ဗေဒင်
Vol. 18 Ch. 327
ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းဆီမှလက်ဆောင်ကို ချီတုံချတုံဖြင့် လက်ခံလိုက်လေသည်။
ရှဲ့နျိုရှန်းက ၎င်းအားကြည့်ပြီး သူသည် လမ်းလွှဲနေသလို ခံစားလိုက်ရသည်။ အရင်က ထိုမိန်းကလေးတောင်းဆိုသောအရာများမှာ စျေးကြီးလွန်းရာ သူမ လက်ဆာင်အကြောင်းပြောသောအခါ သူသည် ငွေတုံးရာချီ အဖိုးတန်ရမည်ဟု တွေးနေခဲ့သည်!
သို့သော်လည်း သူ၏သားကြီးက သူမကိုပေးသောအရာအားကြည့်လိုက်သောအခါ...
သူသည် သူမကို ထိုကဲ့သို့သေးငယ်သောတစ်စုံတစ်ခုကို ပေးနိုင်သည်?
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူသည် တပ်ဖွဲ့ကိုလွှတ်လိုက်ချင်သည်ဟု ပြောခဲ့ပြီး သူမအတွက် လက်ဆောင်ယူလာမည်ဟုတောင် ပြောခဲ့ပြီးလေပြီ။ ထိုလက်ဆောင်ကို...
သာမန်ကာလျှံကာ ဖြေရှင်း၍မရနိုင်ပေ။
သူသည် သူ၏စိတ်ထဲ နှမြောနေခဲ့သည်။
ရှဲ့နျိုရှန်းသည် အမှန်တကယ် ခရီးရှည်မထွက်ချင်ပေ။ ၎င်းမှာ သူ့လိုအဆင့်တက်နေသည့်အရာရှိအတွက် အလွန်ခက်ခဲပေသည်။ သူသည် သူ၏အားအင်များကို မဖြုန်းတီးချင်ပေ။
သူသည် မုန့်မိသားစု၏တောင်းပန်လက်ဆောင်အဖြစ်ပေးထားသော ရွှေလင်းယုန်ငှက်ကို သူမအတွက် ဆုချလိုက်ရမလားဟုလည်း တွေးနေခဲ့သည်။
ရှဲ့နျိုရှန်းသည် ၎င်းအားတွေးနေသော်လည်း သူသည် အပြင်ထုတ်မပြောဝံ့ပေ။
သူသည် ထွက်ခွာတော့မည်ဖြစ်ရာ ရှဲ့ချောင်သည် သူ၏ခရီးစဥ် ချောချောမွေ့မွေ့ရှိ၊ မရှိကို ကြိုတင်ကြည့်ရန် ပြင်ဆင်လိုက်သည်။
ရှဲ့ချောင်သည် အကြွေစေ့အနည်းငယ်ကိုထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် ၎င်းတို့ကို ကစားလိုက်သည်။
ဗေဒင်တွက်ကြည့်ရာ သူမအဖေ၏ ခရီးမှာ အတော်လေးကောင်းမွန်ပေသည်။ အကြွေစေ့များ ရပ်တန့်သွားသည့်အနေအထားကိုကြည့်ချင်းဖြင့် လေကိုကျားဖြူကအုပ်စိုးနေပြီး မိုးကို နဂါးက အုပ်စိုးနေသည်။ လေနှင့် မိုးသည် အတူပေါင်းစပ်သွားပြီး ကြီးပွားချမ်းသာသောအတိတ်နမိတ်ကို ဆောင်ကြဥ်းနေသည်။ ထို့ပြင် ဗေဒင်တစ်ခုလုံးတွင် ပြောင်းလဲခြင်းများ သိပ်မရှိပေ။ သူသည် သေချာပေါက် ကြီးမားသောအောင်မြင်မှုနှင့်
အတူ ပြန်လာနိုင်လိမ့်မည်။
၎င်းမှာ ကောင်းမွန်သောကံတရားဖြစ်သည်။
"အဖေ ထွက်သွားပြီးရင် မြင့်ရာအရပ်ကိုရောက်တိုင်း မြင်းပေါ်ကဆင်းပြီး အရှေ့အရပ်ကို သုံးကြိမ်လောက် ဦးချအရိုအသေပေးပါ ဒါဆို အဖေ့ရဲ့ခရီးစဥ်က ချောမွေ့သွားလိမ့်မယ်" ရှဲ့ချောင်က ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။
"ဦးချအရိုအသေပေးရမယ်?!" ရှဲ့နျိုရှန်းက နှာမှုတ်ထုတ်လိုက်သည်။
ဘာကိစ္စနဲ့လဲ?!
"ဟုတ်ပါတယ် သမီးရဲ့ဆရာကပြောတယ်
မိသားစုဝင်တွေ ခရီးရှည်ထွက်ရင် သူတို့တွေ မကောင်းတဲ့ကံတွေကိုဖယ်ရမယ်တဲ့ ခရမ်းရောင်တိမ်တိုက်တွေက အရှေ့အရပ်ကနေလာလိမ့်မယ် အဖေသာ အရှေ့အရပ်ကို ဦးချအရိုအသေပေးမယ်ဆိုရင် သမီး ပိုပြီးနေကောင်းလာလိမ့်မယ်" ရှဲ့ချောင်က အဓိပ္ပါယ်မရှိ ပြောလိုက်သည်။
ဗေဒင်အရ သူမမြင်သောအရာမှာ အရှေ့အရပ်တွင် မြင့်မြတ်သောပုဂ္ဂိုလ်ရှိနေပြီး မမြင်နိုင် မထိတွေ့နိုင်ပေ။ သို့သော်လည်း ထိုပုဂ္ဂိုလ်ကို လေးလေးစားစားဆက်ဆံရမည်။ ထိုသို့ဆိုလျှင် သူတို့အား သေချာပေါက် ကောင်းချီးပေးခံရကာ ဆုလာဘ်များချီးမြင့်ခံရလိမ့်မည်။
၎င်းတို့ကို မည်သို့ လေးလေးစားစားဆက်ဆံရမည်နည်း။ ဦးချအရိုအသေပေးခြင်းကို ထည့်ထွက်နိုင်ပါသလား။
"ဦးချအရိုအသေပေးရုံပါပဲ အဖေ ညီမလေးပြောတာကို လိုက်နာသင့်တယ်" ရှဲ့ဖင်းကန်းက ရှဲ့ချောင်ကို တစ်ချက်ကြည့်ကာ ရှဲ့နျိုရှန်းကိုပြောလိုက်သည်။
ရှဲ့နျိုရှန်းသည် တုန့်ဆိုင်းစွာခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။
သူသည် ကတိပေးလျှင် ပေးထားသည့်အတိုင်း သေချာပေါက်လုပ်လိမ့်မည်ဖြစ်ပြီး ရှဲ့ချောင်က ၎င်းအား စိတ်အေးသွားသည်။
သေချာပေါက် သူ အရိုအသေမပေးလည်း အဆင်ပြေပေသည်။ ၎င်းမှာ သူသည် ထိုလျှို့ဝှက်မြင့်မြတ်သူကို လွဲချော်သွားလိမ့်မည်သာ။
ဗေဒင်က ထိုသို့ပြောခဲ့သည်။
ရှဲ့ချောင်သည် ရှဲ့နျိုရှန်းကို အခကြေးငွေတောင်းရန် မမေ့ခဲ့ပေ။
ဗေဒင်အခကြေးငွေကို အကြွေးမထားသင့်ပေ။
ရှဲ့နျိုရှန်းက ရှုပ်ထွေးသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် ရက်ရောပေသည်။ သူသည် ဘာမှသိပ်မပြောဘဲ သူမကို ဆယ်ပြားပေးခဲ့သည်...
သူသည် ထိုမျှသာပေးနိုင်ပေသည်။
နောက်တစ်နေ့မနက် အာရုဏ်မတက်ခင်တွင် သူသည် စစ်တပ်စခန်းသို့သွားကာ လူတစ်စုဖြင့် ထွက်ခွာသွားခဲ့သည်။ သူသည် ပြတ်သားသော
အမူအယာဖြင့် ထွက်ခွာခဲ့သည်။
ရှဲ့ချောင်သည်လည်း အစောကြီး နိုးနေခဲ့သည်။ မြို့တံခါး ပွင့်သည်နှင့် သူမသည် မြို့တံခါးဆီသို့ ရထားလုံးကိုစီးကာ သူမ၏အဖေကို လိုက်ပို့ပေးခဲ့သည်။
ပုံမှန်အတိုင်းပင် ရောက်ရှိသွားပြီးနောက် ရှဲ့ချောင်သည် လှည့်လည်သွားလာနေသော ဝိညာဥ်များကိုခေါ်ကာ အနီးနားရှိ အခြေအနေကို မေးမြန်းခဲ့သည်။
ထိုဝိညာဥ်များသည် ထိုနေရာအကြောင်းကို ပိုသိပြီး ဒုက္ခသည်များကြား မည်သူက နေမကောင်းဖြစ်နေသည်၊ မည်သူက အနိုင်ကျင့်ခံနေရသည်ကို ပြောပြလိမ့်မည်...
အပြင်ဘက်ရှိ အနက်ရောင်စွမ်းအင်မှာ လေးလံပြီး အချို့ကလေးများနှင့် လူကြီးများသည် ဝိညာဥ်များဆီမှ ခြောက်လှန့်ခံရတတ်သည်။
ရှဲ့ချောင်သည် ယခု မော့ချူးရှန်းမဟုတ်ရာ သူမသည် အယူသီးခြင်း*များကို ဖြန့်လိုမရပေ။ သတင်းရပြီးနောက် သူမသည် ဝိညာဥ်များကို တိတ်တဆိတ်စုစည်းကာ ဒုက္ခသည်များကို ကုသရန် သမားတော်ပင့်ခဲ့သည်။
(*နတ်တွေ ဝိညာဥ်တွေကို ယုံကြည်တဲ့သဘောပါ)
ဝိညာဥ်ခြောက်လှန့်ခြင်းများမရှိလျှင် ထိုဖျားနာမှုများကို သမားတော်က ကုသပေးနိုင်သည်။
သို့သော်လည်း ထိုနေရာ၌ ဝိညာဥ်ခြောက်လှန့်များရှိနေလျှင် သမားတော်က ဆေးညွှန်းကို မှန်မှန်ကန်ကန်ညွှန်းလိုက်လျှင်တောင် ထိုလူများသည် အိပ်ရာထဲလဲကာ ဖျားနာမှုကြီးကြီးမားမားရော အ
သေးစားပါ ခံစားရပြီး ၎င်းတို့၏ ခန္ဓါကိုယ်များသည် အားနည်းသထက် အားနည်းလာမည်။
မကြာသေးမီက မြို့တော်အပြင်ဘက်တွင် ဒုက္ခသည်အရေအတွက်သည် အတော်လေး တိုးလာခဲ့သည်။
အနိုင်ကျင့်မှုများကို ဖမ်းမိခဲ့ခြင်းကြောင့်ဖြစ်လောက်မည် အရင်က ထွက်ခွာသွားသော ဒုက္ခသည်များသည် သတင်းကြားပြီးနောက် ပြန်ရောက်လာခဲ့ကြသည်။
သို့သော်လည်း နေရာလွတ်မရှိရာ ၎င်းတို့အားလုံး မြို့ပြင်ရှိ တောထဲတွင် ကြပ်ကြပ်သိပ်သိပ်နေခဲ့ကြသည်။
ရှဲ့ချောင်၏ရထားလုံးသည် နေရာတစ်ခု၌ ရပ်တန့်
သွားခဲ့သည်။
"ဆရာ အဝေးကတောထဲမှာ အမျိုးသမီးတစ်ယောက် အဖမ်းခံရတဲ့ပုံပဲ သူမက ပြင်းပြင်းထန်ထန်ငိုကြွေးနေပြီး တကယ်ကိုကြောက်စရာကောင်းပါတယ်..." ဝိညာဥ်လေးတစ်ခုက ဝေ့ဝဲနေပြီး ခေါင်းကိုအုပ်ထားရင်း ရှဲ့ချောင်ကိုပြောလိုက်သည်။
•••••