← Chapters

အပေါ်ကနေ ဖိထားတဲ့ ကျောက်တုံးကြီးတစ်တုံး

Vol. 19 Ch. 356

အပေါ်ကနေ ဖိထားတဲ့ ကျောက်တုံးကြီးတစ်တုံး

Vol. 19 Ch. 356

တစ်ခဏ အကြာတွင် နန်းတွင်းဝတ်စုံနဲ့ မကောင်းဆိုးဝါးဝိဉာဉ်ပြန်ရောက်လာသည်။

" ငါရဲ့ ခန္ဓာကိုယ်က ရေအောက်ထဲမှာ၊ ကန်ရဲ့ အလယ်မှာရှိတယ်။ ကျောက်တုံးကြီးတစ်ခုနဲ့ ဖိခံထားရပြီးတော့ သံကြိုးတွေနဲ့ ချည်ထားတယ်။ အဲဒါက အရမ်းကိုနေရခက်လွန်းတယ်။ငါ အဲဒါနဲ့ နီးကပ်သွားတာနဲ့ အသက်မရှူနိုင်တော့ သလို ခံစားရတယ်… ငါ့ကို ကယ်ပါ..ငါ့ကိုကယ်ပါဦး"

အမျိုးသမီးဝိဉာဉ်၏ အသံမှာ ထိတ်လန့်အားငယ်နေသည်။

"ရေက ဘယ်လောက်ထိနက်လဲ" ရှဲ့ချောင်က နူးနူးညံ့ညံ့နှင့် မေးလိုက်၏။

"ဘယ်လောက်နက်လဲဆိုတော့" အမျိုးသမီးဝိဉာဉ်က နာကျင်စွာနဲ့ပဲ စဉ်းစားလိုက်သည် "ခုနစ်မီတာလောက်နက်တယ်….."

ခုနစ်မီတာနက်တယ်…..

ပုံမှန်ဆိုလျှင်၊ အိမ်မှာရှိတဲ့ ရေကန်တွေက သုံးမီတာလောက်သာရှိပြီးသန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူသည်။ ခုနစ်မီတာ အနက်ဆိုတာက၊ အပြင်ဘက်က တချို့ရေကန်ကြီးတွေရဲ့ အနက်နဲ့တောင် ယှဉ်လို့ရနေပြီ။

ရှဲ့ချောင် အိမ်ရှေ့စံမင်းသားကို ကြည့်ဖို့ ခေါင်းမော့လိုက်သည်။

တစ်ခဏလောက်တွေးလိုက်ပြီးနောက်၊ ထရပ်လိုက်ကာ သူမ အစ်ကိုကြီးရဲ့ ဘေးကို လျှောက်သွားလိုက်သည်။သူမက ရှဲ့ဖင်းကန်းနားထဲ တိုးတိုးလေးနှင့်၊ "ခဏနေလို့၊ အိမ်ရှေ့စံမင်းသား အစ်ကိုကြီးကို ရှာခဲ့ရင်၊ ရေကန်ရဲ့ အလယ်မှာ အပေါ်ကနေ ဖိထားတဲ့ ကျောက်တုံးကြီးတစ်ခုရှိတယ်ဆိုပြီး သူ့ကိုပြောလိုက်"

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏ "ဘာကိုဆိုလို

တာလဲ"

"ညီမလေးက တာအိုဘာသာကို နည်းနည်းသိလို့။ အိမ်ရှေ့စံမင်းသားက သူ့ကို ဂမ္ဘီရပညာနဲ့ကြည့်ပေးဖို့ တောင်းဆိုခဲ့တာ။ ညီမလေးက သူ့ကို ကျိုးမိသားစုရဲ့ ရေကန်ကလှတယ်…နေရာကောင်းတစ်ခုဆိုတာ ပြောပြရုံပဲ" ရှဲ့ချောင် မလုံမလဲနှင့် ပြောလိုက်၏။

သူ့ညီမက ထူးဆန်းတယ်လို့ ရှဲ့ဖင်းကန်းတွေးလိုက်မိသည်။

သူမက တကယ်ကြီး အိမ်ရှေ့စံမင်းသားကို ဂမ္ဘီရကြည့်ပေးခဲ့တာလား။

ဂမ္ဘီရကြည့်ပေးတာက အဆင်ပြေပေမဲ့၊ သူမ ဒါကို တခြားတစ်ယောက်ဆီမှာ လုပ်လို့မရဘူးလား။ရေကန်… အိမ်ရှေ့စံမင်းသားက ဒါကို အတည်ယူပြီးတော့၊ ရေကန်ထဲမှာ လှေလှော်နေရင်း ပြုတ်ကျသွား

ရင် ဘယ်လိုလုပ်မလဲ!

သူ ရှဲ့ချောင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

ရှဲ့ချောင်နဲ့ ရှဲ့ဖင်းကန်းရဲ့စကားဝိုင်းက ဆယ့်ငါးမိနစ်လောက်အကြာမှာ ပြီးသွားခဲ့ကာ၊ အိမ်ရှေ့စံမင်းသားသည်လည်း ကြည့်ရတာ နည်းနည်းပျင်းနေပုံပင်။

"ကိုယ်တော် နည်းနည်းပျင်းလာပြီ" ပြောလိုက်ပြီးနောက်၊ သူ ရှဲ့ဖင်းကန်းကို ကြည့်ကာ "ဝန်ကြီးရှဲ့၊ကိုယ်တော်နဲ့ အတူ လမ်းလျှောက်ရအောင်"

ရှဲ့ဖင်းကန်း၏ မျက်နှာမှာ တောင့်တင်းသွား၏။ သူ ချက်ချင်းပဲ ထရပ်လိုက်ကာ အိမ်ရှေ့စံပြောတဲ့ အတိုင်းလုပ်လိုက်သည်။

ရှဲ့ဖင်းကန်း မတ်ထပ်ထရပ်လိုက်တာနဲ့ သူ့ဘေးနားမှာ

ရှိတဲ့ လူတွေက ကြီးမားတဲ့ တောင်တစ်တောင် မတ်တပ်ရပ်သလို ခံစားလိုက်ရသည်။ ဒီဟိတ်ဟန်ပါတဲ့ အမူအရာကြီးက ရက်စက်ကြမ်းကြုတ်တဲ့ကျားတစ်ကောင်က သူတို့ကိုစားတော့မယ်ပုံကြီးလိုပဲ!

အထူးသဖြင့် အဲဒီတောင်ကြီးက အိမ်ရှေ့စံရဲ့ အနောက်ကို သွားတဲ့အခါ….

အိမ်ရှေ့စံမင်းသားက ပိုလို့တောင်ကြောက်စရာကောင်းသွားသည်။

ရှဲ့ဖင်းကန်းရဲ့ပုံစံသွင်ပြင်က အိမ်ရှေ့စံကို နူးညံ့တဲ့ ပုံမပေါ်စေရုံတင် မဟုတ်ဘဲ ….ရက်စက်မှုနဲ့ ဆိုးယုတ်မှု ဝိဉာဉ်တို့ ပေါင်းစပ်ထားတဲ့ပုံပေါက်နေသည်။ ခြောက်လှန့်စေနိုင်တဲ့ ပုံပန်းသဏ္ဍာန်က နှစ်ဆတောင် ဖြစ်သွားတာ!

တစ်ယောက်က အေးတိ အေးစက်၊ နောက်တစ်

ယောက်က ကြမ်းကြုတ်ခက်ထန်၊ သူတို့ရဲ့ နောက်မှာက လုံးဝ မလှုပ်မယှက်ရှိနေတဲ့ သစ်သားလို အစောင့်တစ်ယောက်…..

သူတို့ကို ကြည့်လေလေ၊ ကြည့်တဲ့သူတွေရဲ့ နှလုံးသားကို ပိုပြီး လှုပ်ခတ်တုန်ယင်စေလေဖြစ်သည်။

" ဝန်ကြီးရှဲ့၊ ဒီ ဂုဏ်ပြုစားသောက်ပွဲကို ဘယ်လိုမြင်လဲ။ ကျိုးမိသားစုက ဒီနေ့ပွဲကို လူတော်တော်များများ ဖိတ်ခဲ့တာ။ ဝန်ကြီးရှဲ့ စိတ်ဝင်စားတာလေးများ ရှိခဲ့ရင်၊ ကိုယ်တော် ကူညီပေးနိုင်ပါတယ်။" နွေးထွေးနေတဲ့ အခန်းထဲက ထွက်လာပြီးနောက်၊ အေးမြတဲ့ လေပြေညင်းတစ်ချက် တိုက်ခတ်သွားပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့ စကားတွေက ပိုပြီး ညင်သာနေသည်။

ရှဲ့ဖင်းကန်း ခေါင်းခါလိုက်၏ "ဘယ်ယောကျာ်းကမှ

ကျွန်တော့် ညီမလေးနဲ့ မထိုက်တန်ပါဘူး"

အိမ်ရှေ့စံမင်းသားမှာ ခဏတော့ နှုတ်ဆိတ်သွားကာ ထို့နောက်မှတော့ ခပ်ရေးရေး သတိပေးလိုက်သည်။ "ဝန်ကြီးရှဲ့နဲ့ ရှဲ့သခင်မလေးက အမေ တစ်ယောက်တည်းကနေ မွေးလာတဲ့သူတွေ"

"သူတို့က ကျွန်တော့်ရဲ့ သက်တမ်းတိုပြီးကြောက်တတ်တဲ့ ညီမလေးကို မယှဉ်နိုင်တဲ့အပြင် လက်ထပ်ပြီးသွားတဲ့နောက် ကျွန်တော့် အဖေရဲ့ အပြုအမူတွေကို မြင်သွားရင်၊ သူတို့ ထိတ်လန့်သွားပြီးတော့ မိုးသောက်ချိန်ကျော်အောင်တောင်နေလိုက်ရမှာမဟုတ်ဘူး" ရှဲ့ဖင်းကန်းက ထီမထင်ဟန်နှင့် ပြောလိုက်၏။

အိမ်ရှေ့စံမင်းသားက ခပ်ဟဟရယ်လေသည်။

"စောစောတုန်းက ရှဲ့သခင်မလေး မင်းကို တစ်ခုခုပြောသွားသေးလား" သူ ထပ်ပြီးမေးလိုက်သည်။

ဒီအကြောင်းကို ပြောတဲ့ အချိန် ရှဲ့ဖင်းကန်းမှာပိုပြီး စိတ်မချမ်းမသာ ဖြစ်သွားရသည်။ သူ့ညီမက တစ်ယောက်ယောက်နဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပြီး သူက အဲဒီလျှို့ဝှက်ချက်ကို မသိဘူးလို့ ခံစားနေရတယ်!

ဒါပေမဲ့၊ အိမ်ရှေ့စံမင်းသားရှေ့မှာတော့ သူ ရိုးရိုးသားသား ဝန်ခံရုံသာ ရှိသည်။

"ရေကန်ရဲ့ အလယ်မှာ အပေါ်ကနေဖိထားတဲ့ ကျောက်တုံးကြီးတစ်တုံးရှိနေတယ်" ရှဲ့ဖင်းကန်းကိုကြည့်ရတာ မရွှင်မပျဖြစ်နေပုံပင်။

ထိုစကားကို ကြားတဲ့အခါ၊ ကျောက်ရွှမ်ကျင်းရဲ့ မျက်လုံးများ အေးစက်သွားခဲ့သည်။ ရှဲ့ဖင်းကန်းတောင်မှ သုန်မှုန်နေတဲ့ စိတ်အခြေနေကြီးကို ခံစားမိသည်။သူ အခုပိုပြီး စိတ်ရှုပ်နေရလေပြီ။

အိမ်ရှေ့စံမင်းသားက…

ဒေါသထွက်သွားတာလား?

ဘာလို့လဲ?

သူရဲ့ နှလုံးသားကို ကြောင်တစ်ကောင်ကုတ်ချင်နေသလို ရှဲ့ဖင်းကန်း ခံစားနေရသည်။ သူ စိတ်ရှုပ်နေသလို သိလည်း သိချင်ကာ ကူကယ်ရာလည်း မဲ့နေသည်။

"သတင်းပို့ပြီးတော့ ကျိုးအိမ်တော်ကို ဝိုင်းထားလိုက်" အိမ်ရှေ့စံမင်းသား ပြောလိုက်သည်။

ကျိုးအိမ်တော်ကို မလာခင်က၊ သူ ကျိုးအိမ်တော်ကို အချိန်မရွေး ဝင်ရောက်ရှာဖွေနိုင်ဖို့ နန်းတွင်းအမိန့်ကို

တောင်းခဲ့ပြီးဖြစ်၏။ သူ အခု သတင်းရပြီးဖြစ်တာကြောင့် တတ်နိုင်သလောက် မြန်မြန်လုပ်ရမယ်!

•••••

All Chapters