ရမှတ်
Vol. 18 Ch. 321
စောစောက ရှဲ့ချောင်သည် ဆိုးဆိုးရွားရွားချောင်းဆိုးသောအချိန်၌ ချင်လျို့သည် သူမ ဆေးသောက်ရန်လိုက်ရှာနေသည်ဟု ထင်လိုက်သည်။ သူမသည် အဆာပြေဆေးလုံးများစားနေသည်ဟု မည်သူက ထင်လိမ့်မည်နည်း!
ချင်လျို့သည် သူမ၏မျက်လုံးများထဲ လေးစားမှုအပြည့်နှင့် ရှဲ့ချောင်ကို ကြည့်လိုက်၏။
သူမသည် အလွန်ထူးခြားပေသည်!
စောစောက သူမသည် ချီဟွိုက်နှင့်အခြားသူများကို သေမတတ်ကြောက်လန့်နေခဲ့သည်!
ရှဲ့ချောင်ကပြုံးလိုက်၏။
ထိုဆေးလုံးသည် အဓိကအားဖြင့် ချီစွမ်းအင်နှင့် သွေးကို ပြန်လည်ဖြည့်တင်းပေးသည်။ သူမ၏အိမ်တွင် ဆေးလုံးမျိုးစုံရှိပေသည်။ မွှေးသောအနံ့ သို့မဟုတ် ဆိုးရွားသောအနံ့များဖြင့် သက်ရောက်မှုမျိုးစုံနှင့် လာပေသည်။ ၎င်းတို့အားလုံးကို မော့လင်းကျစ်က ဖန်တီးခဲ့သည်။
သူမ၏ဆရာသည် ဆေးပညာ၌ ကောင်းစွာတတ်ကျွမ်းသော်လည်း သူသည် နတ်ဘုရားသမားတော်မဟုတ်ပေ။ သူသည် ထူးခြားသောခန္ဓါဖွဲ့စည်းပုံနှင့် သူမလို ကလေးများကို မည်သို့ကျွေးမွေးရမည်ကို သိနေခဲ့သည်။
သူမသည် သူမ၏ဆရာနှင့် တာအိုဘုရားကျောင်းကို လွမ်းနေခဲ့သည်။
"ဒါဆို စာမေးပွဲက..." ချင်လျို့က စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည်: "သူတို့ကိုရော လိမ်ညာခဲ့တာလား"
"ဘယ်ဟုတ်မလဲ ငါ စာမေးပွဲကို လေးလေးနက်နက်ဖြေဆိုရမယ် ငါသာကောင်းကောင်းလုပ်နိုင်ရင် အဖေနဲ့ အစ်ကို့ကို ဆုချဖို့ တောင်းဆိုလို့ရတယ် ငါရဲ့ အငယ်တွေအတွက်လည်း စံနမူနာကောင်းတစ်ခုအဖြစ် စံပြဖြစ်တာပေါ့" ရှဲ့ချောင်သည် အလွန်လေးနက်နေပြီး ဆုံးဖြတ်ချက်ချထားပေသည်။
ချင်လျို့ကရယ်လိုက်လေသည်။
ရှဲ့ချောင်၏လေသံမှာ အတော်လေး မောက်မာနေပေသည်။
သို့သော်လည်း စာမေးပွဲ၏ခက်ခဲမှုကို သူမ မသိနိုင်ပေ...။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ဆရာရောက်လာပြီး နံပါတ်ပြားများကို ကမ်းပေးလိုက်သည်။ လူတိုင်းသည် ကိုယ်ပိုင်နံပါတ်ပြားများကိုရှာဖွေရန် လေ့ကျင့်ရေးကွင်းသို့ သွားခဲ့ကြသည်။
လေ့ကျင့်ရေးကွင်းတွင် စားပွဲခပ်နိမ့်နိမ့်များ အတန်းလိုက်ရှိပေသည်။ လူတိုင်းသည် အစဥ်လိုက်အတိုင်း တင်ပျဥ်ခွေထိုင်လိုက်ကြသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြပေ။ ၎င်းတို့ကို ခြေလှမ်းအနည်းငယ်အကွာမှ စောင့်ကြည့်နေသော ဆရာတစ်ယောက်ရှိပေသည်။ ကြီးကြပ်သူမှာ အလွန်တင်းကြပ်ပေသည်။
အပြင်ဘက်တွင် အနည်းငယ်အေးနေခဲ့၏။
ရှဲ့ချောင်သည် အိမ်ရှေ့စံမင်းသား ပေးထားသော အပူပေးစက်ကို သူမ၏လက်ထဲတွင် ကိုင်ထားလေသည်။ သူမသည် အရင်ဆုံး သူမကိုယ်တိုင်အတွက် မင်ကိုသွေးကာ စာမရေးခင် လက်ကို အနွေးပေးလိုက်သည်။
တော်ဝင်ကျောင်းတော်သည် အမှန်တကယ်ရိုးရှင်းပြီး ပြတ်သားပေသည်။ ထိုကဲ့သို့ အေးသောနေ့တစ်နေ့တွင် ၎င်းတို့သည် ကျောင်းသားများ အေးခဲသွားမည်ကို မစိုးရိမ်ခဲ့ပေ။
ထို့ပြင် မြင်ကွင်းမှာ အံ့သြတုန်လှုပ်စရာပင်။ တူညီသော အဝတ်အစားများ၊ တူညီသောစားပွဲများနှင့် ကျောင်းသားများ။ နေရာတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။ ရှဲ့ချောင်ပင်လျှင် တင်းအားနှင့် ဖိအား
ကို ခံစားခဲ့ရသည်။
သို့သော်လည်း သူမသည် လက်ထဲရှိအဖြေလွှာကိုလှန်လိုက်ပြီး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်... ၎င်းမှာ မခက်ခဲပေ။
ထို့ပြင် သူမ ခပ်မြန်မြန်ရေးရမည်။ မည်သို့ပင်ဆိုစေ အပြင်ဘက်တွင် အလွန်အေးလွန်းသည်။
ရှဲ့ချောင်သည် ဘောလုံးလေးလို ကွေးနေပြီး အလျင်အမြန်စတင်ရေးသားတော့သည်။
အမွှေးတိုင်တစ်ဝက်ထွန်းစာကြာပြီးနောက် ရှဲ့ချောင် စာရွက်ထဲ အပြည့်ရေးသားထားပြီးလေပြီ။ ဘေးနားရှိသန့်ရှင်းနေသော အကြမ်းစာရွက်ကလေးသာ ကျန်နေခဲ့၏။
သူမသည် အဖြေလွှာကို မြန်မြန်ထပ်ကာ ထွက်လာခဲ့သည်။ သူမသည် အနွေးဓါတ်ရရန်နှင့် သူမ၏တစ်ကိုယ်လုံးရှိ အရည်များပျော်သွားသလိုခံစားချက်ကို ခံစားရန် ကျောင်းသို့ပြန်လာခဲ့သည်။
စောစောက သူမသည် စာမေးပွဲသုံးခုသာ ဖြေဆိုနိုင်လိမ့်မည်ဟု တွေးခဲ့သည်။ ယခုတွင် သူမသည် သုန့်ရှီးယွင်ကို ယှဥ်ပြိုင်ချင်ခဲ့ပြီး သူမ ပို၍ထပ်ဖြေရမည်။
၎င်းတို့အားလုံးသည် ရေးဖြေစာမေးပွဲများဖြစ်သည်။ သူမလုပ်ရမည့်အရာမှာ သူမ၏လက်များနှင့် ဦးနှောက်ကို အသုံးပြုရန်သာဖြစ်သောကြောင့် အလွန်မပင်ပန်းနိုင်ပေ။
သုံးရက်လုံး ကျောင်းတော်ရှိလေထုမှာ အေးခဲ
သွားတော့မည့်ပုံပင်။ လူတိုင်း၏မျက်နှာမှာ နေ့တိုင်းဖြူဖျော့နေပြီး ၎င်းတို့၏လက်များကို အင်္ကျီလက်များထဲ အမြဲတမ်းဝှက်ထားခဲ့ကြသည်။ ခိုသူတို့သည် နောက်ဆုံးရွေးချယ်စရာမဟုတ်လျှင် သူတို့အားထုတ်ရန် တွန့်ဆုတ်နေခဲ့ကြသည်။
ရှဲ့ချောင်သည် ထိုစာမေးပွဲမှာ အလွန်ရက်စက်သည်ဟု ခံစားနေခဲ့ရသည်။
သုံးရက်ကြာပြီးနောက် ဆရာများသည် အဖြေလွှာများအားလုံးကို အတူတကွ အမှတ်ပေးရန် စတင်ခဲ့သည်။
ရှဲ့ချောင်သည် သုန့်ရှီးယွင်လုပ်ခဲ့သလို စုစုပေါင်း စာမေးပွဲရှစ်ခုဖြေဆိုခဲ့သည်။
မသင်မနေရသင်ခန်းစာများ၊ ဂဏန်းသင်္ချာနှင့်
ပန်းအလှဆင်ခြင်းများအပြင် သူမသည် လက်ဖက်ရည်ကျမ်း၊ ကဗျာ၊ လက်ရေးလှ၊ ပန်းချီ၊ ဂီတသဘောတရားနှင့် ပန်းထိုးခြင်းသဘောတရားများကိုပါ ထပ်ထည့်ခဲ့သည်။
ရှဲ့ချောင် မပါဝင်ထားသော မြင်းမွေးမြူခြင်းသဘောတရား၊ လက်နက်ပညာ အစရှိသော အခြားသင်ခန်းစာများလည်းရှိပေသည်။
လှည့်ကွက်များစွာလည်းရှိပေသည်။
ဘာသာရပ်အားလုံး၏ဆရာများသည် အတူတကွစုဝေးကာ အလွန်လေးနက်စွာ မှတ်ချက်ပေးခဲ့ကြသည်။
ရလဒ်အားလုံးကို အဆင့်ကိုးဆင့်ခွဲမည်ဖြစ်သည်။
ပထမအဆင့်သုံးဆင့်ကိုလည်း အဆင့်သတ်မှတ်ပေးလိမ့်မည်။
"ဒီအကြောင်းအရာကို ကောင်းကောင်းရေးထားတာပဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ သခင်မလေးသုန့် ရေးထားတယ်ဆိုတာ ငါပြောနိုင်တယ် အမျိုးသမီးတွေဘက်မှာဆိုရင် သခင်မလေးသုန့်က ဒီတစ်ခေါက်စာမေးပွဲမှာ ပထမနေရာရလောက်တယ် မဟုတ်လား"
အမျိုးသမီးအတန်း ပျိုနီပန်းခြံဝန်းတွင် ရှစ်ယောက်ရှိသည်။ သုန့်ရှီးယွင်၏အရည်အချင်းကို ထိပ်ဆုံးအဆင့်သုံးယောက်ထဲ အမှန်တကယ်သတ်မှတ်နိုင်ပေသည်။
သူမသည် ပထမနေရာကိုတောင် အကြိမ်များစွာ အနိုင်ရဖူးသည်။
"ဒီစာစီစာကုံးကိုကြည့်လိုက်" ဆရာတစ်ယောက်က အဖြေလွှာကို ထုတ်ယူလိုက်သည်: "ဒါရေးထားတာ ပိုကောင်းတယ် အစပိုင်းမှာ အမေးအဖြေတွေအားလုံးလည်း မှန်တယ် နောက်ဆက်တွဲစာစီစာကုံးကိုလည်း ဂန္တဝင်တွေပေါ်အခြေခံပြီးရေးထားတာ စကားလုံးတွေနဲ့ ဝါကျတွေကလည်း ပိုကောင်းတယ်"
ထိုအရာကိုကြားလိုက်ရသော် လူတိုင်းသည် ကြည့်ရှုရန်ယူလိုက်ကြသည်။
၎င်းမှာ အမှန်ပင်ပိုကောင်းပေသည်။ သုန့်ရှီးယွင်၏စာစီစာကုံးမှာ ကောင်းမွန်စွာရေးသားထားကာ စကားလုံးများမှာ ဆန်းကြယ်သော်လည်း အကြောင်းအရာမှာ လစ်ဟင်းနေသည်။ တစ်ချက်ကြည့်လိုက်လျှင် ကောင်းမွန်သည့်ပုံပေါ်သော်လည်း သူ၏လက်ထဲကတစ်ခုနှင့်ယှဥ်လိုက်
လျှင် ၎င်းမှာ အတော်လေးဗလာကျင်းကာ ပျင်းစရာကောင်းပေသည်။
••••••