← Chapters

ဆရာတူအစ်မနှင့် ပန်းများ

Vol. 18 Ch. 324

ဆရာတူအစ်မနှင့် ပန်းများ

Vol. 18 Ch. 324

သုန့်ရှီးယွင်မှာ ဒေါသထွက်သွား၏။ သူမသည် ရှဲ့ချောင်က ကောင်းကောင်းလုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုစဥ် ချီဟွိုက်သည်လည်း တစ်နေရာတည်းတွင် ရပ်နေခဲ့သည်။

သူသည် အနည်းငယ် စိတ်လွင့်နေခဲ့သည်။

အစက သူသည် ရှားယာ့ယွင်ထံမှ ရှဲ့ချောင်သည်အတန်းထဲတွင် အမြဲအိပ်နေကြောင်း ပြောသံကြားခဲ့ပြီး သူသည်လည်း သူမအား လက်ဖက်ရည်ကျမ်းများ၊ ကျမ်းဂန်များနှင့် ပန်းအလှဆင်ခြင်းကဲ့သို့သော အတန်းများလာတက်သည်ကို မမြင်ဖူးခဲ့ပေ။ ထိုကဲ့သို့လူက မည်သို့ ပထမနေရာရနိုင်မည်နည်း။

သူသည် ပဟေဠိဖြစ်နေရင်း အရှက်ရနေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် သုန့်ရှီးယန်ကို နှစ်

သိမ့်ပေးနိုင်သည့် စိတ်အခြေအနေမဟုတ်ခဲ့ပေ။ ထိုအစား သူသည် လှည့်ထွက်လာခဲ့သည်။

သုန့်ရှီးယွင်သည် ဝေဖန်ခံရပြီး လက်ညိုးထိုးခံခဲ့ရသည်။ သူမသည် ချီဟွိုက်က သူမကိုစွန့်ပစ်ထားခဲ့သည်ကို တွေ့လိုက်ရသောအခါ မျက်နှာကိုအုပ်ကာ ပြေးထွက်သွားခဲ့တော့သည်။

ရှဲ့ချောင်သည် သူမ၏ဆုကြေးငွေကို ယူရန်သွားခဲ့သည်။

၎င်းမှာမှန်ပေသည်။ ကျောင်းတော်၏စာမေးပွဲကြားကာလမှာ အတိအကျမရှိပေ။ တစ်ခါတစ်ရံ နှစ်လတစ်ကြိမ်ရှိတတ်ပြီးတစ်ခါတစ်ရံ သုံးလတစ်ကြိမ်ရှိတတ်သည်။ ရံဖန်ရံခါ စာမေးပွဲအသေးစားလေးရှိတတ်ပေသည်။ စာမေးပွဲအကြီး အသေး နှစ်ခုလုံးအတွက် ဆုငွေသည်လည်း

အတိအကျမရှိပေ။ ယခုသည် စာမေးပွဲကြီးဖြစ်ရာ ဆုကြေးမှာ ရက်ရောပေသည်။

ပထမနေရာအတွက် ငွေပဲစေ့ ၁၀၀၀ဖြစ်သည်။ ဒုတိယဆုအတွက် ငွေပဲစေ့ ၅၀၀ဖြစ်သည်။ တတိယနေရာဖြစ်လျှင် ငွေပဲစေ့ ၁၀၀ ရလိမ့်မည်။

သူမသည် ပထမနေရာ ရှစ်နေရာရရှိခဲ့သည်! ရှစ်နေရာ!

သူမသည် ပျိုနီခြံဝန်းသို့မသွားရာ ထုံစံအတိုင်း ငွေပဲစေ့များကို စုဆောင်းရမည်ဖြစ်သည်။

ပထမနေရာရှစ်နေရာသည် မကြုံစဖူးပင်။ ကြီးကြပ်သူက သူမ၏လက်ထဲရှိ ငွေပဲစေ့များကိုကြည့်ကာ သူ၏မျက်လုံးများမှာ တောက်ပနေခဲ့

သည်။

သူမ ငွေပဲစေ့တွေကို ဘယ်လိုအိမ်ပြန်သယ်ရမလဲ စဥ်းစားနေတာ ဖြစ်ရမယ်!

ငွေပဲစေ့များစွာဖြင့် ရှဲ့ချောင်သည် သိမ်းဆည်းရန် ရွေးချယ်ခဲ့ပြီး နေ့စဥ်အသုံးစရိတ်အတွက် လုံလောက်သောပမာဏကိုသာ ထုတ်ယူခဲ့သည်။

ငွေပဲစေ့များစွာဖြင့် ရှဲ့ချောင်သည် ဆရာကြီးစန်း၏ခြံဝန်းထဲရှိပန်းပင်များသည် အရေးမကြီးတော့ဟုတောင် တွေးနေခဲ့သည်။

သို့သော်လည်း သူမ စာအုပ်များကူးရေးခြင်းမှ ရရှိခဲ့သော ငွေပဲစေ့များသည် သူမ၏အလုပ်ကြိုးစားမှုမှ ရရှိလာခဲ့သည်။ ၎င်းတို့ကိုဖြုန်းတီးရန် နှမြောစရာကောင်းသည့်အတွက် သူမသည် ပန်းပင်များ

ကိုဂရုစိုက်ရန် ထပ်သွားခဲ့သည်။

သူမသည် ပန်းပင်များကို ပျိုးထောင်မည်ဟုပြောခဲ့သော်လည်း အမှန်မှာ သူမသည် ၎င်းတို့ကိုရေလောင်းကာ မြေသြဇာကျွေးရခြင်းသာဖြစ်သည်။

"သခင်မလေးရှဲ့က သုံးရက်လောက်မလာတော့ ပန်းပင်တွေက နည်းနည်းတောင်ကြွေကုန်ပြီ" ကောင်လေးသည် သူမလာသည်ကိုမြင်လိုက်ရသောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

ပန်းပင်များမှာ သေခါနီးနေပြီဖြစ်သည်။ ရှဲ့ချောင် ပထမဆုံး ရောက်လာချိန်က ကိုင်းများမှာ အနည်းငယ်ဝါနေပြီဖြစ်သည်။ ဘုရားသခင်တောင် ၎င်းတို့ကို မကယ်တင်နိုင်တော့သည့်ပုံပင်။

ရှဲ့ချောင်ရောက်လာပြီး ၎င်းတို့ကိုရက်အနည်းငယ်လောက် ဂရုစိုက်ပြီးနောက် ၎င်းတို့မှာ အမှန်တကယ်ရှင်သန်လာလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

နောက်ပိုင်းတွင် ရှဲ့ချောင်သည် အလာနည်းသွားသည်။ သူသည် ပန်းပင်များကို ရေလောင်းခဲ့ရသည်။ သူ ပန်းပင်များကို ဂရုစိုက်ရန် တာဝန်ကျသောအခါ ပန်းများကို နေအလွန်အကျွံထိတွေ့စေခဲ့သည်။ အရွက်များမှာ ပျော့ပျောင်းပြီး အားနည်းသွားကြသော်လည်း ရှဲ့ချောင် ဂရုစိုက်သောအခါ ၎င်းတို့သည် အလွန်သက်ဝင်ကာ နှစ်လိုဖွယ်ကောင်းပေသည်။

ရှဲ့ချောင်သည် ပန်းပင်များကို ဖြည်းဖြည်းချင်းရေလောင်းရင်း ပြုံးနေခဲ့သည်။

ထိုပန်းပင်များသည် တစ်ချို့မှာ ရှားပါးမျိုးစိပ်များဖြစ်သည်။

သစ်ခွအများစုသည် ကမ်းပါးများပေါ်တွင် ရှင်သန်ကြသည်။

သူမ တာအိုဘုရားကျောင်းတွင် ရှိနေခဲ့စဥ်က သူမသည် ပန်းပင်များကို ရေလောင်းခဲသည်။ သူမသည် အများအားဖြင့် ဆေးဖက်ဝင်အပင်များ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးတတ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် အစောပိုင်းနှစ်များတွင် ဆေးများစွာသောက်သုံးခဲ့ရသည်။ မော့လင်းကျစ်သည် သူမကို ကျွေးမွေးရန်မတတ်နိုင်ဘဲ သူမသည် ငွေကိုချွေတာခဲ့ရသည်။

သို့သော် သူမ၏ကျန်းမာရေးသည် ချို့တဲ့သည့်အတွက် ဆေးဖက်ဝင်အပင်များကို ထိန်းသိမ်းရန် အလွန်အမင်းစေ့စေ့စပ်စပ်မလုပ်နိုင်ခဲ့ပေ။

သူမသည် ၎င်းတို့ကို စိုက်ပျိုးရန်သာ ကြိုးစားခဲ့သည်။ ရံဖန်ရံခါ သူမသည် ဆေးဖက်ဝင်အပင်များနား ထိုင်ကာ စာအုပ်ဖတ်လိမ့်မည်။ သူမသည် ရေလောင်းရန်အတွက် တောင်ခြေမှ ရွာသားများကိုသာ ခန့်ထားရပေသည်။

၎င်းမှာ ခက်ခဲနေလျှင်တောင် ဆေးဖက်ဝင်အပင်များကို ရိတ်သိမ်းနေနိုင်ဆဲဖြစ်သည်။

အချိန်များကုန်ဆုံးသွားသည်နှင့် သူမစိုက်ပျိုးခဲ့သော စားလို့ရသည်ဖြစ်စေ၊ စားလို့မရသည်ဖြစ်စေ အပင်များအားလုံးသည် ရှင်သန်နေသည်နှင့် ကောင်းမွန်စွာရှင်သန်နိုင်ကြပေသည်။

ထိုကဲ့သို့စွမ်းရည်များသည် သူမကို အများကြီး

သက်တောင့်သက်သာရှိစေခဲ့သည်။

"ဆရာစန်းက ပန်းတွေကို ချစ်တတ်တာပဲ သူ့မှာ ပန်းမျိုးစေ့တွေ အများကြီးရှိတယ်ထင်တယ် ဟုတ်တယ်မလား" ရှဲ့ချောင်က မေးလိုက်သည်။

"ဟုတ်တယ် သူ့မှာ ပန်းမျိုးစေ့ပေါင်းထောင်ချီရှိတဲ့ ဖန်လုံအိမ်တစ်ခုရှိတယ် အဲ့ဒီမှာ ဂန္တမာပန်းမျိုးစေ့ချည်းပဲကို ရာချီရှိတယ်" ကောင်လေးက ဂုဏ်ယူဝံ့ကြွားစွာ ဖြေခဲ့သည်။

ပန်းစွဲလန်းသူပဲ။

ရှဲ့ချောင်သည် ခြောက်ကပ်ကပ်ရယ်လိုက်သည်။

သူမ စာမေးပွဲတွင် ပထမရခဲ့သည့် အကြောင်းအရင်းမှာ... သူမ၏ တတိယဆရာတူမောင်လေး၏ ထူးခြားမှုများကြောင့်ဖြစ်သည်။

ထိုနှစ်များအတွင်း သူမလက်ခံရရှိခဲ့သောလက်ဆောင်များမှာ ပန်းများအကြောင်း စာအုပ်အထပ်လိုက်ပင်ဖြစ်သည်။ ၎င်းတို့ထဲမှ တော်တော်များများတွင် တတိယဆရာတူမောင်လေး၏ မှတ်စုများပါဝင်ပြီး ဆရာတူအစ်မနှင့်ပန်းများအကြောင်း... ကဗျာများလည်း ရှိပေသည်။

•••••

All Chapters