← Chapters

နင် ငါ့ကို စကားပြောလိုက်တာလား

Vol. 19 Ch. 358

နင် ငါ့ကို စကားပြောလိုက်တာလား

Vol. 19 Ch. 358

ထိုမြင်ကွင်းက လူတစ်ယောက်ကိုတောင် ဖိမ့်ဖိမ့်တုန်သွားစေသည်။

ကျိုးမိသားစုကလူတိုင်း၊ ယောကျာ်းမိန်းမ မရွေး အားလုံး ခြံဝန်းထဲသို့ ခေါ်သွားခံခဲ့ရကာ အတူတူစုဝေးနေကြသည်။ ကြင်ရာတော် မင်းသားကြီးကျိုး

တောင်မှပင်!

တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သည့် မင်းသမီးကြီးလော့ရှူးသာ ကျန်ခဲ့သည်။ သူမမှာ ဂုဏ်သိက္ခာတချို့တော့ ကျန်ရှိနေဆဲပင်။

" အိမ်ရှေ့စံမင်းသားက လျင်မြန် ပြတ်သားလွန်းနေတာပဲ။ ကျိုးမိသားစု ဘယ်လိုပြစ်မှုမျိုး ကျူးလွန်းခဲ့သလဲဆိုတာ အဒေါ်ကတော့ သိသင့်တယ်လေ" မင်းသမီးကြီးက တရားနည်းလမ်းကျကျ ပြောလိုက်၏။

"အဒေါ်က မေးနေမှတော့၊ ကျွန်တော့်နောက်ကို လိုက်ပြီး ကြည့်လိုက်ပါ။ ခဏနေကျရင်၊ ကျိုးမိသားစု ကျူးလွန်ထားတဲ့ ပြစ်မှုက ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ အဒေါ်လည်း ထင်လိမ့်မယ် ဆိုတာ ကျွန်တော် ယုံတယ်" အိမ်ရှေ့စံမင်းသားက မင်းသမီးကြီးလော့ရှူးကို အရင်က အတိုင်းသာ ဆက်ဆံသည်။

ထိုအချိန်၊ အိမ်ရှေ့စံက အနောက်ဘက်ဥယျာဉ်ထဲရှိ ရေကန်သို့ ဆယ်ယူမှု လုပ်ဖို့ အတွက် လူလွှတ်ထားပြီးဖြစ်သည်။

ရေလုပ်သားများသည် စစ်ဆေးရန်အတွက် ရေကန်ထဲသို့ ငုံ့ဆင်းလိုက်ကြသည်။ လူများစွာက အခြေအနေကို တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံနေကြသည်။

ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာပြီးနောက် တရိုတသေဖြင့် "ရေကန် အောက်ခြေမှာ ခေါင်းတလား တစ်ခုရှိနေပါတယ်။ အဲဒါရဲ့ အပေါ်မှာ ကျောက်တုံးကြီးတွေ ရှိနေပြီးတော့ ဘေးပတ်ပတ်လယ်မှာက သံကြိုးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အခုလောလောဆယ် ခေါင်းတလားကို ပြန်ဆယ်ဖို့က ခက်နေပါသေးတယ်။ နောက်ပြီး ခေါင်းတလားနားမှာ သစ်သားသေတ္တာ၁၉လုံး ရှိနေပြီးတော့ သေတ္တာထဲမှာ ကြေမွနေတဲ့ ကျောက်တုံးတွေနဲ့ အရိုးတွေ ရှိပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီ သေတ္တာတွေ ဘေး

မှာက သံကြိုးတွေ ရှိမနေပါဘူး။ နှစ်နာရီ အတွင်း ကျွန်တော်တို့ အဲ့သေတ္တာတွေကို အရင်ဆုံး ဆယ်ထုတ်နိုင်မှာပါ"

မင်းသမီးကြီးလော့ရှူးမှာ အင်မတန် တုန်လှုပ်သွားခဲ့သည်။

"ခေါင်းတလားတဲ့လား။ အဲဒီမှာ ဘယ်လိုလုပ်ပြီး ခေါင်းတလားရှိနေနိုင်မှာလဲ" မင်းသမီးကြီးလော့ရှူးက အံ့အားသင့်စွာပြောလိုက်၏။

သူမ ခြေတစ်လှမ်းနောက်ဆုတ်သွားကာ သူမရဲ့ မျက်နှာမှာလည်း လူသေတစ်ယောက်ပမာ ဖြူဖျော့နေသည်။ သူမ တော်တော်ကြီး ချောက်ချားသွားသည့်ပုံပင်။

အိမ်ရှေ့စံမင်းသားက သူရဲ့ တော်ဝင်ဒေါ်လေးကို မျက်လုံးထောင့်ကပ်ကြည့်လိုက်၏။ "ကြည့်ရတာ

ကျိုးမိသားစုက လူတွေရဲ့ အသက်ကို အန္တရယ်ဖြစ်စေခဲ့ရုံတင်မဟုတ်ဘဲ အဒေါ့်ကိုပါ ဖုံးကွယ်ထားတဲ့ပုံပဲ။ ဒီနှစ်တွေမှာ၊ ကြင်ရာတော်မင်းသားကြီးက ဒေါ်လေးကို ချစ်တယ်ဆိုပြီး ဟန်ဆောင်နေခဲ့တာ ဖြစ်နိုင်တယ်"

မင်းသမီးကြီးလော့ရှူးရဲ ခန္ဓာကိုယ်မှာတောင့်တင်းသွားကာ ရေကန်ရဲ့ အောက်ခြေကိုသာ တစိုက်မတ်မတ် စိုက်ကြည့်နေခဲ့သည်

ရေလုပ်သားများ အလုပ်ဆက်လုပ်နေကြသည်။

အိမ်ရှေ့စံမင်းသားမှာ စိတ်ကူးပေါက်ရာ လုပ်နေသည့်ပုံပေါက်နေသည်။ သူ ပို့ဆောင်နှုတ်ဆက်ချင်သည့် ဧည့်သည်တွေ အားလုံးကို ထိုင်ပြီး စောင့်ကြည့်ဖို့ အနောက်ဘက် ဥယျာဉ်ထဲကို ဖိတ်ခေါ်ခံထားရသည်။

လူတိုင်းအတွက်တော့ ဒါဟာ ကွပ်မျက်မှုတစ်ခုကို စောင့်ကြည့်နေရတာနဲ့ ထူးမခြားနားပင်။

တစ်ခဏအကြာတွင်၊ ဟောင်းနွမ်းနေသော သေတ္တာတစ်လုံးကို ရေအောက်မှ ဆွဲထုတ်လာလိုက်သည်။ သေတ္တာဟာ မြေပြင်ပေါ်သို့ ရောက်သည်နှင့် အားလုံးနီးပါး တစ်စစီပြုတ်ထွက်သွားတော့သည်။ အစိမ်းရောင်သမ်းနေသော ကျောက်တုံးများနှင့် အရိုးစုတစ်စု လူတိုင်းရဲ့အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

မိန်းကလေးများမှာ ထိုအရာတွေကို မြင်လိုက်ရသည်နှင့် ကြောက်လန့်ကုန်ကြသဖြင့် မျက်လုံးစုံမှိတ်ကာ မကြည့်ရဲကြတော့ချေ။

မှုခင်းစုံစမ်းရေးအရာရှိသည် ရှေ့ထွက်လိုက်ကာ ရိုးရိုးရှင်းရှင်း စစ်ဆေးမှုလုပ်လိုက်သည် "အရှင့်သား၊ ဒီ အရိုးစုတွေက ၁၆နှစ်၊၁၇နှစ် အရွယ် အမျိုးသမီးတစ်ယောက်ရဲ့အရိုးတွေပါ"

အိမ်ရှေ့စံက တိုတိုတုတ်တုတ်သာ ပြန်တုံ့ပြန်လိုက်သည်။

သိပ်မကြာလိုက် နောက်ထပ် သေတ္တာတစ်လုံး ပေါ်ထွက်လာသည်။

ဒါလည်း… အမျိုးသမီးတစ်ယောက်ရဲ့အရိုးစုတွေပဲ။

နှစ်နာရီခန့်ကြာပြီးနောက်၊ သေတ္တာ၁၉လုံးကို တစ်လုံးပြီးတစ်လုံး မတင်ပြီးနောက် လူတိုင်းရှေ့မှာ ထားလိုက်သည်။

ထိုအချိန်၊ အနောက်ဘက်ရှိ တချို့သော ဧည့်သည်များမှာ ကြောက်လန့်ပြီး မူးမေ့ကုန်ကြလေပြီ။

အိမ်ရှေ့စံမင်းသားကတော့ သူအခုထိ ဘာကိုမှ မမြင်

သလိုသာ ပြုမူနေဆဲပင်။ သူက လူတစ်ယောက်အား သမားတော်ကို ခေါ်လာဖို့ စေခိုင်းလိုက်ပေမဲ့ လူတိုင်းကို ထွက်သွားခွင့်ပြုဖို့တော့ ဆန္ဒရှိမနေခဲ့ချေ။

အိမ်ရှေ့စံ၏ အမူအရာမှာ မပြောင်းလဲပေ။ သူက တစ်ချက်တစ်ချက် လှောင်ပြုံးတောင်ပြုံးလိုက်သေးသည်။ မှုခင်းစီရင်ရေးဌာန၏ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရှဲ့ဖင်းကန်းမှာ အခုချိန်တွင် အလွန်တည်ကြည်နေသည်။ သူက အရိုးတွေရဲ့ လက္ခဏာကို လေ့လာနေကာ သဲလွန်စတစ်စုံတစ်ရာကို ရှာဖို့ ကြိုးစားနေသည်။

သူနောက်ကလူတွေ မပြောနှင့်၊ ရှဲ့ချောင်ပင် ထိုအရာတွေကို မြင်တဲ့အခါ မသက်မသာဖြစ်ရသည်။

ရုပ်အလောင်းထွက်ပေါ်လာသည်နှင့် ရေအောက်ထဲမှာ ဖိခံထားရတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တချို့

လွတ်မြောက် လွင့်မျောလာသည်။

သို့သော်ငြား၊ ထို မကောင်းဆိုးဝါးဝိဉာဉ်တွေက အရမ်း အင်အားကြီးကြသည်တော့ မဟုတ်။ သူတို့ ထွက်ပေါ်လာပြီးနောက် လေထဲတွင်သာ အေးအေးလူလူ လွင့်မျောနေကြသည်။

ခဏကြာ လွင့်မျောနေပြီးနောက်၊ အရသာရှိတဲ့ တစ်စုံတစ်ရာကို အနံ့ခံမိသွားသည့်ပမာ အိမ်ရှေ့စံနောက်ကို လိုက်သွားကြတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားရဲ့အနားမှာက မကောင်းဆိုးဝါးဝိဉာဉ်တော်တော်များများ ရှိနေပြီဖြစ်တာမလို့ နည်းနည်းလောက်တိုးလာလည်း ကိစ္စတော့ မရှိပေ။

သို့သော်၊ တက်ကြွနေတဲ့ ဝိဉာဉ်တစ်ကောင်လည်း ရှိသေးသည်။ ၎င်းက သူမ ဘေးနားမှာရှိနေကာ သူမ

အိမ်ထဲကိုဝင်လာစဉ်က သတိပေးခဲ့သည့် တစ်ကောင်ပင်။

"နင်က တကယ်ကံကောင်းတာပဲ။ နင် ပစ်မှတ်ထားခံလိုက်ရပြီဆိုတာနဲ့ အိမ်ရှေ့စံမင်းသားက လူဆိုးကို တန်းပြီး ချုပ်နှောင်ပစ်လိုက်တာ။ နင် သေချာပေါက် သေမှာမဟုတ်တော့ဘူး၊ ငါ စိတ်အေးသွားပြီ" ဝိဉာဉ်က နူးနူးညံ့ညံ့ရေရွတ်နေဆဲဖြစ်၏။။

ပြောနေရင်းနှင့် ဝမ်းနည်းလာကာ "ဒါက နောက်ဆုံးတော့ အဆုံးသတ်သွားပြီ၊ဒါပေမဲ့ ငါဘာလုပ်သင့်လဲ၊ ငါ ဘယ်သွားရမလဲ မသိဘူး….."

"ဒါဆို ငါနောက်လိုက်ခဲ့လေ" ရှဲ့ချောင် တီးတိုးပြောလိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်မှာ ကြက်သေသေသွားခဲ့ကာ သူမကို ကြည့်လိုက်၏ "နင် ငါ့ကို စကားပြောလိုက်

တာလား!"

•••••

All Chapters