သူမတိတိကျကျချိန်နိုင်မလား?
Vol. 18 Ch. 328
ဝိညာဥ်လေးသည် ရှဲ့ချောင်ကို ကြောက်လန့်တကြားကြည့်လိုက်သည်။ သူသည် အတော်လေး နာခံမှုရှိပုံပင်။
သူသည် အတော်လေးကြည့်ကောင်းပေသည်။ သူသည် အသားဖြူကာ သန့်ရှင်းသည်။ သူသာ ပျံဝဲမနေလျှင် မည်သူမှ သူကဝိညာဥ်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ရှဲ့ချောင်က သူနှင့် သဘောတူညီချက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝိညာဥ်လေးသည် သူမအား ပတ်ဝန်းကျင်ကို လေ့လာစစ်ဆေးရန် ကူညီပေးသည်။ သူမသည် သူသုံးစွဲရန်အတွက် ပိုက်ဆံများ မီးရှို့ပေးလိမ့်မည်။ သူမသည် သူ၏မိသားစုနှင့် မျိုးဆက်များအတွက် တောင်ပို့ဖုန်းရွှေအနေအထားကိုလည်း ကူညီကာထိန်းညှိပေးလိမ့်မည်ဖြစ်သည်။
"သူမကို ဘယ်သူခေါ်သွားတာလဲ" ရှဲ့ချောင်ကမေးလိုက်သည်။
"အမျိုးသမီးက အသက်၂၀ထဲမှာပဲ ယောက်ျားကြီး သုံးလေးယောက်လောက်က သူမကို ဆွဲခေါ်သွားတာ အနီးနားမှာ လူနည်းနည်းရှိပေမယ့် သူတို့က စကားမပြောရဲကြဘူး..." ဝိညာဥ်လေးက ထပ်ပြောလာသည်။
တောထဲတွင် ကင်းလှည့်မည့် အရာရှိများ စစ်သည်များ မရှိပေ။ ရှိလျှင်တောင် ၎င်းတို့သည် ထိုနေရာကိုကြည့်ရှုရန် ရံဖန်ရံခါမှ လာတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ မြို့တော်နှင့် အတော်လေး အလှမ်းဝေးနေဆဲဖြစ်သည်။
မြို့အပြင်ဘက်ရှိမြေနေရာများသည် ကွဲအက်လုနီးပါးဖြစ်နေသည်။ ထိုနေရာ၌ လူအများကြီးရှိနေလျှင် သက်တောင့်သက်သာရှိမည် မဟုတ်ပေ။ နောက်ပိုင်းတွင် ဒုက္ခသည်များသည် အနီးနားတွင် အိပ်စက်ရုံလောက်သာ ပြုလုပ်ခဲ့ကြသည်။ နေ့ခင်း
ဘက်တွင် မြို့ပြင်၌ အစားအစာရှာဖွေစုဆောင်းရန်သွားသည့်အခါ ၎င်းတို့သည် ဖြတ်ကျော်သွားရပေသည်။
သို့သော်လည်း ရှဲ့ချောင်သည် ဥပဒေကိုချိုးဖောက်ကာ ပြစ်မှုကျူးလွန်ရဲသည့်သူများရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းမှာ အနည်းငယ် ထူးဆန်းပေသည်။
သို့သော်လည်း ယခု ထိုအကြောင်းကို ကြားလိုက်ရသောအခါ ရှဲ့ချောင်သည် ထိုနေရာ၌သာထိုင်ကာ ဘာမှမလုပ်ဘဲ မနေနိုင်ခဲ့ပေ။
ပထမဆုံးသူမသည် ထိုကိစ္စကို တိုင်ကြားရန် တစ်စုံတစ်ယောက်အား အရာရှိများထံသွားခိုင်းခဲ့သည်။ ထို့နောက် သူမနောက်လိုက်မည့် အစေခံ
များကိုခေါ်ကာ ထိုနေရာသို့ သွားကြည့်ခဲ့သည်။
၎င်းတို့ ထိုနေရာသို့ရောက်သောအခါ ထိုနေရာ၌ တစ်ယောက်မှ မရှိပေ။ ပတ်ပတ်လည်ရှိလူများက တုန်လှုပ်နေကြပြီး အနည်းငယ်ကြောက်ရွံ့နေပုံရသည်။
ရှဲ့ချောင်မှာ ထိုသူတို့နှင့် လိုက်သင့်၊ မလိုက်သင့် တုန့်ဆိုင်းနေခဲ့သည်။
သူမသာ သူတို့နောက်သို့မလိုက်ခဲ့လျှင် အရာရှိများနှင့် စစ်သည်များရောက်လာချိန်၌ ထိုလူများက ပျောက်ကွယ်သွားလိမ့်မည်။ ၎င်းတို့ကို မည်သို့ရှာနိုင်တော့မည်နည်း။
သူမ အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်သင့်လား။
ရှဲ့ချောင်သည် ခဏတွေးတောနေပြီး စကားပြောတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ထိုနေရာသည် အလွန်အန္တရာယ်များသည်။ ထိုအစေခံ ဆယ်ယောက်လောက်သည် သူမ၏ယုံကြည်မှုပင်ဖြစ်သည်။ ၎င်းတို့ကို နှစ်ဖွဲ့ခွဲလိုက်လျှင် သူမသာ မကောင်းသောလူနှင့် ကြုံတွေ့ခဲ့ရပါက သူမထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။
"အဲ့ကိုသွားပြီး ကြည့်ရအောင်" ရှဲ့ချောင်က ခဏစဥ်းစားကာ ပြောလိုက်သည်။
အစေခံများက နာခံမှုရှိစွာ လိုက်နာခဲ့ကြသည်။
မြေပြင်ပေါ်တွင် လူများ တရွတ်တိုက်ဆွဲသွားသော ခြေရာလက်ရာများကျန်နေသေးသည်။ ရှဲ့ချောင်နှင့် သူမ၏လူများသည် ၎င်းတို့နောက်သို့လိုက်ခဲ့သော်လည်း တဖက်လူပြေးသည်မှာ မြန်ပေသည်။ သိပ်မကြာခင်တွင် ပတ်ပတ်လည်၌ လူတစ်ယောက်မှမရှိတော့ပေ။
တောနက်ကြီးထဲလူသူမရှိသောနေရာသို့ ရောက်လာသောအခါ အရှေ့ရှိလူများက ရပ်သွားကြသည်။ ထိုမျှသာမက ပတ်ပတ်လည်ရှိ မြက်ခြောက်များထဲမှ ထွက်လာသော လူဆယ်ယောက်ကျော်လောက်ရှိပေသည်။
"သခင်မလေးကို ကာကွယ်ကြ!" ရှဲ့ချောင်နားမှ အစေခံများသည် အံ့သြတုန်လှုပ်သွားပြီး အမြန်အော်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် သူတို့နောက် သိပ်မလှမ်းမကမ်းမှ လိုက်လာသော လူတစ်ချို့ရှိပေသည်။
ရေတွက်လိုက်သောအခါ စုစုပေါင်း အယောက်၂၀ကျော်၏။
ရှဲ့ချောင်သည် နှုတ်ခမ်းသပ်ကာ စတင်တွေးတောလိုက်သည်။ သူမ၏မျက်လုံးများက ၎င်းတို့ပတ်ပတ်လည်ရှိ လူများကို စစ်ဆေးလိုက်ရာသူမ'သိသောတစ်စုံတစ်ယောက်ကို မြင်လိုက်ရလေသည်။
"ဟက် အဲ့တာက ငါတို့ရှဲ့မိသားစုရဲ့ အိမ်တော်ထိန်းဟောင်းယွမ်ရုန်မဟုတ်ဘူးလား ရှင့်ကို ခြေထောက်နဲ့လက်တစ်ဖက်စီ ချန်ပေးထားတာကို မလုံလောက်ဘူးလား ရှင်က အသက်ရှင်ရတာ ပင်ပန်းနေပြီလား" ရှဲ့ချောင်က အေးစက်စွာပြော
လိုက်သည်။
ယွမ်ရုန်သည် အစက ထိုလူများနောက်တွင် ထော့နဲ့ထော့နဲ့ဖြင့် ရပ်နေခဲ့သည်။
သို့သော်လည်း ရှဲ့ချောင်က သူ၏နာမည်ကိုပြောလိုက်သောအခါ သူသည် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။ သူသည် သူမကို အေးစက်စက်အကြည့်ကာ: "သခင်မလေး၊ အမြဲတမ်း သနားညှာတာမှုထားပါ ဒါမှ အနာဂတ်မှာ ကျွန်တော်တို့တွေ့ဆုံတဲ့အခါ ငြိမ်းချမ်းနေမှာ! မင်းက သခင်လေးက ငါ့ကိုအခုလိုလုပ်အောင် လုပ်ခဲ့တာပဲ အခု မင်းက ငါ့လက်ထဲကိုရောက်လာပြီ ငါ မင်းကိုသေချာပေါက် ကောင်းကောင်းဂရုစိုက်မှာပါ!"
ရှဲ့ချောင်ကို မည်သူက ဂုဏ်မောက်ခိုင်းပြီး နေရာတကာ ရန်သူဖွဲ့ခိုင်းလို့လဲ?!
ရှဲ့မိသားစု၏ ဂုဏ်သတင်းသည် မဆိုးရွားသော်လည်း ၎င်းတို့သည် သူမက လူများစွာ၏အလုပ်ကို ဖျက်ဆီးခဲ့ကြောင်း မစဥ်းစားခဲ့ကြပေ!
မြို့တော်အပြင်ဘက်တွင် လူများစွာဖမ်းဆီးခံရသော်လည်း သူတို့အားလုံးကိုတော့ မည်သို့ ဖမ်းဆီးနိုင်မည်နည်း!
ဟား၊ ကြည့်ပါဦး၊ အခု လက်စားချေချင်နေတဲ့သူ ရောက်လာပြီ!
"ရှင် ကျွန်မပစ်လိုက်တဲ့ မြားက ဘယ်လောက်နာကျင်လဲဆိုတာမေ့သွားမလား စိုးရိမ်မိတယ်?" ရှဲ့ချောင်က ရထားလုံးထဲထိုင်နေဆဲဖြစ်ပြီး ဒူးလေးနှင့် မြားတံကို ထုတ်ယူလိုက်သည်။
ရင်းနှီးနေသောဒူးလေးကိုမြင်လိုက်ရသောအခါ ယွမ်ရုန်၏မျက်ခုံးများက တွန့်ချိုးသွားခဲ့ပြီး မသိစိတ်အရ သူ၏ဝမ်းဗိုက်တွင် နာကျင်မှုကို ခံစားလိုက်ရ၏။
သူ၏ ဒဏ်ရာမှာ အပြည့်အဝပြန်မကောင်းသေးပေ!
၎င်းမှာ ရှဲ့ချောင်ကြောင့် ဖြစ်သည်။ သူမသာ ပြန်မလာခဲ့လျှင် သူသည် အလွန်အထင်ကြီးလေးစားရာကောင်းသည့် ရှဲ့အိမ်တော်၏ အိမ်တော်ထိန်းဖြစ်နေဦးမည်!
"ကောင်မလေး မင်း ဘာလို့ အဲ့လိုပစ္စည်းနဲ့ ကစားနေတာလဲသခင်မလေးရှဲ့ ငါတို့တွေ မင်းအတွက် အခက်မတွေ့စေရပါဘူး ရထားလုံးထဲကဆင်းခဲ့
ပြီး ငါတို့ညီအစ်ကိုတွေကို ဒေါသဖြေဖျောက်ခွင့်ပေးလေ ငါတို့အတိတ်ကိုမေ့လိုက်ပြီး မင်းကို နာကျင်အောင်မလုပ်ပါဘူး ဘယ်လိုလဲ" ဦးဆောင်လာသောလူက ရယ်လိုက်သည်။
သူမက တိတိကျကျချိန်နိုင်မှာမို့လား?
ဝှစ်ရှ်...
•••••