← Chapters

ကြီးမားသော

Vol. 18 Ch. 334

ကြီးမားသော

Vol. 18 Ch. 334

ရှဲ့ချောင် တော်တော်လေး ရှက်နေခဲ့သည်။

"ရှင့်ရဲ့လက် အဆင်ပြေရဲ့လား" သူမ တည်ငြိမ်စွာနှင့် မေးလိုက်၏။

သူမရဲ့စကားကို ကြားလိုက်ရချိန်၊ ကျောက်ရွှမ်ကျင်း ခဏတာ မှင်တက်သွားခဲ့သည်။ ထို့နောက်တွင်တော့၊ သူရဲ့ နှုတ်ခမ်းပါးက ကွေးညွှတ်သွားခဲ့သည်။ "မဆိုးပါဘူး။ မင်းကို ချီဖို့တော့ တတ်နိုင်ပါသေးတယ်"

ချီမယ်?

ရှဲ့ချောင်နှုတ်ခမ်းသပ်လိုက်သည်။

သူမက Thumbelina မှ မဟုတ်ဘဲ။

( Thumbelina ဆိုတာ fictional character တစ်ခုပါ။ အရမ်းကို သေးငယ်တဲ့သူလို့ဆိုလိုခြင်း)

ရှဲ့ချောင်ရဲ့ဘေးကနေ ဘယ်တုန်းကမှ ထွက်မသွားတဲ့ခဲ့တဲ့ ကျို့ဝေ့ကျုံး၊ သူ့ နဖူးပေါ်က ချွေးစက်အေးများကို သုတ်လိုက်သည်။

ဒီ မိန်းကလေးက အရှင့်သားရဲ့ လက်တစ်ခုခုဖြစ်နေသလားဆိုတာကို တကယ်ကြီး တိုက်ရိုက်မေးရဲတာပဲ!

သူမ တကယ်ကို အတင့်ရဲလွန်းတယ်!

အရှင့်သားကပဲ သူမကို ခြိမ်းခြောက်ရမယ့်အစား

အလိုလိုက်ဖျက်ဆီးခဲ့တော့….

ကျို့ဝေ့ကျုံးထိုသို့တွေးမိပေမဲ့၊ ရှဲ့ချောင်ကို ပြုံးပြနေဆဲဖြစ်ပြီး အသံကိုနိမ့်ကာ ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သေးသည် "အမတအရှင်ရှဲ့"

နောက်ပြီး၊ ရှဲ့ချောင် အရင်က ကျို့ဝေ့ကျုံးရဲ့ ရွှေစကို ယူခဲ့ဖူးသည်။ သူသည် ဖောက်သည်ကြီး တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ သဘောထားမှာ အလွန်ကောင်းမွန်သည်။ သူမမျက်နှာပေါ်တွင် ညင်သာသော အပြုံးတစ်ခု ရှိနေခဲ့လေသည်။

ခဏကြာပြီးသွားတော့မှသာ၊ ရှဲ့ချောင် ခံစားရ အဆင်ပြေပြီး နေလို့ထိုင်လို့ ပိုကောင်းလာခဲ့သည်။

ထိုလူရမ်းကား အားလုံး ကြိုးတုတ်ခံထားရသည်။ အစေခံများမှာ နာခံစွာနှင့် ဘေးဘက်

တွက် စီတန်း မတ်တပ်ရပ်နေကြကာ၊ သူတို့ အသက်တောင် ပြင်းပြင်း မရှူရဲကြပေ။

ရှဲ့ချောင်ရဲ့ ခြေထောက်တွေက အနည်းငယ် တုန်ယင်နေဆဲဖြစ်ပေမဲ့၊ သူမကိုယ်သူမ တည်ငြိမ်နေအောင်တော့ လုပ်နိုင်သေးသည်။ သူမ ထိုလူတွေရဲ့ ရှေ့မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။

" ရှင် ဘာလို့ ကျွန်မကို ထောင်ဖမ်းရတာလဲ" ရှဲ့ချောင် မေးလိုက်သည် " မကြာသေးခင်ကမှ အရာရှိတွေနဲ့ စစ်သည်တွေက သဘာဝဘေးဒဏ်သင့်တဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးနေတာ။ ရှင် အချိန်ကို တွက်ချက်ပြီးတော့ ၊ ကျွန်မ ဘယ်နားမှာရှိနေသလဲဆိုတာကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်က ခိုင်းထားတာဖြစ်ရမယ်။ ဒါကြောင့်မလို့ ရှင်လုပ်ခဲ့တာမလား။ခုတလော ကျွန်မ ကောင်းတဲ့အရာတွေလုပ်နေတယ်ဆိုတာ

ရှင်သိလို့၊ ကျွန်မကို ဒီနေရာထိ မျှားခေါ်ဖို့ ရှင် တော်တော်အားစိုက်ထုတ်ခဲ့တာ….. တစ်ယောက်ယောက်က ညွှန်ကြားထားလို့၊ ဟုတ်တယ်မလား"

ထိုလူများမှာ သူရဲဘောကြောင်သူများဖြစ်၏။

" မင်းကိုယ်တိုင် အမှန်ကို ထုတ်ပြောမယ်ဆိုရင် ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်" ကျောက်ရွှမ်ကျင်းက ရိုးရိုးတန်းတန်းပဲ ပြောလိုက်သည်။

သူထိုသို့ ပြောလိုက်သည်နှင့် တစ်ယောက်က ချက်ချင်းပြောတော့သည် " ယွမ်ရုန်သိပါတယ်။ သူက တချိန်လုံး မြို့ပြင်မှာ ရှိနေခဲ့တာ။ နောက်တော့၊ သူ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဆီကို လာခဲ့ပြီးတော့ ရှဲ့သခင်မလေးကို အရှက်ကွဲစေပြီး၊ လူတိုင်း အထင်မြင်သေးတာ ခံရအောင် လုပ်ဖို့ ငွေစ ၅၀၀ ပေးမယ်ဆိုပြီး ပြောပါတယ်…"

ယွမ်ရုန်….

ထိုသူမှာ မြေကြီးပေါ်တွင် လဲနေကာ သူ့ဘေးမှာ သွေးများစီးလို့နေလေသည်။

သူလည်း အနာဟောင်းပေါ်ကိုမှ ရှဲ့ချောင်ပစ်တာခံလိုက်ရသည်။ စောစောက သူတို့ တိုက်ခိုက်နေစဉ်က၊ ဘေးကလူတွေရဲ့ မတော်တဆ တတ်နင်းခြင်းကို ခံခဲ့ရသည်။ အခုတော့…

သူလည်း သေလေပြီ။

ယွမ်ရုန် မြို့ပြင်ကို ပစ်ထုတ်ခံလိုက်ရချိန်က၊ သူတွင် ငွေတစ်တုံးမှ ရှိမနေခဲ့တာကြောင့် ၊ ငွေစ ငါးရာကို သေချာပေါက် ပေးနိုင်မည် မဟုတ်ပေ။

သို့သော်၊ ထိုလူရမ်းကားများက ကြိုးကိုင်သူ အစစ်က ဘယ်သူလဲဆိုတာ မသိလောက်ပေ။

" သူတို့ကို ခေါ်ထုတ်သွားလိုက်" ကျောက်ရွှမ်ကျင်းက ချက်ချင်း တင်းမာစွာနှင့် ပြောလိုက်သည်။

ပြစ်ဒဏ်လျှော့ပေါ့တယ်? ဒီ မိုက်မဲတဲ့လူတွေက အပြစ်မပြုသင့်တဲ့သူကိုမှ သွားပြီး အပြစ်ပြုမိတာကို!

ဘေးဒဏ်သင့် ဒုက္ခသည်တွေ အတွက်၊ ပြစ်ဒဏ်ကတော့၊ ပြစ်မှုနည်းတဲ့သူ အတွက် ခန္ဓာကိုယ် ချန်ထားကာ၊ ကြီးလေးသူ အတွက်က တစ်စစီ ဆုတ်ဖြဲခံရမည်။

ဒါပေမဲ့၊ ဒီလူတွေက တကယ်ကို အရည်အချင်း မရှိတဲ့သူတွေပင်။ သခင်မလေးကို ဒီနေရာကို ဖြားယောင်းခေါ်လာခဲ့တာ အချိန်ကြာနေပြီ ဖြစ်ပေမဲ့၊ ဒီနေရာမှာ အချိန်ဖြုန်းနေကြဆဲဖြစ်သည်။ တကယ်တော့ သူတို့ရောက်မလာခင်ကတည်းက၊ လူတချို့ တစ်ဝက်မှာ သေနေကြပြီးဖြစ်သည်။

သူတို့က စွမ်းဆောင်နိုင်စွမ်း မရှိတာတောင်မှ ဒီလို ရည်ရွယ်ချက်မျိူး ရှိရဲကြသေးသည်။ သူတို့ကိုယ်သူတို့ သေလမ်းရှာနေကြတာပင်။

" ကိုယ် ဒီကိစ္စကို သေချာ စုံစမ်းလိုက်မယ်။ မြို့ပြင်မှာက သိပ်မလုံခြုံသေးဘူး။ နောက်တစ်ခါ၊ ဒီတောထဲကို လာမယ်ဆိုရင်၊ လူတစ်စု ခေါ်လာရမယ်" ကျောက်ရွှမ်ကျင်း ပြောပြီးနောက် အစေခံများအား အထင်သေးသည့်ပုံနှင့် ဖျတ်ခနဲကြည့်လိုက်သည်။

ဒီလူတွေကို ရှဲ့နျိုရှန်း ပျိုးထောင်ပေးခဲ့တယ်ဆိုတာ သိသာသည်။

သူတို့ဟာ ဓားပြပုံနှင့် ကြမ်းကြုတ်တဲ့ပုံပေမဲ့၊ အရည်အချင်းအစစ်အမှန်တော့ သိပ်မရှိကြပေ။

" ကျေးဇူးတင်ပါတယ်၊ အရှင့်သား" ရှဲ့ချောင်က နာခံစွာနဲ့ ပြန်ဖြေလိုက်ကာ သူမ အတော်လေး ပျော်ရွှင်နေခဲ့သည်။

"မင်း မင်းသမီး ရှင်းမော့ရဲ့ ပုံတူ ပန်းချီကို ဘယ်ကနေရခဲ့တာလဲ။" ကျောက်ရွှမ်ကျင်းက ထွက်သွားဖို့ကို အလျင်လိုမနေဘဲ၊ တခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။

ထို အကြောင်းကို စဉ်းစားလိုက်ပြီး၊ ရှဲ့ချောင်မှာ အမှန်ကို ပြောဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

ဆောင်းရာသီ အဝတ်အထည်ပွဲတော်တုန်းက အိမ်ရှေ့စံမင်းသားမှာ ရှဲ့ချောင်အား မကောင်းဆိုးဝါး ဝိဉာဉ်ဝင်ပူးတာကို တွေ့မြင်ခဲ့ပြီးဖြစ်တာကြောင့်၊ သူမ တချို့အရာတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်သည်။ "ကျွန်မ မင်းသမီးရဲ့ ဝိဉာဉ်နဲ့ ဆုံခဲ့ပြီးတော့ အရှင့်သားကို အကူအညီတောင်းချင်နေခဲ့တာ။ ဝိဉာဉ်က အိမ်ပြန်ဖို့ကို ဆန္ဒရှိနေတာမလို့.. ကျွန်မ သူရဲ့ ခန္ဓာကိုယ်ကို အရင်ရှာရမှာ…."

" ဝိဉာဉ်က ကျိုး မိသားစုအပေါ် အထူးတလည် သဘောကျနေတာကိုတွေ့လို့ ကျွန်မ ကျိုးအိမ်တော်ကိုသွားပြီး ကြည့်ကြည့်လို့ရအောင် အရှင့်သား အခွင့်အရေးတစ်ခုလောက် ဖန်တီးပေးလို့ရမလား" ရှဲ့ချောင်က ထပ်မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန် ကျောက်ရွှမ်ကျင်း ရဲ့ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။

သူ့အဒေါ်က ကျိုးမိသားစုမှာ သေသွားခဲ့တယ်လို့ သူမ ပြောချင်တာလား။ ဒါဆိုရင်တော့ ဒီ ပြဿနာက…. ကြီးတာပဲ!

•••••

All Chapters