အနည်းငယ်အရည်အချင်းရှိသူ
Vol. 18 Ch. 322
သံသယမရှိစွာဖြင့် ဆရာများသည် သုန့်ရှီးယွင်၏အဖြေလွှာကို အောက်ချလိုက်သည်။
သူတို့သည် သုန့်ရှီးယွင်၏ပုံစံကို ကောင်းကောင်းသိကြရာ ထိုကျောင်းသူအား မှတ်မိနိုင်ပေသည်။ သို့သော်လည်း သူတို့လက်ထဲရှိ အဖြေလွှာပိုင်ရှင်သည် ပဟေဠိဖြစ်စေခဲ့သည်။
ဒါ ဘယ်သူ့ဟာလဲ?
ထိုကဲ့သို့ အရည်အချင်းရှိသောမိန်းကလေးတစ်ဦးသည် ကျောင်းတော်၌ မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း။ သူတို့သည် သူမကို အဘယ့်ကြောင့် မသိရသနည်း။
၎င်းမှာ ချန်နှင့် ခွင် အတန်းနှစ်တန်းမှ ဖြစ်နိုင်ပါသလား။
သို့သော်လည်း ထိုလက်ရေးမှာ...
၎င်းအား ပုံမှန်လက်ရေးလက်သားစာလုံးများဖြင့် ရေးသားထားသည်။ စုတ်ချက်တိုင်းသည် အလွန်ဖွဲ့စည်းပုံကျပြီး အတော်လေးပြေပြစ်နေသော်လည်း အနည်းငယ်မရင်းနှီးပေ။
ဆရာကြီးလုသည် ထိုလက်ရေးကို အနည်းငယ်ရင်းနှီးသည်ဟု တွေးလိုက်မိသည်... သို့သော်လည်း သူသည် ထိုအကြောင်းအား မတွေးဝံ့ပေ။
သူ၏ခြံဝန်းထဲမှ မိန်းကလေး... သူမ၏လက်ရေးသည် ပို၍ပေါ့ပေါးဟန်ပေါ်ပြီး သူမသည် အလွန်မလေးနက်ဘဲ ဖွဲ့စည်းပုံမကျပေ...
သူသည် ၎င်းအားမည်သူဖြစ်ကြောင်းမသိသော်လည်း သူမသည် အထူးချွန်ဆုံးအဆင့်တွင် ပထမရလိမ့်မည်ဖြစ်ကြောင်း သေချာနေပေသည်။
အဖြေလွှာများကို သုံးရက်ကြာ အမှတ်ပေးခဲ့သည်။
ထိုသုံးရက်အတွင်း အမျိုးသမီးများ၏ကျောင်းတော်ဘက်ကိုပိတ်ထားခဲ့ပြီး အမျိုးသားကျောင်းတော်မှာ ၎င်းတို့၏စာလေ့လာမှုများဖြင့် ပို၌တင်းမာနေခဲ့သည်။ ၎င်းတို့သည် အပျင်းတစ်နေရန်ပင် မတတ်နိုင်ခဲ့ပေ။
ရှဲ့ချောင်သည်လည်း ပျင်းရိမနေပေ၊ သူမသည် တစ်နေ့လုံး မြို့တော်အပြင်ကို ထွက်ခဲ့သည်။
ရှားယာ့ယွင်သည် သူမနောက်သို့ လူများ တိတ်တဆိတ်လိုက်ကြည့်ခိုင်းခဲ့သော်လည်း ရှဲ့ချောင်ဘာလုပ်နေမှန်း သေချာမသိခဲ့ရပေ။
သူမသည် သဘာဝဘေးဒုက္ခသည်များထံ ပစ္စည်းများပေးပို့သော်လည်း သူမပို့သောအရာများမှာ အလွန်တန်ဖိုးမကြီးဘဲ လူကိုယ်တိုင်ပေါ်လာခဲပေသည်။ ၎င်းမှာ ထူးခြားဆန်းကြယ်သည့်ပုံပေါ်သည်။
သုံးရက်ကြာပြီးနောက် ကျောင်းတော်က စာမေးပွဲရလဒ်များကို ကြေညာခဲ့သည်။
အမျိုးသမီးကျောင်းတော်၏ အဆောင်နံရံတွင် အဆင့်သတ်မှတ်ချက်များရေးသားထားသော အနီရောင်စာရွက်ကြီးရှိပေသည်။
"သခင်မလေးသုန့် မင်းရဲ့ရလဒ်ကို အရင်စစ်ဆေးကြည့်ရအောင် မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ချန်ပီယံဖြစ်မှာသေချာတယ် ပြီးရင် ရှဲ့ချောင်ကို မင်းကိုတောင်းပန်ခိုင်းရမယ်" ချီဟွိုက်က အမျိုးသမီးကျောင်းတော်ဆီ ပြေးသွားခဲ့သည်။
"မလိုပါဘူး ကျွန်မကိုယ်တိုင်သွားပြီး ကြည့်လိုက်ပါ့မယ် ဘယ်လိုလုပ် သခင်လေးချီကို ဒုက္ခပေးနိုင်ပါ့မလဲ" သုန့်ရှီးယွင်က တောင်းပန်ပြုံး ပြုံးပြလိုက်
သည်။ ထို့နောက် သူမသည် သူမ၏အချစ်ဆုံးသူငယ်ချင်းကိုဆွဲကာ သတိပေးချက်နံရံဆီသို့ လျှောက်သွားလိုက်သည်။
ချီဟွိုက်သည် စိတ်မဆိုးခဲ့ပေ။ တစ်နည်းအားဖြင့် သူသည် သခင်မလေးသုန့်က စာဖတ်အားကောင်းပြီး အကျိုးကြောင်းသင့်သူဟု တွေးမိပေသည်။
သစ်ခွခြံဝန်းမှထိုလူများသည် လူများ၏စိတ်ကို အမြဲတမ်းခြယ်လှယ်နေခဲ့ကြသည်။ ထိုသူတို့သည် သခင်မလေးသုန့် မည်မျှအပြစ်ကင်းစင်ကြောင်း မသိကြပေ။
ချီဟွိုက်သည် သုန့်ရှီးယွင်နောက် မလှမ်းမကမ်းမှ လိုက်လာခဲ့သည်။ သူသည် ယဥ်ကျေးမှုရှိပြီး အနားသိပ်မကပ်ခဲ့ပေ။
ယနေ့တွင် စုဝေးနေသော လူများစွာရှိပေသည်။
ချန် ခွင်ခြံဝန်းများမှ ကျောင်းသားများ သိပ်မများပေ။ ထိုသူတို့အားလုံးသည် မှူးမတ်များဖြစ်ရာ လူကိုယ်တိုင်ပေါ်လာလေ့မရှိပေ။ ထိုအစား သူတို့သည် တစ်စုံတစ်ယောက်အား စာရင်းကို ကော်ပီကူးကာ ပို့ခိုင်းလိုက်မည်ဖြစ်သည်။
များသောအားဖြင့် စစ်ဆေးရန်ရောက်လာကြသောသူများသည် အပျော်သဘောဖြင့် ပါဝင်လိုသူများ သို့မဟုတ် ၎င်းတို့၏ ကျောင်းအလုပ်များကို အလွန်စိတ်ဝင်စားကြသူများ ဖြစ်ပေသည်။
တန်းခွဲကိုးခုရှိ လူတိုင်းသည် စာရင်းတွင်မပါဝင်နိုင်ပေ။
ထိုစာရင်းတွင် ထိပ်တန်းအဆင့်သုံးဆင့်သာရှိမည်
ဖြစ်သည်။ စာရင်း၌မပါသောသူများကို သူတို့၏ အဖြေလွှာများ တိုက်ရိုက်ဝေမည်ဖြစ်ပြီး ဆရာများက အဆင့်သတ်မှတ်ပေးမည်ဖြစ်သည်။
သုန့်ရှီးယွင်ရောက်လာသောအခါ လူတိုင်းက လမ်းဖယ်ပေးလိုက်ကြသည်။
သူမသည် ပထမနေရာများ ဖြစ်နေမလား။
သူမပေါ်လာသောအခါ ထိုနေရာမှာ အထူးတိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက သူမကို ကြည့်နေခဲ့ကြသည်။ ရှဲ့ချောင်သည် အနီးနားတွင် ထိုင်နေခဲ့သည်။ သူမသည် သုန့်ရှီးယွင်ပေါ်လာသည်ကို မြင်လိုက်သောအခါ ပြုံးလျှက် ထရပ်ကာ လျှောက်သွားလိုက်၏။
သုန့်ရှီးယွင်သည် အနည်းငယ် ပဟေဠိဖြစ်သွား
သည်။ သူမသည် ခေါင်းမော့ကာ စာရင်းအားကြည့်လိုက်၏။
ထို့နောက် သူမသည် ကြောင်အမ်းသွားခဲ့သည်။
မသင်မနေရသင်ခန်းစာတွင် ပထမ၊ ရှဲ့ချောင်။
လက်ဖက်ရည်ကျမ်းတွင် ပထမ၊ ရှဲ့ချောင်!
ဂဏန်းသင်္ချာတွင်လည်းပထမ၊ ရှဲ့ချောင်?!
မဖြစ်နိုင်တာ!
သုန့်ရှီးယွင်သည် သူမနာမည်၏နေရာကို အမြန်ကြည့်လိုက်သည်။
သူမသည် စုစုပေါင်း ဘာသာရပ်ရှစ်ခုကို ယူခဲ့သည်။ သူမသည် တစ်ဘာသာလေးတောင် ပထမနေရာမရခဲ့ပေ။ ၎င်းမှာ လက်မခံနိုင်စရာပင်။ ၎င်းတို့ကြားတွင်... ရှဲ့ချောင်သိမ်းပိုက်ထားသော သုံးဘာသာရှိနေခဲ့သည်! ကျန်သောငါးဘာသာအတွက်လည်း သူမသည် ရှဲ့ချောင်နောက်မှ အဆင့်သတ်မှတ်ခံထားရလေသည်!
သုန့်ရှီးယွင်သည် အစစ်အမှန်မဟုတ်သလို ခံစားလိုက်ရသည်။ သူမသည် အမြဲတမ်း ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ ယခုတွင် သူမသည် ဒုတိယနေရာ သုံးနေရာရရှိခဲ့ပြီး တတိယနေရာသုံးခုနှင့် စတုတ္ထနေရာနှစ်ခု ရရှိခဲ့သည်!
ရှဲ့ချောင်အတွက်မူ သူမသည် စာမေးပွဲရှစ်ခုစလုံး ပထမနေရာရခဲ့ပေသည်?
"ကျေးဇူးပြုပြီး ကျွန်မကို မရယ်ပါနဲ့ ကျွန်မက နည်းနည်းလေးပဲ...အရည်အချင်းရှိတာပါ" ရှဲ့ချောင်၏အသံ ထွက်ပေါ်လာ၏။
သူမ၏လေသံမှာ ထင်းရှူးရွက်ပေါ်ကျနေသော နှင်းပွင့်လေးများလို ပေါ့ပါးနေခဲ့သည်။
••••••