← Chapters

ရုပ်အရမ်းမဆိုးဘူး

Vol. 19 Ch. 351

ရုပ်အရမ်းမဆိုးဘူး

Vol. 19 Ch. 351

လင်းမိသားစုသည် ရှားအိမ်တော်တွင် တစ်ညတာ နေခဲ့၏။ နောက်တစ်နေ့တွင်တော့၊ အိမ်တော်ထိန်း ကူရှာပေးထားတဲ့ ခြံဝန်းငယ်လေးဆီကို ပြောင်းရွှေ့လိုက်ကြသည်။

ရှဲ့ချောင်က ရှဲ့ဖင်းဟွိုက်နဲ့ ရှဲ့ရှီကိုလည်း ထိုနေရာဆီ ပြောင်းရွှေ့ခိုင်းလိုက်သည်။

သူတို့ နှစ်သစ်ကူးကာလအတွင်း အိမ်ပြန်လာဖို့ မလိုဘူးဆိုတာကိုလည်း သူမ ပြောလိုက်သေးသည်။

သူတို့အဖေမှာ ခရီးဝေးတစ်ခု သွားနေတာ ဖြစ်ပြီး အခုထိ ပြန်မရောက်လာသေး။ သူတို့နှစ်ယောက် အိမ်မှာနေနေလို့ ဘာမှမထူးပေ။

ရှဲ့ဖင်းဟွိုက်တစ်ယောက် မကျေမနပ်မှုတွေနဲ့ ပြည့်နေပေမဲ့လည်း ရှဲ့ချောင်ရဲ့ နိုင်လိုမင်းထက် ဆန်တဲ့လွှမ်းမိုးမှုအောက်မှာ သူ နာနာခံခံ လိုက်သွားရုံသာ တတ်နိုင်သည်။

ရှဲ့ချောင်ကတော့ ကျိုးမိသားစုလှုပ်ရှားလာမှာကို အိမ်မှာ စောင့်နေခဲ့၏။

သူမက နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးမကောင်းဆိုးဝါး ဝိဉာဉ်ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဖို့ ကတိပေးထားတာ ကြာနေပေမဲ့ အခုထိ မပြီးမြောက်သေး။ သူမ တော်တော်လေး သောက ရောက်နေခဲ့သည်။

သူမ မော့ချူးရှန်းအဖြစ် ဟန်ဆောင်ပြီး အဖြစ်ထွက်ရင် ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားနေရုံရှိသေး၊ ဖိတ်စာကို နောက်ဆုံးတော့ လက်ခံရရှိလိုက်သည်။

ဖိတ်စာလာပို့တဲ့ သူမှာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။ သူ ရှဲ့ချောင်ကို မြင်တဲ့ အခါ ယဉ်ယဉ်ကျေးကျေးနဲ့ပြောလိုက်၏။ "ကျွန်တော်တို့ရဲ့ မင်းသမီးကြီးက ဒီတလောကမှ နာမကျန်းဖြစ်နေတာကို ကုသဖို့အတွက် နန်းတော်ထဲ ဝင်ခဲ့တာ။ မိဖုရားခေါင်ကြီးက သခင်မလေးကို ချီးမွမ်းနေတာမလို့ မင်းသမီးကြီးက သူမရဲ့ မွေးနေ့မှာ ရှဲ့သခင်မလေး ပါဝင်ပျော်ရွှင်နိုင်ဖို့အတွက် ဖိတ်ခိုင်းလိုက်တာပါ"

ရှဲ့ချောင်က တည်ငြိမ်သော မျက်နှာထားနှင့် ပြန်တုံ့ပြန်လိုက်သည်

အိမ်ရှေ့စံမင်းသားက တကယ်ကို သွယ်ဝိုက်မနေ

တတ်တဲ့သူပဲ။ သူတကယ်ကြီး မိဖုရားခေါင်ကြီးကို တောင်းဆိုခဲ့တာ။။

မိဖုရားခေါင်ကြီးက သူမကို ချီးမွမ်းနေခဲ့ရာ တတိယမင်းသမီးကြီးမှာ သူမအကြောင်း အများကြီး ကြားထားခဲ့သည်။ သူမ ရှဲ့ချောင်ကို တွေ့ချင်နေမှာ အသေချာပင်။

တတိယမင်းသမီးကြီး၏ ဘွဲ့နာမည်မှာ လော့ရှူးဖြစ်၏။

ကြင်ရာတော်မယ်တော်ကြီးကျန်း၏ အသိပညာ ကြွယ်ဝမှုကို တတိယမင်းသမီးကြီး၏ ဘွဲ့နာမည်မှ သိနိုင်သည်။

နစ်ရက်ကြာပြီးတဲ့နောက်၊ ရှဲ့ချောင်နဲ့ ရှဲ့ဖင်းကန်းတို့ ဂုဏ်ပြုစားသောက်ပွဲကို ပေါ်ပေါ်ထင်ထင် သွားခဲ့ကြသည်။

ရှဲ့မိသားစုရဲ့ကလေးများဟာ လူမှုရေးပွဲများတွင် တော်ရုံ ပါဝင်ခဲသည်။ မိသားစုကြီး တော်တော်များများက သူတို့ ဂုဏ်ပြုစားသောက်ပွဲ ကျင်းပရင်တောင်မှ ရှဲ့ဖင်းကန်းနဲ့ ရှဲ့ဖင်းဟွိုက်ကို မဖိတ်ရဲကြ။ ဒီနေ့ကတော့ ချွင်းချက်တစ်ခုပင်။

ရှဲ့ဖင်းကန်းမှာလည်း ဒါကို ကျင့်သားမရသေးပေ။

သူ မသွားခင်၊ ရှဲ့ချောင်က သူ့ရဲ့ မုတ်ဆိတ်မွေးတွေကို ရိတ်ပစ်ဖို့ တွန်းအားပေးခဲ့သည်။ အခုချိန်၌၊ သူဟာ လုံးဝ မတူတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့သည်။

ရှဲ့ချောင် အခုမှ သတိထားမိလိုက်တာက သူမ အစ်ကိုကြီးက …… ရုပ်အရမ်းမဆိုးဘူးပဲ။

မုတ်ဆိတ်မွေး ရိတ်လိုက်ပြီးတဲ့နောက်၊ သူကိုကြည့်ရ

တာ သန့်သန့်ရှင်းရှင်း ဖြစ်သွားသည်။ သူ ဘယ်လောက်ပဲ ကြမ်းကြုတ်ပါစေ၊ လူငယ်တစ်ယောက်ရဲ့ ချောမောမှု အရိပ်အယောင်တွေ ရှိလို့နေသည်။ ဒါတင်မက သူ အရပ်ရှည်းလွန်းနေတာက လွဲရင် သူ့မှာ ကောင်းမွန်တဲ့ မျက်နှာသွင်ပြင်မျိုးရှိ၏။

အတိတ်တုန်းက သူ့ဟာ ကြမ်းကြုတ်ပြီး မျက်နှာပေါ်မှာ ပွထနေတဲ့ မုတ်ဆိတ်မွေးတိုတွေ ရှိတာကြောင့် ဝက်ဝံတစ်ကောင်နဲ့ တူနေရခြင်းဖြစ်သည်။

အခု၊ သူ အရမ်း ဆိုးတဲ့သူပုံမပေါ်တော့။

သူ လူသားတစ်ယောက်နှင့် တူသွားလေပြီ။

" အစ်ကိုကြီး၊ မှတ်ထားနော်၊ အခြားမိသားစုက သခင်မလေးတစ်ယောက်ကို တကယ်တွေ့ခဲ့လို့ရှိရင်၊ သူတို့ကို ခက်ခက်ထန်ထန် စိုက်ကြည့်မနေနဲ့။

တစ်ယောက်ယောက်က အစ်ကိုကြီးဆီကိုလက်ကိုင်ပုဝါနဲ့ ပေါက်ခဲ့ရင်လည်း တခြားသူတွေ လန့်ဖျပ်သွားအောင် အရမ်းကြီးအော်တာမျိုး မလုပ်နဲ့" ရှဲ့ချောင်က အတည်ပေါက်နှင့် ညွှန်ကြားနေသည်။

ရှဲ့ဖင်းကန်း ခပ်ဟဟ ရယ်လိုက်၏။

သူ သူရဲ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

ဒါက အမျိုးသမီးတစ်ယောက်လို ချောမွေ့နေတယ်။ တကယ်ကို နေရခက်လိုက်တာ။

" ဟုတ်ပါပြီ၊ အစ်ကိုကြီး ဘာတစ်ခုမှ ပြောမှာ မဟုတ်ဘူး၊ ဒီအတိုင်းလေးပဲ ရပ်နေမှာ၊ ဒါဆိုရင် အဆင်ပြေတယ်မလား။ အဲဒီ အမျိုးသမီးတွေက အစ်ကိုကြီးကို ကြည့်ရုံနဲ့ ကြောက်လန့်ပြီး မေ့လဲသွားမယ်ဆိုရင်၊ အစ်ကိုကြီးဘာလို့ လက်ထပ်နေဦးမှာလဲ။" ရှဲ့ဖင်းကန်း စဉ်းစားလို့မရသေးချေ။

သူပြောတာကို နားထောင်ပြီး….

ရှဲ့ချောင် အလွန်ကို ကသိကအောက် ဖြစ်သွားခဲ့သည်။

သူမရဲ့ ဒီအစ်ကိုကြီးက အမျိုးသမီးတွေအပေါ် လေးစားမှုကို မရှိဘူး။ ဇနီးတစ်ယောက်ရှာဖို့က…. ခက်တယ်!

" အို၊ ဟုတ်သားပဲ၊ တကယ်လို့ သုန့်သခင်မလေးကို ထပ်တွေ့ခဲ့ရင်လည်း….. " ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။

အဲဒီ သုန့်ရှီးယွင်က တကယ်ကို အကြင်နာမဲ့တဲ့သူတစ်ယောက်။ သူရဲ့ သူငယ်ချင်ကောင်းဆိုတဲ့ ရှားယာ့

ယွင်တောင်မှ သူ့ထိန်းချုပ်မှုအောက်မှာပဲ။ တကယ်လို့ သူသာ သူမအစ်ကိုကြီးကို မြင်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ချဉ်းကပ်လာခဲ့မယ်ဆိုရင်၊ အစ်ကိုကြီး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!

"ဒါတွေ အကုန်လုံးက အပြင်လူတွေရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ၊ အစ်ကိုကြီးက သုန့်သခင်မလေးကို ဘယ်လိုလုပ်ပြီး သိမှာလဲ"ရှဲ့ဖင်းကန်းက ပြောလိုက်၏။

ရှဲ့ချောင် ဘာမှ ပြောစရာမရှိ။

သူမ အစ်ကိုကြီးက မတရားခံရတာလို့ အခိုင်အမာ ယုံကြည်တယ်။

အချိန်ဘယ်လောက်ကြာသွားသည်မသိ၊ သူတို့ လိုရာခရီးကို ရောက်သွားကြသည်။

ရှဲ့ချောင်က နန်းတွင်းအဝတ်အစားနဲ့ အမျိုးသမီးမကောင်းဆိုးဝါး ဝိဉာဉ်ပါနေတဲ့ ကြွေပုလင်းကို သူမနဲ့ အတူ ယူလာခဲ့၏။

သူမတို့ရောက်သည်နှင့် ထိုအမျိုးသမီး ဝိဉာဉ်ကို လွှတ်ပေးလိုက်သည်။

•••••

All Chapters