သွေးဆေးလုံး
Vol. 17 Ch. 320
ချီဟွိုက်အနည်းငယ် ကြောက်စိတ်မွှန်နေခဲ့လေသည်။ သူ၏ မူလရည်ရွယ်ချက်မှာ သုန့်ရှီးယွင်အတွက် ကလဲ့စားချေရန်နှင့် ရှဲ့ချောင်အား တောင်းပန်အောင်လုပ်ရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အခြားလူများအား သုန့်သခင်မလေး
အပေါ် နက်ရှိုင်းသည့် အထင်လွဲမှုရှိခြင်းအား ခွင့်ပြုလိုက်လျှင် သူမ ပို၍ပင် နှလုံးကွဲကြေရလိမ့်မည်ဖြစ်၏။
ထိုအချိန်တွင် ချီဟွိုက် ရှင်းပြနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အခြားသူများ၏ မျက်လုံးများမှာ အထင်သေးခြင်းဖြင့်သာ ပြည့်နှက်နေဆဲဖြစ်လေသည်။
သူ စိုးရိမ်သောကရောက်နေခဲ့လေ၏။
“ သခင်မလေးသုန့်က ငယ်ငယ်ကတည်းက စာပေလေးရပ်နဲ့ ဂန္တဝင်ငါးခုမှာ လုံးဝဗဟုသုတတွေ အများကြီးရှိခဲ့တာ။ သူက တရားနည်းလမ်းကျတယ်။ သူက လုံးဝတော့ ရှဲ့မိန်းကလေး ပြောသလိုမျိုး မဟုတ်ဘူး!” ချီဟွိုက် ရုတ်တရက် ပြောလိုက်လေသည်။
“ ရှင့်ပြောပုံအရဆိုရင် သူက စာအုပ်တွေ အများကြီးဖတ်တယ်။ ဆိုတော့ သူ ဘာတွေပဲလုပ်လုပ် အဓိပ္ပာယ်ရှိသွားရောလား?”
ချီဟွိုက် သည် သေခြင်းတရားအား ဖိတ်ခေါ်နေသည်ဟု ရှဲ့ချောင် တွေးလိုက်၏။
ချီဟွိုက်သည် ထိုအရာအား တိုက်ရိုက်ဝန်မခံပါချေ။
မည်သို့ပင်ဖြစ်စေ သူ နောက်ဆုတ်မည်မဟုတ်။ “ ရှဲ့သခင်မလေး မင်း ကလေးကတည်းက ဘယ်စာအုပ်ကိုမှ မဖတ်ခဲ့ဘူးမလား? သဘာဝကျကျပဲ ပညာသင်ဆုရကျောင်းသားတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုမျိုးလဲဆိုတာ မင်း မသိဘူးဟုတ်။ သုန့်သခင်မလေးရဲ့ နှလုံးသားထဲမှာ စကြဝဠာရှိပြီးတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ သူက
လူတွေနဲ့ ဆန့်ကျင်ပြီးတော့ ကြံစည်တာနဲ့ အကွက်ချတာကို အထင်သေးတယ်။ ငါတို့က သုန့်သခင်မလေးရဲ့ အရည်အချင်းကို လေးစားတယ်၊ ပြီးတော့ တခြားသူတွေနဲ့ ရန်ဖြစ်တာကို သူမ တိုင်တာမဟုတ်ဘူးဆိုတာကိုလည်း ငါတို့သိတာမလို့ သူ့အတွက် ရပ်တည်ပေးဖို့ ငါတို့ဆန္ဒရှိတာပဲ! မင်းတို့တွေအားလုံးရဲ့ နှလုံးသားထဲမှာ… ဆိုးဝါးတဲ့အတွေးတွေ ရှိနေကြတယ်။ အဲ့တာကြောင့် မင်းတို့တွေက အဓိပ္ပာယ်မရှိတဲ့ပေါက်ကရအများကြီးနဲ့ တက်လာကြပြီး သူများတွေကို အသရေဖျက်နေတာလား!”
သခင်မလေးသုန့် မှန်သည်ပင်။ သစ်ခွခြံဝင်းမှ မိန်းကလေးများအားလုံးသည် သူမအား မနာလိုဖြစ်နေကြသည်!
ဒီလူတွေအားလုံးကို ကြည့်လိုက်ပါဦး။ သူတို့တွေအကုန်လုံး သုန့်သခင်မလေးရဲ့ ဂုဏ်သတင်းပျက်
ဆီးမှာကို စိတ်အားထက်သန်နေကြတယ်!
ဖန်းမုရွှယ် နှင့် အခြားလူများမှာ ဒေါသကြောင့် သေတော့မလိုပင်။
သူတို့ရဲ့ နှလုံးသားထဲက ဆိုးရွားတဲ့အတွေးတွေ?!
သူတို့လည်း စာအုပ်နည်းနည်းလောက် ဖတ်ဖူးပါတယ်နော်!
မည်သို့ပင်ဖြစ်စေ သုန့်ရှီးယွင်သည် အမှန်ပင် အလွန်အရည်အချင်းရှိလေသည်။ ထို့ကြောင့် ဖန်းမုရွှယ် နှင့် အခြားလူများမှာ ဒေါသထွက်နေကြသော်လည်း အနည်းငယ် မှုန်တေတေဖြစ်နေကြလေ၏။
“ ရှင်ပြောတာကို ကျွန်မ နားလည်ပါတယ်။ အခုလေးတင် ကောင်းကောင်းလေ့လာသင်ယူလာတဲ့ လူတစ်ယောက်မှာ သန့်ရှင်းစင်ကြယ်တဲ့စိတ် ရှိလိမ့်မယ်” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “ အဲ့ဒီကိစ္စမှာဆိုရင်… ဒီစာမေးပွဲမှာ သူ ကျွန်မလောက် အရည်အချင်းမရှိဘူးဆိုရင် သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့စိတ်ကြောင့် ကျွန်မနဲ့ ကျွန်မအစ်ကိုကြီးကို တောင်းပန်ဖို့ သတိရ,ရမယ်လို့ သုန့်ရှီးယွင်ကို ပြောလိုက်ပါဦး”
“ ဘ-ဘာ?” ချီဟွိုက် တစ်ခဏမျှ ကြက်သေသေသွားခဲ့သည်။
“ ရှင် မပြောခဲ့ဘူးလား? သူက စာအများကြီးဖတ်တယ်ဆိုတော့ သူမက လိမ်ညာတာကို အထင်သေးတယ်ပေါ့? အဲ့တာက တခြားလူတွေကိုလည်း သက်ရောက်တဲ့ အခြေခံသဘောတရား မဟုတ်ဘူးလား?” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။
ချီဟွိုက်ဒေါသထွက်ရာမှ ရယ်လိုက်လေသည်။
သူက ဘယ်လိုတောင် သုန့်ရှီးယွင်နဲ့ နှိုင်းယှဥ်ရဲတာလဲ?!
သုန့်ရှီးယွင်သည် အသက်သုံးနှစ်တွင် စာစတင်ဖတ်ခဲ့လေသည်။ တော်ဝင်ကျောင်းတော်သို့ လာခဲ့သော သူမအသက်ဆယ်နှစ်တွင် သူမသည် သူမကိုယ်တိုင်အတွက် နာမည်ရယူပြီး ဖြစ်လေ၏။ သူမ၏ လက်ရေးလှ၊ ပန်းချီများ၊ ကဗျာများနှင့် ဉာဏ်ပညာသည် အခြားမည်သည့်ယောက်ျားထက်မဆို နိမ့်ကျမနေချေ!
ရှဲ့ချောင်မှာ ဘာရှိလို့လဲ? သူက ဒီအတိုင်း ဖျားနေတဲ့ အမျိုးသမီးတစ်ယောက်ပဲကို!
မည်သို့ပင်ဖြစ်စေ သုန့်သခင်မလေးအား သူမ(ရှဲ့ချောင်) တောင်းပန်သရွေ့ သူ၏ ရည်မှန်းချက် အောင်မြင်မည်ဖြစ်လေသည်။
“ ကောင်းပြီ။ စာမေးပွဲပြီးသွားတဲ့အချိန်ကျရင် မင်း သုန့်သခင်မလေးကို တောင်းပန်လို့ရပြီ” ချီဟွိုက်ထပ်မံ ပြောလိုက်၏။
သူ၏အသံသည် ပြဿနာပင်ဖြစ်လေသည်။
ရှဲ့ချောင် မတတ်နိုင်ပဲ သူမ၏ခေါင်းအား ခါယမ်းလိုက်၏။
ဤအရူးအမူးစွဲလမ်းနေသောယောက်ျားသည် ကန်းနေကာ ဦးနှောက်မရှိချေ။ အသက်ရှင်နေလျှင်ပင် သူသည် လေအား ဖြုန်းတီးနေသည့်
လမ်းလျှောက်နေသော အလောင်းကောင်သာသာပင်။
ရှဲ့ချောင် လျင်မြန်စွာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ “ ကိစ္စက အဲဒီလောက်ပဲဆိုတော့ သွားကြတော့၊ အရူးတွေ။ နင်တို့တွေက အရမ်းဆူတယ်”
ထိုသည်အား သူမ ပြောပြီးသည်နှင့် သူမလက်အား မြှောက်လိုက်ကာ အထင်သေးစွာ ဝေ့ယမ်းလိုက်၏။
သူမ၏ လက်ကောက်ဝတ်မှ ခေါင်းလောင်းမြည်သွားကာ သူမ၏စိတ် အနည်းငယ် တည်ငြိမ်သွားလေသည်။
ချီဟွိုက် နှင့် အခြားလူများမှာ ကြမ်းကြုတ်စွာနှင့်
ယုံကြည်ချက်ရှိစွာ နှာမှုတ်လျက် ထွက်ခွာသွားကြလေ၏။
“ ရှဲ့ချောင်၊ သွားပြီး သမားတော်နဲ့ ပြရအောင်…” ချင်လျို့မှာ အလွန်စိုးရိမ်ကြောင့်ကြလျက်ရှိသောကြောင့် သူမ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေလေသည်။
ရှဲ့ချောင်က အမြဲတမ်းမေ့လဲတယ်။ အခုတော့ သူ သွေးတွေတောင် အန်နေပြီ။ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ဆိုးနေပြီလဲ?
ဖြစ်-ဖြစ်နိုင်တာက သူ့ဘဝသက်တမ်းက တကယ်ကြီး တိုနေတာလား…
“ ငါ သွေးမအန်ပါဘူး” ရှဲ့ချောင်မှာ ချင်လျို့အား ဆက်လက်လိမ်ထားရန် အလွန်ရှက်နေလေသည်။
“ ငါ့ကျန်းမာရေးက ချို့တဲ့တယ်၊ ဒါပေမယ့် အခုတလော… ငါ ပိုပြီးသန်မာလာပါပြီ။ ဒါက သွေးဆေးလုံး။ အဲ့တာက အပြင်ပိုင်းမှာ ကြွပ်ရွပေမယ့် အထဲမှာ နူးညံ့တယ်။ ဖွဖွလေး ကိုက်လိုက်ရုံနဲ့တင် သစ်သီးရည်ထွက်လာလိမ့်မယ်။ သစ်သီးရည်က အနီရောင်၊ ဒီတော့ အဲ့တာက နည်းနည်းတော့ ကြောက်ဖို့ကောင်းနေလိမ့်မယ်”
ချင်လျို့ မယုံကြည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်၏။
သို့သော်လည်း သူမ ထိုအရာအားယူကာ အနံ့ခံကြည့်ချိန်တွင် အမှန်တကယ်ပင် အတော်လေး အနံ့ကောင်းနေသည်လေ!
••••••