← Chapters

အနေရခက်တဲ့တိတ်ဆိတ်မှုတို့ရဲ့ ဘုရင်

Vol. 19 Ch. 355

အနေရခက်တဲ့တိတ်ဆိတ်မှုတို့ရဲ့ ဘုရင်

Vol. 19 Ch. 355

မင်းသမီးကြီးလော့ရှူးက ရှဲ့ချောင်အပေါ် ဘာထူးထူးခြားခြား ခံစားချက်မှပြတာ မမြင်တော့ လူများစွာက စိတ်သက်သာရသွားသည့် သက်ပြင်းကို တိုးတိတ်စွာ ချလိုက်ကြသည်။

မင်းသမီးကြီးလော့ရှူးဆိုတာ ကြင်ရာတော်မယ်တော် ကြီးကျန်းရဲ့ အချစ်တော်မှန်း လူတိုင်းသိတယ်!

လက်ရှိ ဧကရာဇ်မှာ တာဝန်သိတတ်သည့် သားတော်တစ်ပါးဖြစ်သည်။ ထုံးစံအတိုင်းပင်၊ သူဟာ ကြင်ရာတော်မယ်တော်ကြီး ကျန်းရဲ့ အချစ်တော် မင်းသမီးကြီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ ကျိုးမိသားစုကတောင်မှ မျက်နှာသာပေးမှုများစွာကို ရရှိထားသည်။ သခင်ကြီးကျိုး ကွယ်လွန်သွာတာ နှစ်ပေါင်းများစွာ ကြာနေပေမဲ့ မိသားစုကတော့ အရင်ကအတိုင်း ကြွယ်ဝချမ်းသာနေဆဲပင်။

မင်းသမီးကြီး လော့ရှူးသည် အင်ပါယာနန်းတော်နှင့် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတာကြောင့် အလိုလိုပင်၊ သူတို့ရဲ့ ဦးစားပေး သဘောကျသည့်အရာများမှာ တူညီကြသည်။

ယနေ့တွင်၊ သူတို့က ရှဲ့မိသားစုက ဒီသခင်မလေးကို အထူးတလည် ဖိတ်ကြားခဲ့ရာ လူပေါင်းများစွာ အံ့ဩသင့်သွားကြပြီး ဒီသခင်မလေးက ကြင်ရာတော်မင်းသမီး အနေနဲ့ ရွေးချယ်ခံလိုက်ရပြီလားလို့တောင် သံသယ ဝင်ခဲ့ကြသည်။

ဒါပေမဲ့၊ စဉ်းစားကြည့်လိုက်ရင်၊ ဒါဟာ တကယ် မဖြစ်နိုင်။

ရှဲ့မိသားစုရဲ့ အဆင့်အတန်းမှာ အလွန်ကို နိမ့်ကျသည်။ အိမ်ရှေ့စံမင်းသားဟာ တိုင်းပြည်ရဲ့ မင်းသားတစ်ပါးဖြစ်၏။ သူ တကယ်လို့ ဒီသခင်မလေးကို သဘောကျတယ်ဆိုရင်တောင်မှ၊ သူမက အရံကြင်ရာတော်တစ်ပါးသာ ဖြစ်နိုင်သည်။

သူတို့ ရှဲ့မိသားစုနဲ့ ဘာအငြှိုးမှာ မရှိပေမဲ့လည်း၊ ဒီ မိန်းကလေးက ထင်ပေါ်ကျော်ကြားမှုကို ခိုးယူမည့်သူတစ်ယောက်ဖြစ်နေသည်။

ရှဲ့ချောင်က ပျော်လည်း မပျော်သလို အံ့ဩသွားတာမျိုးလည်းမရှိ။ သူမ ပြန်သာထိုင်နေလိုက်သည်။

သူမ ထိုင်ရုံရှိသေး၊ အိမ်ရှေ့စံမင်းသားရောက်လာခဲ့၏။

လူတိုင်း ဂါရဝါပြုပြီးသွားချိန်၊ အိမ်ရှေ့စံမင်းသားက မင်းသမီး လော့ရှူး အား ဂုဏ်ပြုလက်ဆောင် တစ်ခုကို မျက်နှာထက်တွင် ဖော်ရွှေသော အပြုံးတစ်ခုဆင်မြန်းလျက် ပေးလိုက်သည်။ ဒီ တူဝရီးနှစ်ယောက်က စကားစမြည်တောင် စတင်ပြောဆိုလို့နေလေပြီ။

ဒီ ကျိုးမိသားစုရဲ့ တင့်တယ်လှသော ဂုဏ်ပြုစားသောက်ပွဲတွင် စတုတ္ထမင်းသားနှင့် ပဉ္စမင်းသားတို့တောင် မတက်ရောက်ခဲ့ကြရာ အိမ်ရှေ့စံမင်းသားတကယ်ကြီး ရောက်လာခဲ့လိမ့်မယ် သူတို့ မထင်ထားခဲ့ကြ။ ဒါက အတော် ဦးနှောက်ခြောက်စရာပင်!

အိမ်ရှေ့စံမင်းသား၏ ပင်ကိုယ်စရိုက်မှာ အေးတိအေးစက်နှင့် ထီမထင်ဟန်ရှိကာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို သဘောကျသူတစ်

ယောက်မဟုတ်။ နန်းတွင်းရုံးတော်တွင် သူကို ထောက်ခံသူ များများစားစား မရှိချေ။ ဝန်ကြီးဟောင်း အနည်းစုသာရှိပြီး သူတို့ရဲ့ လွှမ်းမိုးမှုကလည်းကောင်းမနေ။

ဘုရင်မင်းမြတ်က အိမ်ရှေ့စံမင်းသားကို ရာထူးကနေဖြုတ်ချပစ်ဖို့ မစိုစလောက်ရည်ရွယ်ချက်ရှိနေတာလေးကို ထုတ်ပြဖို့ ဆန္ဒရှိခဲ့တယ် ဆိုရင်တောင် နန်းတွင်းရုံးတော်မှာ ကန့်ကွက်မယ့်သူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူးလို့တောင် ပြောကြသည်!

အိမ်ရှေ့စံမင်းသားသည် အမြဲတမ်းလိုလို တဇွတ်ထိုးဆန်ပြီး မဆင်မခြင် ပြုမူတတ်သူဖြစ်သည်။သူက နန်းတော်ထဲကလူတွေနဲ့ မိတ်ဖွဲ့ခြင်းမရှိတဲ့အပြင် လူတွေကို မကြာခဏဆိုသလို ဆန့်ကျင်စော်ကားသေးသည်။ တော်ဝင်မိသားစုဝင်တွေကိုတောင်မှ သူက အမြဲတမ်း အေးတိအေးစက်နိုင်ပြီးနှင့် အဖက်မလုပ်တတ်။

ဒီနေ့တော့…..

အနောက်အရပ်ကနေ နေထွက်လာတာပင်။

သူက မင်းသမီးကြီး လော့ရှူးကို လက်ဆောင်တောင် အထူးတလည် ပို့ခဲ့သည်။

ထိုအချိန်၊ မင်းသမီးကြီး လော့ရှူးမှာလည်း အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။

"အိမ်ရှေ့စံမင်းသား ဒီနေ့ အချိန်ရတဲ့ပုံပဲ။ အိမ်ရှေစံ မှုခင်းစီရင်ရေးရုံးကို သွားကတည်းက ရုံးတော်မှာ အမှုကြီးတွေ ဆက်တိုက်ဆိုသလို ဖြေရှင်းခဲ့တယ်လို့ ကြားတယ်..တလောက. မိဖုရားခေါင်ကြီးဆီကနေ မင်းသားက အလုပ်များလွန်းတဲ့ အတွက် ကိုယ်အလေးချိန်တောင် ကျသွားတယ်ဆိုပြီး ကြားသေးတယ်.. နန်းတော်ထဲဝင်တာတောင်မှ နည်းသထက်နည်းလာတယ်တဲ့.."

သူမရဲ့ နန်းဆောင်ကို လာဖို့မဆိုထားနှင့် နန်းတော်ထဲဝင်ဖို့တောင် ရှားသည်။

"ဒါက အမှုတွေ ဖြေရှင်းရုံပါ. လူကိုယ်တိုင် အလုပ်ကို သွားဖို့ မလိုပါဘူး။ကျွန်တော့် လက်အောက်က အရာရှိတွေကို လုပ်ရမယ့် အရာတွေ ညွှန်ကြားရုံပဲ၊ ကြိုးစားပမ်းစား လုပ်စရာ မရှိပါဘူး" အိမ်ရှေ့စံမင်းသားဟာ ပြုံးနေ၏။ သို့ပေမဲ့ သူ့အပြုံးတွေက မျက်လုံးတွေထိတော့ မရောက်။ ၎င်းက လူတွေကို ကျောချမ်းသွားစေခဲ့သည်။

မင်းသမီးကြီး လော့ရှူး တွေးကြည့်လိုက်သည်. ဒီတလော….

သူမ မိဖုရားခေါင်ကြီးနဲ့ ကြင်ယာတော်မယ်တော်ရဲ့ နန်းဆောင်ကို မကြာခဏဆိုသလို သွားတွေ့ပေမဲ့ အိမ်ရှေ့စံမင်းသားအာရုံစိုက်စေမယ့် အရာတစ်ခုမှ အလုပ်ခဲ့မိပါဘူး…..

ဖြစ်နိုင်တာက…..

ကြင်ရာတော်ရှူးက တော်ဝင်ကိုယ်လုပ်တော်မုန့်နဲ့ နန်းတော်ထဲမှာ မိတ်ဆွေဖြစ်သွားတဲ့ ကိစ္စက….အိမ်ရှေ့စံမင်းသားကို ကသိကအောက်ဖြစ်သွားစေတာများလား။

ထိုသို့ စဉ်းစားမိလိုက်သည်နှင့် မင်းသမီးကြီးလော့ရှူးမှာ ပင်အပ်တွေ အပေါ်ထိုင်နေရသလိုပင် ခံသားလိုက်ရသည်။

သူမရဲ့ ယောင်းမက အသုံးမကျသူတစ်ယောက်ဖြစ်၏။ မင်းသမီးတစ်ပါးကိုသာ ဖွားမြင်ခဲ့သည်။ ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးက အရင်ကလောက် မကောင်းတော့တာကြောင့် သူမ အနေနှင့် နောက်ထပ် မင်းသားတစ်ပါးမွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ချေ။ တခြားမင်းသားတွေအပေါ် မျှော်လင့်ချက်

ထားရုံသာ ရှိသည်။

အိမ်ရှေ့စံမင်းသားကတော့…..

သူအပေါ် လွှမ်းမိုးထိန်းချုပ်တာမျိုးကိုမကြိုက်သူတစ်ယောက်ဖြစ်၏။သူက မည်သည့် ကြင်နာမှုကိုမှ လက်မခံတတ်။ သူရဲ့ စိတ်ခံသားချက်ကိုသာ လိုက်ပြီးလုပ်လေ့ရှိသည်။ ကျိုးမိသားစုအပေါ် မဖော်ရွေတာ မဟုတ်သလို ရင်းနှီးပျူငှာနေတာမျိုးလည်း မဟုတ်။ သူက သူရဲ့ ညီတွေ ညီမတွေ အပေါ်မှာလည်း နီးစပ် ရင်းနှီးတဲ့ သဘောထားမျိူး ရှိမနေခဲ့ချေ။

စတုတ္ထမင်းသားက ငယ်တယ်ဆိုပေမဲ့ သူက ပိုပြီး ဖော်ဖော်ရွေရွေ ရှိသည်။

သူပြောတဲ့ စကားတွေက အဓိပ္ပာယ်ရှိပြီး လေးနက်သည်။

ထိုအခါမှသာ သူမက…. ကြင်ယာတော်ရှူးနဲ့ တော်ဝင်ကိုယ်လုပ်တော်မုန့်တို့ တစ်ယောက်နဲ့ တစ်ယောက် တရင်းတနှီးနေတာကို ခွင့်ပြုခဲ့တာပင်။

သူမ ဒါကို မသိမသာ လုပ်ခဲ့တာပါ။ ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံမင်းသားက မြန်မြန် သတိထားမိသွားရတာလဲ။

မင်းသမီးကြီး လော့ရှူး၏ နှလုံးသားမှာ ပရမ်းပတာဖြစ်လို့နေလေပြီ။

ဒါပေမဲ့လည်း၊ အိမ်ရှေ့စံမင်းသားကတော့ ပြန်ထွက်သွားဖို့က ငြင်းဆန်နေဆဲဖြစ်၏။

ရှဲ့ချောင်ကတော့ အိမ်ရှေ့စံမင်းသားဟာ အနေရခက်တဲ့တိတ်ဆိတ်မှုတို့ရဲ့ဘုရင်ပဲလို့တွေးလိုက်သည်။

မူလက သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းမှာ အိမ်ရှေ့စံရောက်လာသည်နှင့် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။ ပတ်ဝန်းကျင်က တိတိဆိတ်နေပြီး၊ တော်ဝင်ကျောင်းတော်မှာ စာမေးပွဲကျင်းပနေတာထက်တောင်ပိုပြီးလေထုက တည်ငြိမ်လေးနက်သွားတယ်!

••••••

All Chapters