ဝိညာဥ်ကြီးက ဝိညာဥ်လေးကိုစားတယ်
Vol. 18 Ch. 330
ရှဲ့ချောင်သည် လှောင်ပြုံးပြုံးကာ ဖြူဖွေးသောသွားများကို ပြသလိုက်သည်။ ၎င်းတို့မှာ သန့်ရှင်း
နေသော်လည်း ကြောက်စရာကောင်းနေ၏။
ယန်မာဟိုင်၏ဘေးတွင် ဝိညာဥ်နှစ်ကောင်ရှိနေသည်။
တစ်ကောင်သည်... ဒေါသကြီးသည့် လက်စားချေလိုသောဝိညာဥ်ဖြစ်သည်။
ထိုလက်စားချေလိုသောဝိညာဥ်သည် ယခင် ဖယောင်းဆိုင်မှတစ်ကောင်နှင့် မတူညီပေ။ ထိုတခြားတစ်ကောင်သည် ဖယောင်းတိုင်ထဲတွင် ချိတ်ပိတ်နေပြီး မီးလောင်သွားခဲ့သည်။ အလောင်းနှင့် မီးသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ ပို၍စွမ်းအားကြီးလာခဲ့သည်။
ယခုတစ်ကောင်သည် အလွန်အားနည်းပေသည်။ ၎င်းသည် ယန်မာဟိုင်၏ဘေးမှ လိုက်လာခြင်း
သို့မဟုတ် သူ၏ကိုယ်ပေါ် ကပ်တွယ်နေခြင်းသာလုပ်နိုင်ပြီး ယန်မာဟိုင်၏ယန်စွမ်းအင်ကို နည်းနည်းချင်းသာ စားသုံးနိုင်ပေသည်။
ယန်မာဟိုင်၏ ယန်စွမ်းအင်သည် အတော်လေးသိပ်သည်းနေပြီး ထိုယန်စွမ်းအင်ကို စားသုံးသောအခါ လက်စားချေလိုသောဝိညာဥ်သည် နာကျင်မှာတစ်ချို့ကို ခံစားရပေလိမ့်မည်။
ထိုလက်စားချေလိုသောဝိညာဥ်မှာ ဖျက်ဆီးခံလိုက်ရသော လီစန်းယာဖြစ်သည်။
သူမသည် အနီရောင်ချည်သားအင်္ကျီကိုဝတ်ထားသည်။ သူမသေသွားသောအချိန်က သူမသည် လက်စားချေရန် ခွန်အားအကုန်သုံးခဲ့သည်။
ထိုလက်စားချေလိုသောဝိညာဥ်အပြင် ထိုဝိညာဥ်က ဖိနှိပ်ထားသော ဝိညာဥ်တစ်ကောင်လည်း ရှိပေသည်။ ၎င်းမှာ အဘိုးအိုတစ်ယောက်ဖြစ်သည်။
အဘိုးအိုသည် ယန်မာဟိုင်၏ အဘိုးဖြစ်သည်။
"ဒီအမှိုက်ကောင်! ဒါတွေအားလုံး ငါ့အမှားပါ ငါ ဒီအမှိုက်ကောင်ကို ကောင်းကောင်းမသင်ပြနိုင်ခဲ့လို့ဖြစ်ရတာ သူတစ်ယောက်ပြီးတစ်ယောက် အနိုင်ကျင့်နေတာကို ငါ ကြည့်နေခဲ့တာ ငါ အသုံးမကျတာ ငါ သူ့ကို မတားနိုင်ခဲ့ဘူး..." အဘိုးအို၏ ဝိညာဥ်သည် ငိုကြွေးနေခဲ့သည်။
ဘာငိုစရာအကြောင်းရှိလို့လဲ...
သူ အသက်ရှိနေစဥ်ကကျ အကောင်းဆုံးမကြိုးစားခဲ့ပဲ။ သေသွားပြီးမှ နောင်တရနေတော့
ရော ဘာအသုံးဝင်မှာလဲ။
လက်စားချေလိုသောဝိညာဥ်က ၎င်းအားကြားလိုက်ရသောအခါ သူမက အော်ဟစ်ခဲ့သည်။ သူမ၏အသံမှာ နားစည်များကို ထိုးဖောက်တော့မလို ထူးဆန်းကာ စူးရှနေပေသည်။ ၎င်းသည် သူ့ဘေးရှိ အဘိုးအိုကို ကြောက်ရွံ့သွားစေပြီး သူ့အား တုန်လှုပ်သွားစေခဲ့သည်။
"အဲ့တာရှင်ပဲ!" လက်စားချေလိုသောဝိညာဥ်၏မျက်လုံးများမှာ သွေးချင်းနီနေခဲ့သည်။ သူမသည် အဘိုးအိုကို အံကြိတ်ကာ: "သူ့ကို အလိုလိုက်အကြိုက်ဆောင်ခဲ့တာ ရှင်ပဲ! ကျွန်မ ရှင့်ကို သေချာပေါက်စားပစ်မယ် ကျွန်မ သူ့ကို သေတဲ့ထိ လည်ပင်းညစ်သတ်မှာကို ရှင်စောင့်ကြည့်နေလိုက်!"
ရှဲ့ချောင်က သက်ပြင်းချလိုက်သည်။
သူမသည် အတော်လေး ကြမ်းကြုတ်ပေသည်။
ဝိညာဥ်အကြီးက ဝိညာဥ်အသေးကိုစားသကဲ့သို့ အရာမျိုး ဖြစ်လာနိုင်ပေသည်။
သို့သော်လည်း လက်စားချေလိုသောဝိညာဥ်ကသာ ၎င်းအားလုပ်လိမ့်မည်ပင်။
အဘိုးအို၏ ဝိညာဥ်မှာ ယခုတွင် အဆင်တန်ဆာနှင့် တူပေသည်။ ၎င်းသည် လက်စားချေလိုသောဝိညာဥ်ဆီမှ ခပ်ဝေးဝေးမသွားနိုင်ပေ။ အမှန်မှာ လက်စားချေလိုသောဝိညာဥ် အလိုရှိနေသရွေ့ ၎င်းသည် ဘယ်အချိန်မဆို သူ့ကို ဝါးမြိုနိုင်ပေသည်။
သို့သော်လည်း ထိုအဘိုးအိုဝိညာဥ်၏ အသွင်အပြင်ကို ကြည့်လိုက်လျှင်...
သူ့ကို အပြစ်ကင်းသော ဝိညာဥ်လေးဟု ယူဆနိုင်ပေသည်။
သူ၏မျက်ခုံးများမှာ ဖြောင့်နေသော်လည်း မချောမွေ့ပေ။ ဘယ်ဘက်မှာ သူ၏ဇနီးကြောင့် ဆိုးရွားနေပြီး ညာဘက်မှာ သူ၏မြေးကြောင့် ဆိုးရွားနေခဲ့သည်။ သူ့တွင် ခက်ခဲကြမ်းတမ်းသောဘဝရှိခဲ့သည်။ သူ၏နှာတံမှာ ပျက်စီးနေပြီး သူ၏လင်းယုန်ငှက်လိုပါးစပ်မှာ ပေါ်လွင်နေခဲ့သည်။
သူ့ကိုကြည့်လိုက်လျှင် အိမ်တွင်းအကြမ်းဖက်ခြင်းလိုပုံစံမျိုးတောင် ရှိနေခဲ့သည်။ သို့သော်လည်း ထိုမျက်နှာသည် အနည်းငယ်ဖုံးကွယ်နေဆဲဖြစ်သည်။ စဥ်းစားကြည့်ပါက... အဘိုးအို
သည် ကြောင်သူတော်အကျင့်စရိုက်ရှိပြီး လိမ်ညာ
ရာ၌ အလွန်ကျွမ်းကျင်လ်ိမ့်မည်။
ရှဲ့ချောင်သည် ဝိညာဥ်များကို လူများထက် ပို၍ တိတိကျကျအကဲဖြတ်နိုင်ပေသည်။
ထို့ကြောင့် ထိုအဘိုးအို၏အသွင်အပြင်ကိုကြည့်လိုက်ရာ သူမ၏ သူ့အပေါ် အာရုံခံမှုမှာ ဆိုးရွားလာခဲ့သည်။
ထိုအဘိုးအိုသည် အသက်ရှိစဥ်တုန်းက သေချာပေါက် လူကောင်းတစ်ယောက်မဟုတ်ခဲ့။
ရှဲ့ချောင်သည် သူ့ကိုဖျော့တော့စွာကြည့်လိုက်သည်။ သူမ၏အကြည့်က ယန်မာဟိုင်ပေါ်မရှိဘဲ ဘေးသို့ကျရောက်သွားခဲ့သည်။ ၎င်းမှာ ယန်မာဟိုင်အား သူ့နောက်တွင် တစ်စုံတစ်ခုရှိနေသလို ခံစား
ရစေခဲ့သည်။
သူ၏အရေပြားပေါ်တွင် ကြက်သီးထသွားခဲ့သည်။
သူသည် အနည်းငယ် အပြစ်ရှိစိတ် ခံစားနေရပြီးဖြစ်သည်။ ယခု ရှဲ့ချောင်ဆီ ဖော်ထုတ်ခံလိုက်ရပြီး သူ၏အာဏာမှာ တစ်ဝက်ကလေးတောင် မကျန်တော့ပေ။
"မင်းက လူသားလား ဝိညာဥ်လား! ဘယ်လိုလုပ် အားလုံးကိုသိနေရတာလဲ!" ယန်မာဟိုင်သည် ပြိုလဲသွားတော့မလိုပင်။
သူသည် ၎င်းအားပြောနေရင်း မသိစိတ်က သူ၏လည်ပင်းအား နှစ်ကြိမ်ပွတ်သပ်လိုက်သည်။
သူ၏ စိတ်က ဖြစ်နေတာလားတော့ မသိ သူ၏လည်ပင်းမှာ နာကျင်သလို ခံစားနေရသည်။
၎င်းမှာ တစ်စုံတစ်ယောက်က သူ့အား လည်ပင်းညစ်ထားသလို အသက်မရှူနိုင်ခဲ့ပေ။
ရှဲ့ချောင် အဆောင်စာရွက်အနည်းငယ်ကိုထုတ်လိုက်၏။
သူမသည် အဆောင်စာရွက်များကို ဒူးလေးမြားများပေါ် ရစ်ပတ်ကာ ဓူဝံကြယ်၊ ကောင်းကင်ဘုံအကျဥ်းထောင်နှင့် ဟင်္သာပြဒါးငှက်၏ အနေအထားအတိုင်း မြားသုံးချောင်းကို ပစ်လိုက်သည်။
မြားများကို အကုန်အသုံးပြုလိုက်သည်။
သူမသည် ကြေးဝါမှန်ကိုထုတ်ကာ သူမ၏ရထားလုံးပေါ်ချိတ်ထားလိုက်သည်။ ရထားလုံး၏အနေအထားမှာ အစိမ်းရောင်နဂါး တည်နေရာဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းသည် ယန်စွမ်းအင်ကို ဖိနှိပ်ကာ အမှောင်စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။
ရေ၊ သစ်သားနှင့် အမှောင်စွမ်းအင်တို့သည် ထိုနေရာ၌ အနည်းငယ်မြင့်မားနေခဲ့သည်။ ယခုတွင် ထိုလက်စားချေလိုသောဝိညာဥ်ပေါ်လာခဲ့ပြီး သေးငယ်သောစွမ်းအင်စက်ကွင်းတစ်ခု ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။
၎င်းမှာ အဆုံးမရှိသော အမှောင်စွမ်းအင်စီးကြောင်းသည် လက်စားချေလိုသောဝိညာဥ်ကို အာဟာရဖြည့်ပေးနေသကဲ့သို့ ၎င်း၏ စွမ်းရည်များကို တိုးပွားလာစေခဲ့သည်။
သို့သော်လည်း သူမလုပ်နိုင်သည်မှာ အကန့်အသတ်ရှိသောကြောင့် လက်စားချေလိုသောဝိညာဥ်ပေါ် သက်ရောက်မှုမှာ မကြီးမားပေ။ သူမသည် ယန်မာဟိုင်အပေါ်... ကြောက်မက်ဖွယ်ရာလေထု မဟုတ်လျှင်... လက်စားချေလိုသောဝိညာဥ်၏ ကပ်တွယ်မှုကို ခံစားနိုင်ရန်သာ ပြုလုပ်နိုင်ခဲ့သည်။
•••••