တောင်းပန်ခြင်း
Vol. 17 Ch. 318
ရှားယာ့ယွင်မှာ ထိန်းချုပ်ထားရင်း မျက်နှာနီရဲလာလေသည်။
ရှဲ့ချောင်သည် ထိုကဲ့သို့သောအရာများအား ပြောနိုင်စွမ်းရှိလိမ့်မည်ဟု သူမ မသိခဲ့ပေ!
သူမသည် အမြဲလိုလို သေတော့မည့်ပုံစံပေါက်နေသော်လည်း သူမ ပြောသမျှစကားလုံးတိုင်းမှာ ပြင်းထန်လှသည်ပင်!
“ အရှက်မရှိလိုက်တာ! နင် အရှက်မရှိချက်!” ရှားယာ့ယွင်သည် အော်ဟစ်လုနီးပါးဖြစ်ကာ “ နင့်အစ်ကိုကြီးက ငါ့အစ်မသုန့်ရဲ့ လက်ချောင်းတစ်ချောင်းလောက်တောင် မတန်ဘူး! သူက ဘယ်လိုတောင် ဒီလိုပေါက်ကရတွေကို ပြောရဲရတာလဲ?! နင်တို့ရှဲ့မိသားစုက ဓားပြတွေအနေနဲ့ မွေးဖွားလာပြီးတော့ နင်တို့မိသားစုတစ်ခုလုံးက အရူးနဲ့ အမှိုက်တစ်သိုက်ပဲ။ တော်ဝင်မင်းဆရာကြီး က နင်တို့ကို ထောက်ခံပေးထားတာကြောင့်သာမဟုတ်ရင် နင်တို့ရှဲ့မိသားစုရဲ့နောက်ခံသက်သက်က မြို့တော်မှာ ရှင်သန်နိုင်ဖို့ လုံလောက်မယ်လို့ထင်နေလား?!”
ရှဲ့ချောင်၏ အေးစက်စက်အကြည့်မှာ ရှားယာ့ယွင်ထံ ဖြတ်သန်းသွားလေသည်။
သူမသည် ပျာယာခတ်မနေသလို ဒေါသလည်း ထွက်မနေပဲ သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေလေသည်။
“ နင်က ဒီလောက်အတိုင်းအတာအထိ ငါ့ကို ဝေဖန်ပြီးပြီဆိုမှတော့ ငါ နင့်ကို အလျှော့မပေးသင့်တော့ဘူးပဲ။ ရှဲ့ချောင် သူမစာအုပ်အား ပိတ်လိုက်ပြီး တစ်ခဏမျှ အလေးအနက်စဥ်းစားနေပုံပေါ်ကာ ထို့နောက်မှသာ သူမ၏ပါးစပ်ကို ဖွင့်ကာ ပြောလိုက်လေသည်။ “ ငါ့မိသားစုက တကယ့်ကို ဓားပြအနေနဲ့ မွေးဖွားလာတာ။ ဒါပေမယ့် ရှားမိန်းကလေး၊ နင့်လိုမျိုး တူညီတဲ့ကျောင်းတော်မှာ ဒီဓားပြရဲ့သမီးက ရှိနေနိုင်တာ ငါ့ ကံကကောင်းတာပဲနော်။ ရှားမိန်းကလေး၊ နင်နဲ့မတူတာက နင်
က ငယ်ငယ်ကတည်းက ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာပေမယ့် နင်လည်း အရွယ်ရောက်လာရော နိမ့်ကျသွားရောနော်”
“ အခု နင့်ကို ကြည့်ပါဦး။ နင့်ရဲ့ ခက်ထန်တဲ့ မျက်လုံးတွေက အဖြူဘက်ကို ပြောင်းနေပြီ၊ နင့်ရဲ့ နှလုံးသားက အဆိပ်လိုပဲ၊ နင့်ရဲ့ ယောက်ျားဆန်တဲ့အသံက ကြမ်းတမ်းပြီး ခက်ထန်နေတယ်၊ ပြီးတော့ နင်က မသိနားမလည်မှုနဲ့ ဇွတ်တရွတ်ဆန်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အနာဂတ်ကျရင် နင့်မှာ ဇာတ်သိမ်းကောင်းတစ်ခု မရှိမှာကို စိုးရိမ်မိတယ်” ရှဲ့ချောင် ထေ့ငေါ့၍ ပြောလိုက်၏။
သူမ၏ ကံကြမ္မာသည် အမှန်ပင် ကောင်းမွန်ပေသည်။
သို့သော်လည်း သူမ၏ နှလုံးသားမှာ မလိုမုန်းထားယုတ်မာလျှင် သူမ၏ မျက်လုံးများအတွင်း၌
ကျိန်းသေပေါ်နေလိမ့်မည်ဖြစ်၏။ သူမ၏ မျက်လုံးများမှာ ရက်စက်ပြီး သူမ၏ အသံသည် မနှစ်မြို့ဖွယ်ဖြစ်ကာ သူမ၏ နှာခေါင်းသည် နူးညံ့နေလေသည်။ နန်းတော်သို့လက်ထပ်ဝင်မှုပေါ်မှ လမ်းကြောင်းများ ပြောင်းသွားကာ သူမသည် ဇနီးနေရာ ရမည် မဟုတ်တော့ချေ!
သူမသည် ချမ်းသာလျှင်ပင် ဇနီးဖြစ်လာတော့မည် မဟုတ်တော့!
ရှားယာ့ယွင်၏ မျက်နှာမှာ မလိုမုန်းထားကာ မကျေမချမ်းမှုများနှင့် ဖြစ်ပြီး “ ငါ့မှာ အဆုံးသတ်ကောင်း ရှိမလာဘူး?! ရှဲ့ချောင်ရေ ငါတို့ကြားမှာ ဘယ်သူကများ စိတ်မချမ်းမြေ့ဖွယ်အဆုံးသတ် ရှိလာမလဲဆိုတာ ငါကြည့်ချင်မိပါရဲ့!”
ရှားယာ့ယွင်သည် ကြမ်းတမ်းသည့်ထင်မြင်ချက်အား ပြောဆိုလိုက်၏။
ကနဦးတွင်တော့ ရှဲ့ချောင်အား အနိုင်ရကာ သူမအား ကျောင်းတော်မှ မောင်းထုတ်ရန်သာ လိုခဲ့လေသည်။ သို့သော်လည်း ယခုတွင်မူ…
ထိုသည်မှာ လုံလောက်ခြင်းမှ ဝေးကွာခဲ့ပြီဖြစ်၏!
အခြားလူများမှာ ရှားယာ့ယွင်၏ အပြုအမူကြောင့် တုန်လှုပ်အံ့ဩသွားကြလေသည်။
ပြီးနောက် ထိခိုက်အောင်လုပ်သဖြင့် တစ်ခုခုပြန်လုပ်လိုသော စကားလုံးများသည် သင့်လျော်သည့် အချိန်မတိုင်မီ ပျိုနီပန်းခြံဝင်းအတွင်းမှ သုန့်ရှီးယွင်၏ နားများဆီသို့ ရောက်ရှိသွားလေတော့သည်။
ရှဲ့ချောင် ပြောခဲ့သည်များအား ကြားသောအခါ သုန့်ရှီးယွင်၏ မျက်နှာမှာ ဖြူဖျော့သွားကာ မျက်ရည်များ ကျဆင်းလာလေတော့၏။ သူမ၏ ခေါင်းကိုမြှုပ်ကာ ငိုကြွေးနေခြင်းမှာ များစွာသောလူများအား စိတ်နှလုံးကြေကွဲသွားစေလေသည်။
အမျိုးသားများ၏ ဘက်ခြမ်းတွင် ရုတ်ရုတ်သဲသဲဖြစ်ခြင်းအား ကြား၍ လာရောက်သောသူများလည်း ရှိပေသည်။ ၎င်းတို့ သုန့်ရှီးယွင်အား နှစ်သိမ့်ပေးကြသော်လည်း အသုံးမဝင်ပေ။
အခြားလူများ၏ ပါးစပ်မှ ရှဲ့ချောင်၏ အသရေဖျက်မှုအား ၎င်းတို့ ကြားကြသောအခါ ၎င်းတို့၏ ဒေါသများအား ချုပ်တည်းမထားနိုင်ကြတော့ချေ။
၎င်းတို့သည် ချက်ချင်းပင် သူတို့၏ ခြံဝင်းသို့ လာ
ခဲ့ကြလေ၏။
“ ရှဲ့သခင်မလေး၊ အမျိုးသမီးတစ်ယောက်အနေနဲ့ မင်း ဘယ်လိုတောင် အရမ်းရက်စက်နိုင်ရတာလဲ? သုန့်သခင်မလေးကို မြန်မြန်တောင်းပန်လိုက်စမ်း!” ရောက်ရှိလာသောလူအား ရှဲ့ချောင် သိလေ၏။ ထိုသူ့အမည်မှာ ချီဟွိုက် ဖြစ်ရမည်ပင်။
စောစောပိုင်းတွင် ပန်းချီကားအတုအသုံးပြုခြင်းအတွက် ၎င်းတို့ သူမအား အသရေဖျက်လုပ်ကြံခဲ့စဥ်က ဤလူသည် ကျောင်းတော်၏ အမျိုးသားခေါင်းဆောင်ဖြစ်ကာ သူမအပေါ် ရန်မူကြမ်းကြုတ်ခဲ့လေသည်။
ထိုသည်မှာ သူမ၏အိမ်စာအား ပြန်လည်သုံးသပ်ရန် ရှဲ့ချောင်အတွက် အတော်လေးခက်ခဲခဲ့လေ၏။
ဒီလူအုပ်စုတွေက အချိန်တွေ အရမ်းပေါနေတာပဲဖြစ်ရမယ်။
“ ကျွန်မ ဘာအမှားကိုမှ လုပ်မထားဘူး။ ကျွန်မ တောင်းပန်မှာ မဟုတ်ဘူး” ရှဲ့ချောင်သည် ထိုနေရာ၌ ဘုန်းကြီးအိုကြီးတစ်ပါးကဲ့သို့ ထိုင်ကာ အတော်လေး အေးဆေးနေလေသည်။
ချီဟွိုက်ဒေါသထွက်ကာ “ မင်း ဘာလို့ လူစကား နားမလည်တာလဲ? အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေက မင်းအစ်ကိုကြီးရဲ့ အမှားပဲ။ သုန့်သခင်မလေးက ကြင်နာတတ်ပြီးတော့ သူနဲ့ မငြင်းခုံခဲ့ဘူး။ မင်း အဲ့တာကို သုန့်သခင်မလေး ဝမ်းနည်းအောင် ဘာလို့များ တမင်သက်သက် ထုတ်ပြောရတာလဲ?!”
ရှဲ့ချောင် သူမခေါင်းအား ငေါ့တော့တော့ ပင့်မော့
လိုက်၏။
သူမ(သုန့်သခင်မလေး)က သူ့အစ်ကိုကြီးနဲ့ မငြင်းခုံခဲ့ဘူးလား?
အစောပိုင်းတွင် သူမ၏ အကြီးဆုံးအစ်ကိုသည် စစ်တပ်စခန်းထဲ၌ အဆင့်ရှစ်အရာရှိ ဖြစ်ခဲ့လေသည်။ သူ၏ လူရိုင်းများအား တိုက်ခိုက်ခြင်း စစ်အောင်မြင်မှုနှင့် သူ၏ ကိုယ်ပိုင်အားအင်အရ စစ်တပ်စခန်းတွင် ထာဝရနေခဲ့ပါက သူ့အနာဂတ်မှာ တောက်ပနေပေမည်။
သုန့်ရှီးယွင်၏ အရေးကိစ္စကြောင့် သူ၏ရာထူးအား ဆုံးရှုံးလိုက်ရလေသည်။
ထို့ကြောင့် သူသည် ပြစ်မှုရေးရာဌာနခွဲသို့ လက်မရွံ့ပါးကွက်သားအနေဖြင့်သာ
လက်တိုလက်တောင်းများလုပ်ရန် သွားနိုင်လေတော့၏။
ထိုလက်တိုလက်တောင်းအလုပ်သည် သမားရိုးကျလုပ်သားနှင့်စာလျှင် အနည်းငယ်သာ ပိုကောင်းသော်လည်း အလုပ်မှာမူ အတူတူနီးပါးသာ ဖြစ်ပေသည်။ သူသည် တစ်ခါတည်းနှင့် အမှုနှစ်ခုအား ဖြေရှင်းခဲ့ခြင်း၊ ချီးကျူးမှုအားလုံးအား ယူခြင်း၊ အိမ်ရှေ့စံ၏ နှစ်သက်မှုအား အနိုင်ရခဲ့ခြင်းဟူသည့် အချက်များသာ မရှိခဲ့ပါက သင့်လျော်သည့် အရာရှိရာထူးအား ရရှိရန် နှစ်အနည်းငယ် ကြာမြင့်နိုင်သည်ဖြစ်၏။ အချက်အလက်ကျကျ ပြောရလျှင် သူသည် အဆင့်တစ်ခုပြီး တစ်ခုသို့ပင် တွယ်တက်ရပေလိမ့်မည်!
သူ၏ လက်ရှိရာထူးမှာ အဆင့်ရှစ်အရာရှိသာ ဖြစ်သော်လည်း သူသာ အလုပ်ကြိုးစားပါက အချို့လူများ ၎င်းတို့၏ လက်ကျန်ဘဝသက်တမ်း
တစ်လျှောက်တွင် မရရှိနိုင်လောက်သည့် အရာများအား အောင်မြင်စွာ ရယူနိုင်ပေ၏!
•••••