သူ့ကို လွှတ်လိုက်
Vol. 17 Ch. 317
ရှားယာ့ယွင် ထိုအရာအား မတတ်နိုင်သလို ဖြစ်လည်းမဖြစ်စေချင်ပေ။
ယခုတွင် သူမသည် သစ်ခွခြံဝင်း၌ဖြစ်ကာ သူမ ဂရုစိုက်သည့်လူအချို့သည် သူမအား စကားမပြောချင်ကြတော့ချေ။ ထို့ကြောင့် သူမ ရန်သူများပို၍ ဖန်တီးမိမည်အား ဂရုမစိုက်တော့။
“ အဲ့တာက အပြင်မှာ လည်ပတ်နေတဲ့ ကောလဟာလလေးနည်းနည်းတင်ပါပဲ၊ ပြီးတော့ အဲ့တာကို အမှန်လို့ နင်တို့ထင်ကြတယ်ပေါ့? ရှဲ့မိသားစုက ကောင်းတဲ့လူတွေလို့ ထင်ကြတာလား? ရှဲ့ဖင်းကန်းက အစ်မသုန့်ကို အနိုင်ကျင့်
လုနီးပါးဖြစ်ခဲ့တာကို နင်တို့အားလုံး မေ့သွားကြပြီလား?” ရှားယာ့ယွင် သရော်ပြုံး,ပြုံးကာ ပြောလိုက်၏။
လူတိုင်း တိတ်ဆိတ်သွားကြလေသည်။
“ ရှားသခင်မလေး၊ ရှဲ့ဖင်းကန်းရဲ့ကိစ္စက ရှဲ့ချောင်နဲ့ မဆိုင်ဘူးလေ၊ ဟုတ်တယ်မလား?” တစ်စုံတစ်ယောက်မှ မေးလိုက်၏။
“ ဘာမှမဆိုင်ဘူး? မိန်းမတစ်ယောက်ရဲ့ ဂုဏ်သတင်းက အရမ်းအရေးကြီးတယ်။ ရှဲ့ဖင်းကန်းက ငါ့အစ်မသုန့်ကို ချစ်ကျွမ်းဝင်ခဲ့တယ်။ သူ့ပိုးပန်းမှု ကျရှုံးသွားတဲ့အချိန်မှာ သူ(ရှဲ့ဖင်းကန်း)က တကယ်တော့ သူ(အစ်မသုန့်)ကို ရိုက်ချင်ခဲ့တာ။ သူ ငါ့အစ်မသုန့်ရဲ့ မျက်နှာကို ဆုံးရှုံးအောင် လုပ်မိလုနီးပါးပဲ! ဒါကသာ နင်တို့တွေဆီမှာ ဖြစ်ပျက်ခဲ့မယ်ဆိုရင် ရှဲ့ချောင်က အပြစ်ကင်း
ပါတယ်လို့ စဥ်းစားကြမှာလား?! သူ့မျိုးရိုးနာမည်က ရှဲ့ဖြစ်နေကတည်းက သူ ဘယ်တော့မှ အပြစ်မကင်းတော့ဘူး!” ရှားယာ့ယွင် ထပ်ပြောလိုက်လေသည်။
ရှဲ့ချောင် ထိုသည်အားကြားကာ သူမအား ကြည့်လိုက်၏။
“ အဲ့တာကို သေချာတွေးကြည့်ကြရအောင်။ ရှားသခင်မလေးက သုန့်သခင်မလေးကို အကြိမ်ပေါင်းများစွာ ရည်ညွှန်းပြောဆိုခဲ့တယ်နော်။ ဆိုတော့ နင်ငါ့ကို အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့တာက သုန့်သခင်မလေးအတွက် ကလဲ့စားချေဖို့ပေါ့? ဒါပေမယ့် ပျိုနီပန်းခြံဝင်းက သုန့်သခင်မလေးက နင့်အတွက် ဘယ်တုန်းကမှ မရပ်တည်ပေးခဲ့ဖူးဘူးလို့…ငါ ဘာလို့ ခံစားမိနေတာပါလိမ့်?” ရှဲ့ချောင် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
အင်ပါယာနန်းတော်တွင်ဖြစ်စေ၊ ကျောင်းတော်တွင်ဖြစ်စေ သုန့်ရှီးယွင်သည် သူမကိုယ်သူမ ကာကွယ်ရာ၌ အလွန်တော်သည်ပင်။
“ နင်က သူ့ကိုပါ လုပ်ကြံပြီးအသရေဖျက်ချင်နေတုန်းလား? နင်က နင့်အစ်ကိုအတိုင်းပါပဲလား၊ အရှက်မရှိတဲ့ အပျက်မ!” ရှားယာ့ယွင် တိုက်ရိုက်ကျိန်ဆဲလိုက်၏။
ရှဲ့ချောင်၏မျက်နှာမှာ အေးစက်သွားလေတော့သည်။
“ ငါ့အစ်ကိုရဲ့ ကိစ္စအကြောင်းကို နည်းနည်းလေးပဲ ကြားဖူးခဲ့တာ။ အဲ့ဒီအချိန်တုန်းက အနားမှာ သုန့်ရှီးယွင်ရဲ့ အစေခံပဲ ရှိနေပြီးတော့ သက်သေခံဖို့အတွက် ဘယ်သူမှ ရှိမနေခဲ့ဘူးလေ။ ငါ့အစ်ကိုကြီးက မိန်းမတွေကို ဘယ်တုန်းကမှ စိတ်မဝင်စား
ခဲ့ဘူး။ သူ လုပ်ခဲ့တာလား ဒါမှမဟုတ် တစ်ယောက်ယောက်က မတရားအမှုဆင်ခဲ့တာလားဆိုတာကို ပြောဖို့ခက်ခဲတယ်!” ရှဲ့ချောင် အေးစက်စွာ ပြောလိုက်၏။
သူ့အစ်ကိုကြီးရဲ့ ကံကြမ္မာသာ မပြောင်းလဲဘူးဆိုရင် သူ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ သေချာပေါက်ကို သူ ဘယ်ဇနီးကိုမှ လက်ထပ်နိုင်မှာမဟုတ်ဘူး!
သူသည် စိတ်ကူးယဥ်ဆန်မှုအား နားမလည်သလို မိန်းမများနှင့်လည်း ဆက်ဆံရေးမကောင်းပေ။ ဒီလိုလူမျိုးက ဘယ်လိုလုပ် ဒုန်ရှီယွင်ကို အရှက်ခွဲမှာတဲ့လဲ?!
သူမ ဘယ်တုန်းကမှ ထိုအရာအား မယုံကြည်ခဲ့ပါချေ!
“ ရှဲ့ချောင်၊ အရမ်းရှည်ရှည်ဝေးဝေးတွေ ထည့်မပြောနဲ့! နင် ဘာကိုဆိုလိုချင်တာလဲ! ငါ့အစ်မသုန့်က သူ့ကို သိတောင်မသိဘူး။ ဘာလို့ သူက သူ့ရဲ့ကိုယ်ပိုင်အပြစ်ကင်းမှုကို သုံးပြီး ရှဲ့ဖင်းကန်းကို အမှုဆင်ရမှာတဲ့လဲ?! နင့်ရဲ့ ရှဲ့မိသားစုက တကယ့်ကို အမှန်တရားကို လှည့်ပစ်နိုင်တာပဲနော်!” ရှားယာ့ယွင်သည် ပို၍ပင် ဒေါသထွက်လာလေတော့၏။
“ ငါ့အစ်ကိုရဲ့ ဘေးနားမှာ ယင်မတစ်ကောင်တောင် မရှိဘူးဆိုတာကို လူတိုင်းသိကြတယ်။ သူက အမြဲတန်း သန့်ရှင်းပြီး ကိုယ့်ကိုကိုယ်ပဲ ချစ်နေတာ။ ရုတ်တရက်ကြီး အဲ့ဒီလိုမကောင်းသတင်း ပျံ့သွားဖို့ဆိုတာ ပုံမှန်မဟုတ်ဘူး။ ဖြစ်နိုင်တာက…” ရှဲ့ချောင် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမလက်ထဲမှ စာအုပ်အားလှန်လိုက်ရင်း မျက်ခုံးများ နှိမ့်ချလိုက်ကာ ဖြေးညင်းစွာပြောလိုက်၏။ “ မိန်းမငယ်လေးတစ်ယောက်ရဲ့အချစ်က ငါ့အစ်ကိုဆီကနေ အငြင်းခံလိုက်ရတယ်။ သူက ရုတ်တရက်ကြီး တစ်ခုခုလုပ်ဖို့ကြံစည်ပြီး အဓိပ္ပာယ်မရှိတဲ့
ပေါက်ကရတွေ စပြီးပြောတာရော မဖြစ်နိုင်ဘူးလား?”
ထိုအရာအား ရှဲ့ချောင် ပြောလိုက်သည့်အချိန်၌ ရှားယာ့ယွင်မှာ ဒေါသထွက်လွန်းသောကြောင့် မီးတောက်နေပြီ ဖြစ်လေသည်။
“ ရှဲ့ချောင်၊ နင့်မှာ အရှက်တရား လုံးဝကို မရှိဘူးပဲ။ အစ်မသုန့်ကို နင် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အရှက်ခွဲနိုင်ရတာလဲ?!” ရှားယာ့ယွင်သည် ရှေ့သို့ဆက်သွားကာ ရှဲ့ချောင်အား သေသည်အထိ လည်ပင်းညှစ်သတ်ချင်နေခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်သည်တော့ အလျင်လိုနေပုံမပေါ်ခဲ့ချေ။ “ သုန့်သခင်မလေး အသာထား၊ ကျွန်မအစ်ကိုက မိန်းမတွေအပေါ်မှာ လေးစားမှုမရှိဘူးလို့ ရှင်တို့ထဲက တစ်ယောက်ယောက်များ ကြားဖူးကြပါသလား? ကျွန်မအစ်ကိုက လက်ထပ်
ရမယ့်အရွယ်ကို ကျော်လွန်ပြီးနေပြီ။ သူက အခုထိ လူပျိုပဲရှိသေးတယ်။ သူ လုပ်ချင်သမျှအရာအားလုံးက အင်ပါယာခုံရုံးကို အမှုထမ်းဖို့ပဲ။ သူက ဘယ်လိုတဏှာရာဂရှိရမလဲဆိုတာကို မသိဘူး။ ဇနီးတစ်ယောက်ရဖို့ အချိန်ကိုရောက်လာတိုင်း သူက ဉာဏ်အလင်းပွင့်ဖို့ လိုနေတုန်းပဲ!”
“ သခင်မလေးသုန့်ရဲ့ ဂုဏ်သတင်းက တန်ဖိုးရှိပေမယ့် ငါ့အစ်ကိုကျ တန်ဖိုးမရှိတာက အဓိပ္ပာယ်မရှိဘူးလေ၊ ဟုတ်တယ်မလား? ဆူဆူညံညံတွေကို သခင်မလေးသုန့်က စလုပ်တာကြောင့်နဲ့တင်လေ? အဲ့တာ နည်းနည်းလောက် ပျော့ညံ့နုံချာနေတာ မဟုတ်ဘူးလား?”
“ အဲ့တာကသာ ပြဿနာဆိုရင် နောက်ကျ ငါ့အစ်ကိုကြီးကို အနာဂတ်မှာ အရမ်းဩဇာပြည့်လျှမ်းမနေဖို့ ပြောရတော့မှာပဲ။ သူက လူဆိုးတစ်ယောက်နဲ့ တူနေတယ်လေ။ အနာဂတ်မှာ သုန့်သခင်မလေးက အနားကိုလာပြီး သုံးမီတာ
အတွင်း ဆူဆူညံညံတွေလုပ်မယ်ဆိုရင် သူက သနားဖို့ကောင်းတာကို သုန့်သခင်မလေးမြင်ရလိမ့်မယ်ဆိုတာ ငါ သေချာတယ်။ အဲဒီ့တော့ သူ(မ) သူ့ကို လွှတ်ပေးလိုက်လိမ့်မယ်” ရှဲ့ချောင် ပိဋကကျမ်းအား အာဂုံဆောင်သလိုပင် နူးညံ့စွာ ပြောလိုက်၏။
ဤစကားလုံးများမှာ လူတိုင်း၏ အသိအမြင်များအား ဖြိုဖျက်လိုက်လေသည်။
၎င်းတို့သည် အနည်းငယ်ပင် ဇဝေဇဝါဖြစ်သွားကြလေ၏။ ရှဲ့ဖင်းကန်းက တကယ့်ကို အပြစ်ကင်းတာရော မဖြစ်နိုင်ဘူးလား?!
ထိုသည်မှာ ဖြစ်နိုင်ချေမရှိ။ သုန့်ရှီးယွင်သည် အရည်အချင်းရှိသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် ဤမျှလောက် မိမိကိုယ်ကို နှိမ့်ချနေမည်မဟုတ်ချေ။
ရှဲ့ချောင်သည် အနည်းငယ်မျှ စကားပို၍ပြောခဲ့သော်လည်း အဆုံးတွင် ဤအခြင်းအရာအား စတင်ခဲ့သည်သူမှာ ရှားယာ့ယွင်ဖြစ်လေသည်။ လူတိုင်းသည် အစွမ်းကုန်ပင် မကြားချင်ယောင်ဆောင်နေကြလေ၏။
ကျန်သည့်သူများမှာ ရှားယာ့ယွင်ကဲ့သို့ မဟုတ်ပဲ ၎င်းတို့ သွားသမျှနေရာတိုင်းတွင် သုန့်ရှီယွင်အတွက် အာမခံပေးကြလေ၏။
••••••