တိုက်ဆိုင်လိုက်တာ
Vol. 19 Ch. 352
ကျိုးအိမ်တော် အပြင်ဘက်တွင် မြင်းလှည်းများစွာ ရပ်ထားကြပြီးဖြစ်ကာ၊ တစ်ယောက်ပြီးတစ်ယောက် အထဲကို ဝင်သွားကြသည်။
ရှဲ့ချောင် ယနေ့တွင် လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့၏။ ဆရာကြီး ယွင်ဝေ့၏ပန်းချီကားတစ်ချပ်ဖြစ်
ပြီး ၎င်းဟာ သေးငယ်ကာ အဖိုးမထိုက်တန်ပေမဲ့ ရှားပါးသည်။
ကျိုးအိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ရှဲ့ချောင် ကြောက်လန့်သွားသည်။
အကြောင်းမှာ သူမ တံခါးကို ကျော်ကာ ခြေချလိုက်သည်နှင့် အနက်ရောင် အရိပ်ကြီးတစ်ခုက သူမ မျက်ခုံးကြား တဟုန်ထိုး တိုးဝင်လာတာကြောင့်ပင်။ သူမ နေရာတွင်သာ ကြက်သေသေနေခဲ့ပြီး ထိုဝိဉာဉ်က သူမ ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့သည်။
ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။
သို့သော်၊ အရိပ်အတွက်လည်း လွယ်ကူနေခဲ့တာတော့ မဟုတ်။ တစ်ခဏကြာ ရုန်းကန်ပြီးသွားသည်နောက်၊ ကွယ်ပျောက်သွားတော့သည်။
သူမ ခန္ဓာကိုယ်ပေါ်တွင် အဆောင်များစွာ သိုသိုသိပ်သိပ် ကွယ်ဝှက်ထားသည်။ သာမန် မကောင်းဆိုးဝါးဝိဉာဉ်ဆိုလျှင် သူမအနားကပ်လာရဲလိမ့်မည် မဟုတ်။ စောစောက မကောင်းဆိုးဝါးဝိဉာဉ်ကတော့ ကျီးစယ်တတ်လွန်းသည်။ သူမကို ထိလိုက်ချိန်၊ တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ရတာတောင် သူ့အတွက် ရပ်တန့်ဖို့ နောက်ကျလွန်းသွားခဲ့သည်။
အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ၊ သူမ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကို ဖျက်ဆီးလိုက်မိသည်။
ရှဲ့ချောင်မှာ အတော်လေး ရိုးသားဖြူစင်ပါသည်။ သူမရဲ့ နှုတ်ခမ်းတွေမဲ့သွားခဲ့သည်။
သူမ တကယ်ကို သေလုနီးပါး ကြောက်လန့်သွားခဲ့တာ။
"ဘာဖြစ်လို့လဲ။ နေလို့ မကောင်းဘူးလား" ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။ သူ့ရဲ့ ချဉ်းကပ်ရန်ခက်ခဲသော အရှိန်အဝါ ပြန်လည် ထွက်ပေါ်လို့လာသည်။
အနားမှာရှိနေကြတဲ့ တခြားသော ဧည့်သည်တွေကို သူမ ခြောက်လိုက်မိကာ သူတို့ ချက်ချင်းဆိုသလို ဝေးဝေးကို ထွက်သွားကြတော့သည်။
"အဆင်ပြေပါတယ်၊ ခဏနေရင် ကောင်းသွားမှာ" ရှဲ့ချောင် အသက်ရှူသံကို ငြိမ်အောင်လုပ်လိုက်ပြီး ဝတ်ရုံလက်နှင့် သူမ မျက်နှာကို အုပ်လိုက်ကာ နှစ်ကြိမ် ချောင်းဆိုးလိုက်၏။
သူမ ကြိုးစားပြီး သတ္တိမွေးကာ ဘေးဘီကို လိုက်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့်၊ မဆင်မခြင် ပြုမူနေကြတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိပေမဲ့၊ တခြား မကောင်းဆိုးဝါးဝိဉာဉ်တွေက…..
ရှဲ့ချောင် တွေးနေတုန်းမှာပဲ၊ သူမရဲ့ မျက်နှာ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွား၏။
ကျိုးမိသားစုနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲနေတယ်။
မိသားစုကြီးက များသောအားဖြင့် သူတို့ အိမ်ဆောက်တဲ့အခါ ဖုန်းရွှေကောင်းအောင် စီစဉ်လေ့ရှိကြတယ်!
ကျိုးမိသားစုမှာလည်း ထိုနည်းလည်းကောင်းပင်။ သူမ အိမ်ထဲကို ဝင်လာလိုက်သည်နှင့် ဖုန်းရွှေ ကောင်းမွန်သည်ဟု ယူဆလို့ရသည်။အံဩစရာ
ကောင်းလောက်သော ချီ နှင့် နဂါး၏ ကောင်းချီးပေးခြင်းကို ခံထားရသည်။ မိသားစုမှာရှိတဲ့ ကလေးတွေက ဉာဏ်ရည်ထက်မြက်ပြီး ကြည့်ကောင်းကြမှာ ကျိန်းသေပင်။ ချမ်းသာ ကြွယ်ဝမှုနဲ့ အခွင့်အလမ်းတွေကို သူတို့ စိတ်ပူနေစရာ မလို။ ဒါက နောက်မျိူးဆက်တွေ အတွက် အဆုံးမရှိတဲ့ အခြေအနေ ဖြစ်နေလိမ့်မည်။
သို့ပေမဲ့၊ ဖုန်းရွှေက သတ်ဖြတ်နိုင်တဲ့ရောင်ဝါတစ်ခုနဲ့ ညီတူညီမျှ အားကောင်းလို့နေ၏။
ဒီမိသားစုမှာ….. သေချာပေါက် ခေါင်းတလားတစ်ခုရှိလိမ့်မယ်။ ဒါ့အပြင်၊ ခေါင်းတလားရဲ့တည်နေကာ အနက်ရောင်စွမ်းအင်ရှိတဲ့ နေရာတစ်ခုခုဖြစ်မှာ အသေချာပဲ။ ဒါတင်မက….
ခေါင်းတလားရဲ့ အောက်ခြေက ဆွေးမြေ့နေတော့ မကောင်းတဲ့ စွမ်းအင်တွေက စိမ့်ထွက်ပြီး အလောင်းကောင်က ရွှံ့အဖြစ်ကို ပြောင်းလဲသွားတယ်။
အိမ်တွင်း၌၊ ရေကန်ဟာ မြေကြီးနှင့် ဆက်နေ၏။ တစ်နေရာ ပျက်ဆီးပြီးဆိုလျှင်၊ တစ်အိမ်လုံး ခံစားရလိမ့်မည်။
ထို့ကြောင့်ပင်၊ ဖုန်းရွှေကောင်းက ပျက်ဆီးသွားရတာပင်။
ခေါင်းတလားက မင်းသမီး ရှင်းမော့နဲ့ ဆက်စပ်မှုရှိနေမလားဆိုတာကိုတော့ ရှဲ့ချောင် မသေချာ။ သူမကိုယ်သူမ တည်ငြိမ်အောင်သာ လုပ်လိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို အိမ်ထဲကို လျှောက်သွားလိုက်သည်။
ကျိုးမိသားစုသည် အတော်လေး စည်းစိမ်ဥစ္စာများနှင့်ဇိမ်ခံတတ်သော နေထိုင်မှုပုံစံရှိသည်။ ခန်းမကြီးထဲ၌ မီးသွေးအိုးများစွာ ရှိရာ ပြတင်းပေါက် ဖွင့်ထားလျှင်တောင်မှ အနွေးဓာတ်ကို ခံစားနိုင်သည်။
"ငါက ရေအောက်ထဲမှာ၊ တခြားသူတွေလည်း ရေအောက်ထဲမှာ" နန်းတွင်းဝတ်စုံနှင့် မကောင်းဆိုးဝါးဝိဉာဉ်က ရှဲ့ချောင်ကို သနားစရာကောင်းစွာ ပြောလိုက်၏။
သူမက မင်းသမီးတစ်ပါးလို့တောင် မပြောနိုင်။
" ရေကန်ကို တစ်ချက်သွားကြည့်ပြီးတော့ အဓိက တည်နေရာကို ကျွန်မကိုပြောပြပေးပါ။ ကျွန်မ ရှင့်အတွက် အိမ်ရှေ့စံမင်းသားဆီ လွှဲလိုက်မယ်"
ရှဲ့ချောင် ညင်ညင်သာသာ ပြောလိုက်၏။
မင်းသမီး ရှင်းမော့မှာ သူမ ဘယ်သူလဲဆိုတာကို အခုထိ သတိမရသေး။ သူမ ရှဲ့ချောင်ရဲ့စကားကိုသာ နားထောင်ပြီး သူမ ပြောသလို လုပ်လိုက်သည်။
ရှဲ့ချောင် ထိုင်ခုံနေရာ အနိမ့်တစ်နေရာမှာ ထိုင်လိုက်သည်။ သူမ အနားတွင် မိန်းကလေးငယ်တချို့လည်းရှိသည်။သူမ မျက်နှာချင်းဆိုင်တွင်ထိုင်နေသူအများစုကတော့ အမျိုးသားဧည့်သည်များဖြစ်ကြ၏။ သူတို့ဟာ တစ်ယောာက်နဲ့တစ်ယောက် ဝေးကွာကြသည်။
မြို့တော်ထဲက အမျိုးသားများမှာ အတော်လေး ကြည့်ကောင်းကြသည်။
သူတို့ဟာ ယောကျာ်းပီသပြီး နှစ်လိုဖွယ်ကောင်းကာ ဩဇာတိက္ကမနှင့် ပြည့်စုံကြသည်။ သူမ အစ်ကိုကြီးကတော့ မြေခွေးဖြူအုပ်စုကြားမှာ ထိုင်နေ့တဲ့ မြောက်အမေရိက ဝက်ဝံတစ်ကောင်နှင့်တူနေသည်။ သူဟာ ကွဲထွက်လို့နေ၏။
" ဒီနေ့ ရှဲ့သခင်မလေးလည်း လာမယ်လို့ မမျှော်လင့်ခဲ့ဘူး" တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူမဘေးတွင် ထိုင်နေ
သူမှာ သုန့်ရှီးယွင်ဖြစ်နေ၏။
ရှဲ့ချောင် ပြုံးလိုက်သည် "သုန့်သခင်မလေးတောင်လာမှတော့၊ ကျွန်မလည်း လာနိုင်တာပေါ့"
သုန့်ရှီးယွင်က စိတ်မဆိုးသွားဘဲ "အရင်က ဒေါ်လေးရှားဆီမှာ ဖြစ်သွားတဲ့ဟာကို ရှဲ့သခင်မလေးခံစားရအောင် လုပ်မိတဲ့ အတွက် စိတ်မကောင်းဘူး။တို့ပဲ သူမကိုယ်စားတောင်းပန်ပါတယ်"
မုန့်များကို ကိုင်ထားတဲ့ ရှဲ့ချောင်ရဲ့ လက်မှာ လေထဲတွင် ရပ်တန့်သွားရသည်။
ဒေါ်လေးရှား
သုန့်ရှီးယွင်က ဒီလောက်မြန်မြန် နေသားကျသွားတာလား?
ဒါပေမဲ့ သူမ(သုန့်ရှီးယွင်) ရဲ့ လေသံက ရှားယာ့ယွင်ကို အသုံးချပြီး သူမကို ခြောက်လှန့်တဲ့ပုံပေါက်နေရတာလဲ။
ရှဲ့ချောင် လှောင်ပြုံး ပြုံးလိုက်ရင်း မုန့်ကို တစ်ခါတည်း ပါးစပ်အပြည့် စားလိုက်၏။ ထို့နောက် သူမက ရွှင်ရွှင်ပြပြနှင့်ပင် ပြောလိုက်သည် "ဒီနေ့ ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ။ ကျွန်မနဲ့ အစ်ကိုကြီး နှစ်ယောက်စလုံး ဒီကိုလာကြတာ။
သုန့်သခင်မလေး ကျွန်မတို့ကို ဘယ်တော့ တောင်းပန်မှာလဲ"
ချီဟွိုက်က သူမ(ရှဲ့ချောင်)ကို စော်ကားဖို့ သူမရဲ့အရည်အချင်းကို သုံးခဲ့တာကို မေ့သွားပြီလို့ သူမ(သုန့်ရှီးယွင်) ထင်နေတာလား။
•••••