ကျွန်မတို့ သေချာပေါက်နိုင်မှာ
Vol. 18 Ch. 332
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး၊ အဝါရောင် သစ်ရွက်များက သူတို့ မျက်နှာကို ဖုံးလွှမ်းသွား ခဲ့သည်။
ရှဲ့ချောင် နာမည်ခေါ်တာခံလိုက်ရတဲ့ လူများမှာ သူတို့ရဲ့ ခြေထောက်တွေ ပျော့ခွေသွားသလို ခံစားလိုက်ရပြီး၊ တချို့ဆိုလျှင် မြေကြီးပေါ်တောင် ထိုင်ချလိုက်ကြသည်။ သူတို့ ခြေဆောင့်ကာ နောက်ကို ဆက်တိုက် ဆုတ်သွားကြသည်။
" မင်း-မင်းက လူမဟုတ်ဘူး။ မင်းက လူမဟုတ်ဘူး!"
ယန်းမာဟိုင်သည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။
ရှဲ့ချောင်ရဲ့ သေစေနိုင်သော ကံကြမ္မာက သူတို့ကို မထိခိုက်စေပေမဲ့၊ သူတို့ စိတ်တွေ… ကမောက်ကမဖြစ်စေတာလိုမျိုး၊ အကျိုးသက်ရောက်မှုတော့ ရှိသည်။
ရာသီဥတုမှာ အေးစိမ့်နေကာ၊ အချိန်တိုင်းတွင် လေညင်းတစ်ချက်တစ်ချက် တိုက်ခတ်လို့နေလေသည်။ အရင်ကတော့၊ လေနဲ့ ပတ်သက်ပြီး ဘာမှမှားမနေဘူးလို့ သူတို့ ထင်ခဲ့ပေမဲ့၊ အခု ချိန်မှာတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို မသိစိတ်က အာရုံစိုက်မိနေခဲ့ပြီး၊ သူတို့ကို ထူးထူးဆန်းဆန်းနှင့် အေးစိမ့်စေကာ ချောက်ချားဖွယ်ရာ ဖြစ်စေခဲ့သည်။
သူတို့ ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ အရိပ်အမြွက်ကို သူမ ပေးခဲ့ပြီးတာတောင်၊ သူတို့ စိတ်ဓာတ်တွေ တက်ကြွနေဦးမယ်လို့ သူမ မယုံပေ။
ထိုအချိန်၊ တစ်ဖက်ခြမ်းရှိ လူများမှာတော့ ဂယက်ရိုက်နေကြလေပြီ။
ရှဲ့ချောင် နာမည်ခေါ်တာ ခံလိုက်ရတဲ့ လူတစ်ယောက်ဆိုလျှင် ရုတ်တရက် သူ့လက်ထဲကို ပစ္စည်းတစ်ခုယူပြီး လက်ကို လှီးပစ်လိုက်သည်။
" မလာနဲ့၊ မလာနဲ့။ မင်းသေတာ ငါကြောင့် မဟုတ်ဘူး။ ငါကြောင့် မဟုတ်ဘူး။ မင်းဟာမင်း မြစ်ထဲကျသွားတာ၊ ငါ ငွေတွေကို လိုချင်ခဲ့လို မဟုတ်ဘူး" ထိုလူက လက်ကို လှီးနေရင်း အော်ဟစ်နေခဲ့သည်။
သူ၏ လက်အား ယမ်းနေမှုကြောင့်၊ သစ်ရွက်တွေမှာ သူ့စကားကို နားလည်နေသည့်ပမာ စက်ဝိုင်းပုံ ပျံ့လွင့်သွားလေသည်။
၎င်းမှာ မြင်နေကျ မြင်ကွင်းတစ်ခုသာ ဖြစ်သော်လည်း ထိုလူ၏ မျက်လုံးထဲမှာတော့ ယခုအချိန်မှာ သူ့အသက်ကိုလိုချင်နေတဲ့ အငြိုးကြီး ဝိဉာဉ်တစ်ကောင်လို ဖြစ်နေခဲ့သည်။
လူကောင်း ဘယ်နှယောက်က ဒီလိုအရာမျိုးကို လုပ်ရဲမှာလဲ။
သူတို့အနားမှာ ဝိဉာဉ်တချို့ ရှိနေမယ်ဆိုတာ အသေချာပင်။
စိတ်နှလုံးက မအေးချမ်းကာ၊ စိတ်ဝိဉာဉ်က မ
တည်ငြိမ်လျှင်၊ ယန်စွမ်းအင် မလုံမလောက်ဖြစ်ပြီး၊ မကောင်းဆိုးဝါးဝိဉာဉ်များက အခွင့်အရေးယူနိင်ပေသည်။
ထို အခိုက်အတန့်၌၊ မကောင်းဆိုးဝါးဝိဉာဉ်များသည် အရသာရှိသည့် အရာတစ်ခုကို အနံ့ရသွားပုံပေါ်ကာ၊ သူတို့ လက်စားချေလိုကြသည်။
မကောင်းဆိုးဝါးဝိဉာဉ်များ စတင် တိုက်ခိုက်ခဲ့သည်။
တချို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ တွဲလောင်းနေနေ၍ ၊ တချို့က ဆံပင်တွေကို ဆွဲနေကြကာ၊ တချို့က သူတို့ဘေးက မြက်ခြောက်နဲ့ ကြွေကျနေတဲ့ သစ်ရွက်တွေနဲ့ ကစားနေကြရာ တရှဲရှဲ အသံများ ထွက်လို့နေခဲ့သည်။
လူတိုင်း၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားတော့သည်။
၎င်းတို့ဟာ တစ်နေရာတည်းမှာ ဝဲနေတဲ့ ခေါင်းမပါတဲ့ ယင်ကောင်တွေလိုမျိုးပင်။ သူတို့ လက်ထဲက လူတွေက ဘာမှမရှိတဲ့နေရာကို လှီးခုတ်နေကြသည့် မြင်ကွင်းမှာ အလွန် ထူးဆန်းနေခဲ့သည်။
ရှဲ့ချောင်ဘေးက အစေခံများမှာ ကြောက်လန့်နေကြပေမဲ့၊ သူတို့လည်း ဒါဟာ နည်းနည်း ထူးဆန်းနေတယ်လို့ တွေးမိလိုက်သည်။
သူမ ရှာခဲ့သော အစေခံများသည် ပိုပြီး တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်ကြကာ၊ နည်းနည်းပိုပြီး ဖြောင့်မတ်တဲ့ ကံကြမ္မာလည်း ရှိကြသည်။ တဖက်ခြမ်းရှိ လူများနှင့် အနည်းငယ် ကွာခြားလို့နေခဲ့သည်။ အခု သူတို့က ဒီမြင်ကွင်းကို မြင်ရသောအခါ၊ တစ်ဖက်ခြမ်းက အဲဒီ လူရမ်းကားတွေ
က …. နည်းနည်း ရူးနေတာဖြစ်မယ်လို့ တွေးမိလိုက်ကြသည်။
" ပထမ သခင်မလေး…." အစေခံက မြင်းလှည်းရဲ့ အရှေ့ကိုလာကာ "ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"
" ပရမ်းပတာ ဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့၊ သူတို့ရဲ့ အသက်တွေကို ယူလိုက်" ရှဲ့ချောင်ရဲ့ အသံမှာ အေးစက်နေခဲ့သည်။
ထိုလူများ၏ အနောက်တွင် ကြိုးတုတ်ထားသော အမျိုးသမီး တစ်ယောက်ရှ်သည်။
သူမ ဒီရောက်နေပြီဆိုမှတော့ လက်ဗလာနဲ့ ပြန်မသွားနိုင်ဘူး!!
"ဒါပေမဲ့… သခင်မလေး၊ အဲဒီမှာ တကယ်ကြီး ညစ်ညမ်းတဲ့ အရာတွေ ရှိနေမလား။ သခင်မလေး ခုနက ပြောသွားတာ…" အစေခံက ခြောက်ခြောက်ကပ်ကပ်နှင့် ရယ်လိုက်၏။ သူကြောက်နေခဲ့သည်။
" ဘာ ညစ်ညမ်းတဲ့ အရာတွေလဲ။ ရှင်သာ လိပ်ပြာမလုံစရာ ကိစ္စတွေ မလုပ်ထားဘူးဆိုရင်၊ မကောင်းဆိုးဝါးဝိဉာဉ် ရှင့်ဆီကို တံခါးလာခေါက်မှာကို ကြောက်စရာမလိုဘူး။ သူတို့ကို ကြည့်ရတာ လူကောင်းပုံမပေါ်လို့၊ ဒီတိုင်း ခြောက်လိုက်ရုံပဲ။ ဘယ်သူထင်မှာလဲ၊ သူတို့က တကယ်ကို အသုံးမကျလိမ့်မယ်လို့။" ရှဲ့ချောင် စကားဆုံးသွားသည့်နောက် သူမ နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည် "ရှင်တို့ သုံးယောက်၊ ငါးယောက်လောက် အုပ်စုဖွဲ့ပြီး သွားကြ၊ ကျွန်မ ခုနက ခေါ်လိုက်တဲ့သူတွေကို အရင် ရိုက်လိုက်၊ သူတို့ ဒီနေ့ ကံမကောင်းဘူး။ ကျွန်မတို့ သေချာပေါက်နိုင်မှာ"
လူတစ်ယောက်ဟာ ကံဆိုးနေလျှင်၊ ရေသောက်လျှင်တောင် နင် နိုင်သည်။ ထိုးရိုက်မှုတစ်ခုကတောင် သူတို့ကို သေစေနိုင်သည်။
ဒါပေါ့၊ ကံတစ်ခုတည်းကပဲ အရေးပါတာမဟုတ်။ တစ်ခါတစ်ရံ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ မမြင်ရတဲ့ အရာတွေကလည်း သူတို့ကို ဆွဲချနိုင်သေးသည်။
အစေခံတွေ မမြင်နိုင်ဘူးဆိုရင်တောင်မှ၊ သူမကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အကြောင်းတချို့ကြောင့်၊ အစေခံများမှာ၊ နည်းနည်း ယုံကြည်ချက်ရှိသလို ခံစားလိုက်ရသည်။
သူတို့ ခိုင်းတဲ့ အတိုင်း လုပ်လိုက်ကြသည်။
သူတို့က တုတ်တွေကိုင်ထားခဲ့ပြီး၊ တစ်ဖက်ကတော့ ဓားရှည်တွေကို ကိုင်ဆောင်ထားခဲ့သည်။ ဓားရှည်တွေက အရမ်း ထက်နေတာ မဟုတ်ပေမဲ့ သူတို့ရဲ့ လက်နက်တွေထက်တော့ ပိုပြီး အားကောင်းသည်လေ။
ဒါကြောင့် သူတို့ အနည်းငယ်ကြောက်နေမိ ကြဆဲ ဖြစ်သည်။
ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်များကို ကိုင်တွယ်ရန် အဆောင်တစ်ခု ကို ကိုင်ထားခဲ့သည်။
၎င်းက သူမ အချိန်မရွေး။ မကောင်းဆိုးဝါးဝိဉာဉ်ကို ဖမ်းပစ်တော့မည် ပုံပေါ်နေခဲ့သည်။
မကောင်းဆိုးဝါးဝိဉာဉ်များမှာ ကြောက်လန့်နေကြသည်။
သခင်မလေးရဲ့ ဘေးနားက လူတွေ လာနေတာကို မြင်တာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များသည် ထို လူရမ်းကားများအပေါ် လွှမ်းမိုး နိုင်အောင် အကောင်းဆုံး ကြိုးစားနေကြသည်။
စွန်းချွမ်းလျန်မှာ သူ့လက်က နာကျင်ပြီး လေးလံနေတာကိုသာ ခံစားရသည်။ နှစ်ကြိမ်လွှဲလိုက်ရုံနဲ့ တင် ဒဏ်ရာ ရသွားခဲ့တာလားဆိုတာ သူမသိပေ။ သူ့လက်မှာ တုန်ယင်နေပြီး ဓားရှည်မှာ မြေကြီးပေါ်သို့ ကျသွားခဲ့လေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင်၊ သူရဲ့ခေါင်းကို သခင်မလေးရဲ့ အစေခံ ရိုက်တာ ခံလိုက်ရပြီး သတိလစ်သွားခဲ့တော့သည်။
••••