရားကျောင်း၌ ကြီးပြင်းလာခဲ့သည်လေ!

သူ့ရဲ့ သက္ကတဘာသာစကားက ဘယ်လောက်ပဲကောင်းနေပါစေ တစ်နေကုန် ပိဋကတ်ကျမ်းတွေကို ကူးမနေသင့်ဘူးလေ၊ ဟုတ်တယ်မလား?

ထို့အပြင် ပိဋကတ်ကျမ်းများအား ကူးယူပေးနိုင်သည့် လူများစွာရှိသည်ပင်။ ဘာလို့ သူက ရှဲ့ချောင်ကို လုပ်ခိုင်းရတာလဲ?

အိမ်ရှေ့စံမင်းသားနှင့် သူ၏ညီမကြားတွင် ဖုံးကွယ်ထားသည့် သဘောတူညီမှုအချို့ရှိမည်ဟု သူ ခံစားလိုက်ရသည်… သို့သော် အိမ်ရှေ့စံအကြောင်း သူ မမေးရဲပါချေ။ ရှဲ့ချောင်အတွက်မူ…

ဤကောင်မလေး၏ ပါးစပ်မှာ အိမ်ရှေ့မင်းသားထက်ပင် ပို၍လုံကောင်းလုံနိုင်ပေသည်။

“ ညီမလေး လုပ်နိုင်ပါတယ်။ အဲ့တာပြီးသွားတဲ့အချိန်ကျရင် ကျောင်းတော်မှာ အရှင့်သားကို ကိုယ်တိုင်လက်လွှဲပေးလိုက်မယ်” ရှဲ့ချောင် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။

“ အိုး” ရှဲ့ဖင်းကန်း သူ့မျက်လုံးများအား ကျဥ်းမြောင်းလိုက်ကာ “ အိမ်ရှေ့စံမင်းသားကို ဆွဲဆောင်ဖို့ မစဥ်းစားနဲ့နော်။ အဲ့တာ အချိန်ဖြုန်းတာ

သက်သက်ပဲ။ ညှိနှိုင်းဖို့လွယ်ကူတဲ့ တစ်ယောက်ယောက်ကို မင်းရှာဖို့ လိုအပ်တာ။ ဒါမှ မင်း စောစောစီးစီး ကလေးတစ်ယောက်ရနိုင်မှာပေါ့”

ရှဲ့ချောင် သူမမျက်နှာအား ကာလိုက်ကာ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် ပြေးလေတော့သည်။

ထိုသည်မှာ ဆိုးရွားလှသည်ပင်။

ဒီတစ်ကိုယ်ရေသမားကံကြမ္မာနဲ့ ရှဲ့ဖင်းကန်း။ ဘယ်လိုတောင် သူ့ကို ကလေးမွေးဖို့ ပြောရဲတာလဲ?

ဤအကြောင်းအားတွေးရလျှင် အလွန်ကြာရှည်သည့်အချိန်များ ကုန်ဆုံးသွားပြီးချိန်တွင်ပင် သူမ

အစ်ကိုကြီး၏ ပုံပန်းသွင်ပြင်မှာ လုံးဝပြောင်းလဲသွားခြင်း မရှိဟု ရှဲ့ချောင် တွေးလိုက်မိသည်။ ဤကံကြမ္မာသည် တကယ့်ကို အလွန်အားကောင်းလှသည်ပင်။ အချစ်ရေးအဆောင်တွေကို သူနဲ့အတူ ပိုပြီး ဆောင်ထားသင့်တာ!

ရှဲ့ဖင်းကန်း ခပ်ဟဟရယ်လိုက်သည်။ ရှဲ့ချောင် ရှက်သွားသည်ဟု ထင်သောကြောင့် သူ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားခဲ့၏။

ရှဲ့ဖင်းကန်း ထွက်သွားပြီးလျှင်ပြီးချင်းပင် ရှဲ့ချောင် စိတ်သက်သာရာရမှု သက်ပြင်းတစ်ခုအား မှုတ်ထုတ်လိုက်သည်။

ဆိုင်ရှင်မှာ ရှဲ့ချောင် အပေါ်ထပ်သို့ တက်သွားသည်အား ကြည့်လိုက်၏။ သူမအား သွားတားတော့မည်ဖြစ်သော်လည်း သူမ၏ နောက်ကျောအား မြင်လိုက်ချိန်တွင် ရှဲ့ချောင် ဇွတ်မဝင်မီ၌

အချိန်တစ်ခုမျှ ကြက်သေ,သေသွားခဲ့လေသည်။

သခင်မလေးရှဲ့၏ ခန္ဓာကိုယ်ပုံပန်းသည် ဆိုင်ပိုင်ရှင်နှင့် တစ်ထေရာတည်း တူလှသည်ပင်။

ယခုတွင်မူ သူမ အပေါ်ထပ်သို့ ရောက်သွားပြီဖြစ်သဖြင့် ဆိုင်ရှင်မှာ မည်သည့်အရာကိုမှ ထပ်မပြောနိုင်တော့ချေ။ ဤကိစ္စအား ပိုင်ရှင်လာရောက်ကာ မပြောမီအထိ စောင့်ရန် သူ ပြင်ဆင်ထားလိုက်သည်။

ရှဲ့ချောင် အပေါ်ထပ်သို့ ရောက်သွားပြီးနောက်တွင် နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးဝိညာဥ်အား လွှတ်ပေးလိုက်၏။

ဤနေရာတွင် ရောက်ရှိနေသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် ဤမကောင်းဆိုးဝါးဝိညာဥ်အား

ယခုကြည့်ရသည်မှာ ပို၍အားအင်ပြည့်ဝတက်ကြွနေလေသည်။

ရှဲ့ချောင် သူမအား ကြည့်လိုက်ကာ အစမ်းသဘော မေးကြည့်လိုက်သည်။ “ အခု ရှင်ဘယ်သူလဲဆိုတာ ရှင် မှတ်မိလား?”

အမျိုးသမီးဝိညာဥ်သည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူမခေါင်းအား ခါယမ်းလိုက်၏။ “ ညမှာ လူတွေအများကြီးရှိနေခဲ့တာကိုပဲ မှတ်မိတယ်။ ကောင်းကင်လက်ဆွဲမီးအိမ်တွေ၊ မီးရှူးမီးပန်းတွေ၊ ပြီးတော့…”

အမျိုးသမီးဝိညာဥ်၏ အမူအရာမှာ ရုတ်တရက် အလွန်အမင်း တုန်လှုပ်ခြောက်ခြားလာခဲ့လေသည်။ သူမ၏ သူငယ်အိမ်များ ကျယ်လာကာ သူမ၏ အသံမှာ စူးရှကျယ်လောင်လာခဲ့၏။ “ သူ ငါ့ကို သတ်တာ! သူ ငါ့ကို သတ်ခဲ့တာ!”

“ ဘယ်သူလဲ?” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။

“ ဟုတ်တယ်… ဟုတ်တယ်…” အမျိုးသမီးဝိညာဥ်သည် ဆက်စဥ်းစားနေကာ ပြိုလဲလုနီးပါး ဖြစ်နေလေသည်။

ကြည့်ရသည်မှာ သူမသည် မကျေမချမ်းဝိညာဥ်တစ်ကောင် ဖြစ်လာတော့မည့်ပုံပင်။ မည်သို့ပင်ဖြစ်စေ ဤအချိန်သည် အမျိုးသမီးဝိညာဥ် အနိုးကြားဆုံးအချိန်ဖြစ်၏။ ရှဲ့ချောင် အဆောင်ပြင်ဆင်လိုက်ကာ ဆက်လက်၍ မေးလိုက်သည်။ “ ရှင့်ရဲ့ခန္ဓာကိုယ် ဘယ်နေရာမှာလဲဆိုတာ သိလား? တကယ်လို့ ရှင် မမှတ်မိနိုင်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ ရှင့်ရဲ့ အလိုအလျောက်တုံ့ပြန်မှုအတိုင်း လိုက်သွားလိုက်၊ ကျွန်မ ရှင့်နောက်ကို လိုက်လာမယ်”

ယေဘုယျအားဖြင့် စိတ်ဝိညာဥ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်များအား နည်းနည်းဖြစ်စေ၊ များများဖြစ်စေ အာရုံခံနိုင်ကြသည်ဖြစ်၏။

မင်းသမီး ရှင်းမော့ ၏ ဝိညာဥ်မှာ အနည်းငယ် ဖရိုဖရဲနိုင်သော်လည်း သူမထံ၌ မလွဲဧကန်ပင် အခြေခံစွမ်းရည်အချို့ရှိမည်ပင်။

ရှဲ့ချောင်၏ အသံမှာ စိတ်ဝိညာဥ်အား နှစ်သိမ့်ပေးနိုင်သည့်စွမ်းရည်ရှိပုံပေါ်လေ၏။

သူမသည် တံခါးမှ လျှောက်ထွက်သွားကာ လမ်းတစ်လျှောက်ရစ်ဝဲနေလေသည်။

ရှဲ့ချောင် ဤမကောင်းဆိုးဝါးဝိညာဥ်၏ ကိုယ်ပေါ်သို့ အဆောင်တစ်ခု နေရာချလိုက်ကာ လမ်း

တစ်လျှောက် လိုက်ခဲ့လိုက်၏။

တစ်ခါတစ်ရံ၌ ဤမကောင်းဆိုးဝါးဝိညာဥ်သည် နံရံအား တိုက်ရိုက်ကျော်ဖြတ်သွားသော်လည်း ရှဲ့ချောင်မှာ ထိုကဲ့သို့ မလုပ်နိုင်သဖြင့် လမ်းအရှည်ကြီးမှ သွားရုံသာ တတ်နိုင်လေသည်။

နှစ်နာရီမျှ ကုန်လွန်ပြီးနောက် ရှဲ့ချောင် ရပ်လိုက်၏။

ဤနေရာမှာ… ကျိုးစံအိမ် ဖြစ်ပေသည်။

ကျိုး မိသားစု၌ ပညာရှင်မိသားစုနောက်ခံရှိကာ ကွယ်လွန်သွားသည့် အကြီးအကဲအိုကြီးမှာ ဧကရာဇ်ဟောင်း၏ဆရာ ဖြစ်ခဲ့ဖူးလေသည်။

အင်ပါယာခုံရုံးမှ ထိုအရာရှိများအား ထပ်ပေါင်းထည့်လိုက်ပါက ကျိုး မိသားစု၌ မြောက်မြားလှစွာသော ဩဇာတိက္ကမကြီးသည့် ပုဂ္ဂိုလ်များလည်း ရှိပေသည်။

•••••

All Chapters