← Chapters

လက်စားချေလိုသော ဝိညာဥ်တစ်ကောင်လို

Vol. 18 Ch. 329

လက်စားချေလိုသော ဝိညာဥ်တစ်ကောင်လို

Vol. 18 Ch. 329

ခေါင်းဆောင်စကားပြောပြီးပြီးချင်း ရှဲ့ချောင်မြားကို ပစ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အရင်တစ်ခေါက်ကနှင့် တူညီသောနေရာဖြစ်သည့် ယွမ်ရုန်၏အစာအိမ်ကို ထပ်မံ ထိုးဖောက်သွားခဲ့သည်။

ရှဲချောင်၏မျက်နှာမှာ အေးစက်နေပြီး လှောင်ပြုံးပြုံးလိုက်သည်: "ကျွန်မကို တိတိကျကျ မချိန်နိုင်ဘူးလို့ ထင်နေတာလား ရှင့်ဘေးက လက်အောက်ငယ်သားကိုမေးကြည့်လိုက်လေ သူက ကျွန်မရဲ့စွမ်းရည်ကို တစ်ခါကြုံဖူးပြီးသား ဘာလို့ သင်ခန်းစာမရသေးတာပါလိမ့်?"

"ကောင်မလေး အရှက်မမဲ့စမ်းပါနဲ့! ငါ့မှာ လူတွေအများကြီးရှိတယ် ငါက ဘာလို့ မင်းလို မိန်းကလေးတစ်ယောက်ကို မသတ်နိုင်ရမှာလဲ!" ခေါင်းဆောင်က ဒေါသတကြီးပြောခဲ့သည်။

ယွမ်ရုန်သည် သူ၏အစာအိမ်ကို ဖိထားပြီး နာကျင်မှုကြောင့် မြေပြင်ပေါ်လဲကျသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ချွေးအေးများ စီးကျနေခဲ့သည်။

ရှဲ့ချောင်! ရှဲ့ချောင်!

ဒီခွေးမ!

ရှဲ့ချောင်သည် ဒူးလေးကို မြားထပ်ဖြည့်လိုက်သည်။

ထိုလူသည် ရှဲ့ချောင်နှင့် ကျန်သောသူများ အနားတိုးလာပြီး ဝိုင်းထားရန် လူများကို ဦးဆောင်ခဲ့သည်။

ရှဲ့ချောင်သည် သူမ၏စိတ်ကို ထိန်းထားပြီး တည်ငြိမ်ယောင်ဆောင်လိုက်သည်။

သူမသည် ပြုံးတောင်ပြုံးလိုက်ပြီး ဖြည်းဖြည်းလေးနှင့် အေးအေးဆေးဆေးပြောလိုက်သည်: "ရှင့်ရဲ့မျိုးရိုးနာမည်က ယန်၊ မာဟိုင်လို့ခေါ်တာမဟုတ်လား"

ခေါင်းဆောင်က ၎င်းအားကြားလိုက်ရပြီး ကြောင်အမ်းသွားခဲ့သည်။ အခြားသူများကလည်း ဘယ်ညာကြည့်ကာ ပဟေဠိဖြစ်နေခဲ့ကြသည်။

ဒီမိန်းကလေးက ဘယ်လိုလုပ် ခေါင်းဆောင်ရဲ့နာမည်ကိုသိနေရတာလဲ။

"ယန်မာဟိုင်၊ ရွာကအဘိုးကြီးလီရဲ့ မိသားစုဆီက

ကြက်က အရသာရှိရဲ့လား" ရှဲ့ချောင်က မေးလိုက်သည်။ သူမ၏လေသံမှာ ဗလာကျင်းနေသောချိုင့်ဝှမ်းမှ ထွက်လာသကဲ့သို့ ကြောက်စရာခံစားချက်ကို ပေးစွမ်းနေခဲ့သည်: "ရှင် ကြက်ကိုစားခဲ့တယ်ဆိုရင်တောင် ဘာလို့ သူ့ရဲ့မြေးမကိုပါ မတရားပြုကျင့်ခဲ့ရတာလဲ"

ယန်မာဟိုင်၏အမူအယာမှာ ကြောင်စရာကောင်းနေခဲ့သည်။

"ပါးစပ်ပိတ်ထားစမ်း!"

"အဘိုးကြီးလီရဲ့မြေးမလေးက ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးခဲ့ရတာ။ သူမက ရှင့်အိမ်ကသစ်ပင်မှာ ကြိုးဆွဲချခဲ့တာမဟုတ်လား။ အိုး သူမက အနီရောင်ကိုဝတ်ခဲ့တာပဲ။ သူမက ခြေကားယား၊ လျှာတစ်လစ်နဲ့ ရှင့်ကိုစိုက်ကြည့်နေခဲ့တာ။ ရှင် အဲဒါကို တံခါးအပြင်ကိုထွက်

လိုက်ချိန် တွေ့ခဲ့ရတာ ဟုတ်တယ်မလား။" ရှဲ့ချောင် ပြောကာ သူမ၏နှုတ်ခမ်းထက်တွင် ထူးဆန်းသောအပြုံးလေး ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ယန်မာဟိုင်သည် ချွေးအေးများ စီးကျနေလေပြီ။

သူ ထိုနေ့မနက်ကို ပြန်တွေးလိုက်မိ၏။

ထိုနေ့မနက်က သူသည် အဘိုးကြီးလီမိသားစု၏ မြေးမလေးက သူ့ကိုစိတ်ကျေနပ်စေခဲ့ကြောင်း တွေးနေမိသည်။ မည်သို့ပင်ဖြစ်စေ သူမသည် သန့်ရှင်းသောမိန်းကလေးတစ်ဦးဖြစ်ပြီး ဆောင်ကြာမြိုင်မှ အခြားမိန်းကလေးများနှင့် မတူပေ။

ထိုမိန်းကလေးသည် အလွန်လှပသည်။ ယခုတွင် သူမ၏ခန္ဓါကို သူကဖျက်ဆီးလိုက်ပြီး သူမသည်

လက်မထက်နိုင်တော့ပေ။ သူ့ကိုလက်ထက်ကာ သူ့အတွက်ချက်ပြုတ်ပေးပြီး သူ့ကိုပြုစုပေးတာက ပိုပြီးကောင်းတယ်လေ။

သူ အဲဒီအကြောင်း အိပ်မက်တောင်ဆက်မက်လိုက်သေးတယ်။ သူနောက်နေ့တံခါးဖွင့်လိုက်ချိန်ကျ အဲဒီအမျိုးသမီးက လေထဲ တွဲလောင်းဖြစ်နေလိမ့်မယ်လို့ မည်သူကထင်မှာလဲ။ လေပြင်းတိုက်ခတ်သွားတဲ့အခါ သူမကိုယ်က နှစ်ခါလွှဲယမ်းသွားသေးတယ်!

ဒါတွေသူမ ဘယ်လိုလုပ် သိတာလဲ!

ယန်မာဟိုင်သည် တံတွေးမြိုချလိုက်သည်။ သူသည် တောင်ပေါ်ကရွာသားတစ်ယောက်က သူမကို ကြိုတင်သတင်းပို့ထားတာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်!

သူသည် သလိပ်များကို ပါးစပ်အပြည့် ထွေးလိုက်ကာ: "မင်း ဘယ်သူကို ခြောက်လှန့်ဖို့ ဟန်ဆောင်နေတာလဲ။ မင်းက ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား"

"ရှင် ခုနစ်နှစ်သားအရွယ်တုန်းက ရှင့်အမေရဲ့အစာအိမ်ကို ရိုက်နှက်လို့ သူမက ကိုယ်ဝန်ပျက်ကျပြီး သေဆုံးသွားခဲ့ရတယ်။ သနားစရာကောင်းလိုက်တဲ့ကလေးလေး အဲ့တာ ရှင့်ရဲ့ညီလေးလေ သူမွေးဖွားလာမှာကို ဘာလို့ရှင်က စိတ်ဆိုးရတာလဲ။" ရှဲ့ချောင်က ခေါင်းစောင်းငဲ့ကာ အပြစ်ကင်းစင်သောအကြည့်ဖြင့် မေးလိုက်သည်။

သူမ၏မျက်လုံးများမှာ သန့်စင်ပြီး ကြည်လင်နေပေသည်။

အခြားသူများ၏ စိတ်ကိုဖောက်ကာ အတွေးများ

ကို မြင်နိုင်သကဲ့သို့ပင် အလွန်ကြည်လင်လွန်းလှသည်။

ယန်မာဟိုင်က ၎င်းအားကြားလိုက်ရသောအခါ သူသည် အလိုလိုနောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားကာ ဘယ်ညာကြည့်လိုက်မိသည်။

တစ်ခုခု မှားနေပြီ။ ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး

တစ်ခုခု မှားယွင်းနေပြီ!

သူ့ရဲ့ သေဆုံးသွားတဲ့ အဘိုးနဲ့ အမေကလွဲပြီး သူ့အမေရဲ့ဒီအကြောင်းကို ဘယ်သူမှ မသိကြ!

သူမက ဘယ်လိုလုပ်သိနေရတာလဲ?

ယန်မာဟိုင် တောင်တောင့်ကြီးရပ်နေမိကာ

သူ၏စိတ်မှာလည်း ရှုပ်ထွေးနေခဲ့သည်။

သူ့ဘေးပတ်ပတ်လည်ရှိလူများက အနည်းငယ်ထူးဆန်းနေသဖြင့် ယန်မာဟိုင်၏ ညွှန်ကြားချက်များကို စောင့်နေခဲ့ကြသည်။

"အဲ့ဒီညက လီစန်းယာက သူမကိုလွှတ်ပေးဖို့ ရှင့်ကို မတောင်းပန်ခဲ့ဘူးလား။ သူမကို လွှတ်ပေးရင် သူမရဲ့မိသားစုက ပိုက်ဆံတွေပေးပါ့မယ်လို့ပြောခဲ့ပေမယ့် ရှင်ကတော့ သူမကို ကောက်ရိုးပုံထဲကို ဆွဲခေါ်သွားခဲ့တယ်... ယန်မာဟိုင်... ရှင့်ရဲ့လည်ပင်းကို ခံစားကြည့်လိုက် အဲ့တာက... အဆင်မပြေ မဖြစ်နေဘူးလား အဲ့တာက... အဲ့နေ့ည သူမ ရှင့်ကို လည်ပင်းညစ်ခဲ့တုန်းက သူမရဲ့ စွမ်းအားအကုန်နဲ့ ခုခံခဲ့တုန်းက ကြည့်ရတာ... သူမက မသေခင် ရှင့်အပေါ်မှာ အမှတ်အသားတစ်ခု ချန်သွားခဲ့တဲ့ပုံပဲ..."

ရှဲ့ချောင်၏ဖျော့တော့သောအသံသည် ငရဲမှ ထွက်လာသကဲ့သို့ပင်။

ထိုလူတစ်စုကိုမဆိုထားနှင့် သူမအနားမှ အစေခံများကတောင် ကြက်သီးများထသွားခဲ့ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လက်စားချေလိုသော ဝိညာဥ်တစ်ကောင်ရှိနေသလိုနှယ် လေအေးလေးတစ်ချက် ဝေ့တိုက်သွားခဲ့သည်။

•••••

All Chapters