← Chapters

စာမေးပွဲ

Vol. 17 Ch. 316

စာမေးပွဲ

Vol. 17 Ch. 316

လုလင်း စစ်တပ်စခန်းသို့ အပို့ခံလိုက်ရသည်နှင့် ရှားယာ့ယွင် နောက်သတင်းအပိုင်းအစတစ်ခုအား လက်ခံရရှိလိုက်သည်။

သူမ၏ ချစ်လှစွာသော လက်ဖက်ရည်ခွက်လေးအား ခွဲလိုက်မိသည်အထိ သူမ အလွန်ဒေါသထွက်လာကာ သူမ၏ မျက်နှာထားမှာ ကြမ်းကြုတ်ရက်စက်လာလေတော့သည်။

“ တကယ့်ကို သူက ငါ့အတွက် ကိစ္စတွေကို ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတာပဲ! အဲ့ဒီလူငယ်တွေ

ထဲက တစ်ဝက်လောက်က စစ်တပ်စခန်းကို တကယ်သွားကုန်ကြပြီ။ သူ တမင်သက်သက် ငါ့အမှတ်တွေကို ခိုးယူနေတာပဲ!” ရှားယာ့ယွင် အလွန်ဒေါသထွက်ကာ ဂနာမငြိမ်ဖြစ်နေခဲ့လေသည်။ “ အဲ့ဒီကျေးဇူးကန်းတတ်တဲ့ အကောင်တွေကတော့။ ငါ သူတို့ကို အခွင့်အရေးတွေ အများကြီးပေးခဲ့ပေမယ့် သူတို့ မလိုချင်ခဲ့ကြဘူး။ သူတို့တွေ စစ်တပ်စခန်းက နေရာကောင်းတစ်ခုလို့ တကယ့်ကို ထင်နေကြတာ! အရူးတစ်သိုက်ပဲ!”

စစ်တပ်စခန်းထဲ ရောက်သွားခဲ့ရင် သူတို့ရဲ့ လက်တွေနဲ့ ခြေထောက်တွေကိုတောင် ဆုံးရှုံးသွားနိုင်တယ်လေ!

ထို့အပြင် ရှဲ့နျိုရှန်း အခြေစိုက်ထားသည့် စစ်တပ်အုပ်စုသည် ချန်ယွမ်မင်းဆက်၏ စစ်ပွဲအတွက် တာဝန်ရှိသည်ဖြစ်၏။ အကယ်၍ အဓိကရုဏ်းတစ်ခုရှိခဲ့ပါက ၎င်းတို့သည် စစ်သည်များအား သေချာပေါက်ပို့မည်ဖြစ်ကာ ဝေဒနာခံစားရခြင်း

ဖြစ်နိုင်ချေမှာ အကြီးမားဆုံးဖြစ်နိုင်ပေသည်!

ထိုသူတို့အားလုံးသည် ဗဟုသုတနည်းကြကာ ထိန်းမနိုင်သိမ်းမရသော လူများဖြစ်ကြ၏။ အနာဂတ်တွင် သူတို့ စစ်မြေပြင်၌ သေဆုံးသွားသည့်အချိန်၌ သူမ ကမ်းလှမ်းခဲ့သည့် အခြေအနေများမှာ မည်မျှကောင်းကြောင်း သူတို့ သိသွားကြလိမ့်မည်ပင်!

“ အဲဒီလူငယ်တွေဆီကို ငှက်မွှေးသွပ်အိပ်ရာဖုံးအသစ်နည်းနည်း ပို့လိုက်။ သူတို့တွေ ထူထဲပြီး သင့်လျော်တဲ့အဝတ်တွေကို ဝတ်ရမယ်၊ ပြီးတော့ သူတို့ ဝမလာမချင်း ကျွေး။ နှစ်သစ်ပြီးသွားတဲ့အချိန်ကျရင် သူတို့တွေအားလုံးကို ကျောင်းတော်ကို ဖိတ်လိုက်။ ရှဲ့ချောင်ရဲ့ လူ ၅၀ နဲ့ ယှဥ်လိုက်တဲ့အခါကျရင် ဘယ်သူက သူတို့ကို အကောင်းဆုံးအရာတွေ ပေးသလဲဆိုတာ ငါတို့တွေ သဘာဝကျကျ မြင်ရလိမ့်မယ်!” ရှားယာ့ယွင် အံကြိတ်လိုက်၏။ သူမ ရှဲ့ချောင်အား အသက်ရှင်လျက်

အစိမ်းလိုက် ဝါးစားပစ်ချင်နေသည်။

ရှားယာ့ယွင်သည် ဒေါသထွက်နေသော်လည်း ရှဲ့ချောင်သည် ရယ်စရာကောင်းသည်ဟု တွေးနေလေ၏။

ရှဲ့ချောင်သည် ဆယ်ကျော်သက်အနည်းငယ်ကိုသာ စစ်တပ်စခန်းသို့ဝင်ရန် ကူညီရသေးသည်ဖြစ်ကာ လူများ မလုံလောက်သေးပေ။

သူမအတွက်လား?

သူမ ပစ္စည်းတစ်ချို့အား ရံဖန်ရံခါပို့ပေးရန်သာ လိုအပ်လေသည်။ ထိုဆယ်ကျော်သက်များသည် သူမအား နာခံလေ၏။

ယခု ရှားယာ့ယွင်ထံတွင် အချိန်အများအပြားရှိနေသောကြောင့် သူမ မြို့အပြင်သို့ နေ့တိုင်းထွက်ရန် မလိုအပ်တော့ချေ။

ကျောင်းတော်တွင် စာမေးပွဲစစ်ဆေးခြင်း အသစ်တစ်ဖန် ပြန်လည်စတင်နေပြီဖြစ်၏။

တော်ဝင်ကျောင်းတော်ရှိ စာမေးပွဲတိုင်းမှာ အလွန်အရေးကြီးသည်ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးကျောင်းတော်အတွက် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် စာမေးပွဲအသီးသီး၌ A ရရှိခဲ့ပါက ပိုကောင်းသည့်ခြံဝင်းသို့ သွားရန် သို့မဟုတ် ငွေပဲစေ့အနည်းငယ်အား ဆုအဖြစ်ရယူရန် ရွေးချယ်နိုင်လေသည်။ အကယ်၍ အလွန်ဆိုးဝါးစွာ လုပ်ခဲ့ပါက အဆင့်လျှော့ချခံရနိုင်သည်ဖြစ်၏။

ဤသည်မှာ ခြံဝင်းတစ်ခုချင်းစီမှ ကျောင်းသားများသည် တူညီသည့်စံနှုန်းရှိကြောင်း သေချာစေ

ရန်အတွက်ဖြစ်ကာ ထိုမှသာ ဆရာများမှ ၎င်းတို့အား ပိုကောင်းမွန်စွာ သင်ကြားပေးနိုင်မည်ဖြစ်လေသည်။

စာမေးပွဲမှာ ပိုအရေးကြီးသောကြောင့် ရှဲ့ချောင် လာရလေ၏။

စာမေးပွဲသည် သုံးရက်ကြာမည်ဖြစ်သည်ပင်။ အမျိုးသားဘက်ခြမ်းသည် အင်ပါယာခုံရုံး၏ စစ်ဆေးခြင်းအား အသုံးပြုမည်ဖြစ်ကာ အမျိုးသမီးဘက်ခြမ်းတွင် အမျိုးစုံသော မေးခွန်းများရှိမည်ဖြစ်၏။

ဆရာတိုင်းမှ စာမေးပွဲမေးခွန်းများနှင့် လာရောက်ရမည်ဖြစ်လေသည်။ လက်နက်တပ်ဆင်ခြင်းသင်ခန်းစာများထက် ပန်းထိုးအတတ်နှင့် ဂန္တဝင်လက်ဖက်ရည်သင်ခန်းစာများတွင်ပင်လည်း ရေးသားမှုစစ်ဆေးခြင်း ရှိလေသည်။

မည်သို့ပင်ဖြစ်စေ ကျောင်းတော်အား ပုံမှန်အတိုင်းဝင်လာသူတစ်ယောက်မဟုတ်လျှင် ထိုသင်ခန်းစာများအား မယူရန် ၎င်းတို့ ရွေးချယ်နိုင်ပေသည်။

ရှဲ့ချောင်သည် များသောအားဖြင့် ဆရာလု၏ အတန်းအားတက်သည်ဖြစ်၏။ သူသည် စာအုပ်လေးအုပ်နှင့် ဂန္တဝင်စာပေငါးခု၊ ကမ္ဘာကြီး၏ဟန်ပန်နှင့် သမိုင်းအကြောင်းအား ပြောပြလေသည်။

သို့သော်လည်း ဤအတန်းတစ်ခုတည်းကိုသာ ယူရန်မှာ သိသိသာသာပင် မလုံလောက်ချေ။ ထို့ကြောင့် ရှဲ့ချောင် ထိုအကြောင်းအား စဥ်းစားကာ ဂဏန်းသင်္ချာနှင့် ပန်းများအကြောင်းနည်းလမ်းကိုပါ စစ်ဆေးကြည့်ရန် တွေးလိုက်သည်။

ပန်းများအကြောင်းနည်းလမ်းမှာ အရာဝတ္ထုများနှင့် ရုပ်ပုံများကို သိရှိရန်သာမဟုတ်ပဲ ပန်းများအား စိုက်ပျိုးခြင်းနှင့် စီစဥ်ခြင်းပါ,ပါလေသည်။ ထိုအထဲတွင်ပါ်ဝင်သည့် ပန်းများနှင့်ပက်သက်သည့် ကဗျာတစ်ချို့ပါ ပါရှိလေသည်။ ထိုသည်မှာ အတော်လေးခက်ခဲလှသည်ပင်။

ရှဲ့ချောင် ကျောင်းတော်သို့ပြန်ရောက်သောအခါ သူမ ရှားယာ့ယွင်အား တွေ့လိုက်လေသည်။ ရန်သူများ၏ တွေ့ဆုံခြင်း၊ ၎င်းတို့၏ မျက်လုံးများမှာ အနီခြင်းခြင်းတောက်နေလေသည်။

လက်ရှိတွင် ရှဲ့ချောင်မှာ အတန်းများအားလုံးနီးပါးအား ပျက်ကွက်မိသကဲ့သို့ဖြစ်သွားသောကြောင့် သူမ ပေါ်လာသည့်အချိန်တွင် စိုးရိမ်ပူပန်နေသည့် အကြည့်များစွာ ရှိနေလေ၏။

“ ရှဲ့ချောင် နင် စိတ်ပူစရာမလိုဘူးနော်။ နင် အခုတလော မလာဘဲ ခန္ဓာကိုယ်က အားနည်းနေတယ်။ နင် စာမေးပွဲမအောင်ရင်တောင် ဆရာက နားလည်ပေးမှာပါ။ နင် ခရေခြံဝင်းကို အဆင့်လျှော့မခံရပါဘူး”

“ ဒါက အခုတလော ဆရာပြောပြောနေတဲ့ဟာပဲ။ စာကြောင်းတွေကို နင် မှတ်နိုင်သလောက် များများမှတ်မိအောင် ကြိုးစားကြည့်။ နင် အမှတ်မှီချင်မှီနေမှာ!”

ရှဲ့ချောင်၏ ဘေးနားတစ်ဝိုက်တွင် သူမအား နှစ်သိမ့်ပေးသောသူများစွာ ရှိလေသည်။

ရှဲ့ဖင်းဟွိုက်၏ အခြေအနေအတွက် ၎င်းတို့၏ သနားကြင်နာမှုအား ဖော်ပြကြသည့် လူအချို့ပင် ရှိနေသေး၏။

ဤရက်အနည်းငယ်အတွင်းတွင် ရှဲ့ဖင်းဟွိုက်သည် အိမ်၌ ထူထူထောင်ထောင်ပြန်ဖြစ်ရန် အားဖြည့်နေလေ၏။ သူသည် မူလက ကြွေပန်းခြံဝန်းမှဖြစ်ကာ သူ၏ ဒဏ်ရာအတွက် အကြောင်းပြချက်မှာ လေးစားချီးမွမ်းဖွယ်ကောင်းလေသည်။ ထို့ကြောင့် သူသည် စာမေးပွဲအား လုံးဝမလာပဲ နေနိုင်ပေသည်။

ရှားယာ့ယွင် လူတိုင်းထံ၌ ပြောင်းလဲမှုများအား ခံစားမိလိုက်၏။

ရှဲ့ချောင် ပထမဆုံး ကျောင်းတော်သို့ လာခဲ့ချိန်၌ သိသာစွာပင် လူတိုင်း သူမအား မုန်းခဲ့ကြသည်ပင်!

ရှဲ့ချောင်က မြေခွေးမများလား? သူ ဘယ်လိုများ ပြုစားလိုက်တာလဲ?

•••••••

All Chapters