စည်းကျော်မိခြင်း
Vol. 19 Ch. 349
ရှဲ့ရှီ ရဲ့ ပင်ကိုယ်စရိုက်မှာ ရွံ့စေးရုပ်တစ်ရုပ်လိုမျိုးဖြစ်ကာ အနာခံတတ်ဆုံးသူဖြစ်သည်။ ဒါပေမဲ့၊ ရှဲ့ချောင် သူမကို လည်း စိတ်ပူမိသည်။
အချိန်တော်တော်ကြာကြာ လေ့လာကြည့်ပြီးတဲ့နောက်၊ ရှဲ့ရှီဟာ လူနုံလုအ တစ်ယောက်မဟုတ်တာကို သူမသိခဲ့သည်။
သူမက တသီးတသန့်နေတတ်လွန်းနေတာပင်။
သူမက သူမရဲ့ ကိုယ်ပိုင်ကမ္ဘာတွင်သာ နစ်ဝင်နေတတ်ပြီး ဘယ်သူနဲ့မှ ဆက်ဆံပြောဆိုရတာကို သဘောမကျ။ သူမကို လုံခြုံစေတယ်လို့ ခံစားစေရတဲ့ တစ်ခုတည်းသော အရာဟာ ပိုက်ဆံသာ ဖြစ်
တယ်။
ဒါတွေ အကုန်သူမ အဖေရဲ့ အမှားပဲ!
ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာနွား၊ဝက်စတဲ့ခြံမွေးတိရစ္ဆာန်တွေကို ပျိုးထောင်သလိုပဲ။ သူတို့ကို စားစရာသောက်စရာပေးနေရင် အဆင်ပြေတယ်ဆိုပေမဲ့၊ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို နှုတ်ဆက်ပြီး စောင့်ရှောက်ရမယ်၊ ပွေ့ဖက်နမ်းရှုံ့ရမလဲဆိုတာကို မသိဘူး!
သူမသာ နွေးထွေးမှုမရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်လာရင် ဘယ်လိုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာနိုင်တော့မှာလဲ။
ဒီကလေး နှစ်ယောက်ရဲ့ အပြုအမူတွေက
လုံလောက်အောင်တော့ ကောင်းပါရဲ့။ ဒါတွေက လုသခင်မရဲ့ ကောင်းချီးတွေကြောင့်ပဲ!
" လင်းမိသားစုက ကောင်းတယ်လို့ ထင်လား" ရှဲ့ချောင်မေးလိုက်၏။
"လုံးဝ မကောင်းဘူး။အထူးသဖြင့် ဟိုမိန်းမကြီး။ သူက ရက်စက်ပြီး အထက်စီးဆန်လွန်းတယ်။ ကျွန်တော် သူ့ကို တကယ် ရိုက်ပစ်ချင်နေတာ" ရှဲ့ဖင်းဟွိုက်က ငိုသံပါပါနှင့် ပြောလိုက်သည်။ သူရဲ့ စိတ်ဒေါသမှာ အလွန်ကို ဆိုးနေကာ ကောင်းကင်ကို ထိုးဖောက်တတ်တော့မည့် အတိုင်းပင်။
ရှဲ့ချောင် ဘာမှ မတုံ့ပြန်ခဲ့။
"မောင်လေးက သတ္တိရှိတာပဲဟာ၊ ဘာလို့ မောင်လေးကိုယ်တိုင် သူ့ကို သတ်ဖို့ အစ်မ ဒေါ်ဒေါ်လင်းကိုပြန်မပေးဆွဲရမှာလဲ။" ရှဲ့ချောင် ပြုံးလိုက်၏။
" အဲဒီလိုလုပ်ဖို့မလုပ်ပါဘူး။ သူ့ကို ဒီအတိုင်း မောင်းပဲထုတ်လိုက်ပါ…." ရှဲ့ဖင်းဟွိုက်မှာ အရေထူသူတစ်ယောက်ဖြစ်၏။ သူ သွားကြိတ်လိုက်ကာ " အစ်မကြီး၊ အစ်မက ကျွန်တော်အစ်မပါ။ သူတို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်မသိဘူး"
" မင်း မုန်းတဲ့ ဒေါ်ဒေါ်လင်းက မင်းအမေရဲ့ အစ်မအရင်းပဲ။ မင်း အထင်သေးတဲ့ ဖိုးဖိုးလင်းက မင်းအမေရဲ့ အဖေရင်း။ မင် အမေ အသက်ရှင်နေမယ်ဆိုရင်တောင်မှ၊ အခုချိန် သူမ သူတို့ကို တွေ့ရင် အထက်စီးဆန်ဆန် ပြောရဲမှာ မဟုတ်ဘူး။ဒါကြောင့်မလို့…. မောင်လေး၊ အစ်မ မင်းကို မကယ်တင်နိုင်ဘူး။ အကြီးတွေကို ဒီလိုဆက်ဆံတာက အမှားးကြီးတစ်ခုပဲ။ အဖေနဲ့ အစ်ကိုကြီး ပြန်လာတာကို စောင့်လိုက်…" ရှဲ့ချောင်က လည်ပင်းကို ဖြတ်သည့်ဟန်ကို လုပ်ပြလိုက်သည်။
" ဘာကြောက်စရာရှိလို့လဲ။ သူတို့ အထွန့်တက်ရဲမှာမ
လို့လား" ရှဲ့ဖင်းဟွိုက်က လုံးဝ ကြောက်မနေခဲ့ပေ။
"အမေ… လုသခင်မ အနားမှာရှိတုန်းက လင်းမိသားစုက ကြွက်လိုမျိုးဖြစ်တာမလို့ လူကြားထဲ မမြင်ရသင့်ဘူးဆိုပြီး ပြောခဲ့တယ်။"
သူတို့သာ သူ့ကို တကယ် ဂရုစိုက်တယ်ဆိုရင်၊ သူတို့တံခါးကို လာခေါက်ဖို အခုချိန်ထိ စောင့်နေပါ့မလားဆိုပြီးလဲ ပြောခဲ့သေးတယ်။
" ဒီ ခြံဝန်းထဲက အစေခံနဲ့ မိန်းမစေတွေ အားလုံးက အလှဆင်ရုံသက်သက်ပဲ မလို့လား။ ဘာဖြစ်နေလဲဆိုတာ သိရဖို့က အစ်ကိုကြီးအတွက် မလွယ်လို့လား။" ရှဲ့ချောင် သူ့ကို ဂရုဏာသက်စွာနှင့် ကြည့်လိုက်သည်။ " ပြီးတော့ အဖေ၊ အဖေဆိုရင် လင်းမိသားစုကို အရမ်းကို လေးစားတာ"
" မင် သိတဲ့အတိုင်း၊ မင်းရဲ့ အမေ လင်းသခင်မဆို
တာ သိမ်မွေ့ပြီး မွန်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ အဖေက သူ့မကို အရမ်းမြတ်နိုးတာ။ ဒုတိယ အမေအသက်ရှိစဉ်တုန်းကဆို တကယ်လို့ သူမသာ ကြယ်နဲ့ လကို လိုချင်တယ်လို့ ပြောရင် အဖေက သွားယူပေးဖို့ ဆန္ဒရှိတယ်ဆိုပြီးတောင် အစ်မ ကြားဖူးတယ်။အခု မင်းက အဖေ့ရဲ့ မိသားစုကို အနိုင်ကျင့်နေတာဆိုတော့ အဖေ ပျော်နိုင်ပါ့ဦးမလား"
"အဖေနဲ့ အစ်ကိုကြီးသာ စိတ်မချမ်းမသာ ဖြစ်သွားရင်…."
ရှဲ့ချောင်ရဲ့ အသံကို ကြားလိုက်ရပေမဲ့ ရှဲ့ဖင်းဟွိုက်မှာတော့ အဆုံးမရှိတဲ့ 'အတွေးပင်လယ်ထဲလွင့်မျော'သွားတော့သည်။
သူ့အဖေနဲ့ အစ်ကိုကြီးက ဘယ်လိုမျိုးလဲဆိုတာ သူ့အစ်မထက် ပိုပြီးသိသည်။
ဒါပေါ့၊ သူတို့ ဘယ်လောက်တောင် ကျိုးကြောင်းမသင့်ဘူးဆိုတာ သူသိတယ်။
"အစ်မကြီး၊ ကျွန်တော့်ကို မခြောက်ပါနဲ့။ အဖေသာ ကျွန်တော့်အမေကို တကယ် မြတ်နိုးတယ်ဆိုရင် သူ နောက်အိမ်ထောင် ထပ်ပြုပါ့မလား…." ရှဲ့ဖင်းဟွိုက် အမြန် ပြောလိုက်၏။
" အမေ့ကို ချစ်မြတ်နိုးတာနဲ့ နောက်အိမ်ထောင်ပြုတာနဲ့က ဘာမှမဆိုင်ဘူး။အစ်မတို့ရဲ့ အဖေက တစ်သက်လုံး လက်မထပ်ဘဲ နေသွားနိုင်မယ့် သူမျိုး မဟုတ်ဘူး။" သူမရဲ့ အသံအနေထား သက်တောင့်သက်သာ ဖြစ်နေသည်။ " ဟိုတလောကမှ လုသခင်မက အစ်မတို့ရဲ့ ငွေတွေကို အကုန်လုံးသုံးပစ်လိုက်တာ၊မင်းလည်း သိတယ်မလား။ အခုဆိုရင် အဖေက လုသခင်မကို သေလောက်အောင် မုန်းနေပြီ။ သူမ မိန်းမက စုစုပေါင်းမှ သုံးယောက်ပဲ ရှိခဲ့တာ။ လုသခင်မက လွဲရင် မင်းရဲ့ အမေနဲ့ အစ်မရဲ့ အမေက ထွက်သွားကြပြီ"
"အစ်မရဲ့ အမေမှာ…. ကျားမ ဖုန်ဆိုတဲ့ နာမည်ပြောင်တစ်ခုရှိတယ်။ မင်းရဲ့ အမေကတော့ ရွာရဲ့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးတစ်ယောက်ပေါ့။ အဖေက အစ်မအမေအနိုင်ကျင့်တာ ခံရပြီးတဲ့နောက် ရေလိုမျိုး သိမ်မွေ့တဲ့ ဒုတိယအမေနဲ့ ဆုံတော့ …. အဖေ ဘယ်လိုလုပ်ပြီး သူမကို သူရဲ့ အဖိုးတန်လေးလို မဆက်ဆံဘဲ နေနိုင်မှာလဲ။
သူမ အဖေလင်းသခင်မကို သဘောကျတာက သူမ အမေရဲ့ စိတ်ဒေါသနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ သူတစ်ယောက်မလို့ ဆိုတာ သူမ ပြောရဲတယ်!
" အခု အစ်မတို့မိသားစု က မြို့တော်မှာ အတည်တကျ ဖြစ်သွားပြီမလို့ အဖေက ချက်ချင်း လင်းမိသားစုကို ခေါ်ဖို့သွားခဲ့တာ။ ဒါကို ကြည့်ပြီးတော့ အဖေဘယ်လောက်ထိ ဒုတိယ အမေရဲ့ မိသားစု အပေါ်မှာ ဂရုစိုက်သလဲဆိုတာ သိနိုင်တယ်"
တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့၊ သူမရဲ့မောင်လေး….
အရိုက်ခံရတော့မယ်ဆိုတာပဲ။
ရှဲ့ဖင်းဟွိုက်လည်း ဒီအကြောင်းကို တွေးမိပြီဖြစ်သည်။
အရိုက်ခံရမှာကို သူအလွန် ဆတ်ဆတ်ထိမခံနိုင်ပေ။
ထို အခိုက်အတန့်၌၊ သူ နည်းနည်းတော့ ပျာယာခတ်သွားခဲ့သည်။
အစ်မ ပြောတာ မှန်တယ်။ သူရဲ့ အဖေက ကျိုးကြောင်းမသင့်တဲ့သူတစ်ယောက်မလို့ သူရှင်းပြတာ
ကို နားထောင်မှာ မဟုတ်ဘဲ သူ့ကို တန်းပြီး ကန်ထုတ်မှာ။
သူစောစောကတည်းက စည်းကျော်သွားခဲ့ပုံပဲ…….
•••••