စကပ်အောက်မှလူ
Vol. 17 Ch. 319
သုန့်ရှီးယွင်သည် အဘယ်ကြောင့် သူမ၏အစ်ကိုကြီးအား ပစ်မှတ်ထားနေမှန်း ရှဲ့ချောင် တွေးမရပေ။ ၎င်းတို့နှစ်ဦးကြားတွင် မည်သည့်ဆက်နွှယ်မှုမှလည်း လုံးဝမရှိပါချေ။
မည်သို့ပင်ဖြစ်စေ သုန့်ရှီးယွင်သည် ကျိန်းသေပေါက် လူကောင်းတစ်ယောက်မဟုတ်ကြောင်း သူမ သိ၏။
သုန့်ရှီးယွင်ထံမှ ပစ်မှတ်ထားခံရသော သူမအစ်ကိုကြီးမှာ ကံခေလှသည်ပင်။
ကံကောင်းထောက်မစွာပင် နောင်အခါ၌ မည်သည့်ပါဝင်ပက်သက်မှုမျှ မရှိတော့ချေ။ တစ်နည်းအားဖြင့် ပြောရပါက နှလုံးသွင်းနိုင်သည့် သုန့်ရှီးယွင်၏ စွမ်းရည်နှင့်ဆိုလျှင် သူမအစ်ကိုကြီးအတွက် အခြေအနေအား ပြောင်းပြန်လှန်ရန်မှာ ခက်ခဲလောက်မည်ဖြစ်၏!
ထိုအချိန်တစ်ခဏတွင် ရှဲ့ချောင် သူမအား လျစ်လျူရှုထားလိုက်သည်။
သူမအား ထိုကဲ့သို့မြင်လိုက်ရသောအခါ ဤမိန်းကလေးသည် ဘာအကျိုးမှမရှိပဲ လှပသောမျက်နှာလေးတစ်ခုသာ ရှိသည်ဟု ချီဟွိုက်တွေးလိုက်၏။ သူမသည် အမှန်တကယ်ပင် အလွန်ဆိုးယုတ်လေသည်။
“ ရှဲ့မိန်းကလေး၊ သုန့်သခင်မလေးက မင်းနဲ့ ကွာခြားတယ်။ သူက အိမ်မှာ ခက်ခဲတဲ့အခြေအနေနဲ့ နေရတာ။ မင်းရဲ့ အဲ့ဒီစကားလုံးတွေက သုန့်မိသားစုဆီ ပျံ့သွားခဲ့ရင် အဲ့တာက သူ့ကို ဖျက်ဆီးသွားနိုင်တယ်! ရှဲ့မိန်းကလေး၊ မင်းရဲ့ ကျန်းမာရေးက ချို့တဲ့နေတော့ ကောင်းတဲ့ကံတွေကို စုဆောင်းဖို့အတွက် မင်း ကောင်းမှုတွေ ပိုလုပ်သင့်တယ်။ နောင်ဘဝမှာ မင်း လူအဖြစ် ပြန်မွေးဖွားလာတဲ့အချိန်ကျမှသာ ကောင်းချီးပေးခံရမှာပေါ့၊ ဟုတ်တယ်မလား?” ချီဟွိုက် နောက်တစ်ဖန် ထပ်ပြောလိုက်လေသည်။
ဤစကားလုံးများသည် ရှဲ့ချောင်၏ အောက်ခြေစည်းမျဥ်းအား ချိုးဖောက်လိုက်လေ၏။
သူမ၏ မျက်နှာမှာ ဖြူဖျော့သွားလေကာ ရုတ်တရက် ပြင်းပြင်းထန်ထန် စတင်ချောင်းဆိုးလေတော့သည်။
ထို့နောက် အလျင်အမြန်ပင် သူမ၏ အဝတ်အိတ်အတွင်းမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ကာ တစ်ခုအား ထိုအထဲသို့ ထိုးထည့်လိုက်သည်။ သူမ၏ ပါးစပ်အား ဖွင့်ဟလိုက်ကာ ထိုအရာအား ကိုက်ချလိုက်၏။ သွေးများမှာ အမှန်တကယ်ပင် သူမ၏ နှုတ်ခမ်းထောင့်မှ စီးကျလာလေ၏!
ထိုသည်အား ချီဟွိုက်မြင်သောအခါ ထိတ်လန့်အံ့ဩသွားလေသည်။
ရှဲ့ချောင် သူမ၏ နှုတ်ခမ်းထောင့်စွန်းများကို သုတ်လိုက်ကာ “ သခင်လေးချီ ၊ ရှင်ပြောတာက ကျွန်မ၊ ရှဲ့ချောင်က ရက်စက်တဲ့နှလုံးသားရှိပြီးတော့ ဘဝသက်တမ်းတိုနဲ့ ထိုက်တန်တယ်ပေါ့? ရှင့်မှာ အားမာန်နဲ့ အသက်ရှည်ခြင်းတွေ ပြည့်နှက်နေတဲ့ ဘဝကောင်းတစ်ခုရှိတယ်… အဟွတ်၊ အဟွတ်၊ အဲ့တာက ဒီအတိုင်း… ရှင့်ဦးနှောက်က နည်းနည်းလေး တုံးနေရုံပါပဲ။ ရှင်တို့နှစ်ယောက်က
တကယ်တော့ နှလုံးသား အရမ်းကို နွေးထွေးတာပဲနော်။ သခင်မလေးသုန့်က သူ့ဘာသူ ရှေ့ထွက်မလာပေမယ့် ရှင်က သူ့ရဲ့ မတရားမှုအတွက် တကယ့်ကို တိုက်ခိုက်ပေးခဲ့တာပဲ…”
ချီဟွိုက်တစ်ခဏမျှ ကြက်သေသေသွားလေသည်။
သစ်ခွခြံဝင်းမှ အခြားလူများသည် ချီဟွိုက်အား ကြည့်နေကြကာ ကျန်လူများသည်တော့ အနည်းငယ် မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ဖြစ်လေသည်။
“ ရှင်တို့အကုန်လုံးက သုန့်သခင်မလေးအတွက် ရပ်တည်ပေးချင်တယ်လို့ ပြောနေကြမှတော့ သုန့်သခင်မလေးအတွက် ရှင်တို့က ဘယ်လိုလူလဲဆိုတာ ကျွန်မ မေးလို့ရမလား? အဖေ၊ အစ်ကို၊ ခင်ပွန်း ဒါမှမဟုတ် ချစ်သူ? ဒီနေ့ သုန့်သခင်မ
လေးအတွက် ရှင်က ကျွန်မကို ဒီအတိုင်းအတာထိရောက်အောင် တွန်းအားပေးခဲ့ပြီးတော့ နှုတ်နဲ့တောင် ကျိန်ဆဲခဲ့သေးတယ်။ ရှင်တို့အားလုံး မရက်စက်ဘူးလား?” သူမမျက်လုံးများအား ခပ်ဖွဖွပိတ်ထားရင်း ရှဲ့ချောင် ပြောလိုက်၏။
သုန့်သခင်မလေးက သနားစရာကောင်းတယ်?
သူမပြင်ဆင်ထားသည့် သွေးဆေးလုံးအား အသုံးပြုလိုက်ရသဖြင့် ထိုအရာအား ပြုလုပ်ရန် သူမ ငွေထပ်သုံးရဦးမည်။ သိသာစွာပင် သူမက ပို၍ပင် သနားစရာကောင်းနေလေ၏။
ရှဲ့ချောင် သွေးအန်လိမ့်မည်ဟု ချီဟွိုက် ထင်မှတ်မထားချေ။
သူ့အနောက်တွင် အခြားယောကျာ်း အနည်းငယ်
ရှိနေလေ၏။
ထိုအချိန်တစ်ခဏတွင် ၎င်းတို့အားလုံး ထိုနေရာ၌ ကိုးရိုးကားရား ရပ်နေခဲ့ကြလေသည်။
“ သုန့်သခင်မလေးက တကယ့်ကို ဝင့်ကြွားတတ်တာပဲ။ သူ့ကိုယ်သူ ပုန်းအောင်းနေပြီး အကြိမ်နည်းနည်းလောက် ငိုခဲ့တယ်၊ ပြီးတော့ အမှန်တကယ်က သူ ရှင်တို့အားလုံးကို လာဖို့ အစပျိုးပေးလိုက်တာ။ ရှဲ့ချောင် မှန်တယ်။ ရှင်က ဘယ်သူလဲ? သုန့်ရှီးယွင်ရဲ့ လက်အောက်ငယ်သားလား! အဲ့ဒါကသာ ကိစ္စဆိုရင် ရှဲ့မိသားစုရဲ့ ပထမသခင်လေးက သုန့်ရှီးယွင်ထက်တောင် ပိုပြီးတရားနည်းလမ်းကျသေးတယ်။ အနည်းဆုံးတော့ ပထမသခင်လေးက ရှင့်လိုမျိုး ဘေးမှာ မိန်းမအုပ်စုတစ်စု ရှိမနေဘူး!” ရှဲ့ချောင် သွေးထွက်နေသည်အား မြင်လိုက်ရသောအခါ ချင်လျို့ ဒေါသထွက်စွာ ပြောလိုက်၏။ သူမ ဒေါသအမျက်ခြောင်းခြောင်း ထွက်နေပြီ
ဖြစ်သည်။
“ ဒါက သစ်ခွခြံဝန်း၊ ဒီနေရာမှာ ဒီလိုမျိုး ဆိုးဆိုးရွားရွားပြုမူဖို့ ဘယ်သူက မင်းကို တောင်းဆိုလိုက်တာလဲ?! ငါတို့သစ်ခွခြံဝန်းမှာ ဘယ်သူမှ မရှိဘူးလို့ မင်း တကယ်ကြီး တွေးနေတာလား?!”
“ အတိတ်တုန်းက သုန့်သခင်မလေးက အပြစ်ကင်းပြီး သနားဖို့ကောင်းတယ်လို့ ငါတွေးခဲ့တယ်။ ဒါပေမယ့် အခု ငါ အဲ့ဒီအကြောင်း စဥ်းစားကြည့်တော့ သုန့်သခင်မလေးက လှည့်စားပြီး လျှိုထားခဲ့တာ သေချာတယ်! နင်တို့ ဘယ်သူမှ နားမလည်ဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်! သုန့်သခင်မလေး အိမ်မှာ ဝေဒနာခံစားရတာကို လူတိုင်းသိကြတယ်။ ဒီကနေ သူ သခင်လေးချီ နဲ့ တခြားလူတွေကို ခဏခဏ ညည်းညူတိုင်တန်းတတ်တာကို မြင်နိုင်တာပဲ!”
“ ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ ကွဲပြားခြားနားချက်တွေရှိပြီးတော့ သူတို့တွေက မိသားစုတွေလည်း မဟုတ်သလို ဆွေမျိုးတွေလည်း မဟုတ်ကြဘူး။ သုန့်သခင်မလေး အဲ့ဒီလိုလုပ်နေတာ အော်ဂလီဆန်စရာ မကောင်းဘူးလား?!”
ဖန်းမုရွှယ်၊ ဖုန်းရွှမ်းရွှမ်း နှင့် အခြားသူများသည်လည်း ပါဝင်လာကြလေသည်။
ထပ်ပေါင်းပြောရလျှင် ၎င်းတို့၏ သုန့်ရှီးယွင်အပေါ် ထင်မြင်ချက်မှာ ရုတ်တရက်ပင် ပြုတ်ကျသွားတော့၏။
၎င်းတို့သည် သူမနှင့် အကျွမ်းတဝင်မရှိသောကြောင့် သူမသည် အရည်အချင်းရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းကိုသာ ကြားခဲ့ကြလေသည်။ ထို့ကြောင့် သဘာဝကျစွာပင် ၎င်းတို့သည် သူမအပေါ်၌ ထင်မြင်ချက်ကောင်း ရှိလေ၏။
သို့သော်လည်း ရှားယာ့ယွင်၏ တရစပ်ဝေဖန်မှုအား သူမ တွန်းပို့ခဲ့သည်ကို မေ့လိုက်သော်လည်း သူမသည် အမှန်တကယ်ပင် ချီဟွိုက် နှင့် ကျန်လူများအား လာရောက်ကာ ပြဿနာရှာရန် တွန်းပို့ခဲ့လေသည်!
ချီဟွိုက် နှင့် ကျန်သောသူများအားလုံးမှာ ယောက်ျားများဖြစ်သည်ပင်!
သူတို့တွေ စည်းကို မကျော်ခဲ့ကြဘူးလား? သုန့်ရှီးယွင်သည် အပြစ်ကင်းသည်ဟု သူတို့ မယုံကြည်ကြတော့ပါပေ!
သူတို့အားလုံးသည် မိန်းကလေးများဖြစ်ကြကာ သုန့်ရှီးယွင်၏ ရည်ရွယ်ချက်မှာ အလွန်သိသာထင်ရှားလာခဲ့လေတော့သည်!
ဤလူများထံမှ ဆူငေါက်ခံရပြီးနောက်တွင် မည်သည်ကိုပြောရမည်မှန်း ချီဟွိုက် မသိတော့ပါချေ။
“ သုန့်သခင်မလေးကို အသရေမဖျက်နဲ့။ သူ တစ်ခုခုမှားနေတာကို ငါတို့မြင်ခဲ့ရလို့ ဘေးနားကို ပတ်မေးကြည့်ပြီးတော့ သူ့အတွက် ရပ်တည်ပေးဖို့ လက်ဦးမှုယူခဲ့တာ!”
••••