← Chapters

တက်ကြွမှု အရိပ်အယောင် မရှိ

Vol. 19 Ch. 342

တက်ကြွမှု အရိပ်အယောင် မရှိ

Vol. 19 Ch. 342

ရှားယာ့ယွင်ရဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေသံကို သုန့်ရှီးယွင် နားထောင်နေခဲ့သည်။

ရှားယာ့ယွင်ဒီည သူမတို့ဆီမှာ နေမယ့်အကြောင်းကို သတင်းပိုခိုင်းဖို့ အတွက် ရှားမိသားစုက အစေခံကို ပြန်လွှတ် လိုက်သည်။

သို့ပေမဲ့၊ ညလယ်ခေါင် ရောက်ချိန်တွင်တော့၊ ရှားမိသားစုမှ တစ်စုံတစ်ယောက် ရှားယာ့ယွင်ကို ကိုယ်တိုင်ပြန်ခေါ်ဖို့ ရောက်လာခဲ့၏။

လင်မယားနှစ်ယောက်စလုံးရဲ့ မျက်နှာများမှာ သုန်မှုန်နေကြစဉ် ရှားယာ့ယွင်ကတော့ အရက်မူးပြီး ပြုံးနေကာ အဝတ်အစားတွေဟာလည်း ဖိုသီဖတ်သီ ဖြစ်လိုနေခဲ့သည်။

နောက်တစ်နေ့မနက် နိုးလာချိန်၊ သူမရဲ့ မိဘတွေဟာ အိပ်ရာရှေ့မှာ ထိုင်နေကြကာ သူမကိုအေးတိအေးစက် နှင့် ကြည့်နေခဲ့ကြသည်။

ပါးကို နောက်တစ်ကြိမ် ထပ်ရိုက်ခံလိုက်ရ၏။

" ကိုယ့်ကိုကိုယ် မချစ်တတ်ဘူးပဲ" ရှားသခင်ကြီးရဲ့ နှလုံးသားမှာ အင်မတန် အေးစက်နေခဲ့သည်။

" အဖေ" ရှားယာ့ယွင်က သူ့အဖေအား ဖြူစင်ရိုးသားတဲ့ ပုံလေးနဲ့ ကြည့်လိုက်သည်။

သူမရဲ့ ခန္ဓာကိုယ်က မသက်မသာဖြစ်နေတာကို ခံစားနေရပေမဲ့၊ သူမ ဘာကို မှ သတိမရသေးသလို စဉ်းစားလို့လည်း မရသေးပေ။

ရှားသခင်မရဲ့ နှလုံးသားကတော့ နူးညံ့နေကာ သူမ ပြောလိုက်၏။ " ယွင်အာ၊ သမီး မနေ့က မူးနေခဲ့ပြီးတော့ သ-သမီးက သုန့်မိသားစုက အဒေါ်မြောင်ရဲ့ အိမ်ကို ဝင်သွားခဲ့တယ်။ သုန့်သခင်ကြီး,

သူ-သူလည်း အဲ့ဒီအချိန်က မူးနေခဲ့တော့ သမီးကို အဒေါ်မြောင်လို့ အထင်မှားပြီးတော့ ၊သူ…..သမီးကို ဖျက်ဆီးမိသွားခဲ့တယ်"

"အား! မဖြစ်နိုင်ဘူး! အမေ လိမ်နေတာ!" ရှားယာ့ယွင်မှာ အသိစိတ်ပျောက်သွားပြီဖြစ်သည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

သူမ မှတ်မိတယ်….. မနေ့ညက…..

ရှားယာ့ယွင် ပြန်မှတ်မိဖို့ ကြိုးစားခဲ့ပြီး မှတ်မိသွားတဲ့ အခါမှာတော့ မျက်နှာမှာ ဖြူဖျော့သွားကာ ကြက်သေသေသွားခဲ့သည်။

မနေ့ညက၊ သူမ နည်းနည်း အမူးလွန်သွားခဲ့၏။

အချိန်လည်း စောနေသေးတာကြောင့်၊ အဒေါ်မြောင်ကို တွေ့ဖို့ သွားခဲ့သည်။

အဒေါ်မြောင်က အစ်မသုန့်ရဲ့ မိထွေးဖြစ်ကာ အစ်မ သုန့်ရဲ့ အမေရင်း ကွယ်လွန်သွားချိန်မှာ ကလေးတွေကို စောင့်ရှောက်ဖို့ဆိုပြီး သူမကို ခေါ်ခဲ့ခြင်းဖြစ်သည်။

အဲဒီချိန်တုန်းက၊ အဒေါ်မြောင်က သူမကို နည်နည်းလောက်ထပ်သောက်ဖို့နဲ့တစ်ခုခု စားဖို့ဆိုပြီး ဆွဲခေါ်သွားခဲ့သည်။ အဲဒီနောက်၊ အဒေါ်မြောင် က စားပွဲပေါ်မှ သတိလစ်သွားခဲ့တဲ့ ပုံပဲ နောက်တော့…..

သူမ တရွေ့ရွေ့နဲ့သွားနေတာကိုသာ ရေးတေးတေးမှတ်မိသည်။ အခန်းတွေနဲ့ တံခါးတွေက အများကြီး ရှိနေခဲ့ပြီး၊ သူမ ထွက်လာခဲ့တာတောင် သတိမမူခဲ့ပေ။

ဧည့်သည့်ခန်းက ဘယ်မှာလဲ……

သူမ အဲဒါကို ရှာမတွေ့ခင် အကြာကြီး ရှာဖွေနေခဲ့တယ်။ နောက်တော့ သူမ အိပ်မက်တစ်ခု မက်ခဲ့တယ်။။ အိပ်မက်ထဲမှာ…..

ရှားယာ့ယွင်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

" ဦးလေး သုန့်က ဘယ်လိုလုပ် သမီးကို မမှတ်မိရတာလဲ။ မဖြစ်နိုင်တာ…" သူမ စိတ်ပျက်စွာနဲ့ ပြောလိုက်၏။

ရှားသခင်ကြီးမှာလည်း ပြောစရာ စကားပျောက်ဆုံးနေလေပြီ။

ဒါ သူ့အမှားပင်။ သူ့သမီးကို သုန့်ရှီးယွင်နဲ့ အဆက်အသွယ် လုပ်ဖို့ ခွင့်မပြုပေးခဲ့သင့်ဘူး!

သုန့်သခင်ကြီးက လူမှားနေတာကို သတိမထားမိဘူးဆိုရင်တောင်၊ အဲဒီ သုန့်ရှီးယွင်လည်း သေချာပေါက် ရိုးသားမနေဘူး!!

" မင်း ကိုယ်ကိုကိုယ် ကြိုးဆွဲချရင်ချ၊ မဟုတ်ရင် အဆိပ်ဝိုင်ကို သောက်၊တစ်ခုရွေးလိုက်" ရှားသခင်ကြီး နောက်ဆုံးတော့ ပြောချလိုက်သည်။

" အဖေ၊!" ရှားယာ့ယွင်မှာ အင်မတန် တုန်လှုပ်သွားခဲ့လေသည်။

သူမ မသေချင်ဘူး! မသေချင်ဘူး!

ရှားသခင်မမှာလည်း တစ်ကိုယ်လုံး တုန်ယင်နေကာ " သူမကို ခွင့်လွှတ်ပေးပါ….."

" ခွင့်လွှတ်ပေးရမယ်တဲ့လား။ သူ့ကို အိမ်မှာပဲ လက်မထပ်ခိုင်းတော့ဘဲ နေခိုင်းမလို့လား။ ဒါမှမဟုတ်ရင် သုန့်မိသားစုဆီကို ကိုယ်လုပ်တော် အဖြစ်နဲ့ ပို့စေချင်နေတာလား။" ရှားသခင်ကြီးက ဒေါသထွက်စွာ ပြောလိုက်၏။

တရားဝင်သမီးတစ်ယောက်က ကိုယ်လုပ်တော် ဖြစ်ရမယ်တဲ့လား။ မင်းသားတစ်ပါးရဲ့ ကိုယ်လုပ်တော်ဆိုရင်တောင် လက်ခံလို့ရသေး၊ ဒါပေမဲ့ သူက ဘယ်သူမလို့လဲ။

အဲဒီ သုန့်မျိုးရိုးနဲ့ လူက သူနဲ့ အသက်တူတဲ့ အပြင် ရာထူးကလည်း တူတယ်။ သူ့သမီးကသာ

သူရဲ့ ကိုယ်လုပ်တော်ဖြစ်သွားမယ်ဆိုရင်က၊ သူ အစော်ကားခံလိုက်ရတာနဲ့ အတူတူပဲ။!

သို့ရာတွင်၊ လတ်တလောကမှ အပြင်မှာ ကောလဟာလတွေ ပျံ့နေခဲ့သည်။

သူမသာ အိမ်မှာပဲနေပြီး လက်မထပ်ဘဲ ရှိနေမယ်ဆိုရင်၊ ကောလသာလတွေက မှန်တယ်လို့ တခြားသူတွေထင်ကြမှာ!!

ဒါမှမဟုတ်…. သူ လူငယ်တစ်ယောက်ကို ရှာပြီး သူမနဲ့ လက်ထပ်ပေးလိုက်လို့ရတယ်။

ဒါပေမဲ့လည်း၊ လူငယ်ကလည်း တုံးအနေတာမှ မဟုတ်ဘဲ။ ဘယ်သူကများ ကိုယ့်ဇနီးက ဖြူစင်မှုမရှိတော့တာကို သည်းခံနိုင်မှာလဲ။ သူမရဲ့ ဖြူစင်မှုကို ဖျက်ဆီးပစ်လိုက်တဲ့လူက သေသွားပြီဆို

ရင်တောင် သူလက်ခံပေးလို့ရသေးပေမဲ့ အဲဒီလူကြီးက သက်ရှိထင်ရှားရှိနေတုန်းလေ!!

ရှားမိသားစုမှာ အကျပ်ရိုက်နေခဲ့လေသည်။

အပြင်လူတွေက ဒီပြဿနာကို မသိသေးတာကြောင့် သူတို့ အံကြိတ် သည်းခံပြီး ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားရုံသာ ရှိသည်။

နောက်ပြီး၊ အလောင်းအစားဟာ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာ ဖြစ်တာကြောင့် ဖျက်သိမ်းလိုက်မယ်ဆိုရင် ရှားမိသားစု အရှက်ကွဲရလိမ့်မည်။ ထို့ပြင်၊ နှစ်ဖက်လုံးက သဘောတူ လက်မှတ်ရေးထိုး ထားခဲ့သည် ဖြစ်ရာ သူတို့ ရင်ဆိုင်လိုက်ပြီး ရှားယာ့ယွင် ကို ပြဖို့သာ ပြောရမည်။

ရှဲ့ချောင်မှာ ရှားယာ့ယွင်ကို မတွေ့ရတာ ကြာပြီဖြစ်ကာ အခု သူမ အများကြီးပြောင်းလဲသွာတားတာကို သတိထားမိလိုက်သည်။

အရင်ကလို စိတ်ကြီးဝင်နေတာမျိုးမရှိတော့တဲ့အပြင် သူမမျက်လုံးထဲမှာလည်း တက်ကြွမှု အရိပ်အယောင်မျိုး မမြင်ရှိတော့ပေ။

သူမ နည်းနည်းတော့ ကြာကြာခံလောက်လိမ့်မယ်လို့ ရှဲ့ချောင် ထင်ခဲ့ပေမဲ့ သူမရဲ့ ကံဆိုးမှုတွေကို မတားဆီးနိုင်ခဲ့လိမ့်မယ်လို့တော့ သူမ မမျှော်လင့်ခဲ့။

သို့ရာတွင်၊ သူမရဲ့ ပုံစံကို အကဲခတ်ခြင်းဖြင့် လူယုတ်မာတစ်ယောက်ကို ဆန့်ကျင်စော်ကားခဲ့တာ ဖြစ်လောက်သည်။

ဒီ ကမ္ဘာပေါ်တွင် လူတွေကို ကံကောင်းစေတဲ့

မြင့်မြတ်တဲ့သူတွေ ရှိသလို ကံဆိုးစေတဲ့ လူယုတ်မာတွေ လည်းရှိ၏။

သူမ လူယုတ်မာကို မကျေမနပ်ဖြစ်အောင် လုပ်မိထားလျှင် အဲဒါကို ပျောက်ပျက်အောင် လုပ်ရလိမ့်မည်။

••••

All Chapters