← Chapters

စကားများသော

Vol. 18 Ch. 337

စကားများသော

Vol. 18 Ch. 337

သို့သော်၊ ရှဲ့ချောင်နှင့် သဘောတူညီမှု လုပ်ထားသည့်နေ့မတိုင်ခင်ဆိုလျှင် ရက်နည်းနည်းသာကျန်တော့သည်။

ထိုလူအားလုံး အဖမ်းခံလိုက်ရပြီဖြစ်တာကြောင့် မြိုထဲမှာ ရှဲ့ချောင်နဲ့ ပတ်သက်တဲ့ ကောလဟာလ မရှိတော့ပေ။ ဒါကြောင့်၊ တကယ်လို့ ရှဲ့ချောင် ဒဏ်ရာရသွားခဲ့တယ်ဆိုရင်တောင်မှ ပြန်သက်သာလာတဲ့ အခါ လူတွေ ရှေ့ ထွက်ပေါ်လာနိုင်ဦးမှာဖြစ်သည်။

" လူတချို့ရှာပြီးတော့ ကောလဟာလသတင်းတွေ ဖြန့်လိုက်။ ရှဲ့သခင်မလေး မြို့ပြင်မှာ အရှက်တကွဲဖြစ်ခဲ့ရပြီးတော့ ကံကောင်းလို့ အိမ်ရှေ့စံမင်းသားကယ်တာ ခံခဲ့ရတယ်။ဒါက သူမ ရှင်ကျန်ရစ်ခဲ့တဲ့အချက်ပဲ ဆိုပြီး ဖြန်လိုက်" ရှားယ့ယွင်ကို အံကို ကြိတ်လျက် ရက်စက်စွာ ပြောလိုက်၏။

" အကြီးဆုံး သခင်မလေး၊ ဒီကိစ္စမှာ အိမ်ရှေ့စံမင်းသားပါဝင်ပတ်သက်နေတယ်။ ကျွန်မတို့ ဆက်မလုပ်သင့်ဘူး။ တကယ်လို့ အိမ်ရှေ့စံသာ ရှာတွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ"

သူမ ဘေးမှာ ရှိနေတဲ အစေခံက အမြန် ပြောလိုက်သည်။

ရှားယာ့ယွင် လှောင်ရယ်လိုက်၏။

" နင် ဘာကို ကြောက်နေတာလဲ။ အိမ်ရှေ့စံက လူရမ်းကားတွေကို ဖမ်းဖို့လောက်ပဲ ဂရုစိုက်တာ။မိန်းမပျိုတစ်ယောက်ရဲ့ ဖြူစင်မှုကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူတို့ကို သတိထားဖို့သာ ပြောလိုက်"

ခေါင်းဆောင်ယန်းနဲ့ ကျန်တဲ့သူတွေက သူမနဲ့ ပတ်သက်နေတယ်ဆိုတာ အိမ်ရှေ့စံမင်းသား ရှာတွေ့သွားမှာကို စိတ်ပူနေခဲ့သည်။

အခု၊ အဲဒီ ခေါင်းဆောင်ယန်းနဲ့ ယွမ်ရုန် နှစ်ယောက်စလုံးသေသွားပြီဖြစ်တာကြောင့်၊ လူရမ်းကားတွေရဲ့ ပြစ်မှုက သူမနဲ့ ပတ်သက်စရာ တစ်ခုမှ မရှိတော့ပေ။

မြို့ထဲက ကောလဟာလတွေကတော့ …

ဟား၊ မြို့ထဲမှာ ကောလဟလ မရှိတဲ့ နေ့ဆိုတာ ရှိလို့လား။ အိမ်ရှေ့စံမင်းသားက အလုပ်များတယ်၊ သူကဘာလို့ ဂရုစိုက်နေမှာလဲ။

သူမက ရှဲ့ချောင်ကို အရှက်တကွဲ ဖြစ်အောင် လုပ်ချင်ပြီး၊ ရှဲ့ချောင် လူတွေနဲ့ တွေ့ရမှာ ရှက်နေစေချင်သည်။ ဒီတော့မှ၊ အစ်မသုန့် တစ်ယောက် ရှဲ့ဖင်းကန်း အနိုင်ကျင့်တာ ခံရတုန်းက ဘယ်လောက် ကြောက်နေမလဲဆိုတာ သူမ နားလည်မှာ!!

ရှားယာ့ယွင်က ချက်ချင်းပဲ လုပ်ဆောင်ဖို့အတွက် လူတွေ လွှတ်လိုက်သည်။

သို့ပေမဲ့ ဒီဘက်က လူတွေ စလှုပ်ရှားပြီဆိုတာနဲ့၊ ကျို့ဝေ့ကျုံးနဲ့ သူ့လူတွေက သူတို့ကို ဖမ်းဆီးလိုက်ကြတော့သည်။

သူတို့ကို အိမ်ရှေ့စံမင်းသားဆီ ခေါ်သွားခဲ့သည်။

" အရှင့်သား ပြောတာ တကယ်ကို မှန်တာပဲ။ ကျွန်တော် လက်ဖက်ရည်ဆိုင်နဲ ရှုပ်နေတဲ့ မြို့ထဲမှာ စောင့်ကြည့်ဖို့ အတွက် လူတချို့ လွှတ်ထားခဲ့တာ။ တကယ်ကြီး၊ အတင်းဖျင်း ပြောတဲ့သူတွေကို ဖမ်းမိလာခဲ့တယ်။ တစ်ယောက်ပြီး တစ်ယောက်ပဲ၊ ကျွန်တော် အကုန်လုံးကို ခေါ်လာခဲ့ပါတယ်" ကျို့ဝေ့ကျုံးက ဂုဏ်ယူစွာနှင့် တင်ပြလိုက်သည်။

ခေါင်းဆောင်ယန်းမှာ သေသွားခဲ့ပြီဖြစ်သော်လည်း သူ့အမိန့်နာခံကြတဲ့ လူများစွာ ကျန်သေးသည်။

သူတို့က ရှဲ့သခင်မလေးရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်နေတယ်ဆိုတာ ရှာတွေ့ဖို့အလွယ်

လေးပင်!

အခု သူတို့ ရှုံးနိမ့်သွားပြီဆိုတော့ တခြားတစ်ခုရကို စဉ်းစားရတော့မယ်မဟုတ်လား။

သို့သော်၊ အဲဒီလူက တစ်ရက်ကလေးတောင် မစောင့်နိုင်လောက်အောင် မိုက်မဲ လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ အဖြေကို သိရဖို့ အတွက် သူ့ညီအစ်ကိုတွေကို နောက်ထပ်ရက်နည်းနည်းလောက်ပိုပြီး စုံစမ်းခိုင်းရမယ်လို့ သူ တွေးထားခဲ့တာ။

ထိုအချိန်၊ အဖမ်းခံလာရသူများမှာလည်း ကြောက်လန့်နေကြသည် "ကျွန်တော်တို့လည်း တခြားသူတွေဆီကနေ ကြားလာတာပါ…."

" ငါတို့ကို လာလိမ်မနေနဲ့။ မင်းတို့တွေက မြို့ထဲမှာ စကားဖြန့်တဲ့သူတွေ ဆိုပြီး နာမည်ကြီးတယ်။ မင်းတို့ရဲ့ ဒီလို အရည်အချင်းကြောင့်ပဲ ငွေရှာနိုင်တာ၊ မဟုတ်လား။" ကျို့ဝေ့ကျုံးက လှောင်ပြုံး ပြုံးလိုက်သည်။ "မင်းတို့ကို ဘယ်သူ ငွေပေးခဲ့လဲဆိုတာ ရိုးရိုးသားသား ဝန်ခံရင် ပြစ်ဒဏ်ကို လျှော့ပေးမယ်။ မဟုတ်လို့ကတော့၊ နောင်အနာဂတ်မှာ၊ မင်းတို့ ဒီ အလုပ်ကို ဆက်လုပ်နိုင်တော့မှာ မဟုတ်သလို၊ မင်းတို့ရဲ့လျှာလည်း ရှိတော့ မှာ မဟုတ်ဘူးနော်။"

ထိုစကားကို ပြောလိုက်သည်နှင့် အောက်ရှိ ယောကျာ်းနှင့် မိန်းမများမှာ ကျောချမ်းသွားကြတော့သည်။

သူတို့ အားလုံး ခေါင်းငုံ့ထားကြသည်။

အနားမှာ မျိုးရိုးမြင့်တဲ့သူတစ်ယောက်ထိုင်နေတာ

ကိုသာ သူတို့ မြင်နိုင်သည်။ သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ထောင့်နားတွင် တရုတ်ဆီသီးလို အဝါရောင် တိမ်သဏ္ဍာန် ချီလင် သားရဲ ပုံထိုးထားသည်။ သူသည် ချမ်းသာသူတစ်ယောက် ဒါမှမဟုတ်၊ မျိုးရိုးမြင့်တဲ့သူတစ်ယောက် ဖြစ်လောက်မည်။

သူတို့တော့ အကြီးအကျယ် ဒုက္ခရောက်ပြီလို့ လူတိုင်းတွေးလိုက်မိကြသည်။

သူတို့က လူတွေနဲ့ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံရတာကို သဘောအကျဆုံးဖြစ်သည်။ လမ်းပေါ်မှာ သူတို့ မသိတဲ့သူဆိုတာ တစ်ယောက်မှမရှိပေ။

သူတို့က အတင်းပြောရတာကို နှစ်သက်တာကြောင့် အဲဒီ အတင်း ဘယ်က စတယ်ဆိုတာ ဘယ်သူမှ မသိကြပေ။ တစ်ယောက်ယောက်က သူတို့ကို ရှာပြီး အပြင်လောကဆီကို အတင်းပြော

ဖို့ အတွက် ငွေနဲ့ ကြေးနီ ပြားတွေ ပေးလိမ့်မည်။ အဲဒီ အတင်းစကားတွေက ချမ်းသာတဲ့ မိသားစုကြီးတွေကနေ ဈေးဝယ်ထားလာကြတဲ့ မိန်းမစေတွေ၊ အမျိုးသမီးတွေနဲ့ အစေခံတွေ ရဲ့ နားထဲရောက်သွားရင် သူတို့ရဲ့ တာဝန် ပြီးမြောက်သည်ဟု ယူဆလို့ရသည်။

ဒါသည် စကားပြောရုံသာ ဖြစ်ပြီး၊ သူတို့လည်း ပိုက်ဆံရှာဖို့လိုသည်။

ဒါပေမဲ့၊ ဒီနေ့ကတော့….

တကယ်ကို အစ မကောင်းတဲ့နေ့ပင်။ သူတို့ ပါးစပ်ဟ ရုံရှိသေး အဖမ်းခံလိုက်ကြရသည်။

ထိုလူများသည် လောကကြီးအကြောင်း မသိကြသည့် သာမန်ပြည်သူများသာ ဖြစ်ကြတာကြောင့်

ကျောက်ရွှမ်ကျင်းရဲ့စကားတွေကို ကြားလိုက်တာနဲ့ မြေကြီးပေါ် မှောက်လိုက်ကြတော့သည် "ကျွန်တော်လည်း သူတို့ကို မမှတ်မိပါဘူး။ ကျွန်တော်တို့က ငွေ အတွက် လုပ်ပေးရုံပါ…."

တခြားတစ်ယောက်ကတော့ စိတ်လှုပ်ရှားစွာနဲ့ ချွေးသုတ်လိုက်ပြီးနောက် ညင်ညင်သာသာ ပြန်ဖြေလိုက်သည် "ကျ- ကျွန်တော်သိပါတယ်။ ကျွန်တော့်ကို လာရှာတဲ့သူက…. မိသားစုကြီးတစ်ခုက လက်တိုလက်တောင်းလုပ်တဲ့ကောင်လေးတစ်ယောက် လုပ်ခဲ့တာပါ။ အရင်က သူ မိန်းမစေတစ်ယောက်နဲ့ စကားပြောနေတာ ကျွန်တော်တွေ့လိုက်ပါတယ်။ အဲဒီ မိန်းမစေရဲ့ သခင်က အရာရှိတစ်ယောက်လို့ ကျွန်တော်ကြားခဲ့ပါတယ်... မျိုးရိုးနာမည်က… ရှားပါ"

•••••

All Chapters