← Chapters

အသက်ရှင်နေရင်လည်း လူကိုတွေ့ရမယ်

Vol. 18 Ch. 335

အသက်ရှင်နေရင်လည်း လူကိုတွေ့ရမယ်

Vol. 18 Ch. 335

ရှဲ့ချောင်သည် ရည်ရွယ်ချက် မရှိဘဲ ပြောမိသူမျိုးမဟုတ်။ သူမ ပြောလိုက်ပြီဆိုမှတော့၊ မင်းသမီး ရှင်းမော့ရဲ့ သေဆုံးမှုဟာ ကျိုးမိသားစု

နဲ့ တစ်ခုခုပတ်သက်မှုရှိကောင်း ရှိနိုင်သည်။

ကြင်ရာတော်မိဖုရားကြီးကျန်းရဲ့ ကျန်းမာရေးမှာ တစ်နေ့တစ်ခြား ယိုးယွင်းလို့လာခဲ့သည်။သူမဟာ နောက်ထပ်သုံးနှစ်တောင် နေရမှာ မဟုတ်တော့ဟု တော်ဝင်သမားတော်များက ကောက်ချက်ချခဲ့ကြသည်။

သူမ ငယ်ရွယ်စဉ်က၊ နတ်ရွာစံ ဘုရင်နှင့် အတူ တိုင်းပြည်တိုးတက်ဖို့ အတွက် ကြိုးစားခဲ့သည်။ ထို့ကြောင့်ပင် သူမရဲ့ ကျန်းမာရေးမှာ ယိုယွင်းလာခံ့ရသည်။ အခု၊ သူမရဲ့ အကြီးမားဆုံးဆန္ဒမှာ ပထမ မင်းသမီး ရှင်းမော့ ကို ရှာဖို့ ဖြစ်လေသည်။

ရှာဖွေမှု ဆက်လုပ်ဖို့လူတွေ ထပ်ပို့ရန် သူမရဲ့ မိသားစုကို တိတ်တဆိတ် တောင်းဆိုခဲ့သည်။

သူမ အသက်ရှင်နေရင်လည်း သူမကို တွေ့ရမည်။ သေသွားခဲ့ပြီဆိုရင်လည်း သူမရဲ့ ခန္ဓာကိုယ်ကို မြင်ချင်သည်။

ကျောက်ရွှမ်ကျင်း၏ မျက်နှာထားမှာ ပိုပိုပြီး တည်ကြည်လာခဲ့သည်။

" နှစ်သစ်ကူး မတိုင်ခင်၊ ကျိုး မိသားစုမှာ စားသောက်ပွဲတစ်ခု ရှိလိမ့်မယ်။ အဲ့ဒီ အချိန်ကျရင်၊ မင်းကို သူတို့ ဖိတ်ဖို့ အတွက် နည်းလမ်းတစ်ခု ရှာလိုက်မယ်။" ကျောက်ရွှမ်ကျင်းက ခဏ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

ရှဲ့မိသားစုက….. ကျိုးမိသားစုနဲ့ ပတ်သက်စရာ တစ်ခုမှ မရှိခဲ့ဖူးပေ။

ကျိုးမိသားစုက သူမကို ကိုယ်တိုင်ဖိတ်အောင်လုပ်ဖို့က တကယ်ကို ခက်ခဲသည်။

" ရှင်က အိမ်ရှေ့စံမင်းသားတစ်ယောက်ဆိုပေမဲ့လို့၊ တခြားသူတွေရဲ့ စားသောက်ပွဲကို ဝင်စွက်ဖက်ဖို့ကျ မကောင်းလောက်ဘူး။ တကယ်လို့ ရှင့်မှာ နည်းလမ်းမရှိဘူးဆိုရင်လည်း၊ ကျွန်မ…. တခြားတစ်ယောက်ကို အကူအညီ တောင်းလို့ရပါတယ်"

သူမ ဒါကို လုပ်ဖို့ မော့ချူးရှန်းလို ရုပ်ဖျက်လိုက်လို့ရသည်။

တာအို ဆရာတစ်ယောက်အဖြစ်နဲ့၊ ရှေ့ဖြစ်ဟော

တာတွေ ဖုန်းရွှေဖတ်ပေးတဲ့ နည်းလမ်းတွေသုံးပြီး၊ ကျိုးမိသားစုကို ဆန်းကြယ်တဲ့ မှတ်ချက်တချို့သာ ပေးလိုက်မယ်ဆိုရင်၊ သူမကို ဖိတ်ကြားနိုင်လောက်တယ် မဟုတ်လား။

သို့ပေမဲ့၊ သူမ ဒါကို ထုတ်ပြောမှာတော့ မဟုတ်။

ရှဲ့ချောင် ဘာကိုတွေးနေသလဲဆိုတာ ကျောက်ရွှမ်ကျင်း ခန့်မှန်းထားပြီး ဖြစ်ပေမဲ့ သူ မပြောခဲ့ပေ။

" မင်း ကျောင်းတော်မှာ ပထမနေရာ ရှစ်ခါ ရခဲ့တယ်လို့ ကိုယ် ကြားတယ်။ ဒီလို ပျော်စရာကိစ္စကို ဘာလို့ ကိုယ့်ကို မပြောတာလဲ။ ဝန်ကြီးရှဲ့က မင်းကို အချစ်ရေး အဆောင်ပေးခဲ့တာဆိုတော့ ကိုယ်လည်း သူ့ထက်ကောင်းတာ ပေးရမှာပေါ့။ ကျောက်စိမ်း ဆွဲပြားတစ်ခု မင်းကို ပေးမယ်။ မင်း စိတ်ကူးထဲက ခင်ပွန်းကို မကြာခင် ရှာတွေ့နိုင်ဖို့ ကိုယ်မျှော်လင့်ပါတယ်" ကျောက်ရွှမ်ကျင်း

က တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့အိတ်ထဲက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ကာ ရှဲ့ချောင်လက်ထဲကို ထည့်ပေးလိုက်သည်။

ရှဲ့ချောင် မျက်မှောင် ကြုတ်လိုက်ပြီး သူ့ကို အံ့အားသင့်စွာနှင့် ကြည့်လိုက်၏ " မန်ဒရင်း ဘဲမောင်နှံပုံ ကျောက်စိမ်းဆွဲပြားလား"

ဒါက မသင့်တော်ဘူး မဟုတ်လား။

"မင်း လက်ထပ်ဖို့ အလျင်လိုနေတယ်လို့ ဝန်ကြီးရှဲ့ ပြောတယ်။ တကယ်လို့ ဒီဟာက မကောင်းဘူး ထင်ရင်၊ ကြမ္မာဥယျာဉ်ကို ယူသွားလို့ရတယ်။ မော့ချူးရှန်းကို ကောင်းချီးပေးခိုင်းလိုက်ပေါ့။ ဒါပေမဲ့ မင်းရော မော့ချူးရှန်းရောက တာအိုဘာသာကို ကျွမ်းဝင်တာပဲဟာ မင်း ကိုယ်တိုင်လုပ်လိုက်ရင်လည်း ရပါတယ်" ကျောက်ရွှမ်ကျင်းက တချို့စကားလုံးတွေကို ရှင်းရှင်းလင်းလင်းနှင့်ပင်

အသားပေး ပြောဆိုသွားခဲ့သည်။

ရှဲ့ချောင် နည်းနည်းတော့ မလုံမလဲ ဖြစ်သွားခဲ့ပြီး ကသိကအောက်နှင့် ချောင်းဟန့်လိုက်၏။

ဒါပေမဲ့၊ ကျောက်စိမ်းဆွဲပြားကြီးက… ပြဿနာပဲ။

ကျောက်စိမ်း၏ အရည်အသွေးမှာ မဆိုးလှ။

ဘယ်လိုနေနေ၊ ရှဲ့ချောင်ကတော့ အဲ့ဒါကြီးကို ချက်ချင်း ပြန်ပေးချင်နေခဲ့သည်။

ကျောက်ရွှမ်ကျင်းရဲ့ မျက်နှာမှာ တည်ကြည်နေကာ သူရဲ့ အသံအနေထားမှာ ညင်သာလို့နေသည် "အရင်တုန်းက…. မင်း ကိုယ့်ကို ကျေးဇူးတင်လက်ဆောင်တစ်ခု၊ အကြွေးတင်နေ

တယ်မဟုတ်လား။ ကိုယ်မှတ်မိသေးတယ်၊ မင်းကိုယ့်ကို လူတစ်ယောက်ကို ရှာပေးဖို့ တောင်းဆိုခဲ့ပြီးတော့၊ သစ်သားပန်းပုတစ်ခု ကိုယ့်ကို ပေးမယ်ဆိုပြီး ပြောခဲ့တာကို… အခု တော်တော်တောင် ကြာနေပြီ၊ မင်းကိုယ့်ကို အခုထိ လက်ဆောင် မပို့ပေးရသေးဘူး။ ဒါကို အကြာကြီး စဉ်းစားနေရတာ မင်း အတွက် မကောင်းဘူး။ ဒီလိုဆိုမှတော့….."

ကျောက်ရွှမ်ကျင်းသည် ကျောက်စိမ်းဆွဲပြားကို ယူလိုက်ပြီး နှစ်ပိုင်း ချိုးပစ်လိုက်သည်။

တစ်ယောက်တစ်ခြမ်းစီ

"မင်းရော ကိုယ်ရော အချင်းချင်း လက်ဆောင်ပေးဖို့ရှိနေတာ၊အဲဒီလိုလုပ်ဖို့က ဒုက္ခများလိမ့်မယ်။ ဒီလိုဆိုရင်တော့ ကိုယ်တို့ ညီမျှ သွားပြီ!" ကျောက်ရွှမ်ကျင်းက တစ်ခြမ်းကို ယူသွားပြီး

မြင်းပေါ်တက်သွားတော့သည်။

ရှဲ့ချောင် ကြက်သေသေနေမိပြီး၊ သူမ လက်ထဲက တစ်ခြမ်းကို ငုံ့ကြည့်လိုက်သည်….

တော်တော်လေး သေသပ်တာပဲ!!!

ကျောက်စိမ်းဆွဲပြားက နှစ်ခြမ်းခြမ်းလိုရအောင် ရှင်းရှင်းလင်းလင်းကို ပုံဖော်ထွင်းထုထားတာပဲ!

ရှဲ့ချောင် မြင်းလှည်းပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားလိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေပေမဲ့လို့၊ သူမရဲ့ မျက်လုံးတွေကတော့ အိမ်ရှေ့စံမင်းသားရဲ့ပုံပန်း သဏ္ဍာန်ကို ငေးကြည့်နေခဲ့သည်။

သူရဲ့ လှုပ်ရှားမှုတိုင်းက ကြော့ရှင်းပြီး ပူပင်ကြောင့်ကြမှုမဲ့သည်။ သူသည် အလွန် တက်ကြွပျော်ရွှင်နေကာ မြင်းပေါ်က သူ့ရဲ့ ကိုယ်နေဟန်ထားကတောင်မှ အလွန် ကြည့်ကောင်းလှသည်။

ရှဲ့ချောင် တစ်ခဏတော့ မှင်တက်နေမိသည်။

ဒါနဲ့ အိမ်ရှေ့စံကလည်း သူမရဲ့ အလှကို သဘောကျနေတာများဖြစ်နေမလား။

မဟုတ်ရင်၊ ဒီ ချစ်သူစုံတွဲ ကျောက်စိမ်းဆွဲပြားကိုပေးတာက…. နည်းနည်း ဒွိဟ ဖြစ်စေမယ် မဟုတ်ဘူးလား။

ရှဲ့ချောင် လက်ပေါ်မေးတင်လိုက်လျက် သူမ

မေးစေ့ကို ကိုင်ထားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားပြီး သူမမျက်ဝန်းလေးများ ကျဉ်းမြောင်းသွားခဲ့၏။

ရုတ်တရက်၊ သူမ မြင်းလှည်း ပြတင်းပေါက် အပြင်ကို လက်ယမ်းပြလိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ "အရှင့်သား၊ ကျွန်မ ဒီဟာကို ကောင်းကောင်း သိမ်းထားလိုက်ပါ့မယ်"

သူမ ဘာလို့မယူရမှာလဲ။ ဒါက ကျောက်စိမ်းဆွဲပြား ကောင်းတစ်ခုလေ။

နောက်ပြီး သူမ သဘောကျတဲ့သူ ပေးထားတဲ့ဟာ။

•••••

All Chapters