ကြွယ်ဝမှုနှင့် အခွင့်အလမ်း
Vol. 18 Ch. 336
ကျောက်ရွှမ်ကျင်း သူမဘေးကို မြင်းစီးလာလိုက်ပြီး သူမကို ကြည့်လိုက်သည် "ရှဲ့သခင်မလေးက လက်ထပ်ဖို့ အလျင်လိုနေတယ်ဆိုတာ အမှန်ပဲလား။"
ရှဲ့ဖင်းကန်း အခုတလော တော်တော်များများကို လုပ်ဆောင်ပြီးနေပြီဖြစ်၏။
သူက လက်မထပ်ရသေးတဲ့ အရွယ်ရောက်ပြီးသား အမျိုးသားအားလုံးကို မှုခင်းဌာနဆီ ဖမ်းခေါ်လာခဲ့ပြီးတော့ သူတို့ရဲ့ မိဘတွေ ညီအစ်ကိုတွေ အကြောင်းကို အပြစ်သားများပမာ စစ်မေးလို့ နေခဲ့သည်။ သူက တော့ ရှဲ့ဖင်းကန်းကို အမြဲတမ်း သူ့နား ခေါ်ခဲ့ပေမဲ့၊ ရှဲ့ဖင်းကန်းက သူ့ကိုတော့ဖြင့် တစ်ခုလေးတောင် လာမေးခဲ့ခြင်း မရှိ။
သူရဲ့ အခြေအနေကရော အဲ့ဒီလူတွေ လောက်တောင်မှ မကောင်းနေလို့လား။
" ကျွန်မရဲ့ ကျန်းမာရေးက ချို့တဲ့နေအတွက် အစ်ကိုကြီး စိုးရိမ်တာက ပုံမှန်ပါပဲ" ရှဲ့ချောင်ရဲ့ အကြည့်များက ကျောက်ရွှမ်ကျင်း၏ခါးဆီကို ရောက်သွားခဲ့သည်။ သူ မြင်းစီးတဲ့ ကိုယ်နေဟန်ထားက တကယ်ကို လှပတာကြောင့် သူရဲ့ခါးက သန်မာတယ်ဆိုတာ ပြလို့နေသည်။
"မင်း ဘယ်ကို ကြည့်နေတာလဲ" ကျောက်ရွှမ်ကျင်းရဲ့ နှုတ်ခမ်း ကွေးညွှတ်သွားလျက် သူမကို ပြုံးပြီး ကြည့်နေခဲ့သည်။
"ခါးဆိုတာ ဝမ်းဗိုက်ရဲ တောင်တစ်ခုပဲ။ အရှင့်သား၊ ဒီတောင်က ဖြောင့်တန်းတယ်၊ ကျယ်ပြန့်တယ်၊ ထူထဲတယ်၊ ပြီးတော့ တည့်မတ်တယ်။ အရှင့်သားမှာ ကြွယ်ဝမှုနဲ့ အခွင့်အလမ်း
အကုန်ရှိတယ်။ ကျွန်မ နည်းနည်း ထပ်ကြည့်ဦးမယ်၊ဒါပေမဲ့ ကျွန်မ ခိုးမကြည့်ပါဘူးနော်" ရှဲ့ချောင် အားကျနေခဲ့လေသည်။
အိမ်ရှေ့စံမင်းသားအနားမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိနေတာကလွဲပြီး၊ ခန္ဓာကိုယ်နဲ့ ပတ်သတ်လို့ ဘာပြစ်ချက်တစ်ခု မှ သူမ ရှာမတွေ့ခဲ့ပေ။
သူမ သူ့ကို ကြည့်လိုက်တဲ့ အခါတိုင်း၊ တွေးမိတာက အဲဒီ ကာရံကိုပဲ!
ပြီးပြည့်စုံစွာ ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခု။
ရှဲ့ချောင်ရှဲ့ မျက်နှာအမူအရာက အမြဲတမ်း တည်ငြိမ်ပြီး သောက ကင်းနေပေမဲ့၊ သူမရဲ့ အတွေးတွေကတော့ နတ်ပြည်ကိုးထပ်ဆီ လွင့်
မျောနေတာ ကြာပြီ ဖြစ်၏။
သူမရဲ့ လက်သေးသေးလေးတွေနဲ့ လှမ်းပွတ်လိုက်သည်။ ကံဆိုးစွာဘဲ၊ သူမ သူ့ကို မထိနိုင်လိုက်ပေ။
သူမ ဒီလောက်ထိ ရဲတင်းလိမ့်မယ်လို့ ကျောက်ရွှမ်ကျင်း မမျှော်လင့်ထားခဲ့။ သူမက နေ့ခင်းကြောင်တောင်ကြီးမှာတောင် လူကို ကျီစယ်နေသည်လေ။ သူသာ ပြန်မတုံ့ပြန်ခဲ့ရင်၊ သူ့မ သူ့ကို အခွင့်အရေးယူပြီးလူသူဝေးရာ အရပ်က ယဉ်ကျေးတဲ့ ဘုန်းတော်ကြီး တစ်ပါးလို ဆက်ဆံတော့မှာ မလား။
သူ ငုံ့ကိုင်းလိုက်ကာ သူရဲ့ နှုတ်ခမ်းမှာ ကျီးစားဟန်ပါနေတဲ့ အပြုံးတစ်ခုဖြင့်
" ရှဲ့သခင်မလေးက သဘောကျမှတော့ ကိုယ်က ယူသွားဖို့ ဘာလို့ ခွင့်မပြုရမှာလဲ။ ကိုယ့်ရဲ့ အိမ်တော်ကို လာဖို့ နေ့ကောင်းရက်သာ ရွေးလိုက်လည်း ရတယ်နော်။ ဒီ ကြွယ်ဝမှုနဲ့ အခွင့် အလမ်းတွေကို ကိုယ်တိုင် ခံစားလို့ရတာပေါ့"
'ဘာ' ရှဲ့ချောင်ရဲ့ မျက်နှာလေးမှာ တောင့်တင်းသွားခဲ့သည်။
'ရှပ်' ခနဲ မြည်သံနှင့်အတူ မြင်းလှည်း၏ လိုက်ကာစမှာ ကျသွားခဲ့လေပြီ။
ကံကောင်းစွာဖြင့်၊ သူပြောတာကို တခြား ဘယ်သူမှတော့ မကြားလိုက်။
ဒါပေမဲ့၊ ရှဲ့ချောင် တွေးကြည့်လေ၊ တစ်ခုခုမှားနေတယ်လို့ ခံစားမိလေပင်။
အိမ်ရှေ့စံ၊ ဒီလူလိမ်လူညစ်ကတော့ တကယ်ကို လူလည်ကျတဲ့လူ။ အရင်က သူပဲ ဆရာသခင် မထွက်သွားခင်က ငါ့...မော့ချူးရှန်း ကို သူ့ဆီ အပ်သွားခဲ့တယ်လို့ ပြောခဲ့ပြီးတော့!!!
သူ့ကို ကြည့်ပါဦး၊ တာဝန်ယူဖို့ အသင့်ဖြစ်နေပုံက!
အရင်က၊ သူပဲ အများကြီး ပြောခဲ့တာ ၊ သူ့မှာ တာဝန်ကျေပွန်တဲ့ ပင်ကို စရိုက်ရှိပါတယ်ဆိုပြီး။ အခုတော့ တစ်မျိုးပြောင်းပြီး ငါ(ရှဲ့ချောင်)နဲ့တောင် ကြွယ်ဝတာနှင့် အခွင့်အလမ်းအကြောင်း စပြီး ဆွေးနွေးနေပြီပေါ့!!
ဘယ်သူကများ ကြွယ်ဝတာနှင့် အခွင့်အလမ်းအကြောင်းကို တခြားသူတွေနဲ့ သာမန်ကာလျှံကာ ဆွေးနွေးမှာလဲ။
သူရဲ့ ခေါင်းက ခါးမှာ ချည်ခံထားရတာပဲနေမှာ။ မော့ချူးရှန်းရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အကျင့်စရိုက်ကို သဘောကျခဲ့ပြီးမှ အခု ရှဲ့ချောင်ရဲ့ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းတဲ့ သွင်ပြင် ကို လည်း သဘောကျနေပြန်ပြီ…
ရှဲ့ချောင် တွေးလိုက်ရင်း သရော်လိုက်သည်။
သူက မိန်းကလေး နှစ်ယောက်က်လုံးကို လိုချင်နေတာလား။
ဒါပေမဲ့ သူမလည်း ကိုယ့်ကိုယ်ကို နှစ်ခြမ်းခြမ်းပြီး သူ့ကို သွားကူညီလို့ မရဘူး။!
ရှဲ့ချောင် မတည်မငြိမ်နှင့် ယိမ်းထိုးနေကာ၊ သူမ
ရဲ့ အတွေးတွေဟာ ဟိုဟိုဒီဒီ ရောက်နေခဲ့သည် ။ မြင်းလှည်းလေးမှာ မြို့ထဲသို့ ဝင်လာခဲ့သည်။
သူမ ထိတ်လန့်သွားခဲ့ပေမဲ့၊ ထိုအကြောင်းကို တွေးနေတာကြောင့်၊ မြင်းလှည်းထဲ တကယ် အိပ်ပျော်သွားခဲ့သည်။
မြို့အပြင်ဘက်တွင် တိတ်တဆိတ် စောင့် ကြပ်နေကြသော လူများရှိသည်။ အခု၊ ရှဲ့မိသားစုရဲ့ မြင်းလှည်း ပြန်လာတာကို မြင်လိုက်ရပြီး အထဲမှာ ဘာဖြစ်နေသလဲဆိုတာ မသိခဲ့ကြပေ။
သို့ပေမဲ့၊ ရှဲ့မိသားစုရဲ့ အစေခံတချို့က ဒဏ်ရာ ရလာခဲ့ကြပြီးတော့၊ အိမ်ရှေ့စံကလဲ လူတော်တာ်များများကို ဖမ်းဖို့ ထွက်သွားခဲ့သည်။ ဒီ အရေးက အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ အတည်မပြုရဲကြပေ။
" အိမ်ရှေ့စံမင်းသားက လူတွေ ဖမ်းဖို့ ထွက်သွားတာတဲ့လား။ သူမ ဘယ်လိုလုပ်ပြီး ကံကောင်းနေရတာလဲ။ အချိန်တိုင်းပဲ သူမက အိမ်ရှေ့စံဆီ ပြေးသွားတယ်၊ အိမ်ရှေ့စံကလည်း သူမကို ကူညီတယ်" မြို့တံခါးနားက လက်ဖက်ရည်ဆိုင်ထဲတွင်၊ ရှားယာ့ယွင်တစ်ယောက် ပြောဆိုနေခဲ့လေသည်။
ရှားယာ့ယွင် ဒီ အကြောင်း ကို များများစားစား မတွေးဖြစ်ခဲ့။
အိမ်ရှေ့စံမင်းသားမှာ ခန့်မှန်းလို့ မရတဲ့လူတစ်ယောက်ဖြစ်သည်။ သူ့အလုပ်တွေကို ဘယ်တုန်းကမှ နည်းစနစ်တကျ လုပ်လေ့မရှိခဲ့ချေ။ အခု၊ သူက မှုခင်းဌာနရဲ့ ကြီးကြပ်သူတစ်ယောက်ဖြစ်နေပြီး၊ ရှဲ့ဖင်းကန်းကို တန်ဖိုးထားတာကြောင့်၊ ရှဲ့မိသားစုကို ဂရုစိုက်ပေးတာက သူ့အတွက် ပုံမှန်ပင်။
အချိန်တိုင်း ဒီလို တိုက်ဆိုင်နေလိမ့်မယ်လို့ သူမ မမျှော်လင့်မိခဲ့ရုံသာ။
" ယွမ်ရုန်နဲ့ ခေါင်းဆောင်ယန်း က ဘယ်မှာလဲ" ရှားယာ့ယွင်က ချက်ချင်းမေးလိုက်၏။
" အဲဒီ လူနှစ်ယောက်က သေသွားလောက်ပါပြီ။ အသက်ရှင်လျက် အဖမ်းခံလာရတဲ့သူတွေ ထဲမှာ သူတို့ မပါခဲ့ပါဘူး။" အစေခံက တင်ပြလိုက်သည်။
ထိုစကားကို ကြားတဲ့ အခါ ရှားယာ့ယွင် စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်သည်။
သူတို့သေသွားတာကောင်းတယ်။ အဲတော့မှ…. သူမ(ရှားယာ့ယွင်) ကို ခြေရာခံလို့ မရတော့မှာ။
•••••