ကိုယ်လုပ်တော်
Vol. 19 Ch. 343
ရှားယာ့ယွင်ရဲ့ အပြုအမူတွေကို ရှဲ့ချောင် သက်ပြင်းချလိုက်မိသည်။
သူမကို ဂရုဏာသက်တာကြေင့် မဟုတ်ဘဲ ကံတရားက ခန့်မှန်းလို့ မရ၍သာ။
ကံကြမ္မာဆိုတာ ဆုံးဖြတ်ပြီးသားဆိုပေမဲ့ တချို့တဝက်က သူမ လက်ထဲတွင်သာ ရှိသည်။ သူမ ရှားယာ့ယွင် ကို စတွေ့စဉ်က၊ သူမရဲ့ ကံကြမ္မာက ဆိုးရွားပြီး၊ ပြစ်ချက်တွေ အများကြီး ရှိနေယ်ဆိုရင်တောင် သူမ ရဲ့ သဘောထားကို လျှော့လိုက်မယ်ဆိုရင် ဒီလို အခြေအနေမျိုးထိ ရောက်လာလိမ့်မည်မဟုတ်။
ပုံပန်းသွင်ပြင်ဆိုတာ နှလုံးသားကနေလာသည်။
ထို အချိန်၊ မုန့်ကျိဖန်လည်း ရောက်ရှိလာခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် သူက 'ပွဲစီစဉ်သူ' တစ်ယောက်ပင်။
ရှားယာ့ယွင်တစ်ယောက် တိုက်ခိုက်လိုစိတ် ကင်းမဲ့နေတာကို မြင်ပြီး သူနည်းနည်းတော့ စိတ်ပျက်သွားခဲ့သည်။
တစ်ဖက်စီမှ ဖိတ်ထားသော လူအယောက်၅၀လည်း ရောက်ရှိနေပြီဖြစ်သည်။
ရှဲ့ချောင် လူအယောက်၅၀ထက်ပိုပြီး ကူညီခဲ့လား။ ဟုတ်မနေဘူး။ သူမ လတ်တလောကမှ သေလောက်အောင် ပင်ပန်းထားတာကြောင့် ထိုလူတွေက ကိုယ်ဆန္ဒနဲ့ ကိုယ်လာခဲ့ကြသူတွေ ဖြစ်၏။
လူတချို့ရှိနေဆဲ ဖြစ်ပေမဲ့ လူဦးရေ ပြည့်သွားပြီ ဖြစ်တာကြောင့် သူတို့ ဝင်လို့မရခဲ့ချေ။
"ကောင်းပြီ၊ အမှတ်ပေးကြရအောင်" မုန့်ကျိဖန် စိတ်လှုပ်ရှားနေခဲ့သည်။
ထိုလူများဟာ အမည်မဖော်ဘဲ အမှတ်ပေးဖို့
အတွက် ခြံဝန်းထဲကို ဖိတ်ကြားခံလိုက်ရသည်။ အမှတ်ပေးပြီးနောက်တွင်တော့၊ ပြန်ထွက်သွားကြသည်။ သူတို့ ရှားယာ့ယွင်နဲ့ ရှဲ့ချောင်ကို တွေ့ဖို့တောင် မလိုခဲ့ကြ။
သူတို့ ဒီကိစ္စပြီးတဲ့နောက်၊ ပြဿနာတစ်ခုနဲ့ ကြုံရပါက အမှတ်တွေကြောင့် ပြန်လက်တုံ့ပြန်ခံရခြင်းကနေ ရှောင်ရှားနိုင်ဖို့ ကျောင်းတော်နှင့် ဆက်သွယ်နိုင်သည်။
" ညီမ ယာ့ယွင်၊ ညီမ သေချာပေါက် နိုင်မှာ" သုန့်ရှီးယွင်က သူမကို အမြန် နှစ်သိမ့်ပေးလိုက်၏။
ပြန်တုံ့ပြန်တဲ့ အနေနဲ့ ရှားယာ့ယွင်က အပြုံးတစ်ခုကို ဖျစ်ညှစ် ပြုံးပြလိုက်သည် ။
အခုမှ နိုင်တော့ရော ဘာလုပ်ရမှာလဲ။
ဘာတစ်ခုမှ ရမှာ မဟုတ်ဘူး။
ဆုလာဘ်အနေနဲ့ ငွေပဲစေ့ ၅၀၀၀ ကိုလား။ သူမ ဒီ ဘေးဒဏ်သင့် ဒုက္ခသည်တွေကို ငွေပဲစေ့ ၅၀၀၀ ထက်ပိုပြီးသုံးခဲ့တာ!!
သူမ နောင်တရနေပြီ၊ တကယ်ကို နောင်တရနေပြီ။
သူမမှာ ဘာတစ်ခု မရှိတော့ဘူး!!
သူမ ထိုအကြောင်းကို စဉ်းစားလိုက်မိသည်နှင့် မျက်လုံးများ ရဲလာခဲ့ပေမဲ့၊ သူမ အဖေက တခြား
သူတွေရှေ့မှာ မျက်နှာပျက်စေခွင့်မပြုထားဖို့နဲ့၊ သူမဟာ ဖြူစင်တဲ့သူတစ်ယောက်လို့ လူတိုင်းကို တွေးမိစေဖို့ ပြောထားသည်။
ရှားယာ့ယွင် သည်းခံဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။
သူမ မသိလိုက်ခင်မှာပင်၊ ဂုဏ်သရေရှိ အမျိုးသားများ ရောက်လာကြပြီဖြစ်၏။
ကြယ်ရရှိမှု အရေအတွက်ကို။ ကြေညာလိုက်သည်။
လူတိုင်း ကြယ်ငါးခုဆီ ပေးလို့ရကာ၊ ရှဲ့ချောင်က ကြယ် စုစုပေါင်း ၂၅၀ ကို ရရှိခဲ့ပြီး သူမ
ကတော့….
ကြယ် ၁၅၀။
ကြီးမားလိုက်တဲ့ ကွာခြားမှု!
ရှဲ့ချောင် နိုင်သွားခဲ့ပြန်သည်။ ရှဲ့ချောင် သူမဆီလာပြီးတော့ သရော်လိမ့်မယ်လို့ ထင်ခဲ့ရာ ရှဲ့ချောင်ရှေ့မှာ သူမ ဂုဏ်သိက္ခာ မဆုံးရှုံးရအောင် အတွက် ဘယ်လို သည်းခံ ရမလဲဆိုတာကို တွေးနေခဲ့၏။ သို့ပေမဲ့၊ ရှဲ့ချောင်ကတော့ ခပ်ရေးရေးသာ ပြုံးပြပြီး၊ ထွက်သွားခဲ့သည်။
ဒါက….
သူမကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သလိုပင်။
ရှဲ့ချောင်မှာ ကံမကောင်းတဲ့ မျက်နှာကို မကြည့်ချင်ရုံ ဖြစ်သည်။ ၎င်းဟာ တခြားသူတစ်ယောက်ရဲ့ ဘဝကို ကြည့်နေရတာနဲ့တူတာကြောင့် လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို ဆိုးရွားစေလိမ့်မည်။
" ညီမ ယာ့ယွင်၊ ဝမ်းနည်းမနေပါနဲ့။ အစ်မတို့ အိမ်ကို လာတဲ့အခါကျရင်၊ အစ်မ အဖေကို ညီမလေးအပေါ် သေချာပေါက် ကောင်းကောင်းဆက်ဆံခိုင်းပါ့မယ်။နောက်ပြီး၊ အရင်က အစ်မကို ကာကွယ်ခဲ့တာ ညီမလေးလေ။ ဆိုတော့ နောင်အနာဂတ်မှာ ညီမလေးကို ကာကွယ်နိုင်ဖို့ အစ်မအကောင်းဆုံးကြိုးစားမှာပါ"။ သုန့်ရှီးယွင်က ရုတ်တရက် ပြောလိုက်၏။
ရှားယာ့ယွင်သူမကို အထိတ်တလန့်နှင့် ကြည့်လိုက်သည်။
သူမ ဦးလေးသုန့်ကို လက်ထပ်မယ်လို့ မပြောမိပါဘူး!!
အဲဒီလူက သူမ အဖေလောက်ရှိတာကို!!
သုန့်ရှီးယွင်စကားဆုံးသည်နှင့် ပဟေဠိဖြစ်ပြီး အံ့ဩနေကြတဲ့ အကြည့်တွေကို သူမ ခံစားလိုက်ရသည်။ ထို့နောက်၊ သူမ အနည်းငယ် စိတ်သောကရောက်သွားခဲ့ပြီး၊ ရှားယာ့ယွင်ရဲ့ လက်ကို အလျင်စလို ဖမ်းဆုပ်လိုက်သည်။ " အစ်မ တောင်းပန်ပါတယ်၊ ယာ့ယွင်။ ညီမ အားလျော့နေတာကို မြင်တော့ နှစ်သိမ့်ပေးခဲ့ချင်တာပါ။ ဒါပေမဲ့၊ အစ်မ မစဉ်းစားလိုက်မိဘူး…. တောင်းပန်ပါတယ် ယာ့ယွင်…."
ရှားယာ့ယွင်မှာ အလွန်ကိုမသက်မသာ ဖြစ်နေလေ
ပြီ။ အခုချိန်တွင်၊ သုန့်ရှီးယွင်ဟာ အရင်ကလို သဘောကျစရာ မကောင်းတော့ချေ။
ဒါက သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ၊ သူ ဘယ်လိုလုပ် လူကြားထဲမှာ ပြောနိုင်ရတာလဲ….
ထိုအကြောင်း သူမ စဉ်းစားကြည့်လိုက်သည်နှင့် အရင်က သုန့်ရှီးယွင်ရဲ့ ပြဿနာကို ကူညီပြီး ရှဲ့ချောင်နဲ့ အချင်းများခဲ့တာ ဖြစ်ရပ်ကို တွေးမိသွားခဲ့သည်။
သူမ အရင်တည်းက မှားခဲ့တာလား။
ဒါဆို…..
အစ်မသုန့်ကို အပြစ်တင်ဖို့ သူမ တကယ် သတ္တိမရှိ
ခဲ့။
သုန့်ရှီးယွင်ရဲ့စကားများက ရှားယာ့ယွင်ကို မျက်နှာပျက်စေခဲ့သည်။ တချို့ သောပြဿနာရှာသူတွေဆိုလျှင် သူတို့မိသားစုဝင်တွေကို ထိုကိစ္စကို အကြောင်မေးမြန်းခဲ့ကြသည်။ မကြာလိုက်၊ သူတို့ သိလိုက်ရတာက….
ရှားယာ့ယွင်ဟာ သုန့်မိသားစုမှာ ဧည်သည့်အဖြစ်သွားတုန်းက သူမရဲ့ အပျိုဘဝကို သုန့်သခင်ကြီးဆီမှာ ဆုံးရှူံလိုက်ရတယ်ဆိုတာပဲ။
ရှားမိသားစုသည် အစတုန်းက ရှားယာ့ယွင်ကို အဝေးကို ပို့ပြီး လက်ထပ်ဖို့အတွက်သာမန် မိသားစုတစ်ခုကို ရှာချင်ခဲ့သည်။
အခု၊ ဒီ အရှက်ရစေရာ မှတ်ချက်တွေ ထွက်
ပေါ်လာပြီဖြစ်တာကြောင့် သုန့်မိသားစုက ချက်ချင်း ကိုယ်လုပ်တော်လက်ဆောင်ကို ပို့လိုက်တော့သည်။
ငြင်းဆန်ဖို့ရာ တစ်ခုမှ မရှိပေ။
•••••