အစ်မကြီး အမိရာ
Vol. 19 Ch. 350
ထိုအခိုက်အတန့်တွင်၊ ရှဲ့ဖင်းဟွိုက်နည်းနည်းတော့ နောင်တရသွားခဲ့၏။ ထို့နောက်တွင်တော့ သူရှဲ့ချောင်ကို လှည့်ကြည့်လိုက်သည်။ "အစ်မကြီး…'
" ဖိုးဖိုးလင်း၊ အဒေါ်၊ ဦးလေးနဲ့ မင်းကြောင့် လန့်သွားတဲ့ မောင်နှမတွေကို သွားပြီးတောင်းပန်လိုက်" ရှဲ့ချောင်ရဲ့ သဘောထားမှာ ပိုပြီးလေးနက်နေသည်။ သူမက ပုံမှန်ထက်ပိုပြီး ခံ့ညားထည်ဝါနေကာ ဘယ်
သူကိုမှ သူမကို ငြင်းဆန်ခွင့် ပြုလိမ့်မည်မဟုတ်ပေ။
"မလုပ်ဘူး" ရှဲ့ဖင်းဟွိုက်မှာ ထိုစကားကို ကြားလိုက်ချိန်၊ ချက်ချင်း ဆိုသလို ခေါင်းခါလိုက်သည်။ "ဒါက ရှက်စရာကောင်းတယ်၊ ကျွန်တော် မသွားဘူး"
" မင်း မသွားဘူးဆိုရင် အစ်ကိုကြီးက မင်းကို ကန်ထုတ်လိမ့်မယ်။ မင်းခြံဝန်းထဲကနေ ဘာမှတောင် ယူလိုက်နိုင်မှာ မဟုတ်ဘူး။အဲဒီလိုရင် မင်းရဲ့ အဒေါ်မိသားစုထက်တောင် ပိုပြီးဆင်းရဲသွားလိမ့်မယ်။ ကြက်အကောင် ၂၀ ဝယ်ဖို့ မပြောနဲ့၊ ကြက်ဉတစ်လုံးတောင် ဝယ်နိုင်မှာ မဟုတ်ဘူး။" ရှဲ့ချောင် ပြုံးရင်း ပြောလိုက်၏။
ရှဲ့ဖင်းဟွိုက်မျက်နှာပေါ်မှ အပြုံးမှာ တောင့်သွားခဲ့သည်။
"အစ်ကိုကြီး အရမ်းတော့ မရက်စက်လောက်ပါဘူး၊
ဟုတ်တယ်မလား" ရှဲ့ဖင်းဟွိုက် စိတ်ပူနေသည်။
သူရဲ့ ကိုယ်ပိုင်အရည်အချင်းကိုသူသိတယ်။ သူသာ အိမ်ကနေမောင်းထုတ်ခံရမယ်ဆိုရင်၊ ငတ်ပြီးသေသွားလိမ့်မယ်!
သူ ဘာမှ မသိဘူး!
"ရက်စက်လောက်တယ်၊ အစ်ကိုကြီးက အစ်မပြောတာ မှန်သမျှ နားထောင်လိမ့်မယ်" ရှဲ့ချောင် အလွန် ဂုဏ်ယူနေမိသည်။
ရှဲ့ဖင်းဟွိုက်တစ်ယောက် ရှဲ့ချောင်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ မျက်လုံးပြူးသွားရပြီး ထခုန်မတက်ဖြစ်သွားကာ သူမကို လက်ညှိုးထိုးးလျက် " အစ်မကြီး! ဘာလို့လဲ"
သူမ ဘာလို့ သူ့ကို ဒီလို ဆက်ဆံရတာလဲ!
သူ အပြင်လူတွေကို ရက်စက်ပေမဲ့ သူအစ်မပေါ်ကိုတော့ ကောင်းတယ်လေ!
" ဒီနေ့ အစ်မ မျက်နှာပျက်ရတာကြောင့် ဖြစ်နိုင်တယ်" ရှဲ့ချောင် သူမရဲ့ လက်သေးသေးလေးတွေနဲ့ မျက်နှာကို ပွတ်သပ်လိုက်ကာ ဖြည်းဖြည်းချင် ရှင်းပြလိုက်သည်။ "အစ်မကြီး အမိရာ ဆိုတဲ့ဆိုရိုးလိုပဲ။ အစ်မတို့မှာက အမေ ရှိတော့တာမဟုတ်တဲ့ အတွက် တကယ်လို့ မင်းသာ မလျော်မကန် ပြုမူနေမယ်ဆိုရင် အကြီးဆုံးဖြစ်တဲ့ အစ်မရဲ့ အမှားကြောင့်ဖြစ်လိမ်မယ်။ ဒီနေ့ မင်းက ဧည့်သည်တွေကို အရှက်တကွဲ ဖြစ်စေပြီးတော့ အော်ဟစ်ခဲ့တယ်။ အစ်မကို တကယ် အရှက်ရစေတယ်။ မောင်လေး စဉ်းစားကြည့်ပါဦး၊ မင်းရဲ့ အစ်မဖြစ်တဲ့ ငါ အရင်က ဒီလို မျက်နှာ ပျက်ခဲ့ရဖူးလား။ ဆိုတာ"
ထိုစကားကို ကြားပြီးနောက် ရှဲ့ဖင်းဟွိုက်မှာ နည်း
နည်းတော့ စိတ်မလုံမလဲဖြစ်သွားသည်။
သူရဲ အစ်မဟာ သူမဘဝမှာ သူမအဓိက ဆိုတဲ့လူမျိုးဖြစ်သည်။
သူမ ဘယ်လိုလုပ်ပြီး မျက်နှာပျက်ခံနိုင်မှာလဲ?
ရိုင်းရိုင်းပြောရမည်ဆိုလျှင် သူမ လေလည်လျှင်တောင် အဲဒါက သေချာပေါက် ရနံ့သင်းတယ်ဆိုပြီး ဖြစ်လိမ့်မယ်။
ဒီနေ့….
သူ့အစ်မ နည်းနည်းတော့ ရှက်ကောင်း ရှက်သွားနိုင်တယ်…
ရှဲ့ချောင် ဒီလိုထိ စကားအများကြီး ပြောပြီပြီးဖြစ်တာကြောင့် သူတောင်းကို တောင်းပန်ရတော့မယ်ဆိုတာ ရှဲ့ဖင်းဟွိုက်သိတယ်။
ဒီမိသားစုမှာ…. သူက ဘာအဆင့်အတန်းမှ မရှိဘူး!
သူသာ ပြောသလို မလုပ်ဘူးဆိုရင်၊ ညစာတောင်စားနိုင်မှာ မဟုတ်ဘူး။
ရှဲ့ဖင်းဟွိုက် တိတ်တိတ်ကလေး ညည်းညူလိုက်၏။ သူ ကြီးလားတဲ့ အခါကျရင် သူ့မှာ ငွေ အများကြီး ရှိလာလိမ့်မယ်။ အဲဒီချိန်ကျရင်၊ သူ တခြားသူတွေရဲ့ အထင်မြင်သေးတာကို ခံရတော့မှာ မဟုတ်ဘူး။!
သူ မာန်ပါပါနှင့် လျှောက်ထွက်သွားလိုက်သည်
သူရဲ့ သည်းမခံနိုင်လောက်စရာ စိတ်ကြီးဝင်နေတဲ့
ခြေလှမ်းတွေနဲ့ မျက်နှာထားတွေက သူ မဟာရန်သူကြီးနဲ့ ရင်ဆိုင်ဖို့ သွားနေသလိုပဲ!!
ရှဲ့ဖင်းဟွိုက် ဘေးခန်းကို သွားလိုက်သည်။
"အဖိုး၊ ဒေါ်ဒေါ်၊ ဦးလေး၊ ဝမ်းကွဲတို့ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားခဲ့တယ်" သူ အစွမ်းကုန် အော်ပြောလိုက်၏။
သူ ပြောပြီးတာနှင့် ချက်ချင်းဆိုသလို ပြေး ထွက်သွားတော့သည်။
ဒါကြီးက ရှက်စရာကောင်းလွန်းတယ်!
ဧည့်သည်ခန်းထဲမှာတော့ ဖိုးဖိုးလင်းနဲ့ အခြားသူတွေမှာ တုန်လှုပ်အံ့ဩသွားကြသည်။
ထို့နောက်မှတော့ သုတို့အားလုံး ဂရုဏာသက်ပြီး ရင်ထဲခံစားလိုက်ရတဲ့ မျက်နှာတွေ ဖြစ်သွားခဲ့ကြသည်။
" ဒီကလေးက…. ခေါင်းမာရုံလေးပါ၊ စိတ်ထားက နူးညံ့ရှာတယ်၊ ကြည့်ပါဦး၊ သူ ဘယ်လောက်တောင် စဉ်းစားချင့်ချိန်တတ်လိုက်လဲ" ဖိုးဖိုးလင်းက ပြောလိုက်၏။
" သူ ဒီလို ကျိုးနွံသွားအောင် ရှဲ့သခင်မလေး နည်းလမ်းတချို့ သုံးလိုက်တာာလို့ သမီးထင်တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊သူက အခြေအနေအချိန်ခါကို ကြည့်တတ်တယ်ပြီး အောက်ကျို့ရမယ်ဆိုတာကို သိတယ်။မဆိုးပါဘူး" လင်းယာ့ရှန်း ပြုံးလိုက်သည်။
ဒီကောင်စုတ်လေးက ခေါင်းမာပေမဲ့ သူရဲဘောကြောင်တဲ့ အရိပ်အယောင် သူ့မှာရှိတယ်။ သူက ငယ်တုန်းဆိုပေမဲ့ စိတ်အားထက်သန်မှုရှိ
တယ်။ သူက စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက်လည်းဖြစ်တယ်။
နောက်ပြီး၊ သူက သူ့ညီမရဲ့ကလေးဖြစ်နေတဲ့ဟာကို သူမ ဘယ်လိုလုပ်ပြီး တကယ် ဒေါသထွက်ရက်မှာလဲ။
တကယ်လို့ သူမ ဒေါသထွက်ခဲ့တယ်ဆိုရင်တောင် ဓားပြရှဲ့ကို ဒေါသထွက်တာပဲ ဖြစ်လိမ့်မယ်။
သူ ညီမလေးကို ခိုးတုန်းက ခိုးသွားပြီး သေချာကျ ဂရုမစိုက်ဘူး။ သူ့ညီမကို မီးတွင်းထဲမှာ သေစေခဲ့ပြီး၊ ကလေးနှစ်ယောက်ကို လမ်းညွှန်ပြသမှု မရှိဘဲ ထားထားတယ်။ တကယ်ကို လူရိုင်းတစ်ယောက်ပဲ!
လင်းယာ့ရှန်းမှာ ရှဲ့နျိုရှန်းအကြောင်း တွေးမိလိုက်သည်နှင့် သူမ မီးဖိုချောင်ထဲက ဓားတစ်ချောင်းဆွဲပြီး သူ့ခေါင်းကို ခုတ်ပစ်ချင်သွားသည်။
ကံဆိုးစွာနဲ့၊ ရှဲ့နျိုရှန်း က အိမ်မှာ ရှိမနေ။ ရှဲ့သခင်မလေးဆီက ကြားတာက…. ဓားပြတွေကို နှိမ်နင်းဖို့ စေလွှတ်ခံလိုက်ရတယ်ဆိုလား?
ဓားပြတစ်ယောက်က ဓားပြတွေကို နှိမ်နင်းမယ်ဆိုတာက ရယ်စရာကောင်းလှသည်။
လင်းယာ့ရှန်းမှာ မကျေချမ်းမှုတွေ ရှိနေဆဲဆိုပေမဲ့ ဒီ မကျေချမ်းမှုတွေကို သူမရင်ထဲမှာသာသိမ်းထားရမယ်ဆိုတာ သိသည်။
ဒါတင်မက၊ ဓားပြရှဲ့က အခုဆိုရင် အရာရှိတစ်ယောက်ဖြစ်နေပြီးဖြစ်ကာ သူ့ညီမရဲ့ ကလေးနှစ်ယောက်ကိုလည်း ပြုစုပျိုးထောင်နေသည်။
သူမ သူ့ကို စိတ်ထဲမှာသာ အပြစ်တင်ဝေဖန်
နိုင်သည်။
••••