ဆိုးယုတ်သော လူကြီး မျိုးဆက်
Vol. 18 Ch. 331
မကျေမချမ်းဖြစ်နေကြတဲ့ ဝိဉာဉ်တွေကို သုံးတာက မလုံလောက်။ တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တောင်မှ၊ ရှဲ့ချောင် ရိုးရိုးရှင်းရှင်းနှင့် ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဒါက သူမရဲ့ ဂုဏ်သိက္ခာတည်ကြည်မှုကို ထိခိုက်စေလိမ့်ပေမည်။
ရုတ်တရက်၊ ယန်းမာဟိုင်မှာ သူ့ခန္ဓာကိုယ် တစ်ခုခုမှားယွင်းနေတာကို ခံစားလိုက်ရသည်။
ဒီရာသီဥတုကတော့……
အခုချိန်ဟာ ဆောင်းရာသီဖြစ်တာကြောင့် လူတွေကို သက်တောင့်သက်သာ မဖြစ်စေဘူးလို့သာ ယန်းမာဟိုင် စဉ်းစားနိုင်တော့သည်။
ရှဲ့ချောင်က အဘိုးအိုရဲ့ ဝိဉာဉ်ကို ဖမ်းဖို့အတွက် မက်မွန်သစ်သားဓားနှင့် အဆောင်တစ်ခုကို ယူထုတ်လိုက်သည်။ သူမ ၎င်းကို ညင်ညင်သာသာနဲ့ ရိုက်ချလိုက်ပြီး လူအိုကြီးရဲ့ ဝိဉာဉ်ကို စုဆောင်းလိုက်၏။ ထို့နောက်၊ မီး အဆောင်ကို ကြွေ
ပုလင်း၌ ကပ်ထားလိုက်သည်။
"ရှင် နေရထိုင်ရတာ ပိုကောင်းချင်တယ်ဆိုရင်၊ ရှင် ဘာလုပ်လဲ ဆိုတာပေါ်မူတည်တယ်။ရှင်ရဲ့ မြေးက ဒီနေ့ ကျွန်မကို အနိုင်ကျင့်ခဲ့ရင်၊ ရှင်ကိုဒီထဲမှာ နှစ်ပေါင်းတစ်ရာ နေခိုင်းပစ်မယ်။ ရှင်နေတိုင်း မီးလောင်တာကို ခံရပြီးတော့၊ ဘယ်တော့မှ ပြန်ဝင်စားနိုင်မှာ မဟုတ်ဘူး။"
ရှဲ့ချောင် တိုးတိုးလေးသာ ပြောလိုက်ပေမဲ့၊ သူမရဲ့ ကြောက်စရာကောင်းတဲ့လေသံက လူအိုကြီးကို အသိစိတ်ပျောက်အောင် ခြောက်လှန့်လုနီးပါးပင်။
သူ အမြန်ပဲ အမှန်တရားကို ပြောလိုက်၏။
သူ ငယ်ရွယ်စဉ်က၊ မိန်းမတစ်ယောက်နဲ့
လက်ထပ်ခဲ့ပြီး၊ သေတဲ့ အထိ ရိုက်နှက်ပစ်ခဲ့မိသည်။
၎င်းဟာ မိသားစုပြဿနာသာ ဖြစ်ပြီး၊ တခြားသူတွေ အတွက် ပြောပေးတတ်တဲ့ လူကောင်းတစ်ယောက်လိုနေခဲ့တာကြောင့်၊ ဇနီးသည် သေသွားခဲ့တာတောင်၊ သူမကို အမြန် မြေမြှုပ်လိုက်ရုံသာရှိသည်။
သူတို့ သားလေးတစ်ယောက် မွေးခဲ့သည်။ ထိုသားလေးသည် သူ့အမေက သူ့အဖေရဲ့ တစ်ချိန်လုံး ရိုက်နှက်ခံရတာကို ကြည့်လာခဲ့ရရာ၊ သူရဲ့ စရိုက်မှာ ရက်စက်လာခဲ့သည်။ သူ ငယ်ရွယ်စဉ်ကတော့ ထို စရိုက်လက္ခဏာကို ဖုံးကွယ်ထားခဲ့ဆဲဖြစ်သည်။ သို့ရာ၌၊ သူလည်း အိမ်ထောင်ကျပြီး သားသမီးတွေ ရှိလာသောအခါ၊
လူအိုကြီး လိုမျိုး သူရဲ့ ကြမ်းကြုတ်သော စရိုက်မှာ ပေါ်ထွက်လာခဲ့သည်။
ထိုသူသည် ယန်းမာဟိုင်၏ အဖေဖြစ်သည်။။
သူ သူ့ဇနီးကို မရိုက်ခဲ့ပေမဲ့၊ ဘာမှ ပိုကောင်းမနေခဲ့။
သူ ယန်းမာဟိုင်ကို တောင်တန်းတွေဆီ ခေါ်သွားပြီး၊ သူတို့ရဲ့ ဒေါသကို ထွက်ပေါက်ရှာဖို့ တိရိစ္ဆာန်တချို့ကို နှိပ်စက်တာ၊ ဒါမှမဟုတ် တခြားသူတွေရဲ့ နောက်မှာ ပုန်းပြီး နမိတ်မကောင်းတဲ့ မှတ်ချက်ပြုတာတွေကို လုပ်လိမ့်မည်။
ယန်းမာဟိုင်မှာ စာမတတ်ပေ။
လူအိုကြီး အသက်ကြီးလာတဲ့အခါ၊ သူ့မှာ ရိုက်စရာ မိန်းမ မရှိခဲ့။ သူရဲ့ စိတ်မှာ အများကြီး နူးညံ့လာပုံပေါ်သော်လည်း တကယ်တော့ လွှမ်းမိုးမှု
ကတော့ အမြဲတမ်းရှိနေခဲ့သည်။
သူက သူရဲ့ ချွေးမကို တောင်မှ ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ စိုက်ကြည့်တတ်သေးသည်။ ယန်းမာဟိုင်၏ အမေမှာ နောက်ပိုင်းတွင် ကိုယ်ဝန်ထပ်ရှိလာခဲ့ပြန်သည်။ ဒီ ယောက္ခထီးရဲ့ လွှမ်းမိုးမှုအောက်တွင်၊ သူသည် ဖြူငယ်တစ်ကောင်လို ၊ဖြစ်လာခဲ့ကာ သူရဲ့ စိတ်ခံစားချက်များမှာ မတည်မငြိမ်ဖြစ်လာခဲ့လေသည်။
သူ့အမေဟာ ပြောင်းလဲသွားတယ်လို့ ယန်းမာဟိုင်ထင်ခဲ့သည်။ သူမက အရိုက်ခံရဖို့ တောင်းဆိုနေသလိုပင်။
ဒါကြောင့် သူရိုက်ခဲ့သည်။ လူအိုကြီး ရှိနေလျက်ပဲ၊ စူထွက်နေတဲ့ ဗိုက်ကို တစ်ကြိမ်ထက်ပိုပြီး ထိုးနှက်ခဲ့သည်။ သူ သူ့ကို မတားခဲ့သည့် အပြင်၊ မီးထဲကိုတောင် လောင်စာထပ်ထည့်ပေးလိုက်သေး
သည်။ ထို့နောက်၊ယန်းမာဟိုင်ရဲ့ အကြမ်းဖက်မှုကို ဖုံးဖိပေးခဲ့သည်။
ယန်းမာဟိုင်ရဲ့ အဖေဟာ သူတို့ တောင်ပေါ်အတူတက်ချိန်က ကျင်းထဲ ပြုတ်ကျပြီး သေဆုံးခဲ့သည်။
လူအိုကြီးကသာဆက်၍ ယန်းမာဟိုင်ကို စောင့်ရှောက်ခဲ့ရသည်။
လူကြီးတွေရဲ့ မျိုးဆက်က ဆိုးယုတ်နေလျှင်၊ နောက် မျိုးဆက် သုံးဆက်က ထိုလမ်းစဉ်ကို လိုက်ပေလိမ့်မည်။
ရှဲ့ချောင် အဘိုးအိုဝိဉာဉ်ပါတဲ့ ပုလင်းကို သူမ အိတ်ထဲ ပစ်ထည့်လိုက်ပြီး၊ သူ့ကို ဒီထက်ပိုပြီး ဂရုစိုက်မနေတော့ပေ။
လောင်ကျွမ်းအောင် လုပ်ရတော့မယ့် အချိန်ပဲ။
"ခေါင်းဆောင် " ထိုအချိန်တွင်၊ ဘေးမှာရှိနေတဲ့ ညီအစ်ကိုတွေက တွေဝေနေပြီး၊ ချွေးသုတ်နေတဲ့ ယန်းမာဟိုင်ကို ကြည့်လိုက်ကြသည်။ သူတို့ အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့ကြသည်။
ဒီမှာရှိနေကြတဲ့ လူတော်တော်များများက သူတို့ရဲ့ မျက်နှာတွေကို တစ်ဝက်အုပ်ထားခဲ့ကြပြီး၊ ယန်းမာဟိုင်နှင့် သူ့ညီနောင်တစ်ချို့ကသာ သူတို့ရဲ့ မျက်နှာတွေကို ရှင်းရှင်း လင်းလင်း ပြထားခဲ့ကြသည်။
သူတို့ မျက်နှာတွေကို ထုတ်ပြရဲနေတာကြောင့်၊ သူတို့ ထွက်ပြေးဖို့အတွက်ကို ကြိုတင် ပြင်ဆင်ခဲ့ပြီးပြီလို့ ဆိုလိုနေသည်။
ယန်းမာဟိုင် သူခေါင်းကို ရမ်းလိုက်ပြီးနောက် အသိပြန်ဝင်လာခဲ့သည်။ သူ ဝင်ပူးခံလိုက်ရသည်ဟု တွေးမိလိုက်သည်။
သူ ဒီ မိန်းမငယ်လေးရဲ့မှတ်ချက် တွေကြောင့် တကယ်ကြီး ကြောက်သွားခဲ့တာ!!
သူမက ဟန်ဆောင်နေတာသက်သက်ပဲ!
" ညီအစ်ကိုတို့…."
သူရဲ့ လက်ကို မြှောက်ပြီး သူ့ညီအစ်ကိုတွေကို ရှေ့ကိုတက်ဖို့ အမိန့်ပေးတော့မယ့် အချိန် ထိုထူးဆန်းတဲ့ မိန်းကလေးက ရုတ်တရက် ထရယ်ခဲ့သည်။
သူမရဲ့ အသံမှာ လေတိုးဝေ့သံလိုဖြစ်နေကာ နားဝင်ချိုလှသည်။
" ယန်းမာဟိုင်…. ရှင့် အဘိုးက ရှင့်ခေါင်းပေါ်မှာ။ ရှင် သူ့ကို ဆေး မပေးဘူးဆိုရင် ရှင့်ကို စားပစ်မယ်တဲ့။"
ရှဲ့ချောင်က ရုတ်တရက် ပြောလိုက်ပြီးနောက် ခေါင်းလှည့်လိုက်ပြီး တခြားတစ်ယောက်ကို ညွှန်ပြလိုက်သည်။
" ရှောင်ကျူးကျစ်၊ ရှင့်အစ်ကို ရှင့်အိမ်ရှေ့က မြစ်ထဲမှာ ရေသရဲဖြစ်နေတယ်။ သူက ရှင်ဘယ်ချိန် သူနဲ့ နေဖို့ ဆင်းလာမလဲလို့ မေးနေတယ်…"
"ချန်ဝမ်ရှန်း၊ မသန်မစွမ်းတစ်ယောက်ကမေးနေတယ်၊ ရှင့်ရဲ့ ခြေထောက်တွေ နာလားတဲ့…."
" စွန်းချွမ်းလျန်၊ ဝမ်သုန့်က ရှင့် သူငယ်ချင်းကောင်းမဟုတ်လား၊ သူ ရေထဲကျသွားခဲ့တဲ့ဟာ၊ ရှင်သူ့ကို မကယ်ခဲ့တာ ထားပါ၊ ဘယ်လိုလုပ်ပြီး သူရဲ့ ငွေတွေကိုပါ လုယက်နိုင်ရတာလဲ"
"....."
ရှဲ့ချောင် တစ်ကြိမ်လျှင် လူတစ်ယောက်ကို ညွှန်ပြခဲ့ပြီး၊ သူတို့ထဲက တချို့ကို ညွှန်ပြပြောဆိုခဲ့သည်။
သူမ ပြောခဲ့သည့်အရာတိုင်းမှာ တိကျနေပေသည်။
••••