အားက ဘယ်လောက်တောင်မှလဲ။
Vol. 18 Ch. 333
အစေခံများမှာ မယုံကြည်နိုင်ဖြစ်သွားကြသည်။
ဒီ လူရမ်းကားတွေက တော်တော် အသုံးမကြတာပဲ၊ ဓားရှည်တစ်လက်တောင် မကိုင်နိုင်ဘူး!!
ဓားရှည်ကို ဆွဲလျက် သူတို့ ဆက်ပြီး တိုက်ခိုက်ခဲ့ကြသည်။
မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ယန်းမာဟိုင်မှာ ကြမ်းကြုတ်ရက်စက်တဲ့ ပုံပေါ်သော်လည်း သူရဲ့ ဂုဏ်သိက္ခာမှာ ပြောရလောက်အောင် အားကောင်းမနေခဲ့။ သူ့ပေါ်၌ အငြိုးကြီး ဝိဉာဉ်တစ်ကောင် ရှိနေတာကြောင့် တခြားသူတွေ
ထက်ပိုပြီး တစ်ခုခု လွဲမှားနေသလို ခံစားနေရသည်။ သူရဲ့ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ နာကျင်နေပြီး၊ မူးဝေနေကာ ပျာယာခတ်ပြီး တိုက်ခိုက်လိုက်မှုကြောင့် သူရဲ့လူနှစ်ယောက်ကိုတောင်မှ ဒဏ်ရာရစေခဲ့သည်။
တကယ်ကြီး အနားမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိနေတာလား!
ယန်းမာဟိုင်မှာ အင်မတန် ထိတ်လန့်သွားခဲ့သည်။
သို့ရာတွင် သူဘာတစ်ခုမှ မမြင်ခဲ့။ နေ့ခင်းအလင်းရောင်ကြီး ရှိနေတုန်းပဲလေ။
ဒါတွေ အကုန် ဟို မိန်းမ လုပ်နေတာ!
ယန်းမာဟိုင်မှာ သူ့ကိုယ့်သူ တည်ငြိမ်အောင် ကြိုးစားနေရသည်။ သူ ပါးစပ်ဟပြီး သူ့လက်မောင်းကို ကိုက်လိုက်ရာ သူ့ရဲ့စိတ်မှာ ချက်ချင်းကို ကြည်လင်လာခဲ့သည်။ သူ ရှဲ့ချောင်ကို စိုက်ကြည့်လိုက်ပြီး၊ သူမ အနားမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရတဲ့ အခါ၊ ချက်ချင်းပဲ တဟုန်ထိုး တိုက်ခိုက်တော့သည်။
ထိတ်ထိတ်ပျာပျာ ဖြစ်မနေဘူးလို့ ပြောဖို့က ရှဲ့ချောင်အတွက် မဖြစ်နိုင်ပေ။
ဓားရှည်က ခုတ်ချလာခဲ့၏။ ရှဲ့ချောင် သူမ လက်ထဲမှာရှိတဲ့ မက်မွန်သစ်သားဓားနှင့်ကာ လိုက်ရာ ထိုသစ်သားဓားလေးမှာ ချက်ချင်းကို နှစ်ပိုင်းကျိုးသွားတော့သည်။
သူမ မြင်းလှည်းထဲတွင် ရှိနေလျှင် အလုပ်ဖြစ်လိမ့်မည်မဟုတ်။ ရှဲ့ချောင် ချက်ချင်း ခုန်ချ
လိုက်၏။
သူမ အရင်က မကောင်းဆိုးဝါးဝိဉာဉ်များနှင့် တိုက်ခိုက်ဖူးသည်။ သူမ ထိုလူ့ တိုက်ခိုက်မှုကို မခုခံနိုင်တာမဟုတ်ပဲ လူသားတွေက မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ မတူတာကြောင့်သာ ဖြစ်သည်။
သူတို့သာ တကယ် တိုက်ခိုက်လာခဲ့လျှင်၊ အဆောင်လက်ဖွဲ့တွေရဲ့ စွမ်းအားဖြင့် ရှဲ့ချောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အဆောင်များသည် မကောင်းဆိုးဝါးဝိဉာဉ်များကိုသာ ဖြေရှင်းနိုင်သည်။ လူသားတွေ အပေါ် အကျိုးသက်ရောက်မှုမှာ နည်းလွန်းလှသည်။
ရှဲ့ချောင် ဓားချက်တွေကို တစ်ချက်ပြီးတစ်ချက် ရှောင်နေခဲ့ရာ သူမ မောဟိုက်နေပြီဖြစ်သည်။
ဓားရှည်က သူမ ပုခုံးပေါ်ကျလာခဲ့ပြန်သည်။
"ဝှစ်……"
အသားကို ဖောက်ထွက်လာသည့် မြားတစ်စင်း၏ အသံ၊ သွေးများမှာ ရှဲ့ချောင်၏ နားရွက်ကို လွင့်စင်သွားခဲ့သည်။
ယန်းမာဟိုင်မှာ ကြက်သေသေသွားခဲ့ပြီး၊ သူ နာကျင်နေသည့်ပုံပေါ်နေခဲ့သည်။ ရှဲ့ချောင် အခွင့်ကောင်းယူကာ၊ သူမရဲ့ ခေါင်းကို ဓားရှည် မထိစေရန် ခန္ဓာကိုယ်အား ဘေးသို့လှိမ့်ထွက်လိုက်သည်။
ဝုန်းခနဲ မြည်းသံနှင့် အတူ၊ ယန်းမာဟိုင်မှာ မြေကြီးပေါ်သို့ ကျသွားလေသည်။
မြားသည် သူရဲ့ ရင်ဘတ်ကို တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့၏။
သူသေသွားခဲ့ပြီ။
ရှဲ့ချောင် မြားလာခဲ့သည့်နေရာ ကို ကြည့်လိုက်ရာ လူတွေ အများကြီးနှင့်အတူ ကျောက်ရွှမ်ကျင်း မြင်းစီးပြီးလာနေတာကို မြင်လိုက်ရသည်။
ရှဲ့ချောင် မှင်တက်သွားခဲ့ပြီး သူမရဲ့ မျက်လုံးထောင့်လေးများမှာ ကွေးညွတ်သွားခဲ့သည်။ ဒါကံကြမ္မာပဲ!
အိမ်ရှေ့စံမင်းသား သူ့လူတွေနဲ့အတူ ရောက်လာ
သည်နှင့် ထို လူရမ်းကားများ စပြီး ပြေးခဲ့ပေမဲ့၊ သူတို့ မြင်းတွေကိုတော့ မကျောနိုင်ခဲ့ပေ။ သိပ်မကြာလိုက်၊ သူတို့အားလုံး အဖမ်းခံလိုက်ရသည်။
ရှဲ့ချောင်မှာ မြေကြီးပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။
သူမ၏ ခြေထောက်များ အားနည်းနေတာကြောင့်၊ နေရာတွင်သာ ထိုင်နေဖို့ ဆုံးဖြတ်ခဲ့သည်။ သူမ လက်ထဲတွင် သစ်ရွက်တစ်ရွက် ကိုင်ကာ မတ်မတ်ထိုင်နေခဲ့ပြီး၊ ထို သစ်ရွက်နဲ့ ယန်းမာဟိုင်၏ ခန္ဓာကိုယ်ကို စိတ်ဆိုးမာန်ဆိုးနှင့် ပစ်ပေါက်လိုက်သည်။
သစ်ရွက်ဟာ လွင့်မျောနေခဲ့ပြီးနောက်၊ ဝေ့ဝိုက်ပြီး ပြုတ်ကျသွားခဲ့သည်။
အိမ်ရှေ့စံမင်းသား မြင်းပေါ်မှ ဆင်းလာလိုက်ပြီး
သူ သူမဆီ လျှောက်သွားလိုက်ကာ၊ သူမ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ သူမနဲ့ တော်တော်လေး နီးကပ်နေခဲ့လေသည်။
ရှဲ့ချောင်က ဘေးကို ရွှေ့လိုက်၏ "ကျွန်မ အခု အမှားတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ အခြေအနေပဲ။ သူက ကံမကောင်းတဲ့ ပုံပေါ်ပြီးတော့၊ သူရဲ့ မျက်ခုံးစပ်က မဲနေတယ်။ သူ သေတော့မယ်ဆိုတာ ကျွန်မ သိတယ်။ အရာရာတိုင်းက …. ဒီ အမတအရှင် မျှော်လင့်ထားတဲ့ အတိုင်းပဲ"
" မင်း လူတစ်ယောက်ကို အပေါ်ယံ အမြင်နဲ့ မဆုံးဖြတ်သင့်ဘူး။ သူ မျက်ခုံးစပ် မဲသွားရတာ မင်းကြောင့်လေ။ မင်း ဘယ်လိုပြောမလဲ" ကျောက်ရွှမ်ကျင်းက ရယ်လိုက်၏ "မင်းရဲ့ ခြေထောက်
တွေ အားနည်းနေတယ်မလား။ အဲဒါကို ဘာလို့ ကူညီဖို့ အသည်းအသန် ဖြစ်နေရတာလဲ။ ငရဲမင်းက မင်းကို သွားခွင့်ပြုလိမ့်မယ်လို့ ထင်လို့လား"
"အရှင့်သား၊ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ မြို့ပြင်ကို အမဲလိုက်ထွက်လာတာလား" ရှဲ့ချောင် ချက်ချင်းပဲ အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။
သူမရဲ့ နားလည်ရခက်တဲ့သူဆိုတဲ့ ပုံရိပ်လေး!!
မြေကြီးပေါ် အကြိမ်နည်းနည်းလောက် လှိမ့်လိုက်တာလေးကြောင့်နဲ့ ပျက်ဆီးသွားခဲ့လေပြီ။
"တစ်ယောက်ယောက်က ဖြစ်ရပ်ကို လာသတင်းပို့ခဲ့တာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကိုယ်က မြို့ပြင်မှာ ကင်းလှည့်နေခဲ့တာလေ။ ဒီနေ့ ပျောက်နေတဲ့ သိုး
ငယ်လေးကို ကယ်နိုင်လောက်မယ်လို့ တွေးလိုက်မိတာ။"
ကျောက်ရွှမ်ကျင်းက သူမကို ခပ်ရေးရေးပြုံးကာ ကြည့်နေခဲ့ပြီး၊ အသံတိုးတိုးနှင့် ပြောလိုက်သည်
"တကယ်လို့ မင်း မထနိုင်ဘူးဆိုရင်၊ ကိုယ့်ကို အကူအညီတောင်းလို့ရတယ်"
ရှဲ့ချောင်တစ်ယောက် မြို့ပြင်မှာ ကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတယ်ဆိုတာ သူသိတာကြောင့် ကြည့်ဖို့အတွက် သူ မြို့တော်မျှော်စင်မှာ ထိုင်နေခဲ့တာပင်။
ရှဲ့ချောင်က လက်ကို မြန်မြန် ယမ်းပြလိုက်ပြီး "မလိုပါဘူး။ ဒီက ရှုခင်းက ကြည့်ကောင်းတယ်။ ကျွန်မ ဒီမှာ နည်းနည်းကြာကြာလေး ထိုင်ဦးမှာ"
ရှဲ့ချောင်ပြောလိုက်ပြီးသည်နှင့် သူရဲ့ ညာဘက် လက်မောင်းကို ကြည့်လိုက်သည်။
မျှော်လင့်ထားသလိုပင်၊ သူရဲ့ လက်ကို သူ့ဝတ်ရုံထဲဝှက်ထားခဲ့ပြီး ထုတ်ပြထားတဲ့ လက်ချောင်းထိပ်လေးတွေကတော့ အနည်းငယ် တုန်ယင်နေတာကို သူမ တွေ့လိုက်ရသည်။
စောစောက ပစ်လိုက်တဲ့မြှား၊ သူရဲ့ ဘယ်လက်နဲ့ အားသုံးပြီး ပစ်ခဲ့တယ်ဆိုရင်တောင်မှ သူ့ညာလက်က တောင့်ထားဖို့ လိုနေတုန်းပင်။
မြှားက ရင်ဘတ်ကို ဖောက်ဝင်သွားခဲ့သည်လေ။ အားက ဘယ်လောက်တောင်မှလဲ။
••••