ဆုလာဘ်
Vol. 18 Ch. 326
ရှားယာ့ယွင်သည် သုန့်ရှီးယွင်၏ ထိတ်လန့်နေသောအကြည့်ကို မြင်လိုက်ရသောအခါ သူမသည် ရှဲ့ဖင်းကန်းသည် ပို၍ပင်စက်ဆုပ်စရာကောင်းသည်ဟု တွေးခဲ့သည်။
အစ်မသုန့်သည် အလွန်အကျိုးကြောင်းသင့်သူဖြစ်ပြီး သူမည် မကောင်းသောသူထံမှ မည်သို့ ပစ်မှတ်ထားခံရမည်နည်း?!
သူမသည် အစ်မသုန့်၏ဒေါသများကို ကူညီဖြေဖျောက်ပေးချင်ခဲ့သည်။
အစ်မသုန့်၏ပြောစကားများကို ပြန်လည်တွေးရင်း သူမ၏မျက်လုံးထဲ ရက်စက်မှုအရိပ်အယောင်လေး ဖြတ်ပြေးသွားခဲ့သည်။
ရှဲ့ချောင်သာတစ်ခုခုဖြစ်ခဲ့လျှင်... ရှဲ့ဖင်းကန်းသည် ဝမ်းနည်းကာ စိတ်မကောင်းဖြစ်မည်မဟုတ်လော?! သူသည် အခြားမိန်းကလေးများကို အနိုင်ကျင့်ခဲ့သော်လည်း သူ၏ညီမသာ အနိုင်ကျင့်ခံရလျှင် ၎င်းမှာ ဝဋ်လည်ခြင်းမဟုတ်လော?!
သုန့်ရှီးယွင်သည် ရှားယာ့ယွင်ထိုသို့ပြုမူနေသည်ကိုကြည့်ကာ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
..
ထိုညက ရှဲ့ချောင်သည် သူမ၏ ပထမဆုရအဖြေလွှာရှစ်ခုကို အိမ်သို့ယူသွားခဲ့သည်။
သူမသည် ၎င်းအား ရှဲ့နျိုရှန်းရှေ့ ဝှေ့ယမ်းပြလိုက်၏။
ရှဲ့နျိုရှန်းသည် ထိုအဖြေလွှာများအားကြည့်ကာ အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်: "အဖေက အဲ့လိုပျင်းစရာကောင်းတဲ့ဟာတွေကိုကြည့်ရတာမ
ကြိုက်ဘူး သမီးဘာလုပ်နေတာလဲ"
ရှဲ့ဖင်းကန်းသည် ထိုအဖြေလွှာများကို ယူကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကတောက်ကလာပြီး: "မင်း အဖြေလွှာတွေပေါ်မှာ ကိုယ့်ဟာကို အမှတ်ရေးလာတာတော့မဟုတ်ဘူးမလား?!"
ရှဲ့ချောင်မှာ ဆွံ့အသွားပြီး နှာမှုတ်ထုတ်လိုက်သည်။
"အစ်မ ဒါက လုံးဝအထင်ကြီးစရာပဲ" ရှဲ့ရှီက ရုတ်တရက် သူမ၏ခေါင်းကိုဆန့်ကာ ပြောလိုက်သည်။
"ဒါဆို ဒါကအမှန်ပဲပေါ့?" ရှဲ့ဖင်းကန်းက စိတ်အ
လှုပ်ရှားဆုံးဖြစ်နေပေသည်။ သူ၏မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးများက အနည်းငယ် လှုပ်သွားသည်: "ကောင်းတယ်! ညီမလေးက ငါတို့ အမေနဲ့တူတယ် ငါတို့အမေကလည်း အရမ်းဥာဏ်ကောင်းတယ်!"
မည်သို့ပင်ဖြစ်စေ သူမသည် သူတို့၏အဖေနှင့်မတူပေ!
"ဒါက ဘာကြီးလဲ" ရှဲ့နျိုရှန်းသည် နားမလည်သေးပေ။ ထို့နောက် သူသည် သေချာကြည့်လိုက်ပြီး အဖြေလွှာတစ်ခုချင်းစီပေါ်တွင် ပထမနေရာကိုရေးသားထားကြောင်း တွေ့လိုက်ရသည်။
ဒါက သူမပထမရတယ်လို့ ဆိုလိုတာလား။
"ညီမလေးက စာမေးပွဲမှာ ပထမနေရာရှစ်ခုတောင်
ရခဲ့တာ ဒါ အံ့သြစရာပဲ" ရှဲ့ဖင်းကန်းသည် သူ၏ ခပ်တုံးတုံးဖခင်ကို ရှင်းပြလိုက်သည်။
ရှဲ့နျိုရှန်းသည် ၎င်းအားကြားလိုက်ရသောအခါ ထခုန်လုမတတ်ပင်: "အံ့သြစရာပဲ!"
သူ ရုတ်တရက်အော်လိုက်သောအခါ ရှဲ့ချောင်၏နှလုံးသားမှာ စည်းချက်တစ်ခုလွတ်သွားခဲ့ပြီး ထိန်လန့်မှုကြောင့် သေတော့မလိုပက်ဖြစ်သွားမိသည်။
သေစေနိုင်သည့်ကံကြမ္မာဆိုးနဲ့သူက ဘယ်သူလဲ။
သူမ အဖေမှာ ဘာလို့ အရှုပ်ထုတ်လို လုပ်နေတာလဲ။ သူမ၏သက်တမ်းက လုံလုံလောက်လောက်တိုနေပြီးသားလို့ ထင်နေတာလားပဲ။
"အဖေ၊ အစ်ကိုကြီး စာမေးပွဲတွင်းတုန်းက အေးစက်နေတာပေမယ့် သမီးစာမေးပွဲမှာကောင်းကောင်းလုပ်နိုင်ခဲ့ပြီး အဖေတို့ကို ပျော်အောင်လုပ်နိုင်မယ်လို့ထင်လို့ သမီးကြိုးစားခဲ့တာ.." ရှဲ့ချောင် ရပ်တန့်လိုက်ပြီး သူတို့အား မျှော်လင့်ချက်ဖြင့်ကြည့်ကာ: "ဆုပေးမှာမလားဟင်"
ရှဲ့နျိုရှန်း၏မျက်နှာမှာ တောင့်တင်းသွားခဲ့သည်။
ရှဲ့ဖင်းကန်းက ခေါင်းလှည့်ကြည့်လိုက်သည်။
"အစ်မက ပထမနေရာ ရှစ်ခုကိုရခဲ့တယ်?! အာ ဒီလိုမှန်း ကျွန်တော်သိရင် ကျွန်တော် ကျောင်းတော်ကိုသွားခဲ့ပါတယ်! ရှက်စရာပဲ! ကျွန်တော်က အစ်မရဲ့သွေးသားတော်စပ်တဲ့မောင်လေးပဲ! ဘယ်သူက ကျွန်တော့်ကို အရူးလို့ခေါ်ရဲလဲ?!" ရှဲ့ဖင်းဟွိုက်၏တုန့်ပြန်မှုသည် အနည်းငယ်နောက်ကျနေ
ပြီး သူသည် ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့ ဒုက္ခတွေ့နေချိန်၌ ပြောခဲ့သည်။
"မင်းက အစကတည်းက အရူးပဲကွ! မင်းအစ်မရတာနဲ့ မင်းကဘာဆိုင်လို့လဲ!" ရှဲ့နျိုရှန်းက ရက်ရက်စက်စက်ပြောလိုက်သည်။
ရှဲ့ဖင်းဟွိုက်သည် သူ၏နှုတ်ခမ်းများကို စေ့ကာ နှာမှုတ်ထုတ်လိုက်သည်။
၎င်းမှာ သူ၏ သွေးသားတော်စပ်သော အစ်မဖြစ်ပြီး သူနဲ့ဘယ်လိုလုပ် ဘာမှမဆိုင်ရမှာလဲ?!
"အဖေ? ဆုမချဘူးလား? ဒါဆို နောက်တစ်ခါ... သမီး စာမေးပွဲမှာ နောက်ဆုံးနေရာရမှ ပိုကောင်းမယ်ထင်တယ်..." ရှဲ့ချောင်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
ရှဲ့နျိုရှန်းက တံတွေးမြိုချလိုက်သည်။
သူ၏ဦးခေါင်းမှာ ပွင့်ထွက်တော့မလိုပင်။
"အင်း ရှိတာပေါ့" ရှဲ့နျိုရှန်းက ဒယ်ပြားပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်နှယ် စိုးရိမ်နေခဲ့သည်: "စောင့်တော့စောင့်ရမယ် ဒါက ရုတ်တရက်ကြီးဆိုတော့ အဖေ ဘာမှမပြင်ဆင်ထားလိုက်ရဘူး မနက်ဖြန်...အဖေ တပ်တွေကိုလွှတ်လိုက်မယ် အဖေပြန်လာရင် လက်ဆောင်ယူလာခဲ့တယ်"
သူသည် တပ်များကိုလွှတ်ရန် ရည်ရွယ်မထားပေ။
သို့သော်လည်း ယခုဖြစ်လာခဲ့သည်။
သူသည် စစ်တပ်စခန်း၌ သူ၏ ကျန်ရှိနေသောဘဝတစ်လျှောက်လုံး အလုပ်လုပ်ချင်နေဆဲဖြစ်သည်။ သို့သော်လည်း သူ ယခု ပိုမလုပ်လျှင် ထိုမိန်းကလေးကို မည်သို့ဖြင့် ပျိုးထောင်ပေးရန် တတ်နိုင်မည်နည်း!
အနောက်ပိုင်းတောင်ပေါ်တွင်ဓါးပြများရှိသည်။ သူသည် ၎င်းတို့ကို သွားရောက်စစ်ဆေးလျှင် ကောင်းသောအရာတစ်ချို့ကို ရနိုင်ပေသည်...
ထို့နောက် သူ့ကို ငွေများစွာဖြင့်လည်း ဆုချခံရလိမ့်မည်။
"ကောင်းပါပြီ အဖေ ကျေးဇူးတင်ပါတယ် အဖေ" ရှဲ့ချောင်က ချိုမြန်စွာပြောခဲ့သည်။
ရှဲ့ဖင်းကန်းက အချိန်ယူကာ သူ၏အိတ်ကပ်ထဲမှ... ပိုက်ဆံအိတ်သေးသေးလေးကို ထုတ်ယူလိုက်သည်။
"ငါ ဒါကို ငါ့အတွက်ငါသုံးမလို့ ဒါပေမယ့် ညီမလေးက စာမေးပွဲမှာ ကောင်းကောင်းလုပ်လာခဲ့တာဆိုတော့ ညီမလေးကိုပေးလိုက်မယ် ဒါကို မဖြုန်းတီးနဲ့ ဒါကို တာအိုဆရာကြီးကိုယ်တိုင်းထွင်းထားတာလို့ငါကြားတာပဲ ဒါကအရမ်းအသုံးဝင်တယ်" ရှဲ့ဖင်းကန်းကပြောလိုက်သည်။
ရှဲ့ချောင်သည် ကြောင်အမ်းသွားခဲ့သည်။ ထို့နောက် သူမသည် ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်လိုက်ပြီး သူမ၏သွားများကို ကြိတ်လိုက်လေသည်။
လက်ထက်ခြင်းအဆောင်! ၎င်းမှာ အချစ်ရေးကိုဆွဲဆာင်ရန်ဖြစ်သည်!
အစ်ကိုကြီးသည် အမှန်မှာ နှစ်ခုဝယ်ထားပြီး တစ်ခုကို တိတ်တိတ်လေး ဝတ်ထားသည်လော?
သူသည် သူ၏ညီမကို အလွန်တွန့်တိုပေသည်။ အချစ်ရေးအဆောင်မည်မျှပင်ရှိနေပါစေ ၎င်းမှာ အသုံးမဝင်ပေ!
•••••