အကောင်ကြီးတဲ့ငါးကို ဖမ်းမိဖို့၊ ကြိုးရှည်ရှည်ချ
Vol. 19 Ch. 347
သူမရဲ့ တူနဲ့ တူမဖြစ်သူတို့ရဲ့ စိတ်ဝိဉာဉ်တွေဟာ ပြန့်လွင့်နေတယ်ဆိုတာ လင်းယာ့ရှန်းပြောနိုင်သည်။ သူတို့တကယ်ကို အာရုံထွေပြားနေကြသည်။
ရှဲ့မိသားစုရဲ့ ပထမသခင်မလေးလို မဟုတ်။ သူမက အမြဲဝာမ်း မတ်မတ်ထိုင်ကာ၊ ကောင်းကောင်းမွန်မွန် ပြုမှုပြီး ယဉ်ကျေးသူတစ်ယောက်ဖြစ်၏။
သူမက တကယ်ကို…..
ဓားပြမိသားစုကနေ မွေးလာတဲ့သူနဲ့ မတူဘူး။
သူမတို့ လာခဲ့ချိန်က တကယ်စိုးရိမ်နေခဲ့ကြသည်။
ဓားပြရှဲ့ရဲ့ တတိယဇနီးက ဓားပြသတ်တာ ခံခဲ့ရတာ မဟုတ်ပေမဲ့၊ မောင်းထုတ်ခံခဲ့ရတယ်လို့ ကြားထားသည်။
သူတို့ တိတ်တဆိတ် မေးကြည့်ခဲ့သေးသည်။
လုသခင်မက သူတို့ရဲ့ ကလေးတွေကိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာမလို့၊ သူတို့ လုသခင်မကို သနားပြီး ကျေးဇူးတင်မိတယ်လို့တောင် လူတွေက ပြောခဲ့ကြသည်။
သူတို့ စိတ်ထဲတွင်လည်း၊ ရှဲ့သခင်မလေးကို နည်းနည်းတော့ ကြောက်ခဲ့ကြသည်။ တကယ်တော့၊ ရှဲ့မိသားစုရဲ့ ပုံရိပ်က သူတို့ စိတ်ထဲ ထင်ဟပ်နေပြီးဖြစ်ခဲ့သည်။
သူမနဲ့ မတွေ့ခင်က ဒီ ရှဲ့သခင်မလေးက ဓားပြရှဲ့လိုပဲ ဖြစ်မယ်လို့ သူတို့ ထင်ခဲ့ကြသည်။ အရမ်း ရက်စက်လောက်တယ်။
ဒါပေမဲ့၊ အခုတော့…..
လင်းမိသားစုကလူတိုင်း အတော်လေး ရှက်သွားခဲ့ကြသည်။
သူတို့ မနေနိုင်ဘဲ ရှဲ့ချောင်ကို အကြိမ်နည်းနည်းလောက်ထပ်ပြီး ကြည့်လိုက်ကြသည်။
ဒီမိန်းကလေးက အလွန်လှလွန်းတယ်။ သူမရဲ့ ဖြူဝင်းပြီး သိမ်မွေ့တဲ့မျက်နှာနဲ့ အသားအရေတွေက ဆောင်းဦးမုန်လာဉတွေထက်တောင် ပျော့ပျောင်းသေးတယ်။ သူမရဲ့ အသံက oriole ငယ်တစ်ကောင်လိုပဲ….ကျွတ်၊ ကျွတ်၊ကျွတ်။ သူမရဲ့ မျက်နှာလေး
ကို တစ်သက်လုံးထိုင်ကြည့်နေနိုင်တယ်
(oriole- ငှက်အမျိုးအစားတစ်မျိုး)
သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားဖောင်ဖွဲ့နေခဲ့ကြသည်။
အချိန်ကျတော့၊ ရှဲ့ချောင်က ဟင်းလျာတွေပြင်ဆင်ခိုင်းလိုက်ပြီး၊ သူမ ဝှက်ထားခဲ့တဲ့ သစ်သီးဝိုင်ကို ယူလာခိုင်းလိုက်သည်။
ရှဲ့ဖင်းဟွိုက်မှာ ဒီနေ့ တကယ်ကို ငြိမ်ငြိမ်ထိုင်မနေနိုင်ခဲ့။
အထူးသဖြင့် ရှဲ့ချောင် လင်းမိသားစုက ကလေးသုံးယောက်ကို စကားပြောနေချိန်တွင်ပင်၊ သူ တိတ်တိတ်ကလေး ဘဝင်မကျဖြစ်နေခဲ့သည်။
အစ်မကြီးက ဘယ်လိုလုပ်ပြီး တခြားမိသားစုကကလေးတွေကို ချိုချိုသာသာ ပြုံးပြနိုင်ရတာလဲ။
အသားမည်းမည်းကောင်လေးနဲ့ ရုပ်ဆိုးဆိုး မိန်းကလေးနှစ်ယောက်၊ သူ့ညီမလောက်တောင် ကြည့်မကောင်းကြဘူး။
" အစ်မ၊ ကျွန်တော်တို့မှာ ငွေမရှိဘူးလို့ထင်တာ။ ဘာလို့ ဒီနေ့ အသားစားကြတာလဲ" ရှဲ့ဖင်းကန်းက တမင်တကာ ပြောလိုက်ရင်း တူကို ယူကာ သူ့ရှေ့မှာ ထားလိုက်သည်။ သူတစ်ကိုက်ကိုက်လိုက်ပြီးနောက် သူ့ရှေ့မှာ ရှိတဲ့ ကလေး သုံးယောက်ကို ကြည့်လိုက်၏။
ရှဲ့ချောင်မှာ ပြောစရာ စကားပျောက်ဆုံးသွားခဲ့ရသည်။
နှစ်သစ်ကူးပြီးရင်ပဲ ၁၃ နှစ်ရှိနေပြီ၊ အခုထိ သုံးနှစ်သားတစ်ယောက်လို ကလေးဆန်နေတုန်း!!
ရှောင်းယွိရုန် သူ့ကို တပည့်အဖြစ်လက်ခံမယ့် ကိစ္စကို အခုချိန်ထိ အချိန်ဆွဲနေတာ အံ့ဩစရာ မရှိတော့ဘူး!!
သူမသာ ဆရာတူမောင်လေးရှောင်းဆိုရင်လည်း ဒီလို အမြင်ကတ်စရာကလေးကို မြင်ရင် စားဝင်မှာ မဟုတ်ဘူး!
လင်းမိသားစုဝင်များမှာ နည်းနည်းတော့ ရှက်သွားကြသည်။
သူစကားကို ကြားပြီးတဲ့နောက်မှာ၊ ဆက်ပြီးစားဖို့ကို ကသိကအောက်ဖြစ်နေကြသည်။
" မောင်လေး ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောတတ်တဲ့ အကျင့်ဆိုးကြီးက ဘယ်ချိန်မှ ရပ်သွားမလဲ သမီးမသိတော့ပါဘူး" ရှဲ့ချောင်သက်ပြင်းချလိုက်ပြီး ဖိုးဖိုးလင်းကို ကြည့်လိုက်၏။ "ဖိုးဖိုးလင်းက သမားတော်တစ်ယောက်ဆိုတော့ အပ်စိုက်ကုထုံးပညာတချို့ကို သိတယ်မလား"
"ဒါပေါ့၊ ဖိုးဖိုး သိတာပေါ့" ဖိုးဖိုးလင်းက ခေါင်းညိတ်လိုက်၏။ သူ နည်းနည်းတော့ ဇဝေဇဝါဖြစ်နေသည်။
" မောင်လေးရဲ့ ရောဂါကို ဘယ်လိုကုသင့်တယ်လို့ အဖိုး ထင်လဲ။ သူရဲ့ ခေါင်းထိပ်မှာ အပ်နည်းနည်းလောက် စိုက်ချင်လား။ ဒါမှမဟုတ် သူ့ပါးစပ်ကို တန်းပြီး ချုပ်ပစ်လိုက်ချင်လား။ အခု အဖိုးလည်း မိသားစုဝင်တစ်ယောက်ဖြစ်နေပြီဆိုတော့ သူရဲ့ အကျင့်ဆိုးတွေကို ဖိုးဖိုး စိတ်အနှောင့်အယှက် မဖြစ်လောက်ဘူးထင်ပါတယ်။ ဒါပေမဲ့၊ သူ အပြင်လူတွေနဲ့တွေ့တဲ့ အချိန် ဒီလိုပြုမူနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သမီး တကယ်ကို စိတ်ပူရတယ်" ရှဲ့ချောင်က
လေးလေးနက်နက် ပြောလိုက်၏။
ဖိုးဖိုးလင်းမှာ ထိုစကားကို ကြားတော့ မှင်တက်နေမိခဲ့ပေမဲ့ သူ ရွှင်ပြစွာ ပြုံးလိုက်သည်။
" ဒါ အဓိပ္ပာယ်ရှိတယ်" လင်းယာ့ရှန်းမှာ အလွန် ပွင့်လင်းလှသည်။ " တူလေးဟွိုက်၊ တကယ်လို့ ဒီအသားက မင်း အတွက် မလုံလောက်ဘူးဆိုရင်၊ ဒေါ်လေး နောက်မှ ဈေးထဲမှာ အခု၂၀ ဝယ်ပေးမယ်၊ မင်းစားချင်သလောက် စားလို့ရတာပေါ့"
ဒါက သူမရဲ တူအရင်းပဲဟာ၊ သူမ ပြောချင်တာ ပြောလို့ရတယ်၊ဟုတ်တယ်မလား?
သူမက ရည်မွန်တဲ့သူတစ်ယောက်ဖြစ်၏။ တကယ်လို့ ဒီကလေးက မှားနေတယ်ဆိုရင်၊ သူမ သင်ပေးသင့်တယ်လေ!
သူတို့အားလုံးက ဧည့်သည်တွေ ဖြစ်နေတယ်ဆိုတာ ပြောစရာမလို။ သူတို့ ရောက်လာတာ နည်းနည်း ရုတ်ချည်းဖြစ်သွားပြီး သူကို စိတ်မချမ်းမသာ ဖြစ်စေခဲ့တယ်ဆိုရင်တောင်မှ သူရဲ့ မကျေနပ်ချက်တွေကို ဒီလို နည်းနဲ့ ဖော်ထုတ်မပြသင့်။ဒါက သူ့ကို သဘောထားသေးတယ်ပုံပေါ်သွားစေတယ်။
ဒါပေမဲ့၊ ဒီကလေးရဲ့ သွင်ပြင်က သူ့ညီမနဲ့ တကယ်ကို ဆင်တူတာကြောင့် သူမ နည်းနည်းတော့ စိတ်နှလုံး ပူဆွေးခဲ့ရသည်။
သူ့ညီမသာ အသက်ရှင်နေဦးမည်ဆိုလျှင် ဒီကလေးက လူတိုင်း ချီးမွမ်းရတဲ့ လူငယ်လေးတစ်ယောက်ဖြစ်မှာ အသေချာပင်။
ရှဲ့ဖင်းဟွိုက်က သရော်လိုက်၏ " ကြီးကြီးကျယ်ကျယ်တွေ ပြောမနေပါနဲ့။ ကျွန်တော် ခင်များတိုအားလုံးကိုသိတယ်။ အရင်တုန်းက၊ အမေ အနားမှာ
ရှိတုန်းက ခင်များတို့ လင်းမိသားစုက သာမန်ပြည်သူတွေ ဆိုတာ ပြောပြခဲ့တယ်။ကြက်ဉတစ်လုံးတောင် မတတ်နိုင်တဲ့ ဆင်းရဲတဲ့မိသားစု။ ခင်များတို့က အပြင်က ဘေးဒဏ်သင့်ဒုက္ခသည်တွေထက် ဘာမှ ပိုသာမနေဘူး။ ဒီ ငွေတံဆိပ်သေးသေးလေးကတောင်မှ ခင်များတို့ရဲ့ တစ်သက်တာစုဆောင်းမှုလောက်တန်နေတာ ဟုတ်တယ်မလား။ အကြောင်းပြချက်က ဘာလဲ။ အကောင်ကြီးတဲ့ ငါးကို ဖမ်းမိချင်လို့ ကြိုးရှည်ရှည်ချတာလား။ ကျွန်တော်တို့ဆီကနေ တစ်ခုခုလိုချင်နေတာမလား။"
•••••