← Chapters

ခွေရူးကိုက်ခြင်း

Vol. 18 Ch. 325

ခွေရူးကိုက်ခြင်း

Vol. 18 Ch. 325

ရှဲ့ချောင်သည် ထိုကဗျာများအကြောင်းတွေးလိုက်ပြီး ပခုံးတွန့်လိုက်သည်။

ထိုပန်းများကိုကြည့်လိုက်သောအခါ အရင်ကလို မရွှင်လန်းတော့ပေ။

"ဆရာစန်းပြန်လာတဲ့အခါကျ ဒီပန်းတွေကို နင်းမိထားတယ်လို့မပြောနဲ့နော်" ရှဲ့ချောင်က ကောင်လေးကိုပြောလိုက်သည်။

ကောင်လေးက အမြန်ခေါင်းညိတ်လိုက်၏။

ဒါပေါ့ သူ သူ့ကိုမပြောနိုင်ပါဘူး!

ဆရာစန်းသည် ပန်းများကို သူ၏အသက်လောက် မြတ်နိုးပေသည်။ သူရှာတွေ့သွားလျှင် သေချာပေါက် မြင်းစောင်းရှိမြင်းများကို အရှင်လတ်လတ်ခွဲပစ်လိမ့်မည်!

ရှဲ့ချောင်သည် စိတ်သက်သာရာရကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ပန်းပင်များသည် ပြန်လည်ကောင်းမွန်လာသည့်ပုံပင်။ သူမ ဆက်လက်စိုးရိမ်နေစရာမလိုအပ်တော့ပေ။ သူမသည် နောက်ဆုံးတွင် ငွေပဲစေ့များကို ပြန်ရနိုင်တော့မည်ဖြစ်သည်။

သူမသည် ပရဟိတလုပ်ရန် ပစ္စည်းတစ်ချို့ဝယ်လျှင် ပိုက်ဆံမလောက်မည်ကို စိုးရိမ်နေစရာမလိုတော့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် အခြားတစ်စုံတစ်ယောက်သည် စိုးရိမ်သောကများနှင့် ပြည့်နှက်နေပေသည်။

သုန့်ရှီးယွင်သည် သူမ၏မျက်နှာကို မျက်ရည်များနှင့် ဆေးကြောနေသလိုပင်။ သူမသည် အရင်က တစ်ခါမှ မှားယွင်းသည်ဟု မခံစားခဲ့ရပေ။

"အစ်မသုန့် ဝမ်းနည်းမနေပါနဲ့ ရှဲ့ချောင် ပထမနေရာကိုဘယ်လိုရခဲ့တာလဲဆိုတာ ဘယ်သူသိမှာလဲ သူမက လူကောင်းမဟုတ်ဘူး သူမမှာ ဘယ်လိုလုပ် အရည်အချင်းအစစ်အမှန်ရှိမှာလဲ စိတ်မပူပါနဲ့ သူမ နှစ်သစ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားဖို့ အာမခံတယ်!" ရှားယာ့ယွင်က သူမကို နှစ်သိမ့်ပေးလာသည်၊

သူမသည် ပျိုနီပန်းခြံဝန်းတွင် ဖြစ်သည်။ သူမ သစ်ခွခြံဝန်း၌ ဆက်လက်မနေနိုင်တော့ပေ။

သူမ ခဏတာ နာကျင်သွားခဲ့ရသည်။

အကြောင်းအရင်းမှာ ထိုနေရာရှိလူများသည် ယခုတွင် ရှဲ့ချောင်ဘက်မှဖြစ်သည်။ ၎င်းတို့သည် ရှဲ့ချောင်၏ပထမနေရာအတွက် ချီးကျူးနေခဲ့ကြသည်။ ၎င်းတို့၏မျက်လုံးထဲတွင် အခြားမည်သူ့ကို မြင်နိုင်ဦးမည်နည်း?!

သုန့်ရှီးယွင်၏မျက်လုံးများမှာ အနည်းငယ်နီကာ ယောင်ယမ်းနေခဲ့သည်။ သူမက အက်ရှရှအသံဖြင့်ပြောခဲ့သည်: "ညီမယာ့ယွင် နင် ငါ့ကို နှစ်သိမ့်ပေးစရာမလိုပါဘူး ရှဲ့ချောင်က အရမ်းဥာဏ်ကောင်းတယ် သူမဘယ်လိုလုပ်ရှုံးနိုင်မှာလဲ နှစ်သစ်ကူးရောက်လာတဲ့အခါကျ နင်တောင် သူမဆီကနေ မောင်းထုတ်ခံနေရဦးမယ်... "

"မဖြစ်နိုင်တာ! ကျွန်မက သူ့ကိုဘယ်လိုလုပ်ရှုံးနိုင်မှာလဲ?!" ရှားယာ့ယွင်သည် အသံမြင့်လိုက်လေသည်။

"ငါ ပထမနေရာရဖို့ မမျှော်လင့်ထားပေမယ့် ငါရှုံးနိမ့်သွားရတဲ့သူက ရှဲ့ချောင်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး သူမက ငါ့ကို အမြဲတမ်း အံ့သြရစေတာပဲ သူမက နင့်ကို နိုင်သွားခဲ့ရင်ရော ဘာအံ့သြစရာရှိမှာလဲ" သုန့်ရှီးယွင်က ထပ်ပြောလိုက်သည်။

ရှားယာ့ယွင်သည် အချိန်ခဏလောင် တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် ရှားယာ့ယွင်ကပြောလာသည်: "အစ်မသုန့် အစ်မ ကျွန်မအတွက် စိတ်ပူနေမှန်းသိပါတယ် တကယ်တော့ ကျွန်မလည်း နည်းနည်းတော့စိုးရိမ်တယ် ရှဲ့ချောင်က မြို့ပြင်သွားတိုင်း ဘာမှထူးထူးခြားခြားမလုပ်ခဲ့ဘူး ဒါပေမယ့်လည်း သူမနဲ့အဆက်အဆံရှိတဲ့ ဒုက္ခသည်တွေကိုမေးကြည့်ဖို့ တစ်စုံတစ်ယောက်ကိုလွှတ်လိုက်တယ် အဲ့ဒီလူတွေက သူမကို ကောင်းကောင်း

ဆက်ဆံပြီး သူမက လူကောင်းတစ်ယောက်လို့ ပြောကြတယ်"

"ယာ့ယွင် နင်ရှုံးသွားရင်ရော? သခင်လေးမုန့်က အစတုန်းက သူနိုင်ခဲ့ရင် နင့်ကိုလက်ထက်မယ်လို့ ပြောခဲ့တယ်..." သုန့်ရှီးယွင်က ထပ်ပြောလိုက်သည်။

ရှားယာ့ယွင်သည် လက်သီးဆုပ်လိုက်သည်။

သူမသည် မုန့်ကျိဖန်ကို လက်ထက်ရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ အမှန်မှာ သူမသည် စောစောက မြင်းစောင်းတွင်တွေ့သောအခါ သူသည် သူမကို အနိုင်ကျင့်ရန် ရှဲ့ချောင်နှင့် ပူးပေါင်းလိုက်သည်ကို မုန်းတီးနေခဲ့သည်။

သို့သော်လည်း သူမအတွက် မုန့်ကျိဖန်ထက် သင့်

တော်သည့်ခင်ပွန်းမရှိတော့ကြောင်း ဝန်ခံရပေမည်။

သူသည် ပညာမတတ်၊ အရည်အချင်းမပြည့်မီသော်လည်း သူ၏အဆင့်အတန်းမှာ မြင့်မားပေသည်။ အနာဂတ်တွင် စတုတ္ထမင်းသားသာ နန်းတက်လျှင် မုန့်မိသားစုက မြင့်တက်လာလိမ့်မည်။

"နင်ပြောဖူးတာ မုန့်ကျိဖန်ရဲ့ ရှဲ့ချောင်အပေါ်သဘောထားက တော်တော်လေးကောင်းတယ်ဆို ဒါဆို...ဖြစ်နိုင်မလား..." သုန့်ရှီးယွင်က ထုတ်မပြောသော်လည်း ရှားယာ့ယွင်သည် သူမ၏စကားလုံးနောက်ကွယ်မှ ဆိုလိုရင်းကို သဘောပေါက်ပေသည်။

သူသည် ရှဲ့ချောင်ကို သဘောကျနေသည်လော။

"မဖြစ်နိုင်ဘူး သူမက ဘာကောင်းနေလို့လဲ?!" ရှားယာ့ယွင်က ခေါင်းမာစွာပြောခဲ့သည်။

"သခင်မလေးရှဲ့ကလည်း လူကောင်းတစ်ယောက်ပါ သူမက သိမ်မွေ့တယ် တည်ငြိမ်တယ် အဲ့ဒီအသွင်အပြင်ကို...ငါတို့ထဲကဘယ်သူ ယှဥ်နိုင်မှာလဲ ငါထင်တာတော့ သူမက ဥာဏ်မကောင်းပေမယ့် တကယ်တော့ သူမမှာ အရည်အချင်းတွေ ပြည့်ဝတယ် ဘယ်ယောက်ျားမဆို သူမကိုလေးစားကြမှာပဲ ဟုတ်တယ်မလား" သုန့်ရှီးယွင်က ခါးသက်သက်ပြုံးလိုက်သည်။

ရှားယာ့ယွင်သည် သူမ၏နှလုံးသားလေး နာကျင်သွားခဲ့သည်။

"မုန့်မိသားစုနဲ့ ကြိုးဆွဲဖို့ သူမဘယ်လိုတောင် စိတ်ကူးယဥ်ရဲရတာလဲ သူမကို လုံးဝအောင်မြင်ခွ

င့်မပေးနိုင်ဘူး" ရှားယာ့ယွင်က အံကြိတ်လိုက်သည်။

"ညီမယာ့ယွင် နင် စိတ်မရှည်မဖြစ်ရဘူးနော် နင်သိပါတယ် ရှဲ့ချောင်အန္တရာယ်ဖြစ်ရင် အဲ့ဒီရှဲ့ဖင်းကန်းက သေချာပေါက် ခွေးရူးတစ်ကောင်လို လိုက် ကိုက်မှာမလား" သုန့်ရှီးယွင်က သူမကို အလျင်အမြန် ဆွဲဆောင်ရန်ကြိုးစားလိုက်သည်။

••••

All Chapters