ရှင်သန်ရန် အခွင့်အလမ်း
Vol. 17 Ch. 315
ကျိုးအကြီးအကဲအိုကြီး၏ အကြီးဆုံးမြေးမှာ ယခုအချိန်၌ ၅၀ နားနီးပြီဖြစ်၏။ သူသည် ဧကရာဇ်ဟောင်း၏ တတိယမင်းသမီးအား လက်ထပ်ထားသော အသုံးမကျသည့် အရာရှိတစ်ဦးဖြစ်လေသည်။
သူမသည်လည်း မင်းသမီး ရှင်းမော့ ၏ ညီမဖြစ်၏။
ဧကရာဇ်ဟောင်း၏ တတိယမင်းသမီးမှာ ကြင်ရာတော်မိဖုရားဟောင်းကျန်း မှ မွေးဖွားခဲ့ခြင်း မဟုတ်သော်လည်းကြင်ရာတော်မိဖုရားဟောင်းကျန်း မှ ပြုစုပျိုးထောင်ခဲ့သောသမီးဟု ယူဆနိုင်လေသည်။
မင်းသမီး ရှင်းမော့ ၏ ပျောက်ဆုံးသွားမှုကြောင့် ကြင်ရာတော်မိဖုရားဟောင်းကျန်း သည် ဤတတိယမင်းသမီးအား အလွန်ချစ်မြတ်နိုးလေသည်။ တော်ဝင်မိသားစုအကြောင်း နားမလည်သည့် သူမသည်ပင် ဤတတိယမင်းသမီး အလွန်အမင်း မျက်နှာသာပေးခံရကြောင်းအား သိပေသည်။
ဤအပတ်၌ ကြင်ရာတော်မင်းသမီးထံတွင် တော်ဝင်မိသားစုသို့ ဝင်ရောက်ကာ လက်ရှိဧကရာဇ်အတွက် တော်ဝင်သမီးတော်အား မွေးဖွားပေးခဲ့သည့် ညီမတစ်ယောက် ရှိလေ၏။
တော်ဝင်ဆွေမျိုးများမှာ အလွန်အမင်း အခွင့်ထူးရရှိသည်ဟု ပြောနိုင်ပေသည်။
ယခု ပြဿနာမှာ သင်္ချိုင်းမြေပုံပင်။
ဤမကောင်းဆိုးဝါးဝိညာဥ်သည် ကျိုး စံအိမ်သို့ ပြေးသွားခဲ့လေသည်။ သိသာစွာပင် တစ်စုံတစ်ခုသည်တော့ ဟုတ်မနေတော့ချေ။ ဖြစ်နိုင်တာက သူ တုန်လှုပ်ခြောက်ခြားလောက်စရာ ကိစ္စတချို့ကို ရှာတွေ့သွားတာလား?!
ရှဲ့ချောင်မှာ တွန့်ဆုတ်နေကာ လျင်မြန်စွာပင် နောက်ကြောင်းပြန်လှည့်လိုက်သည်။
သူမ အိမ်သို့ပြန်ရောက်သောအခါ အနည်းငယ်
စိတ်ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။
သူမသည် အလွန်များပြားသော လျှို့ဝှက်ချက်သေးသေးလေးများအား သယ်ဆောင်ထားကာ ယခုတွင် ပိုင်လိမိသားစုမှ သူမလက်ထဲတွင် ဖွက်ထားခဲ့သော ကမ္ဘာမြေပုံ ရှိနေဆဲဖြစ်၏။ ထိုအရာမှာ ယခုအချိန်အထိ အသုံးမပြုရသေးကာ ယခုအချိန်၌ သူမမှာ အမှန်တကယ်ပင်… သတင်းအပိုင်းအစအကြီးကြီးတစ်ခုအား ရရှိထားလေသည်။
ရှဲ့ချောင် အနည်းငယ် နုံးခွေနေလေပြီဖြစ်၏။
သူ သိထားတာ အရမ်းများနေရင် သူ မြန်မြန်သေမှာလား?
သူမသည် အပြင်ဘက်ကိုသာ တစ်ချက်မျှ ကြည့်
ခဲ့သောကြောင့် မကောင်းဆိုးဝါးဝိညာဥ်၏ ခန္ဓာကိုယ်မှာ ကျိုး စံအိမ်အတွင်း အမှန်တကယ်ရှိမရှိအား မသေချာပေ။ အကယ်၍ ရှိခဲ့လျှင်ပင် တည်နေရာအတိအကျအား သူမ မသိချေ။
လတ်တလောကမှ ကျိုး မိသားစုက… ဂုဏ်ပြုထမင်းစားပွဲကြီး ကျင်းပခဲ့တာမလား?
ရှဲ့ချောင် သူမမျက်ဝန်းများအား မှေးကျဥ်းလိုက်ကာ တစ်ခဏမျှ တွေးတောလိုက်သည်။
သူမသည် မင်းသမီး ရှင်းမော့ ၏ ဝိညာဥ်အား ဖမ်းပြီးဖြစ်၏။ ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးရန်လိုအပ်သည့် အချို့သောအရာများ ရှိနေသေးပေသည်။
နောက်ဆုံးတွင်တော့ ခြင်တစ်ကောင်သည် မည်မျှ
ပင်သေးငယ်ပါစေ ဘဝတစ်ခု ရှိနေသေးသည်ဖြစ်၏။ မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်အတွက် အလုပ်လုပ်ပေးရန်မှာ တာဝန်ဝတ္တရားပင်ဖြစ်သည်။
ကျိုး မိသားစုအကြောင်း သူမ များများစားစား မသိပေ။ ယခုတွင် နည်းနည်းပါးပါး မေးကြည့်ရန် သူမ တစ်စုံတစ်ယောက်အား ရှာရတော့မည်ပင်။
ရှဲ့နျိုရှန်း အိမ်သို့ပြန်ရောက်သောအခါ မြို့အပြင်မှ တပ်သားတစ်ယောက်အား စုဆောင်းရန်အကြောင်း ရှဲ့ချောင် ပြောလိုက်၏။
တပ်သားများစုဆောင်းရန်မှာ အရာရှိများဖြစ်လာရန်အတွက် ငွေပေးရခြင်းနှင့် ကွာခြားပေသည်။ စစ်သူကြီးတစ်ယောက်အနေဖြင့် ရှဲ့နျိုရှန်းသည် လူအချို့အား စစ်တပ်စခန်းသို့ ဝင်ရောက်ရန်အတွက် ရွေးချယ်ပေးရန် အရည်အချင်းပြည့်မှီ
လေသည်။ ထို့အပြင် အရွေးချယ်ခံလိုက်ရသည့်လူသည် တပ်သားသစ်တစ်ယောက်သာ ဖြစ်ပေမည်။ လူသစ်စုဆောင်းမှုလုပ်ငန်းစဥ်သည် ပုံမှန်လူသစ်စုဆောင်းမှု လိုအပ်ချက်များကိုသာ ကျော်ဖြတ်ရမည်ဖြစ်သဖြင့် ပြဿနာမရှိချေ။
ဤအရာသည်လည်း ရှဲ့ချောင်နှင့် ရှားယာ့ယွင်ကြားမှ အလောင်းအစားနှင့် ဆက်နွှယ်နေပေသည်။ ရှဲ့နျိုရှန်းသည် ထိုအရာအား အလွန်ပင် အာရုံစိုက်ထားလေသည်။
နောက်တစ်ရက်မနက်ခင်းတွင် သူသည် သူ၏လက်အောက်ငယ်သားများအား မြို့အပြင်သို့ တစ်ချက်သွားကြည့်စေလိုက်၏။
ရှဲ့နျိုရှန်းသည် အသေးအဖွဲလေးများအား ဂရုစိုက်တတ်သောလူတစ်ယောက် မဟုတ်ချေ။ သူတောင် ဒီကိုရောက်နေပြီးပြီကို သူက ဘယ်လို
လုပ် သူနဲ့အတူ လူတစ်ယောက်တည်းကိုပဲ ခေါ်လာရမှာတဲ့လဲ?
ထို့အပြင် မြို့အပြင်၌ မိသားစုမရှိ၊ ဆွေမျိုးနတ္ထိဖြစ်သည့် ဘေးဒုက္ခသည်များစွာ ရှိလေသည်။ ၎င်းတို့သည်လည်း အချိန်မဆိုင်းပင် စည်းရုံးခံရနိုင်၏။ လိုအပ်ချက်များမှာ ချရေးထားပြီးသား ဖြစ်ပေသည်။ ၎င်းတို့သည် ၎င်းတို့၏ ဘိုးဘေးဘီဘင်မျိုးဆက်သုံးဆက်အား ချရေးရမည်ပင်။ သူတို့၏ မိသားစုနောက်ခံမှာ သန့်ရှင်းရမည်ဖြစ်၏။ ထပ်ပေါင်းပြောရပါက သူတို့၏ အရပ်အမြင့်နှင့် ခွန်အားများသည်လည်း စစ်ဆေးရန် လိုအပ်မည်ဖြစ်လေသည်။
စစ်တပ်စခန်းအတွင်းတွင် သူတို့မှာ ဝေဒနာခံစားရမည်ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များမှာ အားနည်းပါက သဘာဝကျကျပင် ကျရှုံးမည်ဖြစ်ပေသည်။
ထိုဘေးဒုက္ခသည်များထဲမှ အရည်အချင်းပြည့်မှီသူမှာ များများစားစား မရှိချေ။
သို့သော်လည်း လုလင်းသည် ၎င်းတို့ထဲမှ တစ်ယောက်ပင်။
ရှဲ့နျိုရှန်း၏ ပွင့်လင်းကာ တရားဝင်ဖြစ်သည့် လူသစ်စုဆောင်းမှုနည်းလမ်းမှာ လုလင်းအား အံ့ဩသွားစေခဲ့ကာ သူ၏ အားနည်းသော မိမိကိုယ်ကိုလေးစားမှုလေးမှာ တစ်နည်းတစ်ဖုံ နှစ်သိမ့်ခံလိုက်ရလေသည်။
မည်သို့ပင်ဖြစ်စေ ဤကျေနပ်မှုလေးမှာ ကြာရှည်မခံလိုက်ပေ။
ရှဲ့နျိုရှန်းသည် တပ်သားသစ်အချို့အား စစ်တန်းလျားဆီသို့ ခေါ်ဆောင်သွားကာ စစ်ရာ
ချုပ်ဗိုလ် အား တိုက်ရိုက်ပင် ခေါ်လိုက်လေ၏။
“ ဒီကလေးတွေက အရမ်းပိန်လွန်းတယ်။ သူတို့ကို အပိုအစားအစာတွေပေးဖို့ သတိရပါ။ အစားအစာတိုင်းက လူနှစ်ယောက်စာ ဖြစ်နေရမယ်၊ ပြီးတော့ အစားအသောက်အတွက်ကို တပ်သားလစာထဲကနေ ဖြတ်ခံရမှာဖြစ်တယ်! တကယ်လို့ သူတို့ အဲ့တာကို ကုန်အောင်မရှင်းနိုင်ရင်…” ရှဲ့နျိုရှင်း လှောင်ပြုံးဖွဖွပြုံးလိုက်၏။ “ ဒါဆိုရင် သူတို့က ဗိုက်မဆာတာ ဒါမှမဟုတ် လုံလုံလောက်လောက် မပင်ပန်းသေးတာပဲ။ ပိုပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလိုက်! အထူးသဖြင့် သူ့ကိုပဲ”
သူ လုလင်းအား ညွှန်ပြလိုက်၏။
လုလင်း ခိုက်ခိုက်တုန်သွားလေသည်။
အစောပိုင်းက သူ့ထံတွင် တုံ့ဆိုင်းသောအတွေးတစ်ချို့ ရှိခဲ့သော်လည်း ယခုတွင်မူ ရှဲ့နျိုရှန်း၏ ခန့်ညားထည်ဝါသည့် ဂုဏ်သိက္ခာအား ခံစားမိလိုက်ရာ သူ့စိတ်ထဲတွင် ကျန်နေခဲ့သည့် အရာအားလုံးမှာ သူ့အသက်အား ကယ်ရန်အတွေးသာ ဖြစ်လေတော့သည်။
ရှဲ့နျိုရှန်းသည် ကောလဟာလများ ပြောသည့်အတိုင်းပင် အမှန်စင်စစ် ကြောက်လန့်ဖွယ်ကောင်းပေသည်!
ထိုအချိန်တစ်ခဏတွင် ခက်ခဲသည့်နေ့ရက်များမှာ အဆုံးတွင်တော့ ရောက်လာခဲ့လေပြီဖြစ်၏!
ရှဲ့နျိုရှန်း၏ လေ့ကျင့်ပေးမှုမှာ အခက်ခဲဆုံးဖြစ်လေသည်။ ကောင်းကောင်းဂရုစိုက်ပေးရန် နာမည်တပ်ပြောခံလိုက်ရသည့် လုလင်းမှာ သဘာဝအလျောက်ပင် အနားယူမှုနှင့် ယှဥ်လိုက်ပါက မ
ရေမတွက်နိုင်သော ဖိအားများအောက် ရောက်သွားလေတော့သည်!
မည်သို့ပင်ဖြစ်စေ လုလင်း ရှဲ့နျိုရှန်းအား မကျေမချမ်း မဖြစ်နိုင်ပါချေ။
အဘယ်ကြောင့်ဆိုသော် ရှဲ့နျိုရှန်းသည်… အထူးသဖြင့် သူ့အပေါ်၌ “ကောင်း”သည်ပင်!
လေ့ကျင့်ရေးဆင်းရသည့် နေ့ရက်တိုင်းပြီးနောက်တွင် သူ(ရှဲ့နျိုရှန်း)သည် အလွန်ကောင်းကာ သူ့အား ကိုယ်ခံပညာများသင်ပေးရန်ပင် သီးသန့် ခေါ်ယူပေးလေ၏!
လုလင်းသည် အရူးတစ်ယောက် မဟုတ်ချေ။ သူသည် ယခုလက်ရှိတွင် စစ်တပ်စခန်းအတွင်း၌ ဖြစ်ပေသည်။ သူ ပို၍သင်ယူလေလေ အနာဂတ်
ရှိ သူ၏ ရှင်သန်ရန်အခွင့်အလမ်းများမှာ ပိုကြီးမားလာလေလေဖြစ်ပေ၏!
•••••