← Chapters

ပြဿနာရှာခြင်း

Vol. 19 Ch. 341

ပြဿနာရှာခြင်း

Vol. 19 Ch. 341

ရှားသခင်ကြီးလည်း သူ၏သမီး အတော်လေး မတရားခံခဲ့ရတာကို သိသည်။ သို့ပေမဲ့၊ အခုချိန်မှ မတရားခံရပါတယ်ဆိုပြီး ပြောတော့ရော ဘာအသုံးဝင်မှာလဲ။

အပြင်က လူတိုင်း သိနေကြပြီလေ!

တိုင်းပြည်တွင် အမျိူသမီး များကို အလွန်သက်ညှာတယ် ဆိုသော်လည်း အတိုင်းအတာ တစ်ခုလောက်အထိသာ။

သို့သော်လည်း၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့သမီးဖြစ်နေတာကြောင့် ရက်ရက်စက်စက်နဲ့ မသိကျိုးကျွန်တော့ မပြုရက်ပေ။ သူ ထပ်ပြောလိုက်၏။ "ဒီ

ပြဿနာက မနေ့ကမှ ပျံ့သွားခဲ့တာ။ သမီး အမေကို အဒေါ်တွေဆီသွားလည်ဖို့ တောင်းဆိုလိုက်။ စိတ်ဓာတ်ကျနေတဲ့ ပုံမပေါ်စေနဲ့။ ကြည့်ကောင်းအောင်နေ။"

" အဖေ၊ သမီး အရှက်ရနေပြီးပြီကို ဘယ်လိုလုပ် တခြားသူတွေကို မျက်နှာချင်းဆိုင်ရဲမှာလဲ။ " အဖေဖြစ်သူရဲ့ စကားကို ကြားလိုက်ရချိန်, ရှားယာ့ယွင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

" အရှက်ရတယ် ဆိုတာ ဘာလဲသိသေးတာလား" သခင်ကြီးမှာ သူမကို ထပ်ရိုက်ချင်နေလေပြီ။

ရှားယာ့ယွင် နာကြည်းစွာနှင့် ရှိုက်ငိုကြွေးတော့သည်။

ရှားသခင်ကြီးက အသက်ပြင်းပြင်း ရှူလိုက်ကာ ထပ်ပြောလိုက်သည်။ "ကောလဟာလတွေမှာက မင်းက အနိုင်ကျင့်တဲ့သူတွေနဲ့ တွေ့ခဲ့တယ်။ မင်းသာ မင်းရဲ့ အပျိုဘဝကို တကယ် ဆုံးရှုံးလိုက်ရရင်၊ မျက်နှာမှာ ဒဏ်ရာ နည်းနည်း ရှိနေဦးမှာပဲ။ တကယ်လို့ ပေါ်ပေါ်ထင်ထင်နဲ လမ်းလျှောက်ထွက်ပြီး တွေ့တဲ့လူတိုင်းကို ပြုံးပြပြီး၊ တစ်ယောက်ယောက်က ဒီ အကြောင်းပြောရင်၊ ရှဲ့ချောင်ကို အပြစ်တင်ဖို့ မစဉ်းစားနဲ့။ ဘယ် ရှားမိသားစုက သခင်မလေးလဲဆိုတာ မသိဘူးလို့ပဲပြော။ ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို အထင်လွဲနေတာပါဆိုပြီး ပြော။"

" ဘယ်လုဲဖြစ်နေနေ၊ ဒီ ပြဿနာကို အရမ်း ဂရုစိုက်နေတဲ့ ပုံပြလို့ မဖြစ်ဘူး။ပြီးတော့ ရှဲ့ချောင်နဲ့ ပြိုင်နေလို့လဲ မရဘူး။သာမန်လူတွေ ဘယ်လို တွေးကြလဲဆိုတာက အရေးမကြီးဘူး။ မြို့ထဲမှာရှိတဲ့ အထက်တန်းလွှာ မိသားစုက အကြီးတွေက လူတွေကို နည်းနည်းလောက် ရှင်းပြဖို့ ဆန္ဒရှိနေသ၍ မင်း ရှင်သန်နိုင်လိမ့်မယ်" ရှားသခင်ကြီးမှာ

ဒေါသလည်း ထွက်နေသလို ကူကယ်ရာလည်းမဲ့နေခဲ့သည်။

ရှားယာ့ယွင်မှာ နားထောင်လိုက်ရုံသာ ရှိသည်။

သို့သော်၊ သူမ လုပ်မလားဆိုတာကတော့ မသေချာပေ။

တခြားသူတွေက သူမကို ထူးဆန်းတဲ့ မျက်နှာထားတွေနဲ့ ကြည့်ကြမှာ ကျိန်းသေပင်။ သူမက အရှက်မရှိတဲ့ အမျိုးသမီးတစ်ယောက်လို့ သေချာပေါက် တွေးကြမှာ!

သူမ အတွက် ရှင်းပြပေးဖို့ ဆန္ဒရှိတဲ့အကြီးတွေ ရှိခဲ့မယ်ဆိုရင်တောင်၊ ဘယ်သူက သူတို့မိသားစုထဲ သူမကို လက်ထပ်ဝင်လာစေချင်မှာလဲ။

အနာဂတ်မှာ သူမ အလိုရှိသလို လက်ထပ်လို့ရမှာ မဟုတ်တော့ဘူး!

ထိုကဲ့သို့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပြီးသည့်နောက်၊ ရှားယာ့ယွင်မှာ တိုက်ခိုက်လိုစိတ် တကယ် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

သူမ ရှဲ့ချောင်ကို မုန်းပေမဲ့၊ အခုချိန်မှာ အဲဒီအကြောင်းကို ဂရုမစိုက်နိုင်သေး။ သူမ စိတ်ထဲ ပရမ်းပတာ ဖြစ်လို့နေသည်။

ရှဲ့ချောင်ကို ဆန့်ကျင်တဲ့ သူမရဲ့ အကြံအစည်သာ အောင်မြင်ခဲ့လျှင်၊ အကုန်လုံးကို ခေါင်းခံရမယ့်သူက ရှဲ့ချောင်တစ်ယောက်ပဲဖြစ်လိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ရှားယာ့ယွင် ချက်ချင်း ထုတ်ပိုးပြီး ထွက်သွားတော့သည်။

သူမ မုန့်မိသားစုက အဒေါ်ဆီကို မျက်နှာပြဖို့ အတွက် အရင်ဆုံးသွားခဲ့သည်။ ထို့နောက်၊ သူမရဲ့ တခြားဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ကို သွားခဲ့သည်။ သူမ ကြာကြာ မနေခဲ့။

လမ်း အရှည်ကြီး ပတ်လျှောက်လိုက်ပြီးသည့်နောက်၊ သူမကို မြင်လိုက်ရတဲ့ လူတိုင်းက သူမ ဖြူစင်တယ်ဆိုတာကို သိသွားနိုင်လောက်တာကြောင့် သူမကို နေလို့ထိုင်လို့ ပိုကောင်းသွားစေခဲ့သည်။

သို့ပေမဲ့၊ သူမ စိုးရိမ်နေဆဲမို့၊ ပြန်လှည့်ကာ သုန့်အိမ်တော်ဆီသွားလိုက်သည်။

သုန့်ရှီးယွင်က ဇနီးသည်မှ မွေးသော ပဏာမသမီးဖြစ်ကာ သူမတွင် ညီမ တစ်ယောက်ရှိ၏။

သို့သော်၊ ထို ညီမငယ်က မိထွေးဖြစ်သူနှင့် ရင်းနှီးပြီး သူမကတော့ ဒုတိယ ဖြစ်သည်။

ရှားယာ့ယွင် ထိုအကြောင်းကို သိသည်။ အဲဒီ၊ မိထွေး ဖြစ်တဲ့ သွမ့်သခင်မဟာ လူကောင်းတစ်ယောက် မဟုတ်။ သူက အစ်မ သုန့်အပေါ် အမြဲတမ်း နှိပ်စက်ပြီး၊ အစ်မ သုန့်ရဲ့ ညီမရင်းကိုတောင်မှ သောင်းကျနတတ်အောင် သင်ပေးခဲ့သည်။ညီအစ်မ နှစ်ယောက်ကြား သွေးကွဲအောင် အမြဲတမ်း ကြိုးစားနေခဲ့သည်။

အစ်မ သုန့်မှာ အင်မတန် သနားစရာကောင်းသည်။

ရှားယာ့ယွင်မှာ သုန့်ရှီးယွင်ကို တွေ့သည်နှင့် ချက်ချင်းကို ငိုချကာ ညည်းညူပြောဆိုတော့သည်။

သုန့်ရှီးယွင်ခမျာ သူမစကားကို ကြားပြီး ထိတ်လန့်သွားခဲ့ရသည်။

အားတော်တော်စိုက်ထုတ်လိုက်ပြီးတာတောင်၊ မအောင်မြင်ရုံတင်မကပဲ၊ တကယ်တမ်း….

သူမရဲ့ ဒီ အသုံးမကျတဲ့ သူငယ်ချင်းကို ဘယ်လို ကြည့်ရမလဲဆိုတာ သုန့်ရှီးယွင် တကယ် မသိတော့ပေ။

မိုက်မဲတဲ့သူလို့ ခေါ်ရမလား?. သူမ ဘာပြောတာလဲဆိုတာကို သဘောပေါက်ပြီး၊ သူမ ကိုယ်စား

ဒေါသထွက်လို့ပင်ရသည်။ သူမ ထက်မြက်တယ်လို့ ပြောဖို့ကကျတော့…. ဒီ လက်စားချေမှုက ဘဝ တစ်ခုလုံးတောင် ပေးဆပ်ရတော့မလို ဖြစ်သွားတာလေ!!

". အစ်မသုန့်၊ ရှဲ့ဖင်းကန်း အနိုင်ကျင့်တာ ခံရတုန်းက ဘယ်လို သည်းခံခဲ့လဲ။" ရှားယာ့ယွင် မနေနိုင်ဘဲ မေးလိုက်မိသည်။

သုန့်ရှီးယွင် လက်သီးကို တင်းတင်းဆုပ်လိုက်၏။

အဲ့ဒီကောင်က သူမကို တစ်ကြိမ်မက စော်ကားပြောဆိုခဲ့တာ!!

သူမ ရှားယာ့ယွင်ကို ဝေဖန်လိုသော အကြည့်နှင့် ကြည့်လိုက်သည်။

ရှားယာ့ယွင်က အခုဆိုရင် မုန့်မိသားစုထဲလက်ထပ်ဝင်နိုင်မှာ မဟုတ်တော့တဲ့ အတွက် သိပ်ပြီး အသုံးမဝင်တော့။ ဒီလိုဆိုမှတော့၊ သူမကို…. တခြားသူတွေရဲ့ ပြဿနာရှင်းပေးဖို့ အသုံးချရမှာပေါ့။

" မငိုနဲ့တော့၊ ယာ့ယွင်နဲ့ အတူ တစ်ခွက်၊ နှစ်ခွက်လောက်သောက်ပေးမယ်။" သူမ ပြောရင်းနှင့် တစ်ယောက်အား ဝိုင် ပြင်ဆင်ခိုင်းလိုက်သည်။

•••••

All Chapters