← Chapters

မကြောက်ပါနဲ့၊ ကြင်ရာတော်မင်းသား

Vol. 19 Ch. 357

မကြောက်ပါနဲ့၊ ကြင်ရာတော်မင်းသား

Vol. 19 Ch. 357

ရှဲ့ဖင်းကန်းပြန်မတုံ့ပြန်ရသေးခင်မှာပင်၊ လေထဲကို မီးရှူးမီးပန်းတစ်ခုပစ်လွှတ်လိုက်ပြီးလေပြီ။ဒါက…..နောက်နေတာနဲ့မတူဘူး။

"အရှင့်သား?" ရှဲ့ဖင်းကန်းမှာ နားမလည်သည့်ပုံနှင့်

"အရှင့်သား ဘာလို့ ကျိုးအိမ်တော်ကို ဝိုင်းထားရတာ

လဲ. ဒီမှာ….သူခိုးတစ်ယောက် ပုန်းနေလို့လား"

အိမ်ရှေ့စံက သူ့ကို ပြုံးပြလိုက်ကာ "ဒီတစ်ကြိမ်၊ ကျိုးမိသားစုရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို ရှာတွေ့နိုင်ခဲ့တာ မင်းရဲ့ ကျေးဇူးတွေကြောင့်ပဲ။အမှန်တရားထွက်ပေါ်လာရင်၊ ကိုယ်တော် ကြင်ရာတော်မယ်တော်ကြီး နဲ့ မင်းကြီးဆီကို မင်းရဲ့ ဆောင်ရွက်မှုတွေကို တင်ပြပြီး သင့်တော်သလို ဆုချီးမြှင့်ခိုင်းမယ်!"

ဘာကြီး?!

သူဘာတွေ ဆောင်ရွက်ခဲ့လို့လဲ?!

ရှဲ့ဖင်းကန်းမှာ တကယ်ကို ဇဝေဇဝါ ဖြစ်နေရှာသည်။သူ လုံးဝ သဘောမပေါက်နေပေ "အရှင့်သား၊ ကျွန်တော်…."

သူ ဒီနေ့မှ ကျိူးအိမ်တော်ကို လာတာ၊ ဘာမှလည်း မလုပ်ခဲ့ပါဘူး!

မဟုတ်သေးဘူး၊ သူ ဒီနေ့ အရှင့်သားကို စကားတစ်ခွန်း နှစ်ခွန်းလောက်ပဲ ပြောခဲ့တာ!

" ကျွန်တော့် ညီမ ပြောတာက…" ရှဲ့ဖင်းကန်းတစ်ယောက် အိမ်ဘက်ကို မယုံကြည်နိုင်စွာနှင့် ညွှန်ပြလိုက်သည်။ "ဒါက… ဒီစကားလေးနှစ်ခွန်းမှာ ဖုံးကွယ်ထားတဲ့ ပုန်ကန်မှုသက်သေတွေ ရှိနေတာများလား"

"ပုန်ကန်တာလား?၊ မဟုတ်ပါဘူး၊ဒါပေမဲ့ ပြစ်မှုက ပုန်ကန်တာထက် ပိုဆိုးတယ်" အိမ်ရှေ့စံမင်းသားက ရှဲ့ဖင်းကန်းရဲ့ ကြောင်တောင်တောင် အကြည့်ကို ကြည့်ရင်း တော်တော်လေး ပျော်နေသည်။

မင်းသမီးကြီးရှင်းမော့ရဲ့ ရုပ်အလောင်းသာ တကယ်ထွက်လာခဲ့မယ်ဆိုရင်, ကျိုးမိသားစု တော်ဝင်မိသားစုကို လျှို့ဝှက် ကြံစည်တဲ့ ပြစ်မှုကနေ လွှဲရှောင်လို့ရတော့မည် မဟုတ်တော့။

နောက်ဆုံးတော့ကြင်ရာတော်မယ်တော်ကြီး၏ နှစ်ရှည်လများရင်ထဲသိမ်းထားခဲ့ရသည့် ဆန္ဒ ပြည့်နိုင်တော့မည်ပင်။

ထို အချိန်၊ ရှဲ့ဖင်းကန်းကတော့ ရှဲ့ချောင်ကိုခေါ်ပြီး အသေးစိတ်ကို မေးချင်နေလေသည်။ အိမ်ရှေ့စံကို စကားပြောဖို့ကျတော့ ပင်ပန်းလွန်းတယ်။

သူ့ညီမသာ သူ့ကို ဒီလိုထူးထူးဆန်းဆန်းပုံစံမျိုးနှင့် ပြောလာလျှင် သူမကို ရိုက်ပြီးနေလောက်ပြီဖြစ်သည်။ဒါပေမဲ့၊ ဒါက အိမ်ရှေ့စံမင်းသားဖြစ်နေတာကြောင့် သူ့စကားတွေကို နားမလည်ရင်တောင် သည်းခံလိုက်ရုံသာ ရှိသည်။

သတင်းစကားပါတဲ့ မီးရှူးကျသွားပြီးသိပ်မကြာ၊ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကျိုးအိမ်တော်ထဲတွင် ပရမ်းပတာအခြေအနေ ဖြစ်လို့နေလေပြီ။

စစ်သည်တစ်အုပ်သည် အပြင်ဘက်ကနေ တဟုန်ထိုး ဝင်ရောက်လာခဲ့သည်။ အထဲတွင် တပ်စု သုံးစုနှင့် အပြင်တွင် တပ်စု သုံးစု၊ ကျိုးအိမ်တော်ကို လုံးဝ ဝန်းရံလိုက်ပြီဖြစ်သည်

"မင်းသမီးကြီး! အရာရှိနဲ့ စစ်သည်တွေ ဖောက်ထွင်းဝင်ရောက်လာကြပါတယ်" တစ်စုံတစ်ယောက်က သတင်းပိုဖို့ အိမ်ထဲကို သွားလိုက်သည်။

ထိုစကားကိုကြားတဲ့ အခါ မင်းသမီးကြီးလော့ရှူးသည် ကြောက်လန့်မနေခဲ့ပေ။ ဒါပေမဲ့၊ သူမ

မျက်မှောင်ကြုတ်ကာ "စစ်သည်တွေကို ဘယ်သူ ခေါ်လာတာလဲ၊ သူတို့ ဘယ်သူကို စစ်ဆေးနေတာလဲ"

ကျိုးမိသားစုသည် မိသားစုကြီးတစ်ခုဖြစ်၏။ သူတို့ လက်အောက်က အငယ်တစ်ယောက်က မဆင်မခြင်နဲ့ တရားမဝင်တာ တစ်ခုခု လုပ်ခဲ့တာ ဖြစ်နိုင်တယ်။

"သူတို့က အိမ်ရှေ့စံမင်းသားရဲ့လူတွေပါ…အိမ်ရှေ့စံက လက်ရွေးစင် စစ်သည်အယောက် ၅၀၀၀ ကို လွှတ်လိုက်ပါတယ်။ အပြင်ဘက်က လုံးဝ အဝိုင်းခံလိုက်ရပါပြီးတော့ လူ အယောက် ၂၀၀၀ လောက် ကျန်နေပါသေးတယ်။အခု…. သူတို့ ဥယျာဉ်ဘက်ကို သွားနေကြတာပါ" အစေခံက ချက်ချင်းတင်ပြလိုကိသည်။

ထိုစကားများကို ကြားလိုက်သည်နှင့် မင်းသမီးကြီးရဲ့ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။ သူမ မသိစိတ်ကနေ ခေါင်းလှည့်ပြီး ကြင်ရာတော်မင်းသားကြီးကို ကြည့်လိုက်သည်။

ကြင်ရာတော်မင်းသားကြီးမှာ အင်မတန် ညင်သာသိမ်မွေ့သူတစ်ယောက်ဖြစ်သည်။

သူသည် အခုဆိုလျှင် အသက်၅၀အရွယ် ရှိနေပြီဖြစ်ပေမဲ့ သူ့မျက်နှာပေါ်မှာ အိုမင်းသည့် အရိပ်အယောက် စိုးစဉ်းမျှမရှိ။သူဟာ ယောကျာ်းပီသ ပြီးတော့ ခန့်ညားနေတုန်းပင်။

မင်းသမီးကြီးလော့ရှူးနှင့် ကြင်ရာတော်မင်းသားကြီးတို့ကြားက ချစ်ခြင်းမေတ္တာဟာ အလွန်နက်ရှိုင်းကြောင်း လူတိုင်းသိသည်။

မင်းသမီးကြီးအတွက်နှင့် ကြင်ရာတော်မင်းသားကြီးဟာ သူရဲ့ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ သူရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့သည်။ သူဟာ ဘာမှမလုပ်တဲ့အပြင် အပိုလူတစ်ယောက်အနေနဲ့သာ နေဖို့ ဆန္ဒရှိခဲ့သည်။

မင်းသမီးကြီးကလည်း ကြင်ရာတော်မင်းသားကြီးအပေါ် အလွန် အာရုံစိုက်သည်။ မင်းသမီးကြီးရဲ့ စံအိမ်မှာ အခွံသပ်သပ်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ ထိမ်းမြားလက်ထပ်ပြီးကတည်းက၊မင်းသမီးကြီးသည် ကျိူးအိမ်တော်တွင်သာ နေထိုင်ခဲ့ပြီး သူမရဲ့ ဆွေမျိူးတွေကို စောင့်ရှောက်ကာ ကလေးတွေကို ပျိုးထောင်ခဲ့သည်။သူမဟာ အင်မတန် အာရုံစိုက် အလေးထားလွန်းခဲ့၏။

"ကြင်ရာတော်မင်းသားကြီး မကြောက်ပါနဲ့" မင်းသမီးကြီးလော့ရှူးက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကြင်ရာတော်မင်းသားကြီးရဲ့ မျက်နှာအမူအရာမှာလည်း သိပ်တော့ အဆင်ပြေ မနေပေ။

ချက်ချင်းဆိုသလို၊ ကျိုးမိသားစုမှ တခြားမိသားစုဝင်တွေ အိမ်ထဲကို ပြေးလာကြသည်။အိမ်ထဲက တခြားဧည့်သည်တွေလည်း ပရမ်းပတာ ဖြစ်လို့နေသည်။

အိမ်ရှေ့စံမင်းသား နောက်တစ်ဖန် ပြန်ဝင်လာခဲ့၏။

"တူတော်၊ မင်းဘာလို့ ဒီလိုလုပ်ရလဲဆိုတာ ရှင်းပြပေးနိုင်မလား။ ကျိုးမိသားစုက အမြဲတမ်း တာဝန်ကျေပွန်ခဲ့တယ်။ ဒီတစ်ကြိမ် မင်း အဒေါ့်ကို အရှက်ရ ရအောင်လုပ်တာ တူတော့်ကို ဘာများ ဆန့်ကျင်ခဲ့မိလို့လဲ" မင်းသမီးကြီး လော့ရှူးက ပြောလိုက်၏။

မင်းသမီးကြီးရဲ့ စကားကို ကြားတော့ အိမ်ရှေ့စံမင်းသားက ခပ်ဖွဖွသာ ပြုံးလိုက်၏။

ထို့နောက်၊ သူ လက်ဝှေ့ယမ်းပြလိုက်ရာကျို့ဝေ့ကျုံးက သူ့လူတွေကို အရှေ့ခေါ်ထုတ်လာလေသည်။

"ဒီမှာ ရှိနေတဲ့ ဧည့်သည်တွေအားလုံး၊ ဧည့်သည်အခန်းထဲမှာပဲ အချိန်ခဏ လောက်နေလိုက်ကြပါ။ အပြင်ကလူတွေကို ခွဲထုတ်ပြီးသွားတဲ့အခါကျရင် လူတိုင်းကို စောင့်ကြပ်ပေးမှာပါ" ကျို့ဝေ့ကျုံးက ပြောပြီးသည်နှင့် ကျိုးမိသားစုဝင်အားလုံးကိုဖမ်းဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။

•••••

All Chapters