ခေါင်းစဥ်မဲ့
Vol. 19 Ch. 354
ရှဲ့ချောင်တစ်ယောက် မနေနိုင်ဘဲ နှုတ်ခမ်းစူလိုက်မိသည်။
ဒုတိယသခင်မလေးသုန့်လည်း ဒီစကားကို ကြားရတာကြိုက်လောက်မည်မဟုတ်။
"အစ်မ၊ ရှဲ့သခင်လေးကို ညီမ ကြောက်လို့ မဟုတ်ပါဘူး။ ဒီအတိုင်း မတော်တဆ အသက်ရှူကြပ်သွားရုံပါ" ဒုတိယ သခင်မလေး သုန့်က အလျင်စလို ပြောလိုက်၏။ သူမ ပြောနေရင်း ရှဲ့ဖင်းကန်းရှိတဲ့ဘက်ကို ဖျတ်ခနဲ ကြည့်လိုက်သေးသည်။ဒါပေမဲ့၊ ရှဲ့ဖင်းကန်း
က သူ့ရှေ့မှာရှိတဲ့ဝိုင်ကို စိုက်ကြည့်နေတာကိုသာ တွေ့လိုက်ရသည်။
အနည်းငယ် စိတ်ပျက်သွားတာကြောင့် သူမ ခေါင်းကို ငုံ့လိုက်သည်။ သူမရဲ့ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အုပ်ရင်း နှစ်ကြိမ် ချောင်း ခပ်ဖွဖွ ဆိုးလိုက်၏။
ထိုအချိန်၊ သုန့်ရှီးယွင်ရဲ့ အတွေးကို ရှဲ့ချောင်အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
သူမကို အနိုင်ကျင့်တယ်ဆိုပြီး အစ်ကိုကြီးကို စွပ်စွဲတာက….
ဒုတိယသခင်မလေးကို အသည်းခွဲဖို့ လုံလောက်တယ်။
ကိုယ် မြတ်နိုးရတဲ့ရဲ့သူက ကိုယ့်အစ်မကို
သဘောကျတယ်ဆိုရင် ဘယ်လိုလုပ် အသည်းမကွဲဘဲနေမလဲ?
အခု အစ်ကိုကြီးဘက်က တုံ့ပြန်မှုမရှိတာကို မြင်တော့ သုန့်ရှီးယွင်က အရှေ့ကို လျှောက်လာကာ အစောက ကိစ္စက နားလည်မှုလွဲတာပါလို့ ပြောလာသည်။ ဒီလိုနည်းနှင့် ဒုတိယ သခင်မလေးသုန့်က သူ့ကို ကြောက်ပါတယ်ဆိုပြီး ရှဲ့ဖင်းကန်းကို ခံစားသွားရစေချင်သည်။
ဒါပေမဲ့၊ ဒါက လုံလောက်မှာ မဟုတ်ဘူး။
ရှဲ့ချောင် အတွေးထဲ နစ်မြောလို့နေ၏။
မကောင်းတဲ့သူတစ်ယောက်ရဲ့ အတွေးကို ခန့်မှန်းရတာက ခဲယဉ်းလွန်းတယ်။ သူမ လေးလေးနက်နက် တွေးကြည့်ရမယ်။ ဒါက သတိပြုမိစရာတစ်ခုဖြစ်နေတယ်။
သုန့်ရှီးယွင်က အရမ်းကို အားထုတ်နေတာ သူမတို့နစ်ယောက်ကို ပြဿနာ ရှာဖို့ အတွက်လောက်တော့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား။ ရှားယာ့ယွင်ကို လျှို့ဝှက်ကြံစည်ရဲတဲ့ မိန်းကလေးတစ်ယောက်အနေနှင့် သုန့်ရှီးယွင်ရဲ့ အတွေးတွေက ပိုပြီး နက်နဲ ရှုပ်ထွေးလောက်တယ်။
သူမက အားနေတာကြောင့်၊ ရှဲ့ချောင် စတင် အတွေးနယ်ချဲ့နေလိုက်၏။
အချစ်၊ အမုန်း၊ နာကြည်းမှုတွေက သူမ စိတ်ထဲ လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
"ရှင် ကျွန်မ အစ်မကို သဘောကျတယ်လို့ ကျွန်မထင်တယ်….." မိန်းကလေးက ပြောလိုက်၏။
" မင်းက ငါ့ကို ကြောက်နေပြီးတော့ ငါ့ကို သဘောကျမှာ မဟုတ်ဘူး" အမျိုးသားက ပြောလိုက်သည်။
ဟမ့်၊ မကျေမချမ်းဖြစ်နေတဲ့ စုံတွဲပဲ။
ရှဲ့ချောင် နှုတ်ခမ်းသပ်လိုက်၏။
အခုက သုန့်ရှီးယွင်အတွက် သူတို့ နှစ်ယောက်ကို အောင်သွယ်ပေးဖို့ အချိန်ပေါ့?
ရှဲ့ချောင် ထိုသို့ တွေးမိလိုက်သည်နှင့် သူမ မနေနိုင်ဘဲ နှုတ်ခမ်းကို အုပ်ကာ ကျိတ်ရယ်လိုက်သည်။ သူမရဲ့ စိတ်ကူးတွေက အံ့ဩစရာ ကောင်းတာပဲ။
"ရှဲ့သခင်မလေး?" သူမ တွေးနေရုံရှိသေး၊ မရင်းနှီးသော အသံတစ်ခု အပေါ်က ထွက်ပေါ်လာ၏။
ရှဲ့ချောင် အသိပြန်ဝင်လာခဲ့သည်။
" ရှဲ့သခင်မလေး၊ မင်းက လှပပြီးတော့ ဉာဏ်ရည်ထက်မြတ်တဲ့သူတစ်ယောက်ဆိုပြီး တော်ဝင် ယောင်းမတော် ပြောတာကို တို့ မကြာမကြာ ကြားရတယ်။ မင်းက ရှားရှားပါးပါး၊ မိန်းမကောင်းလေး တစ်ယောက်ပဲ။ ရှေ့ကို မြန်မြန်လာပါဦး တို့ သေချာကြည့်ကြည့်ချင်လို့"
မင်းသမီးကြီး လော့ရှူးက သူမကို လက်ဝှေ့ပြလာ၏။
ရှဲ့ချောင် တည်တည်ငြိမ်ငြိမ်နှင့်ပဲ မတ်တပ်ထကာ လျှောက်သွားလိုက်သည်။
ဦးညွတ်လိုက်ပြီးနောက်၊ သူမ တစ်ခဏကြာ ရပ်နေခဲ့
သည်။ ထို မင်းသမီးကြီး လော့ရူးက သူမကို အကဲခတ်နေသည့် ပုံပင်။
"သူ နင့်ကိုကြည့်နေတယ်၊ နင့်ကို ကြည့်နေတယ်၊ မြန်မြန်ပြေးတော့၊ သူက မကောင်းတဲ့လူ" သူမရဲ့နား ဘေးကနေကြောက်စရာကောင်းတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
" နင် ဘာလို့ ဒီကိုလာရတာလဲ။ နင်က အရမ်းလှတော့ သူ နင့်ကို ပစ်မှတ်ထားမှာ ကျိန်းသေပဲ။ ဘယ်လိုလုပ်မလဲ။ နင် ငါပြောတာကို မကြားနိုင်ဘူး၊ ဘယ်လိုလုပ်ရမလဲ" သူမဘေးက မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ အသံမှာ အနည်းငယ် စိုးရိမ်ကြောင့်ကြရောက်နေပုံပင်။
စောစောက ဒီမှာ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ရှိနေတယ်ဆိုတာ ရှဲ့ချောင် သတိတောင် မထားမိချေ။
ထိုဝိဉာဉ် ဘယ်ကနေထွက်ပေါ်လာမှန်း သူမ မသိပေ
မဲ့၊ ပုန်းကွယ်တဲ့ နေရာမှာတော့ အတော်လေး တော်ပေသည်။
" မင်းက တကယ်ကို မိန်းမလှလေးတစ်ယောက်ပဲ။ မိဖုရားခေါင်ကြီး သဘောကျတာ အံ့ဩစရာတော့ မရှိပါဘူး။မင်းက ပိန်လွန်းနေတော့၊ နောက်ကျရင် ပိုပြီး စားရမယ် ဟုတ်ပြီလား။တစ်ယောက်ယောက်လာစမ်း၊ ဒီ ပန်းပွင့်မုန့်ပန်းကန်ကို ရှဲ့သခင်မလေးဆီ ပို့ပေးလိုက်။ဒီ သခင်မလေးက ဒီလို လှတဲ့အစာပြေမုန့်တွေကို စားတာ ပိုသင့်တော်တယ်။" မင်းသမီး လော့ရှူးက ပြောလိုက်၏။ သူမ အသံထဲမှာ နူးညံ့သိမ်မွေ့မှု အရိပ်အယောင်တွေ ပါရှိနေသည်။
ရှဲ့ချောင် သူမကို ဦးညွတ်ကာ ကျေးဇူးတင်လိုက်၏။
ရှဲ့ချောင် ခေါင်းခဏ မော့လိုက်ပြီး မင်းသမီးကြီးလော့ရှူးကို အနီးကပ် ကြည့်ကြည့်လိုက်သည်။
သူမ အနီးကပ်ကြည့်လိုက်တယ်ဆိုရင်ပဲ သူမ အကြည့်ကို ချက်ချင်းဆိုသလို ပြန်ရုပ်သိမ်းလိုက်မိကာ သူမ နှလုံးသား တင်းကြပ်သွားခဲ့၏။
ကျိုးမိသားစုမှာ….
ပြောင်းလဲမှု ကြီးကြီးမားမားတစ်ခု သေချာပေါက် ကြုံရတော့မယ်။
ရှဲ့ချောင် ရုတ်တရက် အနည်းငယ် ပျာယာခတ်သွားခဲ့သည်။
ဒီလို မင်းမျိုးမင်းနွယ် မိသားစုမှာ အတက်အကျ အခြေအနေဆိုတာ ရှိနေသ၍ ဒါဟာ တစ်ဦးတစ်ယောက်တည်းရဲ့ ပြဿနာ မဟုတ်တော့။
ဒါဇင် ဒါမှမဟုတ် ရာချီသော လူတွေရဲ့ ကံကြမ္မာတွေ
ပါ ပါဝင် ပတ်သက် သွားပြီဖြစ်၏။
ဒီ ပြောင်းလဲမှုတွေက သူမ မင်းသမီးကြီးရှင်းမော့ရဲ့ အိမ်ကို ရှာပေးရာကနေ ဖြစ်ပေါ်လာရတာလားဆိုတာ သူမ မသေချာပေမဲ့၊ သူမ ဒီဆုံးဖြတ်ချက်ကို ချခဲ့ပြီဖြစ်တာမလို့ အကျိုးဆက်တွေကို တာဝန်ယူရမှာနဲ့ ပတ်သက်လို့ စိုးရိမ်နေခဲ့သည်။
မဟုတ်ဘူး၊ ဒါလည်း မမှန်သေးဘူး။ ကျိုးမိသားစုမှာ တစ်ခုခု ဖြစ်ခဲ့ရင်၊ အမှားလုပ်မိတဲ့သူအပေါ်ကိုသာ ကံကံရဲ့ အကျိုးက သက်ရောက်လိမ့်မယ်။
သူမဟာ မကောင်းဆိုးဝါးဝိဉာဉ်ကို ကတိပေးကာ ထိုဝိဉာဉ်ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးရုံဖြစ်သည်။
ရှဲ့ချောင်ရဲ့ သဘောထားမှာ အတည်ပြုပြီးဖြစ်၏။
ရှဲ့ချောင်ရဲ့စကားတွေက ချိုသာမနေသလို သူမ ရဲ့ အပြုံးတွေကလည်း နှစ်လိုဖွယ်ကောင်းမနေ။ ထိုအခိုက်အတန့်တွင်၊ မင်းသမီး လော့ရှူးက တိတ်တဆိတ် ခေါင်းရမ်းလိုက်သည်။
တော်ဝင် ယောင်းမတော်က ဒီမိန်းကလေးဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ အမြဲ ပြောနေပေမဲ့ ဒီနေ့ သူမကို ကြည့်ရသလောက်၊ သူမဟာ ဉာဏ်ထိုင်းပြီး ကြောက်တတ်တဲ့သူတစ်ယောက်သာ။
ကြည့်ကောင်းပြီး နာခံတတ်တာကလွဲလျှင် သူမဆီမှာ ထူးထူးခြားခြားတစ်ခုမှ ရှိမနေ။
လွန်ခဲ့တဲ့ နှစ်ရက်က၊ တော်ဝင်ယောင်းမတော်က ဒီမိန်းကလေးကို ကြင်ရာတော် မင်းသမီးနေရာ ပေးမယ်လို့တောင် သူမ ထင်ခဲ့တာ။
ဒါပေမဲ့၊ အခုတော့….
တော်ဝင်ယောင်းမတော်ရဲ့ အကဲဖြတ်မှုက ဆိုးရွားလွန်းနေတာ မဟုတ်ဘူးလား?
••••••