← Chapters

နွမ်းပါးပြီး စိတ်မချမ်းမြေ့စရာကောင်း

Vol. 19 Ch. 348

နွမ်းပါးပြီး စိတ်မချမ်းမြေ့စရာကောင်း

Vol. 19 Ch. 348

ရှဲ့ဖင်းဟွိုက်ရဲ့ စကားတွေက စော်ကားရာရောက်နေကာ သူ လင်းမိသားစုကို မထီမဲ့မြင်ဟန်နှင့် ကြည့်နေခဲ့သည်။

ရှဲ့ချောင်တောင်မှ သူ ဒီလို စကားတွေပြောထွက်လာမယ်လို မမျှော်လင့်ခဲ့။

" အမေတဲ့လား" ရှဲ့ဖင်းဟွိုက်ရဲ့ စကားကို ကြားပြီးနောက် လင်းယာ့ရှန်း၏ မျက်နှာမှာခက်ထန်သွားခဲ့ပြီးသည်။ "အပြင်က လူတိုင်းက လုသခင်မက မင်းကို ကောင်းကောင်း ဆက်ခံတယ်ပြောလို့ အဒေါ်တို့က မင်းအတွက် ကံကောင်းတယ်လို့ ခံစားခဲ့ရတာ။ မင်း ကြင်နာတတ်တဲ့ မိထွေးနဲ့ တွေ့ခဲ့ရတယ်ဆိုပေမဲ့၊ အဒေါ် မြင်ရသလောက် မင်းက ဘာစည်းမျဉ်းစည်းကမ်းတွေကိုမှ မသိဘူးဆိုတာပဲ။ ဒါက အဲဒီလုသခင်မက မကောင်းတဲ့ လူဆိုတာ ပြနေတာပဲ။ ဓားပြရှဲ့ သူကိုမောင်းထုတ်လိုက်တာ အဓိပ္ပာယ်ရှိတယ်"

အမေ၊ ဘယ်သူက သူ့အမေလဲ။

ဓားပြရှဲ့ရဲ့ ဇနီးသုံးယောက်စလုံးကို အိမ်ထောင်စုစာရင်းတွင် မှတ်တမ်းတင်ထားသ၍ သူ သူတို့တစ်ယောက်ချင်းစီကို အမေဟု ခေါ်လို့ရတယ်။ သူသာ

အမေလို့ မခေါ်ခဲ့ရင်၊ မသိတတ်သူတစ်ယောက်ဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့၊ အခု လုသခင်မက ထွက်သွားပြီးကို ၊ သူ့ကို ဒီလိုမျိုး အမေလို့ ခေါ်နေတုန်းလား။

သူက ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ သိတဲ့ ကလေးတစ်ယောက်ဖြစ်ပေမဲ့၊ လုသခင်မက သူ့ကို အပြင်မိသားစုအပေါ် အထင်မြင်သေးဖို့ တကယ်ကြီး သင်ပေးခဲ့သည်။ သူမက သဘောထားသေးသိမ်တဲ့ သူဖြစ်ပြီး မကောင်းတဲ့ သူဆိုတာ သိနိုင်သည်။ သူမက အမှားအမှန်ကိုကိုတောင် မခွဲခြားနိုင်၊ တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။

" ယာ့အာ" ဖိုးဖိုးလင်းက လင်းယာ့ရှန်းကို မရွှင်မပျနှင့် ကြည့်လိုက်သည်။

သူတို့ဒီကို ဧည့်သည်တွေအနေနဲ့ ရောက်နေကြတာ ဖြစ်သည်။ သူတို့ နည်းနည်း စိတ်မချမ်းမသာ ဖြစ်သွားခဲ့တယ်ဆိုရင်တောင်မှ လူသိရှင်ကြား ထုတ်ပြပြီး သခင်ကြီးကို မပျော်မရွှင်ဖြစ်အောင် မလုပ်သင့်ပေ။

လင်းယာ့ရှန်း အသက်ရှူထုတ်လိုက်ပြီး ရှဲ့ချောင်ကို ပြောလိုက်၏။ "ရှဲ့သခင်မလေး၊အန်တီက တဲ့တိုးသမားတစ်ယောက်မလို့၊ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ ဒီနှစ်တွေမှာ၊ ဒီကလေးနှစ်ယောက်နဲ့ ဆုံနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ငွေစုဆောင်းခဲ့တယ်။အန်တီတို့လို သာမာန်မိသားစုလေးက ချမ်းသာပြီး မြင့်မြတ်တဲ့ မိသားစုတွေလိုမျိုး မဟုတ်ဘဲ မရက်ရောနိုင်ရုံပါ။ ဒါပေမဲ့၊ အဲဒီလိုဆိုရင်တောင်မှ ဒီနေ့ပေးတဲ့ လက်ဆောင်က အန်တီတို့ရဲ့ စိတ်ရင်းအမှန်ကို ပြတာပါ။ ဒါက နည်းနည်းတော့ လက်မခံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ ဒီကလေးနှစ်ယောက်ပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကတော့ အစစ်အမှန်တွေပါ"

လင်းမိသားစုမှာ တကယ်ကို မိသားစုကြီး တစ်ခုမဟုတ်။

လက်ရှိ၊ သူတို့ လက်ထဲ၌ ငွေစ ၅၀ လောက်တောင် မရှိ။

အစတုန်းကတော့၊ သူတို့ ငွေစ၁၀၀လောက် စုဆောင်းမိခဲ့ပေမဲ့ ဒီတစ်ကြိမ် ရှဲ့မိသားစုဆီလာဖို့ကို တစ်ဝက်လောက် သုံးပစ်ခဲ့ရသည်။

သူတို့ ငွေတွေ သုံးခဲ့ပေမဲ့၊ ရှဲ့မိသားစုဆီကနေ ပြန်ရဖို့ သူတို့ တကယ် မစဉ်းစားခဲ့ချေ။

ဒါက သူတို့ ဓားပြရှဲ့ရဲ့ နာမည်ကို မသိသလိုမျိုး မဟုတ်။

ဓားပြတွေ ဆီကနေ ပိုက်ဆံယူပြီး သူတို့ သေလမ်းရှာ

ပါ့မလား။

" အဒေါ်က ကြင်နာလွန်းနေပါပြီ" ရှဲ့ချောင် မလုံမလဲနှင့် ပြောလိုက်သည်။ "အဒေါ်တို့ အားထုတ်ခဲ့တာဆိုတာ အစ်ကိုကြီးနဲ့ သမီးသိပါတယ်။ ဒီကလေးရဲ့ စကားတွေက…. နည်းနည်းရိုင်းသွားခဲ့တယ်။သမီး ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ သူက အမြဲတမ်း ဒီလိုပဲမလို့၊ သူပြောလိုက်တဲ့ စကားက အဆိုးဆုံး မဟုတ်သေးမှာကို သမီး စိုးရိမ်တယ်။ အခု ပြောပြပြီးပြီ ဆိုတော့၊ ဒေါ်ဒေါ်တို့အနေနဲ့ သဘောပေါက်လောက်ပါပြီ။ သူ နောင်တစ်ချိန် လင်းမိသားစုဆီမှာ နေခဲ့ရင် သူ့ကို အလိုမလိုက်ပါနဲ့"

သူမရဲ့ အမြင်အရဆိုလျှင်၊ လင်းမိသားစုမှာ အားသာချက်များစွာရှိသည်။

ပထမအနေနှင့်၊ သူတို့က ဆေးပညာကိုလေ့လာတာကြောင့် သူတို့ နှလုံးသားထဲတွင် ရည်ရွယ်ချက်ကောင်းရှိသည်။

ဒုတိယအချက်၊ ဖိုးဖိုးလင်းက သူ့သမီးတွေနဲ့ တပည့်တွေကို သင်ကြားပေးခဲ့ သည်။ သူတို့တွင် စရိုက်လက္ခဏာကောင်းရှိပုံရကာ ရှဲ့ဖင်းဟွိုက်အပေါ် လွှမ်းမိုးမှုကောင်းတစ်ခု ရှိနိုင်သည်။

တတိယ၊ လင်းမိသားစုက ရှဲ့ဖင်းဟွိုက်ရဲ့ အမေဘက်က တော်တဲ့ မိသားစုဖြစ်၏။

သူမရဲ့ ဒီမောင်လေးက များသောအားဖြင့် အကြင်တရားမရှိတဲ့ပုံပေါ်ပေမဲ့၊ သူက ငယ်တုန်းပဲဖြစ်ကာ အကြီးတွေအပေါ် လေးစားသမှုတချို့တော့ ရှိသေးသည်။ သို့မဟုတ်လျှင်၊ လုသခင်မက သူကို တမင်တကာ ကြံသည်နေတာကို သိတာတောင် ရင်ဆိုင်မဖြေရှင်းမှာမဟုတ်ပေ။

သူ လုသခင်မကို သွားခွင့်မပြုနိုင်ရတာက ရှဲ့

မိသားစု၌ လုသခင်မတစ်ယောက်ကသာ သူ့အပေါ် ကောင်းကောင်း ဆက်ဆံတာကြောင့်ဖြစ်သည်။

ဒါက သရုပ်ဆောင်နေတာသက်သက်ဆိုရင်တောင်မှ ရှဲ့ဖင်းဟွိုက်ကို စိတ်ကျေနပ်စေဖို့ လုံလောက်သည်။

ဒီရှုထောင့်ကနေဆိုရင်တော့ လင်းမိသားစုက လုသခင်မထက်ပိုပြီ ကျိန်းသေ ကောင်းကောင်းလုပ်နိုင်သည်။

ထိုအချိန်၊ ရှဲ့ဖင်းဟွိုက်မှာတော့ ရှဲ့ချောင်ရဲ့ စကားကို ကြားပြီး ဒေါသထွက်နေလေပြီ။

ဘယ်သူက လင်းအိမ်တော်မှာ နေမှာမလို့လဲ။!

အဲဒီအိမ်က ညစ်ပတ်၊ ရှုပ်ထွေး၊ နွမ်းပါးပြီး စိတ်မချမ်းမြေ့စရာ ကောင်းနေမှာ။သူတို့ အသားနဲ့ ဝိုင်ကို

တောင် စားနိုင် သောက်နိုင်မှာ မဟုတ်ဘူး။ အိမ်သာစက္ကူတောင် ရှိချင်မှရှိမှာ။ သူ သွားမှာမဟုတ်ဘူး!

ရှဲ့ဖင်းဟွိုက် ဝုန်းဒိုင်းကြဲနေလေပြီ။ သူဟာ ထိန်းရသိမ်းရခက်ပြီး အရိုက်ခံဖို့ထိုက်တန်တဲ့ ပုံပေါ်နေသည်။

ထိုအချိန်၊ လင်းမိသားစုရှေ့မှာ ရှဲ့ချောင်ဘာတစ်ခုမှ ပြောခြင်းမရှိ။

လင်းမိသားစုကလည်း ဒီအကြောင်းကို မပြောခဲ့။

စားသောက်ပြီးသွားသည့်နောက်၊ ရှဲ့ချောင်က လင်းမိသားစုကို အနားယူဖို့ အတွက် ဧည့်သည်ခန်းဆီ ပြန်ပို့ပေးလိုက်သည်။ နောက်တော့မှသာ သူမ အငယ်နှစ်ယောက်ကို ခေါ်လိုက်သည်။

•••••

All Chapters