← Chapters

မကောင်းသော

Vol. 19 Ch. 344

မကောင်းသော

Vol. 19 Ch. 344

ရှားယာ့ယွင်ဟာ မတော်တဆမှုကြောင့် မြစ်ထဲပြုတ်သွားခဲ့ကာ သုန့်သခင်ကြီးရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရပြီးတော့ သေရေးရှင်ရေး ဖြစ်နေချိန်မှာ အသက်ကယ်ခံခဲ့ရတာ ဖြစ်တဲ့ အတွက် သူမက သူနဲ့ လက်ထပ်ဖို့ တွန်းအားပေးခံရတာပါ ဆိုပြီး လူတွေကို ပြောပြရုံသာ တတ်နိုင်သည်။

သို့ပေမဲ့လည်း၊ ဘယ်လိုပဲ ဖြစ်နေပါစေ၊ တတိယ

အဆင့်အရာရှိတစ်ဦးရဲ့ တရားဝင်သမီး ကိုယ်လုပ်တော်အဖြစ် လက်ထပ်မှုက တခြားသူတွေ သူတို့ သားသမီးကို ဥပမာပေး သင်ပြပေးဖို့ ရာ လုံလောက်နေပြီပင်။

ရှဲ့ချောင်ကတော့ တိတ်တဆိတ်သာ သက်ပြင်းချလိုက်ပြီး မည်သည့်ထင်မြင်ချက်မှ မပေးခဲ့။

ရှားယာ့ယွင်တစ်ယောက် နောင်အနာဂတ်မှာ သူမ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရမလားဆိုတာကို သာ ရှဲ့ချောင် သိချင်နေသည်။

အခု၊ အလောင်းအစားက ပြီးဆုံးသွားပြီဖြစ်ကာ နှစ်သစ်ကူးလည်း နီးလာပြီဖြစ်၏။

ရှဲ့နျိုရှန်း နွေဦးအစပိုင်းလောက်ထိ ပြန်မလာလောက်ပေ။

သို့ပေမဲ့၊ ထို အချိန် ရှဲ့မိသားစု တွင် ဧည့်သည်တစ်ယောက် ရောက်လာခဲ့၏။

ရှဲ့ချောင် အဝတ်အစားအသစ်တစ်စုံကို လဲဝတ်လိုက်ရာ လှလို့နေသည်။ သူမ အငယ် မောင်နှမ နှစ်ယောက်ကို ခေါ်ပြီး လင်း မိသားစုကို ကြိုဆိုဖို့ ထွက်လာလိုက်သည်။

ရှဲ့ဖင်းဟွိုက်က ဂရုမစိုက်သည့်ဟန်ဖြစ်နေကာ ရှဲ့ရှီကတော့ နာနာခံခံနှင့် အရုပ်လေးတစ်ရုပ်လိုပင်။

လင်းသခင်မသည် သာမန်မိသားစုတွင် မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး ရှဲ့နျိုရှန်းကတော့ ဒုစရိုက်သမား တစ်ယောက်ဖြစ်၏။

ရှဲ့ချောင် တံခါးဝတွင် စောင့်ဆိုင်းလို့နေခဲ့သည်။ ခဏကြာ စောင့်ဆိုင်းပြီးသွားသည့်နောက်တွင်တော့ မြင်းလှည်းများ ရောက်ရှိလာခဲ့သည်။ မြင်းလှည်းနှစ်စင်းမှ လူတစ်စု ဆင်းလာခဲ့၏။

လူတစ်စုမှာ စိုးရိမ်ပူပန်နေပုံပေါ်သည်။

ရှဲ့ချောင် သူတို့ကို ကြိုဆိုဖို့ သွားလိုက်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။ "ဖိုးဖိုး လင်း ဖြစ်မယ်ထင်တယ်။ ဒီအညတရက ရှဲ့ချောင်လို့ခေါ်ပါတယ်။ ဒါက…. သမီးရဲ့ မောင်လေး ရှဲ့ဖင်းဟွိုက်နဲ့ ညီမလေး ရှဲ့ရှီပါ။ သူတို့က ဒုတိယအမေရဲ့ သားသမီးတွေပါ။"

ဖိုးဖိုးလင်းက သူမကို အမြန်ထူပေးလိုက်သည်။သူရဲ့ သဘောထားက အနည်းငယ် လွန်ကဲနေပေမဲ့လို့ မဝံ့မရဲဖြစ်နေပုံတော့ မပုံပေ။

နောက်တော့၊ သူ့နောက်က လူတွေကို မိတ်ဆက်ပေးလိုက်သည်။

လင်းသခင်မရဲ့ မိခင်မှာ သူ့သမီးကို လွမ်းစွတ်လွန်းတဲ့စိတ်ကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

လင်းမိသားစုရဲ့ အခြေအနေအကြောင်းရေးထားတဲ့ စာမှာ အစောကတည်းက ရောက်နေပြီဖြစ်ရာ ထိုလူတွေ ဘယ်သူလဲ ဆိုတာကို ရှဲ့ချောင်သိသည်။

ဖိုးဖိုးလင်း၏ အနောက်မှ အမျိုးသားနှစ်ယောက်မှ သားတွေ မဟုတ်ကြဘဲ တပည့်နှင့် သားမက် တို့ဖြစ်သည်။ထို့ပြင် သူတို့ အားလုံးက လင်းမိသားစုထဲကို လက်ထပ်ပြီးဝင်လာခဲ့ကြတာဖြစ်သည်။

ဒီလို သားမက်မျိုးဟာ သူရဲ့ မျိုးရိုးနာမည်ကို ပြောင်းရလိမ့်မည်ဖြစ်ရာ သူတို့ အားလုံး၌ မျိုးရိုးနာမည် လင်း ရှိကြသည်။

ဖိုးဖိုးလင်းတွင် သမီး လေးယောက်ရှိ၏။ ဒုတိယ အမေသည် ဒုတိယ သမီးဖြစ်ပြီး သူမထက် သုံးနှစ်ကြီးတဲ့ အစ်မတစ်ယောက် ရှိသည်။ ထို အချိန်တုန်းက သူတို့တွေက စေ့စပ်ထားပြီးဖြစ်ပြီး လက်ထပ်ကြတော့မှာ ဖြစ်ပေမဲ့ အဆုံးမှာ လူရိုင်းတွေ ရွာထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ကြကာ တောင်ပေါ်ကို ထွက်ပြေးအောင် ခြောက်လှန့်ခဲ့ကြသည်။

ထိုစဉ်က လူတွေ အများကြီး ရှိနေပြီး ပရမ်းပတာဖြစ်နေရာ ဒုတိယ အမေမှာ လူ ကွဲသွားခဲ့သည်။

နောက်တော့၊ ပရမ်းပတာအခြေအနေကြီး ပြီးသွား

တဲ့အခါ ရွာမှာ ငြိမ်းချမ်းသွားခဲ့ပေမဲ့ ဒုတိယ အမေကိုတော့ ရှာလို့မတွေ့ခဲ့ချေ။ လင်းသခင်မရဲ့ အမေမှာ ကျန်းမာရေးချို့တဲ့နေခဲ့ရာ အဖြစ်အပျက်ကြောင့် ထိတ်လန့်ပြီး ကွယ်လွန်သွားခဲ့ရသည်။

မိခင်ဖြစ်သူ၏ သေဆုံးမှုကြောင့် လင်းမိသားစု၏ သမီး အကြီးဆုံးမှာ အိမ်တွင် သုံးနှစ်နေခဲ့ရသည်။

သို့ပေမဲ့၊ သူမတွင် အိမ်မှာ ညီမ နှစ်ယောက်ရှိနေဆဲ ဖြစ်တာမို့ စိုးရ်မ်နေခဲ့သည်။ လက်ထပ်ခြင်းကိစ္စ မပြီးမြောက်သေးခင်၊ တစ်စုံတစ်ယောက်က သူမရဲ့ ညီမကို အနိုင်ကျင့်ခဲ့သည်။ သူမ သူတို့ကို ဓားတစ်ချောင်းနဲ့ ၁၀ ကီလိုမီတာ လောက်ထိမောင်းထုတ်ခဲ့ပြီး ဆွေမျိူးတွေကိုလည်း ခြောက်ခဲ့သည်။

သူမ ညီမလေးကို ကာကွယ်ဖို့ အိမ်တွင်သာ နေခဲ့သည်။

ညီမငယ်တစ်ယောက်ကို ဆုံးရှူံလိုက်ပြီးနောက် ကျန်တဲ့ သူတွေကိုတော့ အဆုံးရှုံး မခံနိုင်တော့။

အဖိုးအိုလင်း သည် သမားတော်တစ်ယောက်ဖြစ်ပြီး သူရဲ့ သင်ပေးခဲ့တဲ့ တပည့်တွေဟာ စိတ်သဘောထားကောင်းသူများဖြစ်ကြသည်။ ဒါတင်မက၊ သူတို့ ဒေသတွင် မိဘမဲ့များစွာရှိပြီး ထိုနှစ်ယောက်မှာလည်း မိဘတွေ မရှိတော့တာကြောင့် နှစ်ယောက်စလုံး လက်ထပ်ပြီး သူ့ကို ကူညီထောက်ပံ့ပေးဖို့ ဆန္ဒရှိခဲ့ကြသည်။

ဒါပေမဲ့လည်း၊ ဒီ လင်းမိသားစုရဲ့ သမီးကြီးမှာ နှစ်များစွာ နှောင့်နှေးသွားခဲ့ပြီဖြစ်တာကြောင့် သူမ အိမ်ထောင်မပြုခဲ့တော့ပေ။ သူမတွင် သားဖွားခြင်းပညာ အချို့တတ်ကျွမ်းမှုရှိရာ ရွာထဲက

ကလေးများကို မွေးထုတ်ပေးခဲ့သည်။ သူမသည်လည်း နည်းနည်းတော့ ကျော်ကြားခဲ့သည်။

သူမဟာ အသက် ၃၂၊ ၃၃ လောက်သာရှိသေးပေမဲ့၊ လေးဆယ် ငါးဆယ်အရွယ် လက်သည်တွေလိုမျိုး ဝတ်စားထားသည်။ သူမဟာ လူတွေကို ခြောက်လှန့်တဲ့ နေရာမှာ အတော်လေး တော်သည့် ပုံပင်။

ထိုအချိန်တွင်၊ ဖိုးဖိုးလင်းက ရှဲ့ဖင်းဟွိုက်နဲ့ ရှဲ့ရှီကို နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

" ဟုတ်တယ်၊ အထူးသဖြင့် ဒီမိန်းကလေးပဲ။ သူက အဖိုးရဲ့ ဒုတိယသား ငယ်ငယ်တုန်းကနဲ့ တူတယ်။ " အဖိုးအို လင်းသက်ပြင်းချလိုက်၏။

သူ ရူးသွားခဲ့တာလား။ ဟုတ်တယ် သူရူးသွားပြီ။

သူဇနီးသည် ဆုံးသွားပြီးတဲ့နောက်၊ တစ်စုံတစ်ယောက်က သူရဲ့ ဒုတိယ သမီး အသက်ရှင်တုန်းပဲလို့ ရေးထားတဲ့စာကို ပို့လာခဲ့သည်။ သူမက တောင်ပေါ်စခန်းမှာရှိနေပြီးတော့ အကြီးအကဲတစ်ယောက်ရဲ့ ဇနီးဖြစ်နေတယ်။ သူတို့ပြောတာက သူမက အခုဆို ကိုယ်ဝန်ရှိနေပြီဖြစ်ပြီးတော့ သူမရဲ့ ဘဝကလည်း တော်တော်လေး ကောင်းမွန်နေတယ်တဲ့။

သူ အဲ့ဒီ အချိန်တုန်းက ပျော်ခဲ့ရသည်။ အသက်ရှင်နေတာက သေသွားတာထက်တော့ ကောင်းသည်ကို။

သူစိုးရိမ်တာက ဓားပြတွေက မျက်တောင်တစ်ချက် မခတ်ပဲ သတ်ပစ်လိုက်မှာကိုပင်။

ဒါပေမဲ့၊ သူလုပ်လို့ရတာ တစ်ခုမှ မရှိခဲ့။ သူမက အပျိုဘဝကို ဆုံးရှုံးလိုက်ရပြီဖြစ်လို့ သူမ အိမ်ပြန်လာတဲ့ အခါကျရင် မြစ်ထဲရေနှစ် သတ်ပြီး အပြစ်ပေးခံရလိမ့်မည်။

သူ ဒီ အကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့။

နောက်တော့ သူ့သမီးက မီးဖွားစဉ်အတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့ရပြီးတော့ သားတစ်ယောက် သမီးတစ်ယောက် မွေးခဲ့တယ်ဆိုတဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

တစ်ဝက် သတင်းကောင်းဖြစ်ပြီး ကျန်တစ်ဝက်ကတော့ သတင်းဆိုးဖြစ်၏။ ဒီစာကိုရေးတဲ့သူဆီမှ ဝမ်းနည်းခြင်းကိုတော့ သူ မခံစားခဲ့ရပေ။

အဲဒီအချိန် သူသိလိုက်ရတာက ဒီ ဓားပြက မကောင်းဘူးဆိုတာပဲ!!

•••••

All Chapters