လင်းမိသားစု
Vol. 19 Ch. 345
ဖိုးဖိုးလင်းက ရှဲ့ချောင်ကို ဂရုတစိုက်နှင့် ကြည့်လိုက်သည်။
ဒီ ကလေးမက နူးညံ့ပြီး အားနည်းတဲ့ ပုံပေါ်နေပေမဲ့ တကယ်က သူ့ရဲ့ အဘိုးအဘွားတွေ တွေနဲ့ မိဘရင်းတွေက အကုန်ဓားပြတွေချည်းပဲဆိုတာ သူသိသည်။
ဒါတင်မက၊ သူမရဲ့ အမေက အဖမ်းမခံရဘဲနဲ့ တောင်ပေါ်ကို ခေါ်သွားခံခဲ့ရသည်။
ဖိုးဖိုးလင်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။
သူသမီးဆုံးသွားချိန်က ဒီကလေး နှစ်ယောက်ကို သူပြန်ခေါ်လို့ရရင် ကောင်းမယ်လို့ သူတွေးခဲ့တယ်!။
ကံဆိုးချင်တော့၊ အဲဒီ အချိန်က သူ ဓားပြတွေနဲ့ အဆက်အသွယ်လုပ်ဖို့ လက်ဦးမှု မယူနိုင်ခဲ့တာကြောင့် ဒီကိစ္စကို ရင်ထဲတွင်သာ သိမ်းထားခဲ့ရသည်။ ၎င်းက ဖြစ်မလာခဲ့ပေ။
ကံကောင်းစွာဖြင့်၊ နောက်ဆုံးမှာ သူတို့ ပြန်ဆုံနိုင်
ခဲ့ကြလေပြီ။
"ဖိုးဖိုးလင်းစောစော လာမယ်ဆိုတာသိပေမဲ့၊ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဘိုးတို့ကို ပြည့်ပြည့်ဝဝ ဧည့်မခံပေးနိုင်တာကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ သမီးတို့တွေ ဧည့်သည်ခန်းကိုတော့ ရှင်းလင်းထားပြီးပါပြီ။အပြင်မှာအေးတယ်၊အထဲကိုဝင်ကြတာ ပိုကောင်းတယ်" ရှဲ့ချောင်မှာ အလွန်ချို သာနေ၏။ သူမ ဒီလူကို ခြောက်လှန့်လိုက်မိမှာစိုးရိမ်နေပုံပင်။
ဖိုးဖိုးလင်းက ခေါင်းညိတ်လိုက်၏
ဆက်ပြီး နှုတ်ဆိတ်နေမယ်ဆိုရင် မကောင်းတာကြောင့် "လွန်ခဲ့တဲ့ နှစ်တွေတုန်းက၊ အဖိုး လူတွေ ပြောနေကြတာ ကြားတာ ဓားပြ…. စစ်သူကြီးရှဲ့
က တောင်နားက ရွာတွေကို သွားခဲ့ တယ်တဲ့။ အဲဒီချိန်တုန်းက အဖိုး ဒီကလေး နှစ်ယောက်ကို တွေ့ချင်နေခဲ့တာ။ ဒါပေမဲ့ အိမ်မှာလည်း အခက်အခဲ ရှိနေတာဆိုတော့ ထွက်မသွားဖြစ်ခဲ့ဘူး။ ဒီနှစ်အစ ပိုင်းရောက်တော့၊ ကလေးတွေရဲ့ အရေးတွေလည်း ဖြေရှင်းပြီးသွားခဲ့ပြီ။ အဖိုးလည်း ငွေတချို့ စုဆောင်းထားမိပြီဆိုတော့၊ သူတို့ကို ရှာဖို့ မြိုတော်ကို လာခဲ့လိုက်တာ"
သူတို့ မြို့တော်ကို ဟိုးအရင်ကတည်းက ရောက်နေကြပေမဲ့ မြို့တော်ထဲမှာက အစစအရာရာ ဈေးကြီးလွန်းတယ်!
ဒါကြောင့်၊ သူတို့ မြို့တော်နားက ရွာတစ်ရွာမှာ ယာယီ အခြေချ ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူဟာ သမားတော်တစ်ယောက်ဖြစ်တာကြောင့် သူ ဘယ်နေရာကိုပဲ သွားသွား ကျော်ကြားနေဆဲ
ပင်။
ရှဲ့ချောင်ရဲ့ နှုတ်ခမ်းများက အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားခဲ့သည်။
ရှဲ့မိသားစုက သူတို့မွေးရပ်မြေက လူတချို့ကို သိထားသည်။ တစ်ယောက်ယောက်က မရှာခင်၊ လင်းမိသားစုရဲ့ လက်ရှိ အခြေအနေကို မေးမြန်းရန်အတွက် စာပို့ခိုနှင့် စာတစ်စောင် အရင်ဆုံးပို့ခဲ့ကြသည်။ ဒီလူက ဟိုးအရင်ကတည်းက သူတို့ရဲ့ ဆွေမျိုးတွေ ရှာဖို့ဆိုပြီး ထွက်သွားတယ်ဆိုပြီး သူတို့ ရှာတွေ့ခဲ့ကြသည်။
လင်းမိသားစု၌ ဆွေမျိုး များများစားစားမရှိ။ သူတို့မွေးရပ်က လူတွေကလည်း စုံစမ်းမေးမြန်းဖို့ အတွက်ကို ကူညီခဲ့တာကြောင့် ဒီလူက မြို့တော် အနီးဝင်ကျင်မှာပဲဆိုတာ သိခဲ့ကြသည်။
ရက်အနည်းငယ်လောက် ရှာဖွေကြည့်ပြီးနောက်၊ လူကို ရှာတွေ့ခဲကြသည်။
ဖိုးဖိုးလင်းရဲ့ အနောက်ကလူက တစ်ခုခုကို ပြောချင်နေပုံရပေမဲ့၊ ချီတုံချတုံဖြစ်နေ၏။
လင်းမိသားစုက လူတွေရဲ့ နာမည်များဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။
လင်းမိသားစုရဲ အကြီးဆုံးသမီးမှာ လင်းယာ့ရှန်းလို့ ခေါ်ပြီး၊ ဒုတိယ သမီးက ကွေ့ရှင်း။ တတိယမှာ စန်းကျီ၊ စတုတ္ထသမီးမှာ တန့်ချောင်တို့ ဖြစ်ကြကာ အားလုံးမှာ ဆေးဖက်ဝင်အပင်နာမည်များ ဖြစ်ကြ၏။
သားမက်များရဲ့ နာမည်ကိုတောင်မှ ဖိုးဖိုးလင်းက ပေးထားခဲ့သည်။ တစ်ယောက်က ကန်းစုန့် လို့ခေါ်
ကာ နောက်တစ်ယောက်က စစ်ပေါ် လို့ ခေါ်သည်။
သူတို့ရဲ့နောက်မှာတော့ ကလေးသုံးယောက်ရှိနေကာ အခုချိန်၌ အတော်လေး နာခံတတ်သည့်ပုံပေါ်ကြသည်။
ဒီ မိသားစုသည် အတော်လေး ကောင်းမွန်ပုံရသည်။ အနည်းဆုံးတော့ ရှဲ့မိသားစု ဆွေမျိုးတွေထက်ပိုပြီး အကျိုးသင့်အကြောင်းသင့် ဖြစ်ပုံရသေးသည်။
လင်းယာ့ရှန်းမှာ သူမကိုယ်သူမ ချုပ်ထိန်းထားနိုင်ပုံမရ။ ခြံဝန်းထဲသို့ ဝင်လာသည်ပြီသည်နှင့် "အဒေါ့်မိသားစု ဒီမှာ အကြာကြီးနေလို့ မကောင်းဘူး။ ဒါပေမဲ့ အခုတော့၊ ညီမလေးရဲ့ ကလေးတွေကို တွေ့လိုက်ရပြီ၊ သူတို့ကို အရမ်း သတိရနေတာမလို့….. အဒေါ်တို့ စဉ်းစားလိုက်တာက၊ မိသားစု
ထဲက အမျိုးသားတွေကို ခြံဝန်းတစ်ခုငှားပြီး တစ်လလောက် ယာယီနေခိုင်းလိုက်မယ်။ အဒေါ်တို့တွေ သမီးတို့ကို နေ့တိုင်း အခက်တွေ့စေမှာမဟုတ်ပါဘူး။ ခြံဝန်းထဲမှာ အဖေနဲ့ ဒီ အငယ်လေးနှစ်ယောက်ကို စကားပြောစေချင်ရုံပါ။ ဒါပေါ့၊ သမီးတို့ကို နှစ်သစ်ကူးမှာ နှောင့်ယှက်မှာ မဟုတ်ဘူး…."
ရှဲ့ချောင် သူတို့နဲ့ ယဉ်ယဉ်ကျေးကျေး စကားပြောနေခဲ့ပေမဲ့၊ တကယ်တော့ သူတို့နဲ့ အကြည့်ချင်း မဆုံခဲ့။
ကံကောင်းစွာနဲ့၊ သူမ ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေပြီး သူမ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေခဲ့တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မကြည့်ကြဘူးဆိုရင်တောင်မှ အထက်စီးဆန်နေတဲ့ ပုံမပေါ်ခဲ့။
ဒါပေမဲ့၊ သူမ လင်းယာ့ရှန်း ပြောတဲ့ စကားကို
ကြားတဲ့ အခါမှတော့ မနေနိုင်ဘဲ သူမကို ထပ်ကြည့်လိုက်မိသည်။
သူမရဲ့ မျက်ရည်အိတ်မှာ ပြည့်နေပြီး၊ ကြံ့ခိုင်တဲ့ ပင်ကိုယ်စရိုက်မျိုး ရှိသည်။ သူမမှာ ကိုယ်ပိုင် ခံယူချက် ရှိပြီး အလျှော့မပေးတတ်သူမျိုးဖြစ်သည်။
သူမရဲ့ မျက်နှာသွင်ပြင်ဟာ တမူထူးခြားနေတာမျိုး မဟုတ်။သူမက ကံကောင်းမှု လုံလုံလောက်လောက်နဲ့ မွေးဖွားလာခဲ့တာ မဟုတ်ပေမဲ့၊ သူမဆီမှာ ကောင်းချီးနည်းနည်းရှိနေတာကိုတော့ ရှဲ့ချောင်တွေ့ရသည်။ သူမရဲ့ မျက်နှာသွင်ပြင်ဟာ 'ချီ' အားကောင်းနေပြီး၊ ၎င်းက ချမ်းသာမှုအဖြစ်ကို ပြောင်းလဲသွားသည်။ နောင်လာမယ့်နှစ်များတွင် သူမ၌ ရှည်လျာပြီး ကြွယ်ဝတဲ့ ဘဝမျိုး ရှိလာနိုင်သည်။
ဒါပေမဲ့၊ သူမရဲ့ မျက်နှာသွင်ပြင်က တစ်သမတ်တည်း ဖြစ်နေတာတော့ မဟုတ်။
ဒီတစ်ကြိမ်တော့ ရှဲ့ချောင် လင်းယာ့ရှန်းရဲ့ အကြံပြုချက်ကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။
" သမီးတို့ ဘယ်လိုလုပ်ပြီး ဦးလေးတို့ကို ဒုက္ခဖြစ်စေရမှာလဲ။ နောက်မှ အိမ်တော်ထိန်းကို သင့်တော်တဲ့ နေရာတစ်ခု ရှာခိုင်းလိုက်ပါ့မယ်" ရှဲ့ချောင် ပြုံးကာ ပြုံးလိုက်သည်။
" ဒေါ်လေးတို့ဘာသာ ပေးလိုက်မယ်" လင်းယာ့ရှန်းက သူမရဲ့စကားးတွေက ပြေပြစ်မှုမရှိဘူးလို့ခံစားလိုက်ရသလို ချက်ချင်း ပြန်ပြောလိုက်သည်။ " အရင်တုန်းက၊ အဒေါ်တို့က တစ်ယောက်နဲ့ တစ်ယောက် အဆက်အဆံ မရှိခဲ့ကြဘူး။ အခုမှ ရုတ်တရက်ကြီး ဆုံကြတာကို ဒေါ်လေးတို့ရဲ့ လူဦးရေက များနေတာဆိုတော့၊ ဒေါ်လေးတို့
ကိုယ်တိုင် မပေးဘူးဆိုရင်၊ စိတ်အေးရမှာမဟုတ်ဘူး၊ နောက်တစ်ခါ မလာရဲဘဲနေမိလိမ့်မယ်"
•••••