အဲဒီ သခင်မလေး
Vol. 18 Ch. 338
မျိုးရိုးနာမည်နဲ့သာ ဆိုရင်၊ စုံစမ်းစစ်ဆေးမှုကို ပိုပြီး လွယ်ကူသွားလိမ့်မည်။
ရှဲ့ချောင်ဘေးက လူတွေကို သူတို့ စုံစမ်းကြည့်မယ်ဆိုရင် ရှား မျိုးရိုးနဲ့လူက ဘယ်သူလဲဆိုတာ သူတို့ အတည်ပြုလို့ရသလောက်နီးပါးပင်။
ဒါ့အပြင်၊ ရှဲ့ချောင်နှင့် ရှားမိသားစုက မိန်းကလေးကြားက အလောင်းအစားအကြောင်းကို လည်း ကျောက်ရွှမ်ကျင်း သိထားသည်။
ဘာမှမလွဲဘူးဆိုလျှင်၊ သူမ ပဲဖြစ်လိမ့်မယ်။
ဒါပေမဲ့၊ ဒီခန့်မှန်းချက်လောက်နဲ့ ဘယ်လိုလုပ်
သူခိုးဖမ်းလို့ရမှာလဲ။
ကျောက်ရွှမ်ကျင်းက သူ့လူတွေကို ထိုလူပြောလိုက်သည့် ရှားမိသားစုက မိန်းမစေနဲ့ လက်တိုလက်တောင်းလုပ်သည့် ကောင်လေးရဲ့ပုံပန်းသဏ္ဍာန်ကို ဆွဲခိုင်းလိုက်သည်။
ဒီတစ်ခါတော့ ပိုပြီး အတည်ပြုလို့ရသွားလေပြီ။
"မင်းတို့ ပြန်သွားတဲ့အခါ၊ အကြောင်းအရာကို ပြောင်းပြီး ပြောလိုက်… မတော်တဆမှု ဖြစ်ခဲ့တာ ရှားမိသားစုက သခင်မလေးပါဆိုပြီး။ မင်းတို့ ဒီလိုဟာကို လုပ်ဖူးပြီးသားဆိုတော့ ပိုပြီးကောင်းကောင်းလုပ်ဖို့ပဲ လိုတယ်။ ဒီလို ကိစ္စသေးသေးလေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် မင်းတို့ရဲ လျှာတွေကို ဖြတ်ပစ်ပြီး ခွေးကျွေးပစ်မယ်" ကျောက်ရွှမ်ကျင်းရဲ့ အေးစက်သော အသံက ပေါ်ထွက်လာခဲ့သည်။
ထိုလူတွေ သူ့စကားကို မငြင်းဆန်ရဲကြ။
သူတို့လူတွေ အများကြီးရှိတာတောင်မှ အခုလိုမျိုး အဖမ်းခံရသေးတယ်။ သူတို့ တစ်ဖက်အဖွဲ့ရဲ့ လက်ကနေ လုံးဝ မလွတ်မြောက်နိုင်ဘူးဆိုတာ သိသာတယ်!!
ပိုက်ဆံက အရေးကြီးပေမဲ့၊ သူတို့ လျှာက ပိုအရေးကြီးသည်လေ။
သူတို့ ထပ်တလဲလဲ သဘောတူလိုက်ကြသည်။
အခုဟာ နောက်ကျနေပြီဖြစ်တာကြောင့် သူတို့ ဒီမျိုးရိုးမြင့်တဲ့သူ ပြောလိုက်တဲ့ အတိုင်း လုပ်ချင်ရင်တောင်မှ အပြင်ကလူတွေက အဓိပ္ပာယ်မရှိတဲ့
စကားတွေကို နားထောင်ချင်မှာ မဟုတ်ပေ။ သူတို့ သည်းခံပြီး၊ နောက်တစ်နေ့ အရုဏ်တက်ချိန် ရောက်တဲ့အထိ စောင့်ကြရုံသာ ရှိသည်။
အရုဏ်တက်ချိန် ကျော်သွားသည်နှင့် သူတို့ ချက်ချင်း ထွက်သွားတော့သည်။
" ကျုပ် ခင်များကို မနေ့က ပြောခဲ့တာ မှတ်မိသေးလား၊ မြို့ပြင်မှာ လူရမ်းကားတွေ စော်ကားတာ ခံခဲ့ရတဲ့ဆိုတဲ့ သခင်မလေးလေ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါ သခင်မလေး ရှားလား၊ ရှဲ့လား။ ရှဲ့မဟုတ်ဘူး၊ အဲဒါ ရှား၊ ရှား သခင်မလေးတဲ့။ သူက ရှဲ့သခင်မလေး အဖြစ်နဲ့ မြို့ပြင်မှာ ကောင်းမှုတွေ လုပ်ဆောင်နေတဲ့ ရှားသခင်မလေးတဲ့။ "
" ကျုပ် ပြောဦးမယ်။ မြို့ပြင်က အဘိုးကြီးဝမ်က သူ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာနော်။ အဲဒီ ရှား
သခင်မလေး၊ အစိုးရ အရာရှိတစ်ယောက် ရဲ့ သမီးလေ။ သူမ မြင်းလှည်းအပြင်ဘက် ထွက်သွားတဲ့ အချိန်၊ တစ်ယောက်ယောက်က စော်ကားလိုက်တာ။ အမယ်လေး၊သူမရဲ့ အင်္ကျီတွေဆို အဖြဲခံထားရတော့ မိန်းကလေးရဲ့ လစ်ဟာနေတဲ့ ပုခုံးသားတွေကိုတောင် အဘိုးကြီးဝမ်က အဝေးကြီးကနေမြင်ခဲ့ရတယ်ဆိုပဲ"
"ငါ ကြားတာတော့ အဲဒီ ရှားသခင်မလေးက လူငယ်အမျိုးသားတချို့ကို ရှာဖို့ မြို့ပြင်ကိုထွက်သွားခဲ့ပေမဲ့ နောက်ဆုံးကျတော့ သူမက ဖျက်ဆီးခံလိုက်ရတယ်ဆိုပဲ။ တကယ်ကို တစ်ခုခုပဲ"
" မင်း မယုံဘူးလား။ အဲဒါ အိမ်ရှေ့စံမင်းသား မနေ့က ဖမ်းလာခဲ့တဲ့ လူရမ်းကားတွေပဲ။ သူတို့က အစက ဘေးဒဏ်သင့် ဒုက္ခသည်တွေကို အနိုင်ကျင့်ချင်ခဲ့ပေမဲ့၊ ဘယ်သူသိမှာလဲ အစိုးရအရာရှိတစ်ယောက်ရဲ့ သမီးက သူမကိုယ်တိုင် သူတို့ဆီ ရောက်လာခဲ့လိမ့်မယ်လို့။ အဲဒီတော့၊ သူတို့
ရဲ့ မျက်လုံးတွေက သူမဆီကိုပဲ ရောက်ကုန်ကြတာပေါ့"
" ငါကြားတာ အဲဒီ ရှားသခင်မလေးရဲ့တ-တင်ပါးမှာ…. ပန်းပွင့်ပုံ ဆွဲထားတယ်တဲ့"
"......"
သူမ တင်ပါးမှာ ပန်းပွင့်ပုံ ဆွဲထားလား မဆွဲထားဘူးလားဆိုတာ ဘယ်သူက အရေးလုပ်နေမှာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်သူကမှ စစ်ကြည့်ဖို့ ဆိုပြီး ရှားသခင်မလေးရဲ့ အဝတ်အစားတွေကို ချွတ်မှာမဟုတ်ဘူးလေ။
လူတွေက အတင်းပြောရတာကို ပျော်မွေ့နေကြရုံသာ။
သာမန်ပြည်သူတွေက ရှားသခင်မလေးကို ဘယ်လိုလုပ်သိနိင်မှာလဲ။
ဒါပေမဲ့၊ ဒီ အမွေဆက်ခံသူ သခင်မလေးတစ်ယောက်က သူခိုးတွေရဲ့ လက်ထဲ တကယ်ကြီး ရောက်သွားခဲ့တဲ့ အတွက် သနားစရာကောင်းတယ်လို့တော့ သူတို့ ထင်လိုက်ကြသည်။
ဒီ စကားဖွတဲ့သူတွေက ပစ်မှတ်ထားပြီး ပြောသည့်သူ ရှိသည်။ သူတို့သွားတဲ့ နေရာတိုင်းမှာ စကားဖောင်ဖွဲ့ ပြောဆိုကြသည်။ အစေခံတွေနဲ့ အမျိုးသမီးကြီး တွေကို တွေ့တဲ့အခါ အချို့အရာတွေကို တွတ်ထိုး ပြောဆိုကြသည်။
ဒါက သူတို့ရဲ့ ခွန်အားကို ကျေကုန်လက်ပမ်းကျစေသည်။
" သခင်မလေး၊ ကျွန်မ ဒီနေ့ အပြင်သွားတုန်း ရှားသခင်မလေးက တစ်စုံတစ်ယောက်ဖျက်ဆီးတာ ခံလိုက်ရတယ်ဆိုပြီး ကြားခဲ့တယ်" ချွင်းအာက အသီးအရွက်တချို့ ဝယ်ဖို့ နံနက်အစောပိုင်းတုန်းက ထွက်သွားခဲ့ရာ သူမ ပြန်ရောက်တဲ့အခါမှာတော့ ရှဲ့ချောင်ကို ပြောပြခဲ့သည်။
စာမေးပွဲ ဖြေဆိုပြီးသည့်နောက်၊ ကျောင်းတော်မှာ ပိုပြီး အေးအေးလူလူဖြစ်လာခဲ့သည်။ ရှဲ့ချောင်က အိမ်မှာ အဆောင်ရေးဆွဲဖို့ အတွက် ဒီနေ့ ခွင့်တစ်ရက်ယူခဲ့တာဖြစ်၏။
ချွင်းအာရဲ့ စကားများကို ကြားလိုက်ချိန်၌၊ သူမ စုတ်တံကို ချလိုက်သည်။
" ရှားသခင်မလေး? ရှားယာ့ယွင်လား" ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
သနားစရာမကောင်းလွန်းဘူးလား။
" သူမပဲ မဟုတ်လား။ သူတို့က သူမဒီလိုဖြစ်ရတာထိုက်တန်တယ်ဆိုပြီး ပြောနေကြတယ်။ သူက နေ့တိုင်း ဆယ်ကျော်သက်လေးတွေကို ရှာဖို့ အပြင်ထွက်နေခဲ့တာ။ ကြည့်လိုက်ရင်တော့ ကောင်းတဲ အရာတွေ လုပ်နေတဲ့ပုံပေါ်ပေမဲ့၊ အမြဲတမ်း ကြည့်ကောင်းတဲ့သူတွေကို ရှာနေခဲ့တာ။ အဲဒါ မသင်္ကာစရာပဲ မဟုတ်လား။ သူ အဲဒီ လူငယ်တွေနဲ့ ဘာမှ လုပ်စရာ မရှိဘူးဆိုရင်တောင်မှ၊ ကောင်းတဲ့ အရာတွေ လုပ်နေတာကို ဘာလို့ ယောကျာ်း၊မိန်းမခွဲနေရတာလဲ။ ဘာလို့ အသက်ရွယ်ကို အရေးလုပ်နေတာလဲ။" ချွင်းအာ က သရော်လိုက်ကာ "အာ၊ သူ ဘယ်လိုတောင် သခင်မလေးနဲ့ အလောင်းအစားလုပ်ရဲ ရတာပါလိမ့်။ ကျွန်မ အစကတော့ သူ့ကို
လေးစားပါသေးတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်း သူပ ဘာတွေ လုပ်နေလဲ ဆိုတာကို ကြည့်တော့ သူမက လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ မသိဘူးဆိုရင်တောင်မှ ဘာလို့ လူစိတ်ဝင်စားခံရအောင် လုပ်ရတာလဲမသိဘူး။"
••••