← Chapters

မသိ နားမလည်သော

Vol. 18 Ch. 340

မသိ နားမလည်သော

Vol. 18 Ch. 340

ရှားယာ့ယွင်မှာ ထိတ်လန့်တုန်လှုပ်နေ၏။ သူမ မိဘတွေအား ထပ်ပြီး ပြောနေစရာ မလိုတော့၊ အဲဒီ ကောလဟာလတွေက ဘာကို ဆိုလိုချင်နေသလဲဆိုတာ သူမသိသည်။

ရှားမိသားစုသည် မိသားစုကြီးတစ်ခုဟု ယူဆ၍ မ

ရသော်လည်း သူမ တွင် အဒေါ်များစွာ ရှိပြီး ဆွေမျိုးကောင်းများရှိကြသည်။ သို့ဖြစ်ရာ၊ အနာဂတ်တွင် သူမ မုန့်ကျိဖန်ကို လက်ထပ်နိုင်ခဲ့လျှင် မုန့်ကျိဖန်က သူမကို လေးစားသမှုနှင့် ဆက်ဆံရလိမ့်မည်။

ဒါပေမဲ့၊ သူမ ရဲ့ ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရပြီဆိုရင်တော့ မဖြစ်နိုင်တော့ဘူး!

မုန့်ကျိဖန်ရဲ့ စိတ်ဒေါသကို လွယ်လွယ်နဲ့ ဖြေလျှော့လို့ ရမှာမဟုတ်ဘူးဆိုတာ သူမ သိတယ်!!

တကယ်လို့ ဒါကကောလဟာလ သက်သက်ပါလို့ သက်သေပြနိုင်ခဲ့ရင်တောင်မှ မုန့်ကျိဖန်က သူမကို သည်းခံလောက်မှာမဟုတ်ဘူး!!

ရှားယာ့ယွင်၏ မျက်နှာမှာ ဖြူဖပ် ဖြူရော်ဖြစ်နေကာ "အဖေ၊ သမီးကို ရှဲ့ချောင်အနိုင်ကျင့်တာ။ သူ သမီးကို အနိုင်ရဖို့ လျှို့ဝှက် ကြံစည်ခဲ့တာလို့။"

" သခင်ကြီး၊ ဖြေရှင်းဖို့တစ်ခုခု လုပ်ပါဦး။ ကျွန်မတို့ရဲ့ ယွင်အာက မတရားခံရတာပါ။ အဲဒီ ရှဲ့မိသားစုက မိန်းကလေးက ယုတ်ညံ့လွန်းတယ်။ ဒါက ပြိုင်ပွဲလေးတစ်ခုပဲဟာကို၊ သူမ ဘယ်လိုလုပ်ပြီး ယွင်အာရဲ့ ဖြူစင်မှုကို အသရေ ဖျက်ရတာလဲ။ ယွင်အာရဲ့ ဘဝ ကို ဖျက်ဆီးနေတာပဲ" သခင်မက အလျင်အမြန် ဝင်ပြောလိုက်သည်။

ရှားသခင်ကြီးမှာလည်း နည်းနည်း ဒေါသထွက်နေခဲ့သည်။

ဒါပေမဲ့၊ သူ ဒီအကြောင်းကို သေချာ စဉ်းစားကြည့်လေလေ၊ မှန်မနေကြောင်း တွေးမိလေလေပင်။

လတ်တလောကမှ၊ သူလည်း ရှဲ့သခင်မလေးက မြို့ပြင်က အနိုင်ကျင့်သူတွေကို ဝေဖန်ပြောဆိုပြီး တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ကြားထားသည်။

တကယ်လို့သာ ၊အဲဒီ အနိုင်ကျင့်သူတွေက တကယ်ပဲ ရှဲ့သခင်မလေးကို အနိုင်ကျင့်ခဲ့တယ်ဆိုရင်၊ အဲဒီ ကလေးမ အိမ်မှာ ပုန်းပြီး တိတ်တိတ်လေး ကြိတ်ငိုနေလောက်ပြီ။ သူ ဘယ်လိုလုပ်ပြီး ဒီ ပြဿနာကို ယာ့ယွင် အပေါ် ပုံချဖို့ တွေးမိမှာလဲ။

သူမအတွက် လက်တုံ့ပြန်ဖို့က နည်းနည်း မြန်လွန်းမနေဘူးလား။ရှားသခင်ကြီးက ခဏ စဉ်းစားလိုက်ပြီးနောက် သူ့သမီးနားက အစေခံတွေ အကုန်လုံးကို ခေါ်လိုက်သည်။

သူ့တွင် ရိုက်နှက်သည့်တုတ်လည်း ရှိနေပြီး၊ သူတို့ကို အမှန်အတိုင်း ပြောခိုင်းခဲ့သည်။ ဒီကလေးမ ခုတလော ဘာတွေ လုပ်နေခဲ့တာလဲ။

ထိုအမေးနှင့်အတူ၊ အမှန်တရားက အလိုလို ထွက်ပေါ်လာခဲ့သည်။

အဖြစ်မှန်ကို ကြားလိုက်ရပြီးနောက်၊ ရှားသခင်ကြီးမှာ သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် ပြည့်သွားသလိုပင် ခံစားလိုက်ရသည်။

" နင်၊ နင့်မှာ ဘယ်လိုလုပ် ဒီလို ရက်စက်တဲ့စိတ်မျိုး ရှိရတာလဲ။ အိမ်ရှေ့စံမင်းသားက အပြင်ကနေ တစ်ယောက်ယောက်ကို ဖမ်းလာခဲ့ပြီးတော့ မီးထဲကို လောင်စာ ထည့်လိုက်တာ။ ဒါသာ မင်းကြီးရဲ့ နားတော်ဆီ ပေါက်ကြားသွားခဲ့ရင် နင့်အဖေ ငါ့ရဲ့ အလုပ်ကိုပါ လက်လွှတ်လိုက်ရလိမ့်မယ်"

" ငါ နင့်ကို ပညာသင်ဖို့ ပြောခဲ့တာ၊ တခြား မိန်းကလေး တစ်ယောက် အတွက် အဆုံးအဖြတ်ပေးဖို့ ပြောခဲ့လို့လား။ အဲဒီ သုန့်ရှီးယွင်က တကယ် မတရားခံခဲ့ရရင်။ သူ့မှာ အဖေ အမေ မရှိလို့လား။ ဦးနှောက် မရှိလို့လား။ ဘာလို့ သူက နင့်ကို အားကိုးနေရမှာလဲ။ မိုက်မဲတယ်၊ တကယ်ကို မိုက်မဲတယ်။ နင် စာအုပ်တွေ အားလုံးကို ဖတ်ခဲ့ပေမဲ့၊ ဘာ အသိတရားမှ မရခဲ့ဘူးပဲ။ အစတုန်းကတော့ အလောင်းအစားလုပ်ဖို့ အပြင်သွားပေမဲ့၊ ကောင်းတာ တစ်ခုခု လုပ်နေတယ်လို့ ထင်လိုက်တာ။ ဒီလောက်ထိ မသိနားမလည်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။"

အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းသိလိုက်ရတာကြောင့် ရှားသခင်ကြီး၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။

သူမ လုပ်တာ တစ်ခုမှ မှန်မနေခဲ့ဘူး!

အလောင်းအစားက အစကတည်းက မှားနေတာ!

အဲဒီမိန်းကလေးကလည်း မုန့်ကျိဖန် တောင်းဆိုတာကို ဒီအတိုင်း သဘောတူလိုက်တယ်ပေါ့။ ဒီလို ကိစ္စကြီးတစ်ခုကို လူကြီးတွေနဲ့ တောင် မတိုင်ပင်ဘူး!

မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်သိက္ခာတွေကိုတောင် ဂရုမစိုက်တော့ဘဲ အဲဒီမုန့်ကျိဖန်ကို လက်ထပ်ဖို့ အလျင်လိုနေတာလား!

ဘယ်လိုတောင် အရှက်မရှိလိုက်လဲ။!

အလောင်းအစားကို လုပ်ခဲ့မှတော့ ပိုအားထုတ်ပြီးတော့ သေချာရွေးချယ်ခဲ့သင့်တာကို လူငယ်တွေကိုပဲ ရှာခဲ့တယ်။အပြင်က လူတွေက ဘယ်လိုလုပ် အတင်းအဖျင်း မပြောဘဲ နေမလဲ။?!

ငယ်ရွယ်တဲ့ အမျိုးသားတွေရဲ့ နှလုံးသားက ပိုပြီး ခြယ်လှယ်ရ လွယ်တာကို သူသိသည်။

ဒါပေမဲ့၊ ဒီကလေးမက ဒါကိုတောင် သေချာ မစဉ်းစားခဲ့ဘူး။

ရှားသခင်ကြီးမှာ အလွန်ဒေါသထွက်နေတာကြောင့် အသက်ပင် မရှုနိုင်တော့ဘဲ လက်ဖက်ရည်တစ်အိုး လုံးမော့ချလိုက်တော့သည်။

ထိုအခိုက်အတန့်တွင်၊ ရှဲ့ချောင်ဟာလည်း တကယ်ကို အရှက်မရှိတဲ့သူတစ်ယောက်လို့ သူ

တွေးနေခဲ့သည်။

အရှက်မရှိတဲ့သူက တကယ်တမ်း သူမသမီးဆိုတာကိုတော့ သူ မတွေးခဲ့ပေ။

" သခင်ကြီး၊ ပထမသခင်မလေးက လူလွှတ်ပြီး မေးခိုင်းလိုက်ပါတယ်…" အိမ်တော်ထိန်းက စိုးရိမ်သောက ရောက်နေတဲ့ မျက်နှာနှင့် ဝင်လာခဲ့သည်။

သူရဲ အစ်မတွေက အထက်တန်းလွှာမှ အမျိူးသမီး များဖြစ်ကြသည်။အခု ဒီပြဿနာက ပျံ့သွားခဲ့ရာ၊ ရှားမိသားစုရဲ့ အမျိုးသမီးတွေ ဘယ်လိုလုပ်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားနိုင်တော့မှာလဲ။

ကံကောင်းစွာဖြင့်၊ သူတို့တွေက အခုမှ လက်ထပ်

ပြီးခါစ ဇနီးမယားအသစ်လေးတွေ မဟုတ်ကြ။သူတို့ တစ်ယောက်ချင်းစီတိုင်းက ဆွေမျိုးမိသားစုတွေမှာ ခိုင်မြဲတဲ့ နေရာတစ်ခု ရှိထားကြသည်။ သို့မဟုတ်ရင်၊ သူတို့ ထွက်သွားပြီး အိမ်ပြန်ဖို့ တွန်းအားပေးခံနေရလောက်ပြီဖြစ်၏။

ရှားသခင်မကတော့ အခုချိန်ထိ ကြောက်လန့်နေဆဲပင်။

" သ-သခင်ကြီး…. ယွင်အာကို ခွင့်လွှတ်ပေးလိုက်ပါ….သူမ အမှားလုပ်ထားတယ်ဆိုပေမဲ့ ဖြူစင်ရှာပါတယ်…. အပြင်လူတွေက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြီးဖြန့်နေကြရုံပါ…." ရှားသခင်မက တောင်းပန်လိုက်သည်။

•••••

All Chapters