← Chapters

ကြောက်စရာ မလို

Vol. 19 Ch. 353

ကြောက်စရာ မလို

Vol. 19 Ch. 353

သုန့်ရှီးယွင်မှာ ရှဲ့ချောင်စကားပြောလာမှာကို စောင့်နေတဲ့ပုံပင်။ ရှဲ့ချောင်ရဲ့စကားကို ကြားတာနဲ့ ချက်ချင်းထရပ်လိုက်၏

သူမ ဦးညွတ်လိုက်ကာ ကလူမြှူဆွယ်သောအသံနှင့် ပြောလိုက်သည်။ " ရှဲ့သခင်မလေး ကျေးဇူးပြုပြီး အရင်က ကိစ္စတွေကို ခွင့်လွှတ်ပေးပြီးတော့ မေ့လိုက်ပါ။ ဒါတွေအကုန် ကျွန်မအမှားပါ"

သူမက ဝိုင်တစ်ငုံကိုတောင် သောက်လိုက်သည်။

ပြောပြီးသည်နှင့် သူမ အခြားတစ်ဖက်ဆီကို တန်းပြီးလျှောက်သွားလိုက်၏။ သူမရဲ့ မျက်နှာက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေကာ အနည်းငယ်

တုန်ယင်နေတဲ့ လက်တွေကတော့ ဝိုင်ခွက်ကို ကိုင်လို့ထားသည်။

နောက်ဆုံးတော့၊ သူမ ရှဲ့ဖင်းကန်းကို ပြောလိုက်သည် " ရှဲ့သခင်လေး၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျွန်မ အမှားလုပ်မိတယ်ဆိုတာ သိပါတယ်။ သခင်လေး ကျွန်မကို ဗွေမယူဖို့ မျှော်လင့်ပါတယ်"

ရှဲ့ချောင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

သူမ ပညာရသွား၏။

ရှဲ့ဖင်းကန်းက ရှဲ့ချောင်ရဲ့စကားကို နားထောင်ပြီး မတ်မတ်ထိုင်ကာ ဖော်ဖော်ရွှေရွေ ရှိသည့်ပုံစံနှင့် နေနေသည်။

ရုတ်တရက် လူတစ်ယောက်က ရှေ့မှာပေါ်လာပြီး သူ့ကို စကားပြောတော့ သူနည်းနည်းတော့ ပဟေဠိဖြစ်သွားသည်။

"သခင်မလေးက ဘယ်သူပါလဲ။ ဘာလို့ ငိုနေရတာလဲ။ လက်ကိုင်ပုဝါ ပျောက်သွားလို့လား။ ကျွန်တော်တော့ မတွေ့မိဘူး။ တခြားတစ်ယောက်ကို သွားမေးလိုက်ပါ" ရှဲ့ဖင်းကန်းမှာ တော်တော်လေး ယဉ်ကျေးနေသည်။

ဒီလိုဆိုရင်၊ သူ ထပ်ပြီး ကြောက်စရာ မကောင်းတော့ဘူးမလား?

'ဟက်' ဆိုတဲ့ အသံနဲ အတူ ရှဲ့ချောင်တခစ်ခစ်ရယ်လိုက်၏။

ထိုအချိန်၊ သုန့်ရှီးယွင်မှာ နည်းနည်းတော့ မှင်တက်နေ

မိသည်။

အကြောင်းက ရှဲ့ဖင်းကန်းက သူမကို….

မမှတ်မိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး!!

သူ မျက်လုံးထဲက အကြည့်တွေက ဟန်ဆောင်နေတာ မဟုတ်ဘူးဆိုတာ သိသာတယ်!

သူမ ရှဲ့ဖင်းကန်းနဲ့ဆုံပြီးတော့ အဲဒီ ဖြစ်ရပ်တောင် ဖြစ်ခဲ့သေးတယ်။သူ ဘယ်လိုလုပ် မမှတ်မိရတာလဲ။ သူမကပဲ သူ့ကို မေ့မရတဲ့ပုံဖြစ်သွားတယ်လေ!!

သု့န့်ရှီးယွင် ထင်ခဲ့တာက သူမ ရှဲ့ဖင်းကန်းကို စကားပြောလိုက်ရင်၊ သူ နည်းနည်းလောက်တော့ စိတ်ဆိုးလောက်သည်၊ ဒါမှမဟုတ်ရင်လည်း သူ

နည်းနည်းတော့ နေမထိ ထိုင်မသာ ဖြစ်သွားလောက်မည်ဟု။ သူမ မမျှော်လင့်ခဲ့ဘူး…..

သူမ အသက်ရှုကျပ်သွားရသည်။

" အစ်ကိုကြီး၊ ဒါ ညီမလေးတို့ ကျောင်းတော်က သုန့်သခင်မလေးလေ။ အရင်က အစ်ကိုကြီး သူမကို အနိုင်ကျင့်တယ်လို့ အထင်လွဲခဲ့ပြီးတော့ လူတိုင်းလည်း ဒါကို သိတယ်။ သူမက အစ်ကိုကြီးကို တောင်းပန်ချင်တယ်ဆိုပြီး ညီမလေးကို ပြောလာလို့" ရှဲ့ချောင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ထို့နောက်၊ သူမ အတွက် လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင်ငှဲ့လိုက်သည်။

ရှဲ့ချောင် ပြောလိုက်တာကြောင့် ရှဲ့ဖင်းကန်း မှတ်မိသွားသည်။။

"ဒါက အသေးအမွှားကိစ္စလေးပဲ။ စိတ်ထဲထားမနေပါနဲ့" ရှဲ့ဖင်းကန်း အလွန်ကို သဘောထားကြီးနေ၏။

သူ ဒီကလေးမတစ်ယောက်နဲ့ လိုက်ပြီး တွက်ကပ်ချင်မနေ။

ရှဲ့ဖင်းကန်း သူမ အပေါ် ဘာခံစားချက်မှ ထားမနေသလို သူမကို အပြုံးတစ်ခုနှင့်လည်း နှစ်သိမ့်မပေးခဲ့။ သူဟာ အလွန်ကို တဲ့တိုးဆန်ကာ တိကျ ပြတ်သားနေသည်။ အင်မတန် သဘောထားကြီးသည့်ပုံပေါ်သည်။

သုန့်ရှီးယွင် အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ရင်း နောက်ဆုတ်သွားသည်။

ရှဲ့ချောင် ဟိုဟိုဒီဒိကြည့်လိုက်ရင်း၊ သုန့်ရှီးယွင်ရဲ့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမက တည့်တည့်ကို ငေးကြည့်နေတာ…..

သူမရဲ့ အစ်ကိုကြီးရှိရာကို။

သူမနောက်က အစေခံက သုန့်ရှီးယွင်ရဲ့ အစေခံနဲ့ တူညီစွာ ဝတ်စားထားတော့ မိသားစု ဖြစ်လောက်တယ်

သူမက …. သုန့်ရှီးယွင် ရဲ့ ညီမဖြစ်နေမလား?

သုန့်ရှီးယွင်ရဲ့ အမေရင်းဖြစ်သူဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ရှဲ့ချောင် ကြားထားသည်။ သူနဲ့ ညီမကို မိထွေးက ပျိုးထောင်ခဲ့သည်။ ဒီညီမလုပ်သူက လည်တယ်ဆိုတဲ့ အကြောင်း ကျောင်းတော်က လူတိုင်းပြောကြသည်။ သူမက မိထွေးကို အပျော့ဆွဲနဲ့ ဆွဲထားသည်။ မိထွေးဖြစ်သူက ယုတ်မာပြီးတော့၊

ညီအစ်မနှစ်ယောက်ကြား သဘောထားကွဲလွဲအောင် လုပ်နေတယ်လို့လည်း ပြောကြသည်။

သုန့်ရှီးယွင်ရဲ့ ညီမက တော်ဝင်ကျောင်းတော်မှာ ပညာသင်မနေပေမဲ့ ကုလန်ကျောင်းတော်မှာ ပညာသင်နေသူတစ်ယောက်ဖြစ်သည်။

ထိုအချိန်၊ ရှဲ့ချောင် မရေရာတဲ့အချက်တစ်ခုကို မှန်းဆမိလိုက်၏။

သုန့်ရှီးယွင် သူမအစ်ကိုကြီးကို ပစ်မှတ်ထားနေရတာက….. သူ့ညီမကြောင့်များလား…

သူမ အတွေးလွန်နေတာပဲလို့ ရှဲ့ချောင် ထင်လိုက်သည်။

ဒီ ကလေးမက အသက်ဘယ်လောက်မလို့လဲ?

သုန့်ရှီးယွင်ထက် နှစ်နှစ်၊ သုံးနှစ်လောက် ငယ်တော့၊ အများဆုံးမှ…. ၁၄နှစ်၊ ၁၅နှစ်လောက်ပဲ ရှိဦးမှာမလား?

ဒါပေမဲ့၊ သူမက တစ်ချိန်လုံး အစ်ကိုကြီးရှိတဲ့ဆီကိုပဲကြည့်နေပြီးတော့၊ သူ့ကို ချောင်းတောင်ကြည့်လိုက်သေးတယ်….

သူမက သူ့ကို ငေးကြည့်ပြီးရင် ခေါင်းကို ပြန်ငုံ့သွားသည်။ သူမ မျက်နှာက ရှက်သွေးဖြာနေကာ စိတ်လှုပ်ရှားစွာနှင့် ဝိုင်တစ်ငုံ့ကို သောက်နေ၏။ တစ်ခဏကြာတော့ ချောင်းခြောက်တစ်ခုဆိုးလိုက်ပြီး၊ လည်ပင်းကို ပြန်မတ်ကာ လူမိသွားမှာကို ကြောက်နေသလိုမျိုး ဘေးဘယ်ညာကို ကြည့်လိုက်သေးသည်။

သူမရဲ့ တုံ့ပြန်မှုတွေကို အကဲခတ်ပြီး သူမ(ရှဲ့ချောင်)ရဲ့ အစ်ကိုကြီးကို စိတ်ဝင်စားမှုမရှိပါဘူးလို့ပြောဖို့က နည်းနည်းတော့ မဖြစ်နိုင်။

ရှဲ့ချောင်လည်း ရှေ့တည့်တည့်ကို ငေးစိုက်ကြည့်လိုက်၏။သုန့်မိသားစုရဲ့ ဒုတိယသမီးက သူမကို တွေ့သွားသည်။

ထို မိန်းကလေးငယ်ရဲ့ မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲသွားကာ တံတွေးသီးသွားတော့သည်။

သူမ ဆက်တိုက် ချောင်းဆိုးနေတာကြောင့် အနားမှာရှိတဲ့လူတွေက သူမကို ကြည့်လာကြ၏။

"ညီမလေး ကြောက်လို့လား။ မကြောက်ပါနဲ့။ ပထမသခင်လေး ရှဲ့က လူကောင်းတစ်ယောက်ပါ။ကြည့်ပါလား၊ သူက အစ်မကို အရင်က ကိစ္စတွေအတွက်နဲ့

ခက်ခဲအောင် မလုပ်ဘူး။ သူ့ကို ကြောက်စရာ မလိုပါဘူး" သုန့်ရှီးယွင် ထပ်ပြောလိုက်သည်။

•••••

All Chapters