ဒီလူတွေက ဘယ်သူလဲ
Vol. 19 Ch. 346
လင်းယာ့ရှန်းရဲ့ စကားတွေက လင်းမိသားစုတစ်ခုလုံးရဲ့ သဘောထားကို ကိုယ်စားပြုနေခဲ့ပြီး၊ ဖိုးဖိုးလင်းကတောင်မှ ခေါင်းညိတ်ထောက်ခံနေခဲ့သည်။
ရှဲ့ချောင် ထိုအချက်ကို သဘောတူလိုက်၏။
သူမရဲ့ ခေါင်းညိတ်ပြမှုကြောင့် လင်းယာ့ရှန်း စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက် တိတ်တဆိတ်ချလိုက်မိသည်။
သူမရဲ့ မိသားစုမှာ မြို့တော်ကို ရောက်နေသည်မှာ
ကြာနေပြီဖြစ်ပြီး ရှဲ့မိသားစုရဲ့ အခြေအနေကို မေးမြန်းစုံစမ်းဖို့ အတွက် မြိုထဲကို ရံဖန် ရံခါ လာခဲ့ကြသည်။
သူတို့ဟာ အဆင့်နိမ့်ပြည်သူများသာ ဖြစ်ကြပြီး၊ အခုဆိုရင် ရှဲ့မိသားစုဟာ အဆင့်တန်းမြင့်မိသားစုတစ်ခုဖြစ်နေပြီဆိုတာ သူတို့ သိကြသည်။ သူတို့သာ အတင်းဝင်ရောက်ခဲ့မယ်ဆိုရင်၊ ရှဲ့မိသားစုအပေါ် သူတို့ အမြတ်ထုတ်နေတယ်ဆိုပြီး တခြားသူတွေကထင်သွားမှာကို စိုးရိမ်ခဲ့ကြသည်။
ဒါကြောင့် အစောကတည်းက၊ ဝင်ဖို့အတွက်ကို လက်ဆောင်တွေ အထူးတလည် ပြင်ဆင်ထားခဲ့ကြသည်။
ကံဆိုးစွာနဲ့ပဲ၊ သူတို့ မဝင်ရသေးခင်မှာတင်၊ အစေခံတွေရဲ့ မောင်းထုတ်ခြင်းကို ခံခဲရသည်။
အဲဒီနောက်တွင်တော့၊ သူတို့ မြို့တော်အပြင်ဘက်က ရွာတွင်သာ နေခဲ့ကြပြီး၊ အနာဂတ်မှာ ပိုက်ဆံပိုစုဆောင်းနိုင်ဖို့ တွေးခဲ့ကြသည်။
သို့ပေမဲ့၊ ရှဲ့မိသားစုကနေ ခြေလှမ်းအရင်စပြီး သူတို့ကို ရှာခဲ့လိမ့်မယ်လို့တော့ သူတို့မမျှော်လင့်ထားခဲ့ပေ။
လင်းယာ့ရှန်းနဲ့ တခြားသူတွေဟာ အတွင်းဘက်ခြံဝန်းထဲကို ခေါ်ဆောင်သွားခြင်းခံခဲ့ရကာ၊ သူတို့ရဲ့ ပစ္စည်းတွေကို ဧည်သည့်ခန်းထဲ အရင်ဆုံးထားခဲ့ကြသည်။
ဖိုးဖိုးလင်းက လက်ဆောင်ပစ္စည်းလေးခုကို ယူထုတ်လိုက်၏။
အကုန်လုံးက ကလေးတွေ အတွက်ဖြစ်သည်။
ရွာသူရွာသားများပေးကြသော လက်ဆောင်များမှာ လပ်တွေ့ကျသည်။ ကြက်ဉတစ်လုံး ဖြစ်နေရင်တောင်မှ လက်ခံရရှိသူက အလွန်ပျော်ရွှင်လိမ့်မည်။ ဒါပေမဲ့၊ ဖိုးဖိုးလင်းက ရှဲ့မိသားစု သူတို့အပေါ် အထင်သေးမှာကို စိုးရိမ်တာကြောင့် သူပေးသော လက်ဆောင်များမှာ အတော်လေး ဈေးများပေသည်။
ငွေတံဆိပ်ပြား လေးခုမှာ ငါးကတ်တီ လောက်လေးပြီး သူတို့အပေါ်မှာ ဒီဇိုင်းတချို့တောင် ရေးဆွဲထားသည်။
( ကတ်တီ ဆိုတာ တရုတ်ရိုးရာ အလေးချိန်ယူနစ် အတိုင်းအတာတစ်ခုပါ။ တစ်ကတ်တီ ကို ပျမ်းမျှ ၅၀၀ ဂရမ် သို့မဟုတ် တစ်ကီလိုရဲ့တစ်ဝက်ရှိပါတယ်။ ဒါကြောင့် ငါးကတ်တီက ၂.၅ ကီလိုလောက်ရှိပါတယ်)
လက်မှုပညာရဲ့ အဖိုးအခနဲ့တင်၊ ငွေတံဆိပ်ပြားရဲ့ တန်ဖိုးက ငွေစ၃၀၊၄၀ လောက်ရှိနေလေပြီ။
ဒ့ါအပြင်၊ အပြင်မှာရှိတဲ့ မြင်းလှည်းတွေပေါ်ကနေချလာတဲ့ တခြားလက်ဆောင်တွေလည်း ရှိသေးသည်။
ဒီတစ်ကြိမ်တွင် လင်းမိသားစုက ငွေတော်တော်များများ သုံးစွဲခဲ့သည်။
သူတို့လက်ဆောင်တွေကို လက်ခံကြရလိမ့်မည်။နောက်ပြီး၊ ဖိုးဖိုးလင်းက အကြီးဖြစ်နေတာကြောင့်ပင်။
ရှဲ့ချောင် အငယ်နှစ်ယောက်ကို တစ်ယောက်စီ ရှေ့ထွက်ပြီး လက်ဆောင်လက်ခံခိုင်းလိုက်သည်။
သို့သော်၊ ရှဲ့ဖင်းဟွိုက်မှာ လက်ထဲ၌ ငွေအများကြီးရှိမနေပေမဲ့၊ အိမ်မှာတော့ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတုန်းပင်ဖြစ်ပြီး ရွှေ၊ ငွေ ပြတ်လပ်နေတာမျိုး မရှိ။ သူ ထိုလက်ဆောင်တွေ ကို ကြည့်လိုက်တဲ့ အခါ၊ ထူးထူးခြားခြား ဖြစ်နေတာမျိုး မတွေ့ရ၍ သူ့မျက်နှာထားမှာ ဂရုမစိုက်ဟန်ဖြစ်နေခဲ့သည်။
ရှဲ့ရှီကတော့မတူ၊ သူမက ငွေတံဆိပ်ပါတဲ့ သေတ္တာလေးကို တစ်ယောက်ယောက်က ယူပြေးသွားမှာကို စိုးရိမ်နေသလိုမျိုး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့၏။
ဒီကလေးနှစ်ယောက်ရဲ့ သဘောထားကို ဖိုးဖိုးလင်းနှင့် ကျန်တဲ့သူတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
သူ စိတ်မပျက်သွားဘူးလို့ပြောရင် လိမ်ရာကျလိမ့်မည်။
သူဒီကို ပျော်ပျော်ရွှင်ရွှင်နှင့် လာခဲ့ပြီး၊ ထုံးစံအတိုင်း သူ မြေးနဲ့ မြေးမလေးတို့နဲ့ ရင်းနှီးလာဖို့ မျှော်လင့်ခဲ့သည်။ အခုတော့၊ ဒီမြေးဖြစ်သူက သူတို့အပေါ် အထင်သေးနေတယ်ဆိုတာ သိသာနေ၏။ ဒါက သူမျက်နှာရော နှလုံးသားပါ ဖျက်ရိုက်ခံလိုက်ရသလိုပင်။
" ဒုတိယအမေ ထွက်သွားပြီးတဲ့နောက် အဖေ နောက်ထပ် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့တယ်ဆိုတာ ဖိုးဖိုးလင်းလည်း သိထားသင့်တယ်လို့ သမီးထင်တယ်။ ဖင်းဟွိုက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်က စပြီး သူမက စောင့်ရှောက်ခဲ့တယ်။ လုသခင်မမှာက ကလေး မရှိတော့ သူ့ကို နည်းနည်းအလိုလိုက်ထားခဲ့တယ်ဆိုတာ အသေချာပဲ။ ဒါကပဲ သူရဲ့ စိတ်ကို နည်းနည်း ဆိုးရွားစေခဲ့တာ။ဒီမိသားစုထဲ၊ သူ့အဖေနဲ့ အစ်ကိုတွေကို စကားပြောရင်တောင်မှ အကြောက်တရားပဲ ရှိတယ်၊ လေးစားသမှုဆိုတာမရှိဘူး။ သူရဲ့ အစ်မကြီး တစ်ယောက်အနေနဲ့၊ သမီးရဲ့ ကျန်းမာရေးက ချို့တဲ့နေတာမလို့ သူကို ကိုယ်တိုင် သင်ပြမပေးနိုင်ခဲ့ဘူး။ သမီးစဉ်းစားထားတာ….. တကယ်လို့သာ အဆင်ပြေမယ်ဆိုရင်၊ ဖိုးဖိုးလင်းကို
အများကြီး ဒုက္ခပေးရလိမ့်မယ်" ရှဲ့ချောင် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောလိုက်သည်။
ရှဲ့ဖင်းဟွိုက်ကတော့ နှုတ်ခမ်းစူသွားသည်။
ဒီလူတွေက…. ဘယ်သူတွေလဲ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကြဘဲနဲ့!!
ဒါပေမဲ့လည်း၊ သူ့အစ်မကြီးရဲ့ စကားကိုတော့ ပြန်မငြင်းရဲတာကြောင့် သူ နာနာခံခံနဲ့သာ ရပ်နေခဲ့သည်။
သူ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ကလေးတွေက သူ့ကို ကြည့်နေကြတာမြင်တော့ မျက်နှာရှုံမဲ့သွားပြီး သူတို့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ လေးငါးနှစ်အရွယ် ကလေးနှစ်ယောက်မှာ ကြောက်လန့်မှုကြောင့် နှုတ်ခမ်းစူသွားကြသည်။
ရှဲ့ချောင်ဒီလို ပြောလာလိမ့်မယ်လို့ ဖိုးဖိုးလင်းမထင်ထားခဲ့၊ သူ အလွန် အံ့ဩသွားခဲ့သည်။
ဒီစကားတွေက သူတို့မှာ ရေရှည် ဆက်ဆံရေးရှိလာမယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား။?
"ဒါပေါ့၊ ဒါပေါ့" ဖိုးဖိုးလင်းမှာ အလွန် ပျော်သွားခဲ့သည်။
ရှဲ့ချောင်လည်း စကားနည်းနည်းလောက် ထပ်ပြောဖို့ အခွင့်အရေးတွေ့သွားခဲ့၏။
လင်းယာ့ရှန်းက ဒီကလေးမကို တစ်ချိန်လုံး လေ့လာနေခဲ့သည်။ သူမ တံခါးကနေ ဝင်လာတဲ့ အချိန်က ဒီမိန်းကလေးဟာ အမြဲတမ်း မျက်လွှာချထားခဲ့တာမို့၊ သူမ စိတ်ထဲ တစ်ခုခုရှိနေလောက်မယ်ဟု ထင်ခဲ့သည်။
ဒါပေမဲ့၊ သူမ ပြောတာကို ကြားပြီးတဲ့ အခါမှတော့ ဒီမိန်းကလေးက တကယ်ကို ကြည်နူးစရာကောင်းတယ်ဆိုတာ သိလိုက်ရသည်။
သူမရဲ့ အသံက နူးညံ့တယ်ဆိုပေမဲ့၊ မြူဆွယ်သလို အသံမျိူး မဟုတ်။ သူမက တက်ကြွနေတဲ့ ပုံပေါ်ပြီး မျက်နှာအမူအရာမှာ နည်းနည်း လေးလေးနက်နက်မရှိတဲ့ ပုံပေါ်နေပေမဲ့၊ တကယ်တော့ ဒီ မိန်းကလေးက သူမအဖေပြောသမျှကို ပြန်တုံ့ပြန်ခဲ့သည်။
သူမ အဖေက သူတို့မွေးရပ်မြေနဲ့ မြို့ပြင်ကရွာတွေရဲ့ အသေးအဖွဲ့ကိစ္စလေးတွေကိုသာ ပြောနေခဲ့သည်။
အဲဒီလို ပြောနေခဲ့တာတောင်မှ သူမက စိတ်မရှည်တဲ့ပုံလုံးဝပေါ်မနေခဲ့ချေ၊
•••••