← Chapters

ငါရဲ့ ဂုဏ်သိက္ခာတွေ အကုန် ဆုံးရှုံးသွားပြီ

Vol. 18 Ch. 339

ငါရဲ့ ဂုဏ်သိက္ခာတွေ အကုန် ဆုံးရှုံးသွားပြီ

Vol. 18 Ch. 339

ရှဲ့ချောင် ရှားယာ့ယွင်ကို မကြိုက်တာ မှန်ပေမဲ့၊ အပြင်က ကောလဟာလတွေကို ကြည့်ပြီး၊ ထူးဆန်းတယ်လို့ တွေးမိလိုက်သည်။

အထူးသဖြင့်၊ သူမ မနေ့က လူရမ်ကားတစ်စု ဝိုင်းတာခံလာရတာကြောင့်ပင်။

အကျိုးသင့်၊ အကြောင်းသင့် ပြောရမယ်ဆိုလျှင်၊ ဒီ ကောလဟာလတွေက……

ရှဲ့ချောင် တစ်ခုခုကို တွေးမိသွားပြီး၊ သူမ မျက်နှာထားမှာ အေးစက်သွားခဲ့သည်။

သူမ ခန့်မှန်းတာ မှန်မယ်ဆိုရင်၊ အပြင်က ကောလဟာလတွေက သူမကို ရည်ရွယ်ခဲ့တာပဲ!

ဒါပေမဲ့၊ ဘာလို့ ရှားယာ့ယွင် ဖြစ်သွားရတာလဲ…..။အိမ်ရှေ့စံမင်းသားကူညီလိုက်တာ ဖြစ်နိုင်လောက်တယ်။

အိမ်ရှေ့စံမင်းသားက သူမဘက်မှာ ရှိတယ်ဆိုရင်တောင်မှ တခြား အမျိုးသမီးတစ်ယောက်ကို

အသရေဖျက်လောက်မှာ မဟုတ်ဘူး။ အဲဒါကြောင့်၊ လူရမ်းကားတွေက ရှားယာ့ယွင် ငှားခဲ့တာမလို့၊ ဒီကောလဟာလက လက်တုံ့ပြန်မှုတစ်ခုပဲ!!

သူမ မနေ့က အထိတ်တလန့်နှင့် အိပ်မောကျသွားခဲ့ရာ အဲဒီ အကြောင်းကို သိပ်ပြီး များများ မတွေးဖြစ်ခဲ့။ အခု၊ သူမ အသိပြန်ဝင်လာခဲ့ပြီဖြစ်ပြီး၊ အတော်လေး ဝမ်းသာသွားခဲ့သည်။

သူမ ခေါင်းငုံ့လိုက်ပြီး ဖွမိထားတဲ့ အဆောင်တွေကို ကြည့်လိုက်သည်။

ရှဲ့ချောင် ထပြီး၊ ဘေးကို ပစ်လိုက်ကာ၊ နောက်တစ်ကြိမ် ပြန်ရေးဆွဲလိုက်၏။

ကျေးဇူးတင်လက်ဆောင်အဖြစ် အဆောင်များစွာ

ကို ရေးဆွဲခဲ့သည်။

……

ရှားအိမ်တော်

ရှားယာ့ယွင်၏ အဖေမှာ နန်းတွင်းရုံးတော်သို့ ထွက်သွားပြီဖြစ်သည်။ ထိုအချိန်၊ ရှားယာ့ယွင်ကတော့ ကျောင်းတော်ကို သွားရမဲ့အစား အိမ်တွင်သာ နေနေခဲ့သည်။

ရှဲ့ချောင်က ပထမနေရာရှစ်ခါရရှိခဲ့တာကြောင့် လတ်တလော၌ ထင်ပေါ်နေမှာ သေချာပေါက်ပင်။ သစ်ခွခြံဝန်းမှာရှိတဲ့ လူတိုင်းသူမကို ချီးမြှောက်ကြလိမ့်မည်။ သူမသာ သွားခဲ့လျှင် ဒေါသထွက်ရမည်ဖြစ်တာကြောင့် အိမ်တွင်သာ၊ တိတ်တိတ်ကလေး နေနေခဲ့သည်။

ဒါ့အပြင်၊ အပြင်ဘက်က သတင်းကောင်းကိုလည်း စောင့်မျှော်နေခဲ့သည်။

သတင်းစုံစမ်းရန် ထွက်သွားခဲ့သော အစေခံမှာ အလျင်စလို ပြန်လာခဲ့၏။

"သခင်မလေး…"

" ဘယ်လိုလဲ၊ ရှဲ့ချောင် ရဲ့ဂုဏ်သတင်းလုံးဝ ပျက်ဆီးသွားပြီလား။" ရှားယာ့ယွင်မှာ စိတ်လှုပ်ရှားစွာနှင့် မေးလိုက်ရင်း သူမမျက်လုံးများမှာ ဝင်းလက်နေခဲ့သည်။

သူမ မေးလိုက်ချိန်တွင်၊ အစေခံမလေးက အမြန် ဒူးထောက်ချလိုက်ကာ "သခင်မလေး၊ ဂုဏ်

သတင်း ပျက်ဆီးသွားတဲ့သူက သခင်မလေးပါ'

ရှားယာ့ယွင်မှာ ကြက်သေသေသွား၏ "ငါလား၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နင် တာဝန်ပေးခဲ့တဲ့သူတွေက မယုံရတာလား"

" ကျွန်မလည်း ဘယ်လို ဖြစ်သွားလဲဆိုတာ မသိပါဘူး။ အပြင်ထွက်ပြီး တတိယအစ်ကိုဆီကို အခြေအနေဘယ်လိုရှိလဲ မေးမလို့သွားခဲ့ပေမဲ့၊ ဂိတ်တံခါးနား ရောက်တဲ့အချိန်၊ သူကို တွေ့လိုက်ရပါတယ်။ သူလည်း သူငှားထားတဲ့သူတွေက ဘယ်လိုဖြစ်ပြီး ရှဲ့သခင်မလေးနေရာမှာ ရှားသခင်မလေးဆိုပြီး ပြောလိုက်လဲဆိုတာ သူလည်းမသိပါဘူးဆိုပြီး ပြောပါတယ်"

" သခင်မလေး မနေ့က မြို့ပြင် မထွက်ခဲ့ဘူးလေ။ အဲဒါကို သူတို့က သခင်မလေးရဲ့ ကောလဟာလတွေကို ပြောနေကြပါတယ်။ သူတို့ ပြောတာက….." အစေခံမလေးမှာ ကြောက်လန့်လွန်းနေ

တာကြောင့် သူမ မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး စကားတောင် ကောင်းကောင်း မပြောနိုင်တော့ပေ။

" သူတို့ ဘာပြောတာလဲ" ရှားယာ့ယွင်၏ အသံမှ စူးရှနေကာ လူကို အရှင်လတ်လတ်စားပစ်တော့မည့် အတိုင်းပင်။

" သူတို့ပြောတာက၊ သခင်မလေးက ငယ်ရွယ်တဲ့ အမျိုးသားတွေကို သဘောကျတာမလို့၊ ကြည့်လိုက်ရင်တော့ ကောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ထင်ရပေမဲ့ တ-တကယ်က…. သခင်မလေးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်တဲ့။ နောက်ပြီး… သခင်မလေးက လူရမ်းကားတွေဖျက်ဆီးတာကိုလည်း ခံလိုက်ရတယ်ဆိုပြီး ပြောကြပါသေးတယ်"

"ဒုတ်" ခနဲ မြည်သံနှင့်အတူ ရှားယာ့ယွင် သူမ

လက်ထဲရှိ ပစ္စည်းဖြင့် လှမ်းပေါက်လိုက်၏။

ချက်ချင်းဆိုသလို၊ အစေခံမလေးရဲ့ ခေါင်း ကို ထိမှန်သွားခဲ့ပြီး၊ သတိလစ်သွားခဲ့သည်။

ရှားယာ့ယွင်သည် အနားရှိ ပစ္စည်းများကို ထိတ်ထိတ်ပျာပျာနှင့် စတင်ပစ်ပေါက်တော့သည်။

"အယုတ်တမာ မိမစစ်ဖမစစ်ကောင်တွေ! သူတို့ ဘာလို့ဒီလိုလုပ်ရတာလဲ။ ရှဲ့ချောင်ဆိုတာ ရှင်းနေတာပဲကို ဘာလို့ ငါလို့ ပြောရတာလဲ။ ဒီ အရူးတွေကြောင့် ငါရဲ့ ဂုဏ်သိက္ခာတွေ!"

ရှားယာ့ယွင် အော်မလိုရှိသေး၊ အိပ်ခန်းတံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။

ရှားသခင်ကြီးနှင့် ရှားသခင်မတို့ တဟုန်ထိုး ဝင်လာကြ၏။

ရှားသခင်ကြီး က ရှေ့ကို လျှောက်လာခဲ့ပြီး၊ ရှားယာ့ယွင်၏ ပါးအား ရိုက်ချလိုက်တော့သည်။

"ကျေးဇူးကန်းတဲ့သမီးမိုက်၊ နင်တစ်နေ့လုံး ဘာတွေလုပ်နေတာလဲ။ နင့်ကြောင့် ငါ့ရဲ့ ဂုဏ်သိက္ခာတွေအကုန် ဆုံးရှုံးသွားပြီ"

သူ နန်းတွင်းရုံးတော်သို့ သွားနေခဲ့တာ ဖြစ်ပြီး၊ လမ်းတွင် လူများ အတင်းဖျင်းပြောနေတာကို ကြားလိုက်ချိန် သူနားကြားမှားတာလို့ ထင်ခဲ့မိသည်။ သူတို့ ဘယ်ရှားသခင်မလေးကို ပြောနေတာလဲဆိုတာကိုပင် လူလွှတ်ပြီး မေးခိုင်းလိုက်သေးသည်။

နောက်ဆုံးမှာသိလိုက်ရတာက သူ့သမီးဖြစ်နေ

တယ်ဆိုတာပဲ!!

သူ ဘာလို့ နန်းတွင်းရုံးတော်ကို သွားနေဦးမှာလဲ၊။ အရှက်ရတာ မလုံလောက်သေးလို့လား!!

ရှားသခင်မကတော့ သူမသမီးကို ကြည့်ကာ နာကျင်မှုရော ဒေါသရော ခံစားနေရသည်။ သူမ ရှားယာ့ယွင်ကို ဖက်ကာ ငိုတော့သည် " သမီးရယ်၊ သမီး အကြောင်းကို လူတွေ ဘယ်လိုတောင် ပြောနေလဲ သိရဲ့လား။ မုန့်မိသားစုက သမီးကို ဘယ်လိုလုပ်ပြီး လိုချင်တော့မှာလဲ။ "

ရှားယာ့ယွင်မှာ အရိုက်ခံလိုက်ရတာကြောင့် ကြက်သေသေနေမိသည်။

သူမ ဒီနေ့ဒီအချိန်ထိ နေလာခဲ့ပြီး၊ ဒါဟာ သူမ

အဖေမှ ပထမဆုံး အကြိမ် ရိုက်ခဲ့ခြင်းပင်။

" အဲဒါ သမီး မဟုတ်ဘူး။ " ရှားယာ့ယွင် အော်ပြောလိုက်၏ " တကယ် သမီး မဟုတ်ဘူး။ အဖေ၊ အမေ၊ တကယ် ဒုက္ခရောက်ခဲ့တာက ရှဲ့ချောင်၊ သမီး မဟုတ်ဘူးလို့"

•••••

All Chapters